Recommendations by Engageya
Latest Article Get our latest posts by subscribing this site
ကျွန်တော်နှင့်_ကြေးသွန်းယဉ်ကျေးမှု
စာအုပ်​အမည်-ကျွန်တော်နှင့်_ကြေးသွန်းယဉ်ကျေးမှု
ရေးသူ           -  တာရာမင်း​ဝေ
နည်းပညာသမားတွေသိထားသင့်တဲ့ Windows Command Ebook လေးပါ။
ဒီစာအုပ်လေးကတော့ Windows Run Box မှာ အသုံးပြုမဲ့  Command တွေ စုထားတဲ့စာအုပ်လေးပါ။
Computer System Information တွေကော တစ်ခြား အသုံးပြုလိုအဆင်ပြေမယ် Command တွေစုထားတဲ့ စာအုပ်လေးပါ။ အဆင်ပြေပါစေဗျာ။
EBook Download Now
နေဝင်အိပ်တန်းတက်
စာအုပ်အမည် - နေဝင်အိပ်တန်းတက်
စာရေးသူ - လကာင်္ရည်ကျော်
ဖိုင်ဆိုဒ် - 3.8MB
Download
တိမ်ညိုမှာငွေဇာကွပ်ကယ်နှင့်
စာအုပ်အမည် - တိမ်ညိုမှာငွေဇာကွပ်ကယ်နှင့်
စာရေးသူ - လကာင်္ရည်ကျော်
ဖိုင်ဆိုဒ် - 4.1MB
Download
နောက်ဆုံး စာမေးပွ
စာအုပ်အမည် - နောက်ဆုံး စာမေးပွဲ
စာရေးသူ - လကာင်္ရည်ကျော်
ဖိုင်ဆိုဒ် - 470.2KB
Download
လောကနီတိ
စာအုပ်အမည် – လောကနီတိ
ရေးသားသူ – တက်တိုး
အရွယ်​အစား - 7.77 Mb
                         ​Download 
*~~~ပေါက်နေတဲ့ရေပုံးကလေး~~~*
တခါတုန်းက တောရွာလေးတရွာမှာ အဖိုးအိုတယောက်ရှိသတဲ့...။
သူဟာနေ့ စဉ်နေ့ တိုင်း ရေပုံးလေးနှစ်ပုံးကို ပုခုံးနဲ့ ထမ်းပြီး စမ်းချောင်းလေးတခုကနေ
သူ့ ရဲ့အိမ်ကလေးဆီကို ရေတွေသယ်လာလေ့ရှိတယ်...။
အဲဒီလိုသူသယ်လာတဲ့ ရေပုံးလေးနှစ်ပုံးမှာ တခုသောရေပုံးလေးက
ရေတွေစိမ့်ထွက်နေတဲ့ အပေါက်ကလေးတွေပေါက်နေတဲ့ ရေပုံးကလေးပေါ့...။
အဖိုးအို အိမ်ပြန်ရောက်တိုင်းမှာ အဲဒီပေါက်နေတဲ့ရေပုံးကလေးထဲမှာ
ရေတ၀က်ပဲအမြဲတမ်းပါလာခဲ့သတဲ့...။
အခြားတခုသောရေပုံးလေးကတော့ ရေတွေအပြည့်နဲ့ အိမ်ကိုအမြဲတမ်းပါလာတတ်တယ်...။
ရေအပြည့်ပါလာတဲ့ရေပုံးလေးက သူသယ်ဆောင်လာတဲ့ရေတွေအတွက်
သူ့ ကိုယ်သူအလွန်ပဲဂုဏ်ယူနေသတဲ့ ...။
 ရေတ၀က်ပဲပါလာခဲ့တဲ့ရေပုံးလေးကတော့ ရေအပြည့်ပါလာတဲ့ရေပုံးလေးလို
သူ့ ဆီမှာစွမ်းဆောင်နိုင်စွမ်းမရှိတဲ့အတွက် နေ့ စဉ်နေ့ တိုင်းပဲဝမ်းနည်းနေမိသတဲ့...။
ဒီလိုနဲ့  ရက်တွေလတွေအတော်ကြာလာတဲ့အခါမှာအဲဒီပေါက်နေတဲ့ရေပုံးကလေးက
အဖိုးအိုကိုပြောသတဲ့  "အဖိုးရယ် ကျနော်ကပေါက်နေတဲ့ရေပုံးကလေးဖြစ်နေတော့
အဖိုးရဲ့အိမ်ကိုရေတွေအများကြီးသယ်မပေးနိုင်တာကို
ရှက်လည်းရှက်မိ ၀မ်းလည်းနည်းမိပါတယ်" လို့ ပြောရှာသတဲ့...။
ဒါနဲ့ အဖိုးအိုက ရေပုံးလေးကိုဒီလိုပြန်ပြောသတဲ့ ...
