Recommendations by Engageya

Latest Article Get our latest posts by subscribing this site

Websiteစုစဉ်းပြီး Android Application ရေးနည်း စာအုပ်


မင်္ဂလာပါဗျာ ဒီနေ့ရေးဖြစ်တဲ့စာအုပ်လေး အွန်လိုင်းမှာ ကိုယ်ကြိုက်တဲ့ Website လေးတွေကို စုစဉ်းပြီး Android Application ရေးတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဗျာ

Application   ရေးနည်းစာအုပ်ဆိုလို့ ကျွန်တော်ကို အထင်မကြီးပါနဲ့အုံး Online


မှာFree ပေးထားတဲ့ဆိုဒ်တခုကနေ လုပ်တဲ့နည်းလမ်းလေး ကိုပြန်လည်ဝေမျှ မှာပါ

ဖိုင်အမျိုးစား။     ။PDF
Fileဆိုဒ်    ။     ။3.11MB
ရေးသားသူ။     ။ဟန်မိုးလွင်(အိမ်လွမ်းသူ)



ရုရှားရိုးရာပုံပြင်ပေါင်းချုပ် (လင်းထွန်း)


စာအုပ်အမည် - ရုရှားရိုးရာပုံပြင်ပေါင်းချုပ်
စာရေးသူ - လင်းထွန်း

တစ်ထောင့်တစ်ညပုံပြင်များ(သခင်ဘသောင်း)


စာအုပ်အမည် - တစ်ထောင့်တစ်ညပုံပြင်များ
စာရေးသူ - သခင်ဘသောင်း

သူတို.နှင့်ကျွန်တော်(အောင်သင်း)


စာအုပ်အမည် - သူတို.နှင့်ကျွန်တော်
စာရေးသူ - အောင်သင်း

တစ္ဆေတွေလာတဲ့ည(တာတေ)


စာအုပ်အမည် - တစ္ဆေတွေလာတဲ့ည
စာရေးသူ - တာတေ

အချစ်၏အောင်မြင်ကျော်ကြားလူကြောက်များသောအရည်ချင်း(ဆုမြတ်မွန်မွန်)


စာအုပ်အမည် - အချစ်၏အောင်မြင်ကျော်ကြားလူကြောက်များသောအရည်ချင်း
စာရေးသူ - ဆုမြတ်မွန်မွန်

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွက် မဟာသင်္ကြန်စာ(ခရစ်သက္ကရာဇ် ၂၀၁၅)


စာအုပ်အမည် - မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွက် မဟာသင်္ကြန်စာ(ခရစ်သက္ကရာဇ် ၂၀၁၅)
စာရေးသူ - (×××)

ချစ်ရပါသောကြွေ(လရောင်ကျူးရင့်)


စာအုပ်အမည် - ချစ်ရပါသောကြွေ
စာရေးသူ - လရောင်ကျူးရင့်

မိုးမခမဟာမြိုင်(ပညာဒီပ)