"ရေပုံးကလေးရေ... အိမ်အပြန်လမ်းတလျှောက်မှာ မင်းသတိထားမိသလား...
ရေတွေတစိမ့်စိမ့်နဲ့ ပေါက်ကျနေတဲ့ မင်းရှိတဲ့အခြမ်းဖက်မှာ ပန်းပွင့်လေးတွေ
ဝေဆာဖူးပွင့်နေတာလေ...အဲဒါမင်းရေလောင်းခဲ့တာပေါ့...။
 မင်းမှာ အဲဒီလိုရေတွေပေါက်ကျနေတာသိလို့ ပန်းပင်လေးတွေကို ငါစိုက်ပျိုးထားခဲ့တာလေ...။
အကယ်၍ မင်းက ပန်းပင်လေးတွေပေါ်ကို ရေတွေပေါက်ကျမနေခဲ့ဘူးဆိုရင်
အဲဒီပန်းပင်လေးတွေ အခုလိုဖူးပွင့်နေမှာမဟုတ်ဘူးလေ...
အခုတော့ ငါ့အိမ်ကလေးမှာ လှပတဲ့ပန်းပွင့်ကလေးတွေနဲ့ အလှဆင်နိုင်ခဲ့တာ
မင်းကြောင့်ပါပဲ" လို့ ပြန်ပြောခဲ့သတဲ့...။
ဒီတော့မှ ရေပုံးကလေးက သူဟာ လောကကြီးအတွက် လှပတဲ့ပန်းပွင့်ကလေးတွေကို
ရှင်သန်အောင် ရေလောင်းပေးခဲ့တဲ့သူ...ပြီးတော့ အဖိုးအိုရဲ့အိမ်ကလေးကိုလည်း
ပန်းပွင့်ကလေးတွေနဲ့ အလှဆင်ပေးနိုင်တဲ့သူဆိုတာ နားလည်သွားပြီး
သိပ်ကိုပျော်ရွှင်သွားတော့တယ်...။
ပုံပြင်လေးကတော့ဒါပါပဲ...။
အဲဒီပုံပြင်လေးထဲကလိုပါပဲ...
အကယ်၍ သင့်ကိုယ်သင်တန်ဘိုးထားပြီးကြည့်တတ်မယ်ဆိုရင်
သင်ဟာအများတကာလို မစွမ်းဆောင်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုထင်နေပေမယ့်
အလွန်ပဲလှပတဲ့အရာတွေ ဖန်တီးဖြစ်ပေါ်လာနိုင်သလို လောကကြီးအတွက်
လူသားတွေအတွက် တထောင့်တနေရာမှာ သင်ကိုယ်တိုင်အကျိုးပြုတဲ့သူဖြစ်နေမှာပါ...။
(မှတ်ချက်)  အင်္ဂလိပ်လိုရေးသားထားသောပုံပြင်လေးတပုဒ်ကို
ဆီလျှော်အောင်အနည်းငယ်ပြု ပြင်၍ဘာသာပြန်ဆိုခြင်းပါ...
***~~~***
Credit : ဓမ္မလက်​​ဆောင်
DownloadHome
Name - Moon+reader pro
Type   - Reader for Android
Size    - 7.27 Mb
              DOWNLOAD 
Auto Card 2010(Vol.2)
အမည်​ - Auto Card 2010
ရေးသူ - ​အောင်​​ဇော်​လတ်​(Translation)
အရွယ်​ - 34.17
               DOWNLOAD  
Auto Card 2010 (Vol.1)
အမည်​ - Auto Card 2010
ရေးသူ - ​အောင်​​ဇော်​လတ်​(Translation)
အရွယ်​ - 33.79 Mb
             DOWNLOAD  
အမှတ်​တရ
အမည်​         : အမှတ်​တရ
ရေးသူ         : ဂျူး
အမျိုးအစား : ဝတ္ထု
အရွယ်​         : 516 Kb
                     DOWNLOAD  
ရွှေချမ်းသာ ငွေချမ်းသာ
စာအုပ်အမည် - ရွှေချမ်းသာ ငွေချမ်းသာ
စာရေးသူ - မင်းမြတ်သူရ
DOWNLOAD >>> Solidfiles
တိမ်​​တောင်​ ​ပျော်​ပိုက်
စအုပ်​အမည်​   - တိမ်​​တောင်​​ပျော်​ပိုက်
ရေးသူ - ​နေဝင်းမြင့်
အရွယ်​    -1.3 Mb
                DOWNLOAD  
add friend,follower,comment,like ဖွင့်​နည်း/ပိတ်​နည်း
မိမိသုံး​နေတဲ့ facebook မှာ add friend,follower,comment,like ဖွင့်​နည်း/ပိတ်​နည်း ပြုလုပ်​ပုံအ​ကြောင်း pdf ​လေးတင်​​ပေးလိုက်​ပါတယ်​။
အောက်​မှာ ​ဒေါင်းယူနိုင်​ပါတယ်
                   DOWNLOAD  
Credit - ကို​ဇော်​သွင်
Sexy Post(အကြည်​​တော်​)
အမည်​ -        sexy post
ရေးသူ  -        အကြည်​​တော်
အမျိုးအစား - ဝတ္ထု
အရွယ်​        - 2.1 mb
                     DOWNLOAD 
Androidဖုန်းကိုင်ဆောင်သူတိုင်းသိထားသင့်တဲ့အ အ​ကြောင်းအရာများ စာအုပ်
Androidဖုန်းကိုင်ဆောင်သောမိတ်ဆွေတိုင်းသိထားသင့်တဲ့အကြောင်းတွေပါဝင်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။စာအုပ်ကိုအောက်ပါLinkမှာdownloadလုပ်နိုင်ပါတယ်။
Name   -      TheMyanmarsAndroid
Author  - Sunnybolwin
Type.  - Androidဖုန်းကိုင်ဆောင်သူတိုင်းသိထားသင့်တဲ့အ အ​ကြောင်းအရာများ
Size.      - 8.8 Mb
               DOWNLOAD  
အချစ်ဘ၀နှင့်ငွေကြေးဆိုင်ရာ နည်းဗျူဟာများ
စာအုပ်အမည် –
အချစ်ဘ၀နှင့်ငွေကြေးဆိုင်ရာ နည်းဗျူဟာများ
ရေးသားသူ – သန်းမြင့်ဦး
အမျိုးအစား – ဘာသာပြန်
်
                    DOWNLOAD  
တမ်းတတတ်​သည်
စာအုပ်​အမည်​ -- တမ်းတတတ်​သည်
စာ​ရေးသူ        --  ကြည်​​အေး
အမျိုးအစား    -- ဝတ္ထုရှည်
အရွယ်​အစား  -- 11.2 Mb
                    DOWNLOAD  
WordPress ကိုယ်​ပိုင်​ blog တစ်​ခုတည်​​ဆောက်​ခြင်း
WordPress ကိုယ်​ပိုင်​ blog တစ်​ခုတည်​​ဆောက်​ခြင်း..ဆိုတဲ့ စာအုပ်​​လေးတင်​​ပေးလိုက်​ပါတယ်
Name - WordPress ကိုယ်​ပိုင်​ blog တစ်​ခုတည်​​ဆောက်​ခြင်း
ရေးသူ -- လရိပ်
Type -- pdf
Size -- 1.09 mb
 Download 
သူမသာမျောက်တစ်ကောင် ဖြစ်သွားတယ်ဆိုပါစို့
စာအုပ်အမည် – သူမသာမျောက်တစ်ကောင် ဖြစ်သွားတယ်ဆိုပါစို့
ရေးသားသူ – မင်းခိုက်စိုးစန်
အမျိုးအစား – ၀တ္တုရှည်
အရွယ်​အစား -- 5.3mb
             Download 