စာအုပ်အမည် - မိုးမခမဟာမြိုင်
စာရေးသူ - ပညာဒီပ

ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ

ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ


ကျမ အစ်ကို တယောက်က သူ၏ ခင်မင်သော ယောက်ျားလေး သူငယ်ချင်းတိုင်းကို “ကျော်ဟိန်း” ဟု ခေါ်တတ်သည်။
“အဲဒါပဲ ကျော်ဟိန်းရာ”  “ဟာ ကျော်ဟိန်း မတွေ့တာတောင် ကြာပြီ” “ကျော်ဟိန်းတို့ကတော့ လုပ်လိုက်ပြန်ပြီ” စသည်ဖြင့် ပြောတတ်၏။ သူ ထိုသို့ပြောခြင်းမှာ အပြောခံရသူများက မင်းသားကြီး ကျော်ဟိန်းနှင့် တူသောကြောင့် မဟုတ်သလို၊ သူ ကိုယ်တိုင်က ကျော်ဟိန်း၏ သရုပ်ဆောင်ချက် အလုံးစုံကို ကြိုက်နှစ်သက်သောကြောင့် မဟုတ်၊ ကျော်ဟိန်း၏ ထူးထူးခြားခြား လုပ်ပြတတ်သော သဘာဝကို အထူးပြု ခေါ်ဝေါ်ခြင်း ဟု ကျမ ယူဆပါသည်။
ဘာကြောင့်လဲ ဆိုတော့ သူက သူငယ်ချင်းများကိုသာ ကျော်ဟိန်းဟု ခေါ်ခြင်းမဟုတ်ဘဲ ထူးထူးခြားခြား တခုခု လုပ်ပြလိုက်သူများ ကိုလည်း “အဲဒီ ကျော်ဟိန်း ကလေ” အစရှိသဖြင့် ပြောတတ်ပြန်သည်။ သူ စလိုက်သောကြောင့် ကျမတို့ သူငယ်ချင်းအားလုံး ယောက်ျားလေး သူငယ်ချင်းတိုင်းကို “ကျော်ဟိန်း” ဟု ခေါ်ဝေါ်သည့် အကျင့်တခု စွဲသွားသည်။ အခု ထိုအစ်ကို ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ထို အကျင့်က မပြောင်းလဲ။ တခါတလေ ကျော်ဟိန်းတွေ များနေသောကြောင့် “ပန်းချီဆွဲတဲ့ ကျော်ဟိန်း” “ဒရမ်တီးတဲ့ ကျော်ဟိန်း” “ဆိုက်ကားနင်းတဲ့ ကျော်ဟိန်း” စသည်ဖြင့် ခွဲခြားပြောရသည်လည်း ရှိသည်။
တခါတော့ ဘတ်စ်ကားပေါ်တွင် စပယ်ယာက လမ်းပေါ် ကန့်လန့်လုပ်နေသော ကားတစီးပေါ်မှ လူတဦးကို “ကျော်ဟိန်းကတော့ကွာ” ဟု ရေရွတ်သံ ကြားလိုက်ရာ ကျမအံ့ဩသွားမိသည်။ ကျမတို့တင်မကဘဲ အကောင်း အဆိုး တခုခုကို ထူးထူးခြားခြား၊ ထင်ထင်ရှားရှား လုပ်ပြသူတိုင်း ကျော်ဟိန်းများ ဖြစ်နေသလား။
ယခု ဒီစာကို ရေးနေစဉ်မှာပင် ကျမတို့ သတင်းဌာနမှ ဓာတ်ပုံဆရာတဦးက “ကျော်ဟိန်းက လူတိုင်းကို မသိပေမယ့် ကျော်ဟိန်းကိုတော့ လူတိုင်းသိပါတယ်” ဟု ပြောနေသံ ကြားလိုက်ရပြန်သည်။ စကား အစပ်အဆက်ကိုတော့ ကျမ မသိ၊ သို့သော် ကျော်ဟိန်းကတော့ ကျော်ဟိန်းပင် ဖြစ်သည်ဟု ဆိုချင်သည်။
ထိုသို့ဆိုသော် ကျမက ကျော်ဟိန်း၏ သရုပ်ဆောင်မှု၊ သီချင်းဆိုဟန်တို့ကို နှစ်ခြိုက်လွန်းလို့ဟု မထင်စေချင်ပါ။ ကျော်ဟိန်း၏ ဗီဒီယို ဇာတ် ကားတချို့ကို ကျမ လုံးဝမကြိုက်၊ ပြီးတော့ ကျော်ဟိန်း သီချင်းဆိုသည့် အသံကို ကျမ လုံးဝ မကြိုက်ပါ။ နောက်ပြီး ကျော်ဟိန်း သရုပ်ဆောင်ဘဝကို အနိုင်ပိုင်းကာ ဘုန်းကြီး ဝတ်သွားသည် ကိုလည်း စတန့် ထွင်သည်ဟု ထင်သည်။
သို့သော် ထိုစတန့်မျိုးကို ကျော်ဟိန်းလိုလူသာ လုပ်သည် မဟုတ်လား။ ထိုသို့ မကြိုက်သည့် အချက်များရှိသော်လည်း ကျော်ဟိန်းသည် ဘာပဲလုပ်လုပ် ထူးခြားအောင်၊ ထင်ပေါ်အောင် လုပ်တတ်သည် ဆိုတာကိုတော့ ကျမ မငြင်းနိုင် သလို စာဖတ်သူများလည်း ငြင်းနိုင်မည် မထင်ပါ။
ထို့ကြောင့်လည်း ထိုမင်းသား ကျော်ဟိန်းကို စာပေ ကျော်ဟိန်းတဦးက အင်တာဗျူးထားသည့် စာအုပ်အပေါ် ကျမ စိတ်ဝင်စားမိသည်။ စာပေ ကျော်ဟိန်းဆိုတာက တင်စားပြောခြင်း ဖြစ်ပြီး၊ မကြာသေးခင်က ကွယ်လွန်သွား သည့် တသက်တာစာပေဆုရှင် ဆရာကြီး ဦးအောင်သင်းကို ဆိုလိုသည်။ ဆရာကြီးသည်လည်း စာပေနယ် တွင် ကျော်ဟိန်း ကဲ့သို့ပင် ထင်ရှားသူ၊ တခုခုကို ထင်းကနဲ နေအောင် လုပ်ပြတတ်သူ မဟုတ်လား။ စာအုပ်အမည်က “ကျော်ဟိန်း လို့ နာမည်ကြီးတဲ့ လူတယောက်” ဖြစ်သည်။