ဆားပုလင်းနှင်းမောင်နှင့်ဓားနှစ်လက်
စာအုပ်အမည် – ဆားပုလင်းနှင်းမောင်နှင့်ဓားနှစ်လက်
ရေးသားသူ – မင်းသိင်္ခ
အမျိုးအစား – ၀တ္တုရှည်
 >>>>>download 
စောင့်နေမယ်လို့ မပြောလိုက်ဘူး
Name – စောင့်နေမယ်လို့ မပြောလိုက်ဘူး
Writer – ဂျူး
Type -- ၀တ္တုရှည်
downloaf
Like (အကြည်တော်)
စာအုပ်အမည် - Like (အကြည်တော်)
စာ​ရေးသူ - အကြည်တော်
ဖိုင်ဆိုဒ် - 2.8MB
>>>>>> Download 
သင်နှင့်မသက်ဆိုင်တော့သည့် မနက်ဖြန်၏ နောက်ဆုံးသတင်း
စာအုပ်အမည် – သင်နှင့်မသက်ဆိုင်တော့သည့် မနက်ဖြန်၏ နောက်ဆုံးသတင်း
ရေးသားသူ – မောင်လှမျိုး (ချင်းချောင်းခြံ)
အမျိုးအစား – ၀တ္တုရှည်
မနေ.ကအွန်လိုင်းပေါ်မှာ တွေ.ခဲ့ကြတယ် နှင့် အခြားချစ်ခြင်းဖွဲ.ကဗျာများ
စာအုပ်အမည် – မနေ.ကအွန်လိုင်းပေါ်မှာ တွေ.ခဲ့ကြတယ် နှင့် အခြားချစ်ခြင်းဖွဲ.ကဗျာများ
ရေးသားသူ – နွယ်ဦးလှိုင်
အမျိုးအစား – ကဗျာ
မနေ. တွေ.ခဲ့ကြတယ် နှင့် အခြားချစ်ခြင်းဖွဲ.ကဗျာများ (နွယ်ဦးလှိုင်)
ပီကာဆို၏ပဉ္စလက်မီးအိမ်(မြသန်းတင့်)@MMBS
စာအုပ်အမည် - ပီကာဆို၏ပဉ္စလက်မီးအိမ်
စာရေးသူ - မြသန်းတင့်
တောလယ်၊မောတယ်၊အပြောကြွယ်(မောင်သာရ)@MMBS
စာအုပ်အမည် - တောလယ်၊မောတယ်၊အပြောကြွယ်
စာရေးသူ - မောင်သာရ
နတ်ရူးတို့ကြောင်နိုင်ပေ(အီကြာကွေး)@MMBS
စာအုပ်အမည် - နတ်ရူးတို့ကြောင်နိုင်ပေ
စာရေးသူ - အီကြာကွေး
တွေ့ ရကြုံရရှတတလေးတွေ(အီကြာကွေး)@MMBS
စာအုပ်အမည် - တွေ့ ရကြုံရရှတတလေးတွေ
စာရေးသူ - အီကြာကွေး
ဦးဖိုးလတ်၏မြန်မာအစစာတမ်း(ဦးဖိုးလတ်)@MMBS
စာအုပ်အမည် - ဦးဖိုးလတ်၏မြန်မာအစစာတမ်း
စာရေးသူ - ဦးဖိုးလတ်
အဘနဲ့ အဘရွာ
ပြောင်းတစ်တင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ် ။
ဟင်းရွက်တစ်ဆုပ် ထင်းတစ်ခုတ်ကို
ကျုပ်မြေးတွေက ပေးခဲ့တယ် ။
လျှာပွတ်ဆေးနဲ့
ဆေးခါးကြီးစ လျှက်ဆားစသည်
ကျောင်းဘုန်းကြီးက ပေးခဲ့တယ် ။
သမီးအငယ်
အိမ်ထောင်သည်က
နေ့လယ် နေ့ခင်း ခံတွင်းချဉ်ပြေ
အပျင်းပြေအောင်
အဖေလည်းဝါး ဧည့်လည်းစားတဲ့
လ္ဘက်သားလေး ပို့ခဲ့တယ် ။
ဝါကျွတ်ရက်က
အညှက်ဖြူဆုပ် ပေါက်ပေါက်ဆုပ်တဲ့
မွှေးစုတ်တဘက် ချည်စောင် ကွက်တဲ့
သက်ကြီးဝါကြီး ကန်တော့ကြတယ် ။
ငှက်ပျောသီးနဲ့
အုန်းသီးတစ်လုံး ဘ မသုံးဘူး
ဘုန်းကြီး လှူလိုက်ရသေးရဲ့ ။
အဘဆီက
ရှေးကသီးချင်း တက်ကြရင်းနဲ့
နင်းကြ နှိပ်ကြ ပြုစုကြနဲ့
ကာလသားတွေ စည်ပါပေကွယ်
ပုလွေမယ်ဒလင် ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ ။
အဘအိုရဲ့ ပုံတိုပတ်စ
ကြားချင်ကြသတဲ့
ညခင်း ညခါ ၀ိုင်းလို့လာတဲ့
ရွာကကလေး အဘ မြေးတွေ
အေး အေး ပြောရသေးတာပ ။
အဘအိမ်သား ကွယ်လွန်သွားလည်း
ဝမ်း ခါး မပူရ ဖူးပေ ။
အဘရဲ့သား ရန်ကုန်သွားလည်း
တအား မငယ် ရဖူးပေ ။
သည်မြေသည်ရွာ အဘရွာပေါ့ ။
ရွာသူရွာသား အဘသားပေါ့ ။
ရွာကကလေး အဘမြေးပေါ့ ။
သမီးနဲ့ သား မြေးငယ်များတို့
ငါ့ရွာနားက
တစ်ဖ၀ါးတောင် ခွါနိုင်ပေါင် ဗျာ
နောင်ဘ၀လည်း ဘ မခွဲဘူး
ခုလည်း သည်မှာ ခေါင်းချမယ် ။
တင်မိုး
စာပေဝါသနာရှင်များစုစည်းရာ