ဆရာကြီး ဦးအောင်သင်းကဲ့သို့သော စာပေနယ်တွင် ထင်ရှားသူတဦးက ဘာကြောင့် ရုပ်ရှင် မင်းသားတဦးကို အင်တာဗျူးရ သလဲ ဆိုတာက စပြီး စိတ်ဝင်စားဖို့ ကောင်းလှသည်။ ထိုသို့ စိတ်ဝင်စားသော ကြောင့်လည်း စာမျက်နှာ ၈၉ မျက်နှာသာ ရှိသည့် ထိုစာအုပ်ငယ်ကလေးကို ကျမ တထိုင်တည်း ဖတ်လိုက်သည်။ မျက်နှာဖုံး တွင် ကျော်ဟိန်း၏ စကားတခွန်းကို ဖော်ပြထားသည်။
“လူငယ်တွေ အတွက် လုပ်နေတာပါ ဆိုလို့ ကျနော့်ရဲ့ အားလုံးကို ပေးလိုက်ပါတယ် … ရော့!”
ထိုစာအုပ်တွင် ဆရာ ဦးအောင်သင်းက သူ ဘာကြောင့် ကျော်ဟိန်းကို အင်တာဗျူးလုပ်ရသည်ကို ရှင်းလင်း ထားသည်။ ဆရာကြီးကလည်း လူငယ်များ မှတ်သား နာယူစရာ စာအုပ်တွေ ရေးသားသလို၊ လူငယ်များ အတွက် ဟောပြောပွဲများစွာ ဆက်တိုက် လုပ်ဆောင်နေချိန် ကျော်ဟိန်းဆီက သူ သိချင်တာ၊ သူစိတ်ဝင်စား တာတွေ (စာဖတ်သူများ သိချင်တာတွေ၊ စိတ်ဝင်စားတာတွေ) ကို မေးခဲ့ခြင်းသာ ဖြစ်သည်။
“သူက ငါသိရသလောက်မှာ သူ့ဆွေထဲ မျိုးထဲမှာ တော်တော်အနှိမ်ခံခဲ့ရတယ်။ အဲဒီကြားထဲကနေ “ငါ.. တကား” ဖြစ်အောင် သိပ်ကြိုးစားလာတဲ့သူ။ အဲဒီဥစ္စာကို အဲဒီမာန သိပ်ကြိုက်တဲ့ လူငယ်တွေရဲ့ သဘောနဲ့ နောက်တခါ သိပ်နာမည် ကြီးလာတော့ ဇာတ်လိုက်မင်းသား ဖြစ်သွားပြီ။ ဒါပေမယ့် ရုပ်ရှင် ထဲမှာသရုပ်ဆောင်တော့ ဘယ်အခန်းက မဆို သရုပ်ဆောင်နိုင်တယ်။ အင်မတန် နိမ့်ကျတဲ့ အခန်း၊ ပေါတောတော အခန်း လုပ်ရမယ်။ သူ သရုပ်ဆောင်ဖို့ အရေး …။ အဲဒီဥစ္စာတွေကျတော့ ငါ သူ့ပညာ တွေနဲ့ ပတ်သက်ပြီးတော့ တကယ်ချီးကျူးပါတယ်” ဟု ဆရာ ဦးအောင်သင်းက အောင်သင်း နှုတ်ထွက် အမှာစကားတွင် ရေးသားထား သည်။
ထိုစာရေးတော့ ဆရာကြီး ကွယ်လွန်ရန် လပိုင်းအလိုမျှသာ ဖြစ်မည်။ ၁၆ ရက်၊ ၅ လ၊ ၂၀၁၄ ဟု အမှာစာ အဆုံးတွင် တွေ့ရသည်။
တကယ်တော့ ဦးအောင်သင်းက ကျော်ဟိန်းကို စဆက်သွယ်ခြင်း မဟုတ်ဘဲ ကျော်ဟိန်းက ဆရာကြီးကို စတင် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ အင်တာအဗျူး ခံရန်တော့ မဟုတ်၊ ကျောင်းဆရာတယောက်နှင့် ပတ်သက်သည့် ဇာတ်ကား ရိုက်ရန် ကျောင်းဆရာ ကာရိုက်တာကို လေ့လာချင်သောကြောင့် ဖြစ်သည်။ တကယ်က တယောက်၏ ကာရိုက်တာကို တယောက်က စိတ်ဝင်စားသွားခြင်း ဖြစ်မည်။ နောက်တော့ ကျော်ဟိန်းနေသည့် အိမ်ကြီးတွင် အင်တာဗျူးဖြစ် သွားကြသည်။
အင်တာဗျူး ဖြစ်တော့ မေးသူကလည်း နှိုက်နှိုက် ချွတ်ချွတ်မေးသည်၊ ဖြေသူကလည်း မခြွင်းမချန် ဖြေခဲ့သည်။ အထူးသဖြင့် ကျော်ဟိန်း၏ ငယ်ဘဝ၊ ဆွေမျိုးများထဲတွင် အနှိမ်ခံဘဝ၊ အိမ်ပြေး၊ လမ်းပေါ်အထိ ရောက်ခဲ့၊ ရေတပ်ထဲ ဝင်ခဲ့၊ မူးယစ်ဆေး၏ ကျေးကျွန်ဖြစ်ခဲ့၊ မူးယစ်ကျေးကျွန်ဘဝက လွတ် မြောက်ခဲ့ … စသည်ဖြင့် စိတ်ဝင်စားစရာ အချက်များ၊ ကျော်ဟိန်းဆိုသော လူတယောက် ဖြစ်လာရန် အားထုတ်ခဲ့ရမှုများ၊ ပြောင်းလဲခဲ့ရမှုများ စသည်တို့ကို တကွက်ခြင်း မြင်ရသည်။ ထိုစာအုပ်ကို ဖတ်ပြီး “သြော်.. ဒါကြောင့်လည်း ကျော်ဟိန်းက ကျော်ဟိန်း ဖြစ်ခဲ့တာကိုး” ဟု မတွေးမိဘဲ မနေနိုင်။
ကျော်ဟိန်းကို အင်တာဗျူးရဖို့ ဆရာဦးအောင်သင်း စပြောစဉ်က ကျော်ဟိန်းက ဖြေသည်။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး ဆိုရင် အပြည့်အစုံ ဘာမှမချန်ဘဲ ဖြေပါမည် တဲ့။
ကျော်ဟိန်း အကြောင်းကို ကျမ မသိ မဟုတ်၊ အနည်းအကျဉ်းတော့ သိသည်။ သို့သော် ဤစာအုပ် ထဲတွင်တော့ အပြည့်အစုံနီးပါး သိခွင့်ရသည်။ အထူးသဖြင့် ဦးအောင်သင်းကော ကျော်ဟိန်းပါ လူငယ်များအပေါ် စေတနာ ထားသည်က ဤစာအုပ်တွင် ပေါ်လွင်နေသည်။ ကျော်ဟိန်း မူးယစ်ဆေးစွဲပြီး ထိုမူးယစ်ကျေးကျွန် ဘဝကို သူ ဘယ်လို အောင်မြင်အောင် ရုန်းထွက်နိုင်ခဲ့သည် ဆိုသည့်အချက်မှာ လူငယ်များ အတွက် သူ့သိက္ခာသူ ချပြီး ဖြေဆိုခဲ့ခြင်း ဟု ကျမ ယူဆပါသည်။
“ဘိန်းဖြူရဲ့ လွှမ်းမိုးမှုကြီးကို ကြောက်တယ်၊ နောက်ပြီး ဘိန်းဖြူကို အကြောင်းပြုပြီး တယောက်ယောက်  တစုံတခုကို  ကြောက်နေရမှာကြီးကို ကြောက်တယ်”
သူ ဘိန်းဖြူကို တိခနဲ ဖြတ်လိုက်ရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုသို့ တိခနဲ ဖြတ်လိုက် သဖြင့် ခံစားရသည့် ဝေဒနာများ၊ အရှက်ကွဲခဲ့ရမှုများ ကိုလည်း ကျော်ဟိန်းက အသေးစိတ် ပြောပြခဲ့သည်။ နောက်ပြီး သူ့ခေတ် သူ့အခါက နာမည်ကြီး စိန်ဂေါ်လီ ဂိုဏ်း အကြောင်း …။
၎င်းအင်တာဗျူးကို ၁၉၉၅ ခုနှစ်ထုတ် သရဖူ မဂ္ဂဇင်းတွင် ၄ လဆက်တိုက် (မတ်၊ ဧပြီ၊ မေ၊ ဇွန်) ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအင်တာဗျူး လေးပိုင်းကို စုပေါင်းကာ ပိတောက်ရနံ့ စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်၏။ ၁၉၉၅ ခုနှစ်တွင် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သောကြောင့် ထို ကာလက မြန်မာ ထောက်လှမ်းရေး စစ်အစိုးရ၏ စာပေစိစစ်ရေးကို လွတ်အောင် မနည်း ရှောင်ရှားခဲ့ရမည်ဟု စဉ်းစားမိသည်။ ထိုကာလတွင် ဤအင်တာ ဗျူး၏ အစိတ်အပိုင်း စာပိုဒ်၊ စာကြောင်းရေ ဘယ်လောက်များများ ဖြုတ်ဖျက်ခံခဲ့ရ မလဲ၊ ကျမ မပြောတတ်။ လုံးလုံး အဖြုတ်မခံရဟု ဆိုလာလျှင် ကျမ မယုံပါ။
ဘာကြောင့်လဲ ဆိုတော့ ကျမ ဘဝင်မကျသည့် အချက်သုံးချက်ပါသည်။
တချက်ကတော့ ကျော်ဟိန်း ထောင်ကျဖူးသည် ဟု ကျမသိထားသည်။ ထောင်ကျဖူးသည့် အကြောင်း၊ အတွေ့အကြုံ တခုမှ မတွေ့ရ၊ နောက်တခုက ကျော်ဟိန်း လေလွင့်ပျက်စီးပြီး နောက် ရေတပ်ထဲ ဝင်ခဲ့သည်၊ ရေတပ်ထဲမှ ပြန်ထွက်ခဲ့သည့် အတွေ့အကြုံကို ပြီးတော့ ပြောပြမည်ဟု ဆိုကာ စာအုပ်သာ ဆုံးသွားရော ထိုအကြောင်း မတွေ့ရ။ ဆရာ ဦးအောင်သင်း မမေးခဲ့တာတော့ မဖြစ်နိုင်၊ ထိုခေတ်က စိစစ်ရေး ဓားချက်ထဲ ပါသွားခြင်း ဖြစ်မည်ဟု ကျမ ယူဆသည်။ တပ်ကိစ္စ၊ ထောင်ကိစ္စဆိုတာက ထိုစဉ်အချိန်က တကယ့် ဆတ်ဆတ်ထိ မခံ  Issue တွေ မဟုတ်လား။
နောက်ဆုံး အချက်ကတော့ အင်တာဗျူးက သိပ်တိုလွန်းသည်ဟု ခံစားရသည်။ ဆုံးသွားသော်လည်း ကျမ အတွက် ပြီးသွားသည် မထင်ရ၊ ထပ်ဖတ်ချင်သေးသည်၊ ကျော်ဟိန်းအကြောင်း အသေးစိတ် ထပ်သိချင်သေး သည်။ စိတ်ထဲတွင် ဆရာ ဦးအောင်သင်းနှင့် အမေးအဖြေထဲ မပါသည့်အချက်များကို ဖြစ်နိုင်လျှင် ကျော်ဟိန်းကို ပြေးပြီး မေးချင်စိတ် ပေါ်လာသည် အထိ ဖြစ်မိသည်။
ချုပ်ရလျှင် လူငယ်များအတွက်ဟု ဆိုကာ မေးသူကော ဖြေသူပါ ကြိုးပမ်းထားသည့် ထို အင်တာဗျူး စာအုပ်ပါး ကလေးကို လူငယ်၊ လူလတ်၊ လူကြီးများ၊ ကျော်ဟိန်းကို ချစ်သူ မုန်းသူ အားလုံး ဖတ်သင့်သည်ဟု ကျမ ထင်ပါသည်။
ကျော်ဟိန်း၏ ထင်ပေါ်သော စကားတခွန်း ဖြစ်သည့် “လူသားအားလုံးကို လေးစားပါတယ်” ဆိုသော စကားက စတန့်ထွင်ပြီး ပြောထားခြင်း မဟုတ်ကြောင်း ထိုအင်တာဗျူး စာအုပ်ကလေးက တဆင့် ကျမ သိခွင့် ရလိုက်ရပါသည်။ ပြီးတော့ သူ၏ “ဆယ်နှစ်…ဆယ်နှစ်” ဆိုသော လက်ဆယ်ချောင်း ထောင်ကာ ပြောလိုက်သည့် စကားက ဘယ်သူ့ကို ဆိုလိုသလဲ အတိအကျ မသိရသော်လည်း သူ့ခေတ် သူ့အခါက နာမည်ကြီး ဒါရိုက်တာ တယောက်ကို ပြောခဲ့ခြင်း ဖြစ်ကြောင်း ဤစာအုပ်တွင် ကျော်ဟိန်းက ဝန်ခံထားပါသည်။ တချို့က ကျော်ဟိန်းကို ပေါလွန်းသည်ဟု ဆိုကြသည်၊ သူ့လို နိုင်ငံကျော်အောင် ပေါနိုင်သူ အတော်ရှားပေလိမ့်မည်။
“ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ”။     ။