“အောင်မြင်သူတို့၏စကား”
- သမားရိုးကျကို ခုခံတွန်းလှန်ပါ။ (ရေမွန်ရူဘီကမ်)
- ဖန်တီးမူရဲ့ လှုပ်ရှားမူတိုင်းဟာ ပျက်စီးမှုတစ်ခုရဲ့ အစပထမပဲ
ဖြစ်ပါတယ်။ ပါဘလိုပီကာဆို (ပြင်သစ်ပန်းချီဆရာကြီး)
- မင်းမျှော်လင့်ချက်ကို ယုံကြည်ပါ။ ကြောက်ရွံ့စိုးရိမ်မှုကို မယုံပါနဲ့။
ဒေးဗစ်မာဟန်နီ(နော်တန်ဆိုင်မွန်ဥက္ကဌ)
- လေ့ကျင့်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခက်အခဲတွေ ရင်ဆိုင်တွေ့
တဲ့အခါနဲ့ မျှော်မှန်းချက်၊ ယုံကြည်ချက်နဲ့ ဆန္ဒပြင်းပြမူတွေကို
အကောင်အထည်ဖော်ဖို့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ လေ့ကျင့်မှု
ဟာ ပြင်းပြတဲ့ ဆန္ဒတွေ ပြည့်ဝအောင် ဖိတ်ခေါ်တာကို ဆိုလိုပါတယ်။
မာသာဂရေဟမ် (ကချေသည်နှင့် နည်းပြဆရာမ)
- သင်ဟာ မြင်းတစ်ကောင်ကို ရယ်စရာကောင်းတယ်လို့မြင်ရင် မြင်းတပ်
ဖွဲ့ရဲ့ တာဝန်ခံအဖြစ် ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး။
ဂျွန်ပီယားစ် (လော်ဂျစ်ကယ်မရှင်းကော်ပိုရေးရှင်း ဥက္ကဌ)
- အကြီးအကဲ တစ်ယောက်ဟာ တာဝန်ယူရသူပါပဲ။ သူအနေနဲ့
“ငါ့လူတွေ အထိနာတယ်” လို့ ပြောရမယ့်အစား “ငါအထိနာတယ်”
လို့သာ ပြောရပါလိမ့်မယ်။ (အင်တွိုင်းဒီစိန့်အိတ်ဇူပဲရီ)
- သတ္တိရှိပြီး မနာခံဘဲ ရှေ့ထွက်ရဲသူတွေဟာ အမိန့်ပေးနိုင်စွမ်းရှိတာပါ။
ဝီလီယမ် မက် ဒေါက်ဝဲလ်(စိတ္တဗေဒပညာရှင်)
- အာရုံကြောတွေ ချို့ယွင်းလုနီးပါး ဖြစ်လာတဲ့ရောဂါရဲ့ ဇာတ်မြစ်တစ်
ခုက အလုပ်ဟာ ကြောက်စရာကောင်းအောင် အရေးကြီးတယ်လို့
ယုံကြည်မှုပဲဖြစ်ပါတယ်။ (ဘာထရန်ရပ်ဆဲလ်)
- ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို အနက်ဖွင့်ချက်တစ်ခုကတော့
ဖန်တီးနိုင်စွမ်းနဲ့ ရည်မှန်းချက်တစ်ခုကို နားလည်နိုင်မှုရှိတာပါပဲ။
ဝါရင်းဘင်းနစ်(စ) (အမေရိကန်ခေါင်းဆောင်ဖြစ်ကျွမ်းကျင်သူ)
- ရည်မှန်းချက်တစ်ခုက ရှိသမျှအရာတိုင်းကို ပြောင်လဲဖို့ စတင်ပုံ
ဖော်ရာမှာ ကျွန်တော့်ပတ်ဝန်းကျင်က “လေထု”လည်းပါဝင်တယ်။
ဂျင်ဒစ်ဇွန် ( ဟောကိန်းလက်ဆောင်မှ)
- အတော်ဆုံး ခေါင်းဆောင်တွေရဲ့ အလုပ်က ပြီးစီးသွားတဲ့အခါ
လူတွေက တို့ဟာတို့ လုပ်တာလို့ပြောကြစမြဲပေါ့။ (လောင်းဇူး)
- နိုင်ငံကို ဘယ်လိုထူထောင်ရမှန်း သိတဲ့သူအားလုံးဟာ
တက္ကစီ ကားတွေမောင်း၊ ဆံပင်ညှပ်သမားတွေဖြစ်နဲ့ အလုပ်
ရှုပ်နေကြတာ တော်တော် အဖြစ်ဆိုးဆိုးတာပဲ။ (ဂျော့ခ်ျဘန်းစိ)
- ဇွဲအကောင်းဆုံးလူတွေသာ အောင်မြင်မှုကိုပိုင်ဆိုင်ရတယ်။
(နပိုလီယမ်)
- နမှုနာပြတာဟာခေါင်းဆောင်မှုပါပဲ (အဲလ်ဘက်ရှဝစ်ဇာ)
- ခေါင်းဆောင်တွေဟာ ထိပ်ဆုံးမှာရှိရမယ်။ခေတ်မီရမယ်။
လုပ်ငမ်းထဲ အစောကြီးရောကရမယ်။ မနက်လင်းတာနဲ့
အိပ်ရာက ထပြီးသားဖြစ်ရမယ်။
လော့ဒ်ဆီယက်ဖ် ( Marks & Spencer ဥက္ကဌ)
ညီညီနိုင် (အိုင် ၇-လုံးခေါင်းဆောင်) စာအုပ်မှ ထုတ်နှုတ်
ဖော်ပြသည်။
စာပေဝါသနာရှင်များစုစည်းရာ
သူဌေးဖြစ်တဲ့ အမျိုးသမီးတွေရဲ့ တူညီတဲ့ စည်းကမ်း ၅ ချက်
သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နေ့စဉ်လိုက်နာဆောင်ရွက်ရမဲ့ ကိစ္စလေးတွေကို မမေ့မလျှော့ပဲ လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လိုက်နာရမဲ့ အဓိက အချက်လေးတွေကတော့ အောက်ပါအတိုင်းပါဘဲ။
၁. ကျန်းမာရေးသာလျှင် အဓိက
နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။
ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ။
၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း
နေ့တိုင်းပိုက်ဆံမရှိဘူးဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့လဲဘာမှဖြစ်မလာပါဘူး။ဒါကြောင့်စဉ်းစားနေတာထက်ပြုံးပြုံးရွှင်ရွှင်နေတက်မှသာလျှင်လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။
၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက်
ပိုက်ဆံကိုချွချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။
၎. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့
ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်
အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။
myeyshin
Ygn News
သစ်ခုတ်သမား ပုံပြင်သစ်
သစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာလေညှင်းခံနေစဉ် လှည်းကို ကုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ ကျလေ၏။
ထိုအခါ ကျယ်လောင်စွာ ငိုယိုအော်ဟစ်နေသောကြောင့် မြစ်စောင့်နတ်သည် ဘွားကနဲပေါ်လာ၏။ မြစ်စောင့်နတ်သည်
ချက်ချင်းမြစ်အတွင်းမှနေ၍ မော်တော်ကားတစ်စီးနှင့်အတူပြန် ပေါ်လာ၏။
” ဒါ သင့် ပစ္စည်းလား..”
” ဟုတ်ပါတယ် ဟုတ်ပါတယ်…ဒါကျနော့်ပစ္စည်း…ဒါ….ဒါကျနော့်ဟာ အစစ်ပါ ”
ထိုအခါ မြစ်စောင့်နတ်လည်းအရမ်းဒေါသထွက်သွား၏။
” မင်းဟာတကယ်တော့ လူလိမ်လူညာပဲ။ ဒါ တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ။
မင်းပစ္စည်းမဟုတ်ဘူး”
ထိုအခါ သစ်ခုတ်သမားမှ တောင်းပန်စကားဆိုလေ၏။
” အိုမြစ်စောင့်နတ်မင်း၊ ကျနော့်အား ခွင့်လွှတ်တော်မူပါ။ တကယ်လို့
ကျနော်က မဟုတ်ဘူးလို့ပြောရင် အသင်နတ်မင်းက နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံမှ
ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ ကားကို
ပြပါလိမ့်မယ်။ ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့် လှည်း အဟောင်းကြီး ကို
ပြန်ဆယ်လာမှာ သေချာပါတယ်။ ဒီလိုဆယ်လာမှ အဲဒါ ကျနော့်
လှည်းပါလို့ပြောလိုက်ရင် နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့
ကျနော့်လှည်းဟာ စလစ်နဲ့ နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ ဒါကြောင့် ပထမ
ချယ်ရီကားမှာကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိ တာပါခင်ဗျာ ”
ရဲစတိုင်း
The Myanma Age
Adobe Illustrator Lession စာအုပ်​များ
ဒီ​က​နေ့ Adobe Illustrator ကို​လေ့​လာ​နေ​တဲ့​သူ​များ အတွက် စာအုပ်​လေး​တွေ​တင်​ပေးလိုက်​ပါ​တယ်​ဗျာ
စာအုပ် ၁
စာအုပ်၂
စာအုပ်၃
စာအုပ် ၄
အားလုံး​အဆင်​ပြေ ကြ​ပါ​စေ​ဗျား
!ဆော့​ဝဲ​နှင့်​နည်း​ပညာ ပိုဒ့်​လေး​တွေ​ကို​နှစ်သက်​ရင်!