တစ်ကိုယ်တော်မဂ္ဂဇင်း(မင်းလူ)


စာအုပ်အမည် - တစ်ကိုယ်တော်မဂ္ဂဇင်း
စာရေးသူ - မင်းလူ

ကျွန်တော်အဲ့ဒီနေ့ က ကျောင်းမတက်ပါ(သည်ခေတ်နေ)


စာအုပ်အမည် - ကျွန်တော်အဲ့ဒီနေ့ က ကျောင်းမတက်ပါ
စာရေးသူ - သည်ခေတ်နေ

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း ( ၁၀ ဒီဇင်ဘာ ၂၀၁၄)




Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
စိတ်အနှောင့်အယှက် ဖြစ်စရာလေးများ အနည်းငယ်ရှိသော်လည်း ပုံမှန်အတိုင်းသာ ဖြတ်သန်းနိုင်မည်။ စိတ်ရှည်စောင့်ဆိုင်းခြင်း၏ အကျိုးကို ခံစားရနိုင်သည်။ သင်ဖြစ်မည်ဟုထင်ခဲ့တုန်းက မဖြစ်ခဲ့သော်အရာများသည် လက်ရှိကာလတွင် ဖြစ်ပေါ်လာနိုင်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
လုပ်ငန်းခွင်နှင့် သင်ကျင်လည်ရာအသိုင်းအ၀ိုင်းတွင် အနည်းငယ် ထင်ရှားလာနိုင်သည်။ လုပ်ငန်းအပြောင်းအရွှေ့ ကမ်းလှမ်းချက်များရှိပါက သေချာဂရုစိုက် စဉ်းစားသင့်သည်။ အလုပ်အကိုင်တူသော မိတ်ဆွေများ၊ အသိုင်းအဝိုင်းများကြောင့် သင့်အပေါ် တွန်းအားများဖြစ်နေသည်။ စကားအပြောအဆို ဂရုစိုက်သင့်သော ကာလပင်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
မိသားစုနှင့်ပက်သက်သော ငွေကြေးအခက်အခဲများ အဖြေတွေ့လာနိုင်သည်။ အပေါင်းအသင်းများနှင့် တွေ့ဆုံသင့်သော ကာလပင်။ မလိုအပ်ဘဲ တာဝန်ခံမိခြင်းများ ရှောင်ပါ။ ယခင်က ငြင်းခဲ့ဖူးသောအရာများကို စိတ်ဝင်စားနေနိုင်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
အခြားလူများအကြိုက် လိုက်လုပ်ရခြင်းဖြင့်ပင် အချိန်တွေ ကုန်နေမည်။ သင့်လိုအပ်ချက်များကိုလည်း အာရုံစိုက်သင့်သည်။ သင်ချစ်ခင်ရသောသူများကြောင့် မကျေမချမ်း ဖြစ်နေနိုင်သည်။ လုပ်ကိုင်ရမည့်ကိစ္စများအား အချိန်ဆွဲခြင်းရှောင်ပါ။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
ခွင့်လွတ်သင့်သည့်ကိစ္စများ ခွင့်လွတ်လိုက်သင့်သည်။ တင်းကြပ်နေသည့် ခံစားချက်များရှိပါက သူငယ်ချင်း တစ်ယောက်နှင့် စကားပြောသင့်သည်။ ငွေကြေးပိုင်း စနစ်တကျ စီမံသင့်သည့်အချိန်ဖြစ်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
အချစ်ရေးကိစ္စကို အလေးထားနေသော ကာလပင်။ ပျော်ရွှင်မှုကြောင့် ငွေကြေးအလွန်အကျွံသုံးစွဲမိခြင်း သတိထားပါ။ အလွယ်တကူဖြင့် ငွေကြေးဖြုန်းတီးမိခြင်းများလည်း ရှိနိုင်သည်။ သင်နှင့်အတူ အချိန်ဖြုန်းရသည်ကို ပျော်ရွှင်နေသည့်လူများ ရှိနေသည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
ယနေ့သည် အထူးကောင်းမွန်သောနေ့ပင်။ ငွေကြေးကိစ္စများ ရှိပါက ဆောင်ရွက်သင့်သော နေ့ပင်။ ကလေးများနှင့် လူငယ်များပါဝင်သော ကိစ္စများတွင် ပါဝင်ပက်သက်ရနိုင်သည်။ မမျှော်လင့်သော်လည်း ထောက်ခံသူများ၊ အားပေးသူများ ပေါ်လာနိုင်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
လက်တွဲဖော်နှင့် ဆက်ဆံရေး မတည်ငြိမ်ပါက ပုံမှန်အတိုင်းဖြစ်ရန် ကြိုးစားသင့်သည်။ လုပ်ငန်းပြဿနာ ၊ လူမှုဆက်ဆံရေးပြဿနာ စသည့်ပြဿနာများကို ဖြေရှင်းရန် ကောင်းသောအချိန်ပင်။ သင့်စိတ်များက လေးနက်နေပြီး လုပ်ငန်းတာဝန်များ၊ ပူပန်ရမည့်ကိစ္စများကိုသာ အာရုံရောက် နေသည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အလုပ်နောက်ကျခြင်း၊ ကားပိတ်ခြင်း စသည့် အသေးအဖွဲ့လေးများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။ ဇိမ်ခံပစ္စည်းများနှင့် ဖျော်ဖြေရေးပစ္စည်းများ ဝယ်ယူခြင်း ကောင်းမွန်သည်။ အထက်လူကြီးများကြောင့် ဖိအားများ ခံစားနေရနိုင်သည်။ ကိုယ့်ပုံစံဖြင့်သာ ကိုယ်နေထိုင်သင့်သော ကာလပင်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
စိတ်မရှည်တတ်သည့် အပြုအမူများကို ဘေးဖယ်ထားသင့်သည်။ စိတ်ခံစားချက်များ ပါဝင်သည့် ကိစ္စများတွင် သင်ကောင်းကောင်း မဖြေရှင်းနိုင်သည်ကို တွေ့ရမည်။ သင်ပိုင်ပိုင်နိုင်နိုင်သိသည့် ကိစ္စများတွင်သာ ပါဝင်ပက်သက်သင့်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
လုပ်နေကျကိစ္စလေးများဖြင့်သာ အချိန်ကုန်မည်။ လူအများပါဝင်မည့် ကိစ္စများကို ရှောင်ထားသင့်သည်။ လေ့လာသင်ယူလိုသည့် ကိစ္စသစ်များရှိပါက စတင်သင့်သည့် ကာလပင်။ ဘေးပတ်ဝန်းကျင်က လူအချို့ကို ပိုမိုနားလည်လာမည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ပြန်လည်သင်ပြရသည့်ကိစ္စများ ရှိနိုင်သည်။ အချိန်ယူ လုပ်ဆောင်ရမည့်ကိစ္စများ ပေါ်လာနိုင်သည်။ အတိုက်အခံများ ရှိပါက လူအချို့သည် သင့်ဘက်သို့ ပါလာသည်ကိုတွေ့ရမည်။ အချစ်ရေး ကောင်းမွန်သောကာလပင်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ခေတ်သစ် ပေါ်ဦး လျှောက်ထုံး


မင်းကြီး။ ။ ဟဲ့..ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ
ပေါ်ဦး ။ ။ တောင်ပို့ကြီးပါဘုရား
မင်းကြီး။ ။ ဟဲ့....သူ့ချည်းသာလော
ပေါ်ဦး။ ။ ဖွတ်ပါထွက်လာပါတယ်ဘုရား
------------------
မင်းကြီး။ ။ ဟဲ့...ပေါ်ဦး......အသားထဲ ဘာအသားအကောင်းဆုံးလဲ
ပေါ်ဦး။ ။ ဖွတ်သားပါဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ ၄၃၆ပြင်ဆင်ရေး ကလေးနဲ့ပါဘုရား
-------------------
မင်းကြီး။ ။ဟဲ့...ပေါ်ဦး....ရိုးရိုးမဲ မနိုင်ရင်ဘာကောင်းသလဲ
ပေါ်ဦး။ ။ PR ကောင်းပါတယ် ဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ စစ်တပ် အစိတ်သားနဲ့ပါဘုရား
-------------------
မင်းကြီး။ ။ ဟဲ့...ပေါ်ဦး....အစိုးရအရည်အချင်းဆိုတာဘာလဲ
ပေါ်ဦး။ ။မျက်နှာပြောင်ရပါမယ် ဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ အလိမ်အညာလေးနဲ့ပါဘုရား
-------------------
မင်းကြီး။ ။ဟဲ့....ပေါ်ဦး.....ဒီခေတ် ဘာအလုပ်ကောင်းလဲ
ပေါ်ဦး။ ။ ဖွတ်အမတ်ပါဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ ဘုန်းထားတဲ့ စည်းစိမ်တွေနဲ့ပါဘုရား
--------------------
မင်းကြီး။ ။ဟဲ့...ပေါ်ဦး.....လက်ရှိပေါ်ပြူလာအဖြစ်ဆုံးကဘာလဲ
ပေါ်ဦး။ ။ခေါင်းလောင်းဆယ်တာပါ ဘုရား
မင်းကြီး။ ။သူ့ချည်းသာလော
ပေါ်ဦး။ ။နဂါးနဲ့ ပါဘုရား
-------------------
မင်းကြီး။ ။ဟဲ့...ပေါ်ဦး....လက်ရှိ အကောင်းဆုံးကြွေးကြော်သံကဘာလဲ
ပေါ်ဦး။ ။ အမျိုးဘာသာ သာသနာ ပါဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ အဆဲအဆိုလေးနဲ့ပါဘုရား
--------------------
မင်းကြီး။ ။ဟဲ့....ပေါ်ဦး....အကာင်းဆုံးစားပေါက်ကဘာလဲ
ပေါ်ဦး။ ။ မြို့သစ်တည်တာပါဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ ဆွေမျိုးပေါက်ဖေါ်တွေနဲ့ပါဘုရား
---------------------
မင်းကြီး။ ။ဟဲ့...ပေါ်ဦး....ဘယ်သီးနှံစိုက်လို့တွက်ခြေအကိုက်ဆုံးလဲ
ပေါ်ဦး။ ။စိန်တစ်လုံးသရက် နဲ့ နဂါးမောက်သီးပါဘုရား
မင်းကြီး။ ။ သူ့ချည်းသာလော
ပေါ်ဦး။ ။ တရုတ်နည်းပညာနဲ့ အလကားသိမ်းလို့ရတဲ့မြေနဲ့ပါဘုရား
--------------------
မင်းကြီး။ ။ဟဲ့...ပေါ်ဦး...ပြောစမှတ်ပြုရမယ့်တည်ဆောက်ရေးကဘာလဲ
ပေါ်ဦး။ ။နေပြည်တော် အမြန်လမ်းမကြီးပါဘုရား
မင်းကြီး။ ။သူ့ချည်းသာလော
ပေါ်ဦး။ ။အသေအပျောက် လေးနဲ့ပါဘုရား
 
Credit >>> Orginal Writer

ဖိုးသူတော် တစ်နေ့တာဟောစာတမ်း( ၉ ဒီဇင်ဘာ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ကိစ္စရပ်များ အောင်မြင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ လိုအပ်သည်။ ကိုယ့်ကိစ္စများအား အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်း သတိထားပါ။ အပေါင်းအသင်းထက် မိသားစု ပျော်ရွှင်မှု၊ လက်တွဲဖော်နှင့် ချစ်ခင်မှုကို အလေးပေးသင့်သည့် ကာလပင်။ အရောင်းအဝယ်နှင့် စသည့်ကိစ္စများတွင် အစကတည်းက ခါးခါးသီးသီး လုပ်မိခြင်း ရှောင်ပါ။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ရွေးချယ်စရာတွေ ရှိနေမည်။ ရေတိုရေရှည် ရည်မှန်းချက်များလည်း ရှိနေသော ကာလဖြစ်သည်။ မည့်သည့်ကိစ္စမဆို အားစိုက်လုပ်ဆောင်မှသာ ရည်မှန်းချက်များ ပြည့်မိကာလပင်။ အသစ်အဆန်းဟု ထင်ထားခဲ့သောကိစ္စများအား စတင်ငြီးငွေ့နေသော ကာလပင်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
ငွေကြေးပိုင်း ခိုင်မာမှု ရှိနေနိုင်သည်။ ရွေးချယ်စရာများရှိပါက အလျင်စလို မနိုင်သင့်ပေ။ ဆုံးဖြတ်ချက်ပြတ်သားသော Gemini တို့ အောင်မြင်မှုရမည့် ကာလပင်။ လူမှုရေးကိစ္စများရှိပါက ဝင်ရောက်ကိုင်တွယ်ခြင်းထက် သူ့အလိုလို ပြေလည်သွားသည်ကို စောင့်ကြည့်သင့်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
လက်တွဲဖော်အပေါ် ယုံကြည်ရမှုနှင့်ပက်သက်၍ စိုးရိမ်မှု မများသင့်ပေ။ ကိစ္စတစ်ခုခုအား လုပ်ဆောင်ရန် အဖော်ကောင်းများ ရနေသည်။ လိုအပ်သော အားပေးစကားများလည်း ရရှိနေသောကာလဖြစ်သည်။ အိမ်ထောင်ရှင်တို့ သားသမီးများအပေါ် စိုးရိမ်မှုများ လျော့ချသင့်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
လူအများ သတိထားမိလောက်သည့် ကိစ္စများကို မလုပ်သင့်သော ကာလဖြစ်သည်။ သို့မဟုတ်ပါက သင်လုပ်ဆောင်နေသောကိစ္စများ လျင်လျင်မြန်မြန် တိုးတက်မလာနိုင်ပေ။ ယနေ့တွင် သာမန်ကိစ္စလေးများကိုသာ အာရုံစိုက်သင့်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ရေရှည်လုပ်လာခဲ့သည့်ကိစ္စများ ရလဒ်ထွက်ပေါ်လာနိုင်သည်။ မှန်ကန်သော အပေါင်းအဖော်၊ မှန်ကန်သောပတ်ဝန်းကျင်ကိုသာ ရွေးချယ်သင့်သည်။ သင့်အပေါ် အမြတ်ထုတ်နေသူများရှိပါက ငြီးငြူခြင်းလောက်နှင့်သာ အချိန်ကုန်မနေပါနှင့်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အလုပ်အကိုင်သစ်များက သင့်ကိုဆွဲဆောင်နေသော်လည်း လက်ရှိအလုပ်အကိုင်ကို မစွန့်လွတ်သင့်ပေ။ အပေါင်းအသင်းသစ် ၊အပျော်အပါးသစ်များကို စိတ်ဝင်စားနေသည်။ တည်ငြိမ်သော ဝင်ငွေ၊ တည်ငြိမ်သော ဘဝတိုးတက်မှုကိုသာ အလေးထားသင့်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ယုံကြည်ရသည့်ကိစ္စများ၊ ကြိုတင်တွက်ဆရမည့် ကိစ္စများကိုသာ ကင်းမြီးကောက်တို့ သဘောကျနေသည်။ ကိစ္စရပ်အချို့ကို ၄င်းတို့က စတင်ဦးဆောင်၍ လုပ်ကိုင်နေနိုင်သည်။ ငွေကြေးပိုင်း စိစစ်သုံးစွဲသင့်သည့်ကာလပင်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
လူရှေ့ထွက်မည့်အစား နောက်ကွယ်တွင်သာ နေထားသင့်သည့် ကာလပင်။ အရေးကြီးသော ကိစ္စများအား မရင်းနှီးသောသူများကို မတိုင်ပင်ပါနှင့်။ မလိုအပ်သော လူစိတ်ဝင်စားမည့်ကိစ္စများ ပြုလုပ်ခြင်းကို ရှောင်ပါ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ထိုက်တန်ပါက မည့်သည့်ကိစ္စမဆို လုပ်ရန်အသင့်ဖြစ်နေသော ကာလဖြစ်သည်။ သူငယ်ချင်းများ၏ လေးနက်သော အကြံညဏ်များကို ဂရုစိုက်ပါ။ မည့်သည့်ကိစ္စမဆို အလွန်အကျွံ အားစိုက်ထုတ်ခြင်း ရှောင်ပါ။ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်တို့၏ စကားများကြောင့် သင့်လက်တွဲဖော်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်နိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