o_Oအောက်​က​လင့်​လေး​တွေ​က လာ​လည်​ကြ​ဖို့​ဖိတ်ခေါ်​ပါ​တယ်​ဗျာO_o
Logo Design by FlamingText.com
မြန်မာ​အွန်​လိုင်း​စာအုပ်​စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်​လိုက်​ပါ
မြန်မာအွန်​လိုင်း​စာအုပ်​စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်​လိုက်​ပါ
မြန်မာအွန်​လိုင်း​စာအုပ်​စင် မှ တင်​သ​မျှ​ကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ
<<< စာပေ​ချစ်​သူ ပရိတ်​များ အားလုံး မင်္ဂလာ​ပါ..
မြန်မာ​အွန်​လိုင်း​စာအုပ်​စင် မှ တင်​ဆက်​သော စာအုပ်​များ​ကို မည်​သူမ​ဆို
လွတ်လပ်စွာပြန်လည်မျှဝေ​နိုင်​ပါ​တယ်....
အခု လို အားပေး​တဲ့​အတွက် ကျေးဇူး​အထူး​တင်​ပါ​တယ် >>>
ပြသနာ ကို ဘယ်လိုဖြေရှင်းမလဲ
တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ
ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်..။
ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့
ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ
မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ
နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ
မြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား
စိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်
ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
ဒါကြောင့်……….
ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့
အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။
ခွေးကတော့ ခွေးပါပဲ…..ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲ ဒီလိုပါပဲ…
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား…။
ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ……။
ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။ ။
အဖြေရလာပါလိမ့်မယ်….။ ။
Credit - Kozaw357
PannPwint
အလုပ်ခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား(၅)ခွန်း
ကျွန်ုပ်တို့ အလုပ်ခွင်ရောက်တဲ့အခါ တစ်စုံတစ်ခုကို ပြန်လည်တုံ့ပြန် မပြောဆိုခင် အမြဲတမ်း နှစ်ခါပြန်လောက် စဉ်းစားသင့်ပါတယ်။ ဒါပမေယ့်လည်း ကိုယ့်ကိုယ်ကို ဒီလို ဆန်းစစ်ထိန်းချုပ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်ပါဘူး။ ဒီတော့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် (သို့) စီနီယာတွေနဲ့ ဆက်ဆံတဲ့အခါ မှန်ကန်တဲ့ စကားအသုံးအနှုန်း ရွေးချယ်မှု(၅)မျိုးကို ပြောပြချင်ပါတယ်။
(၁) "ကျွန်တော့်အထင်တော့" ဆိုတဲ့စကားအစား ကျွန်တော့်အတွေ့အကြုံအရ ဆိုပြီး ပြောင်းသုံးပါ။