ယနေ့တွင် အကောင်းဘက်ရောက်သော ကိစ္စများသာရှိမည်။ အချစ်ရေးနှင့်ပက်သက်၍ စိုးရိမ်မှုများ၊ အဝယ်မှားခြင်းများနှင့် ငွေကြေးနည်းပါးခြင်းများက စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာများဖြစ်လာနိုင်သည်။ ငွေကြေးပူးတွဲကုန်ကျရမည့် ကိစ္စများ သတိထားပါ။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ကြီးကြီးမားမား ဝယ်ယူရမည့်ကိစ္စများ သတိထားပါ။ ဈေးဝယ်ထွက်ခြင်းအစား အခြားကိစ္စများကိုသာ ပြုလုပ်သင့်သည်။ သင်ဝယ်ပြီး သင်မကြိုက်သောကိစ္စမျိုး ကြုံရနိုင်သည်။ ချမှတ်ထားသော ရည်မှန်းချက်များနှင့် သင့်ကိုယ်သင် သစ္စာရှိရန်လိုအပ်သည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၈ ဒီဇင်ဘာ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
လက်တွဲဖော် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သင့်အလုပ်အကိုင် တိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ မည့်သည့်ကိစ္စမဆို ဖြည်းဖြည်းမှန်မှန်သာ လုပ်သင့်သော ကာလဖြစ်သည်။ အခြားလူများ၏ အကြံညဏ်ကို နားထောင်မိနေသောအချိန်လည်း ဖြစ်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ချစ်ခင်သူများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နိုင်သည်။ အခြားလူများ၏ အကြံညဏ်စကားများကို အချိန်ပေး နားထောင်သင့်သည်။ ငွေကြေးပိုင်း တည်ငြိမ်နေသော ကာလဖြစ်သည်။ Taurus အမျိုးသမီးတို့၏ လိုချင်မှုများက အနည်းငယ် မြင့်မားသလိုဖြစ်နေမည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
ဝယ်စရာများရှိပါက ကောင်းသောနေ့ပင်။ အပိုကုန်ကျစရိတ်များလည်း ရှိနေမည်။ ရင်းနှီးထားသောကိစ္စများ၊ ကြိုတင်ရည်မျှော်၍ လုပ်ဆောင်ထားသော ကိစ္စများသည် ရလဒ်များထွက်လာမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
မိသားစုအရေးတွင် အခန့်မသင့်မှုလေးများ ရှိနေမည်။ လူကြီးပိုင်းဖြစ်ပါက လူငယ်များနှင့် အတိုက်အခံဖြစ်ရမည့် ကိစ္စများ ရှိလာနိုင်သည်။ ဖွံဖြိုးမှုနှေးသော၊ သိပ်အားမထားသော လုပ်ငန်းကိစ္စများက  အလားအလာရှိလာသည်ကို တွေ့ရမည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
အိမ်တွင်းရေး တည်ငြိမ်ရန် အရေးကြီးသည်။ လူအများနှင့် ခင်ခင်မင်မင်သာ နေထားသင့်သည်။ ကိုယ်နှင့်မဆိုင်ဟု ထင်ထားသောကိစ္စများ ကိုယ်နှင့် ပက်သက်လာနိုင်သည်။ ကိစ္စဟောင်းများ ပြန်ပေါ်လာနိုင်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ကြိုတင်စီစဉ်မှု မရှိပါက အမှားဖြစ်ပေါ်လာနိုင်သည်။ နီးစပ်သူများထံမှမြစ်ဖျားခံလာသည့် ဖိအားများသည် ကိုယ့်အပေါ်ပါ သက်ရောက်လာနိုင်သည်။ ဖိအားများသည် ငွေကြေးကိစ္စသာ ဖြစ်ဖို့များသည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
ရင်းနှီးသူတစ်ဦးဦးက သင့်ဆီမှ သိလိုသည်များ ရှိနေသည်။  တစ်စုံတစ်ဦးကို ကာကွယ်ပေးခြင်းကြောင့် ပြဿနာများ တက်လာနိုင်သည်။ အထိမခံသည့် ကိစ္စများကို ကိုင်တွယ်ပါက လက်တွေ့ကျကျနှင့် တည်ငြိမ်ရန်လိုအပ်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
စကားများက ဒုက္ခပေးနိုင်သည်။ စကားနည်းသင့်သော ကာလပင်။ တစ်စုံတစ်ဦး၏ စကားများကြောင့်လည်း သင့်စိတ်များ မကျေမချမ်း ဖြစ်လာနိုင်သည်။ မမျှတဟု ခံစားနေရသည့် ကိစ္စများရှိလာနိုင်သည်။ မိတ်ဆွေဆက်ဆံရေး မပျက်စီးရန် ထိန်းသိမ်းသင့်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
ပစ္စည်းအချို့ကို ဝယ်ယူဖြစ်မည်နေ့ပင်။ ငွေကြေးကိစ္စများ ရှိလာနိုင်သည်။ အသုံးစရိတ်နှင့်ရှိငွေ မကာမိသည်များ ဖြစ်လာနိုင်သည်။ အချစ်ရေးတွင် သင့်ဘက်မှ ရိုးသားပါက ဆုံးရှုံးမှုများဖြစ်မလာနိုင်ပေ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
Capricon တို့၏ အပေါ်ယံကိုသာကြည့်၍ လူအများက ဆုံးဖြတ်နေသည်ကို တွေ့ရမည်။ အပျော်အပါးများ၊ အခြားကိစ္စများကြောင့် ရေတိုရည်မှန်းချက်များ အနှောင့်အယှက် ဖြစ်လာနိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
လုပ်နေကျမဟုတ်သော ကိစ္စများ လုပ်ရနိုင်သည်။ လုပ်ငန်းနှင့် ပုဂ္ဂိုလ်ရေး ခွဲထားရန်လိုအပ်သည်။ ရေတိုရည်မှန်းချက် အများအပြား မထားသင့်သည့်ကာလပင်။ မလိုအပ်ဘဲ ဝင်ရောက်ဝေဖန်မိခြင်း သတိထားပါ။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ငွေကြေးနှင့်ပက်သက်၍ အလွန်အကျွံ အကောင်းမမြင်ပါနှင့်။ အလှူအတန်းလုပ်ရန် ကောင်းသောကာလပင်။ အလှူအတန်းလုပ်ရန် အခွင့်အရေးများလည်း ရလာမည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဦးသန့်အရေးအခင်း နှစ်(၄၀)ပြည့်ပြီ

ဓာတ်ပုံ−ထိန်လင်း
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့် ကွယ်လွန်ခဲ့တာ နှစ်ပေါင်း(၄၀)ပြည့်ခဲ့ပါပြီ။   ဦးသန့်ကွယ်လွန်ပြီး နောက်ပိုင်း   ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ  ပြန်လည်သယ်ဆောင်ရာမှာ ရန်ကုန်မြို့ကို ၁၉၇၄ခုနှစ်   ဒီဇင်ဘာလ ၁ရက်မှာ ရောက်ရှိလာပါတယ်။ ဦးနေ၀င်းအစိုးရက  ရန်ကုန်မင်္ဂလာဒုံလေ ဆိပ်ကနေ မြင်းပြိုင်ကွင်းဟောင်း (ကျိုက္ကဆံကွင်း)မှာ  ရုပ်ကလာပ်ထားရှိပြီး ကြံတောသုသာန်မှာ ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်ဖို့ စီစဉ်ပါတယ်။ ဦးသန့်လို ပုဂ္ဂိုလ်တစ်ဦးကို သာမန်လူလို သဂြုင်္ိဟ်မယ့် ဒီအစီအစဉ်ကို မကျေနပ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ဒီဇင်ဘာ ၅ ရက် နံနက်မှာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးပြီး လွမ်းသူ့ပန်းခွေတွေကိုင်ဆောင်ကာ ကျိုက္ကဆံကွင်းဆီ ချီတက်ကြပါတယ်။ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို သဂြုင်္ိဟ်ဖို့ ကြံတောသုသာန်ဆီ သယ်ဖို့အလုပ်မှာ ကျောင်းသားထုက လက်မခံဘဲ ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ တိုင်ပင်ပြီး ရုပ်ကလာပ်ကို   ရန်ကုန်တက္ကသိုလ်ဆီ ဂျစ်ကားနဲ့ သယ်ဆောင်ကာ ဘွဲ့နှင်းသဘင်ခန်းမရှေ့ စင်မြင့်မှာ တင်ဆောင်ထားပါတယ်။ အဲဒီကနေစပြီး အာဏာပိုင်တွေနဲ့ အချင်းများကာ   နာမည်ကျော် ဦးသန့်အရေးအခင်းဆိုတာ ပေါ် ပေါက်လာတာပါ။ ဒီဇင်ဘာ၁၁၊ ၁၂ရက်တွေမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။   ယနေ့ဟာ ဦးသန့်အရေးအခင်း နှစ်(၄၀)ပြည့်   အချိန်အခါ ဖြစ်ပါတယ်။   ဒါကြောင့်  ဦးသန့်ရဲ့  အတ္ထုပ္ပတ္တိအကျဉ်းကို     ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

- ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် မြေပိုင်ရှင်၊ ဆန်စက်ပိုင်ရှင် ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်၌ မွေးဖွားခဲ့သည်။
- မွေးချင်း လေးဦးရှိသည်။
- အသက် (၅)နှစ်အရွယ်တွင်  ပန်းတနော်မြို့ ဆရာကြီး ဦးဘဟန် မြန်မာကျောင်း၌ ပညာစတင်သင်ယူခဲ့သည်။
- ၁၉၂၆ ခုနှစ်တွင် ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့သည်။
- ၁၉၂၈ခုနှစ် ဥပစာတန်းပြီးချိန် ကျောင်းထွက်လိုက်ပြီး  ပန်းတနော်အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ်ဆောင်ရွက်သည်။
အသက် ၂၂ နှစ်အရွယ်တွင် ပန်းတနော်အမျိုးသားကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သည်။
- ၁၉၄၇တွင် ဖဆပလအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိ
- ၁၉၄၈တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်
- ၁၉၄၉တွင် ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်
- ၁၉၅၄တွင် ၀န်ကြီးချုပ် ဦးနု၏ အတွင်းဝန်အဖြစ် တာဝန် အသီးသီး ထမ်းဆောင်ခဲ့သည်။
- ၁၉၅၇ မှ ၁၉၆၁ ခုနှစ်ထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်သည်။
- ၁၉၆၁ နိုဝင်ဘာ ၃ ရက်တွင် ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးနေရာ၌ လုံခြုံရေးကောင်စီထောက်ခံချက်ဖြင့် ခန့်အပ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ကုလသမဂ္ဂအထွေထွေအစည်းအဝေးကြီးက  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်  အများသဘောတူခန့်အပ်သည်။
- ၁၉၇၁ ဒီဇင်ဘာ ၃၁ ရက်တွင် ရာထူးမှ အနားယူသည်။
- ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်တွင် နယူးယောက်မြို့ မက်ဟန်တန်ဆေးရုံ ၌ ကွယ်လွန်သည်။
- ကွယ်လွန်ချိန်တွင် အသက်(၆၅)နှစ်ရှိပြီဖြစ်သည်။

ကျိုက္ကဆံကွင်းအတွင်းသို့ လာရောက်ဂါရ၀ပြုကြသော ပြည်သူလူထု

ရဟန်းရှင်လူကျောင်းသားပြည်သူများအား ဖမ်းဆီးလာစဉ်

ဦးသန့် ဈာပနပြင်ဆင်ထားစဉ်

ဦးသန့်အုတ်ဂူဆောက်လုပ်ရန် ကျောင်းသားများအုတ်စီနေကြစဉ်

Credit >>> 7Day Daily

ရွှေသွေးဂျာနယ်-အတွဲ ၁။အမှတ် ၁


စာအုပ်အမည် - ရွှေသွေးဂျာနယ်
စာရေးသူ - ×××××

ငြိတွယ်ခြင်း(လုံမ)


စာအုပ်အမည် - ငြိတွယ်ခြင်း
စာရေးသူ - လုံမ
Download

Another Test Footer