ကိစ္စတစ်ခုကို သုံးသပ်ခိုင်းတဲ့အခါ “ကျွန်တော့်အထင်တော့” လို့မသုံးနှုန်းဘဲ “ကျွန်တော့်ရဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့” ဆိုပြီး သုံးနှုန်းပါ။ ဒါက တစ်ဖက်သားရဲ့ အတွေ့အခေါ်ကို သင့်အထင်နဲ့ တဖက်သတ်ကြီး တန်ဖိုးမဲ့ရာ မရောက်စေဘဲ သင့်အတွေ့အကြုံတွေကို အခြေခံပြီး ပြောတာကြောင့် ခိုင်မာတယ်လို့ ယူဆလို့ရပါတယ်။
(၂) " နိုး" လို့ တန်းငြင်းမယ့်အစား "ဒီနေ့မှပဲ အလုပ်တွေများနေတယ်" လို့ ပြောင်းသုံးပါ။
အထူးသဖြင့် မင်းရဲ့ စီနီယာက အလုပ်ပိုတွေမင်းဆီ သယ်ဆောင်လာတဲ့အခါမှာပေါ့ “မလုပ်နိုင်ဘူး” လို့ တခွန်းတည်းပြောလိုက်မယ့်အစား “ဟာဗျာ ။ ဒီနေ့မှပဲ ကျွန်တော့်မှာလည်း အလုပ်တွေက ပြည့်နေတယ်” လို့ ပြောင်းလဲသုံးစွဲလိုက်ပါ။ ယတိပြတ်ငြင်းလိုက်လို့ သင့်ကို အမြင်စောင်းသွားမှာထက် စာရင်တော့ ဒီစကားက လှည့်ကွက်လေးတစ်ခုပေါ့။
(၃) "မကြိုက်ဘူး၊ မုန်းတယ်" လို့ပြောမယ့်အစား "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အဆင်မပြေဘူး" စသဖြင့် ပြောဆိုပါ။
တစ်စုံတစ်ယောက်ရဲ့ အထင်အမြင်ကို အမြဲတမ်းတောင်းခံလေ့ရှိတဲ့ လူတွေဟာ အလုပ်မှာဆိုရင် ပိုဆိုးပါတယ်။ သင့်ကိုလည်း ဒါကိုဘယ်လိုထင်လဲလို့ မေးလာတဲ့အခါ သင်မနှစ်သက်တာကို တိုက်ရိုက် မပြောချင်ရင် “ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း အဆင်မပြေဘူး။ မဖြစ်သေးဘူး” လို့ ပြောင်းလဲ သုံးနှုန်းကြည့်ပါ။
(၄) "ဒါဘာကြီးလဲ" လို့ ပြောမယ့်အစား "စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်"လို့ ပြောင်းပြောပါ။
တစ်ခါတလေ မထင်မှတ်ဘဲ၊ ရည်ရွယ်ချက်မရှိပဲနဲ့ “ဒါဘာကြီးလဲ” လို့ လွှတ်ခနဲထွက်သွားမိတတ် ပါတယ်။ အဲဒီအစားတော့ “စိတ်ဝင်စားဖို့တော့ကောင်းပါတယ်” ဆိုတာမျိုးလေး ပြောင်းသုံးကြည့်ပါ။ အဲဒီ စကားလုံးမှာ စော်ကားမော်ကား ပြုလိုတဲ့ သဘောထားတွေ မပါဝင်ဘူးဆိုတာ ထင်ရှားစေပါတယ်။
(၅) "'ဒါငါ့အလုပ်မဟုတ်ဘူး"လို့ ပြောမယ့်အစား "အဆင်ပြေမပြေတော့ မသေချာဘူး၊ ဒါပေမယ့် ကြိုးစားပေးကြည့်မယ်လေ"ဆိုတာမျိုး ပြောင်းပြောပါ။
သင်နဲ့ မဆိုင်တဲ့ အလုပ်တစ်ခုကို လာပေးတဲ့အခါ “ဒါကျွန်တော့် အပိုင်းမဟုတ်ဘူး။ ကျွန်တော့် အလုပ်မဟုတ်ဘူး” လို့ ပြောမယ့်အစား “သိပ်တော့မသေချာဘူး ။ ဒါပေမယ့် ကျွန်တော် ကြိုးစားကြည့်ပေး မယ်လို့” ဆိုလိုက်တာက သူ့အတွက် စိတ်ကျေနပ်မှု ရစေပါတယ်။ တကယ်လို့ သင်မစွမ်းဆောင်နိုင် ခဲ့ရင်လည်း ဒါဟာ နဂိုကတည်းက သင့်အပိုင်းမဟုတ်မှန်း ကြိုပြောထားပြီးသားပဲလေ။
ငယ်ပေါင်းကြီးဖော်တွေ မဟုတ်တဲ့ အလုပ်ခွင်က လူတွေနဲ့ စကားပြောရာမှာ မိသားစုလိုမဟုတ်ဘဲ သတိထားဖို့တော့ လိုပါတယ်။ ဒီအသုံးအနှုန်းလေးတွေ ပြောင်းသုံးကြည့်ရင်တော့ အလုပ်ခွင်မှာ အားလုံးနဲ့ အဆင်ပြေပြီး စီနီယာတွေကလည်း ချစ်ကြမှာပေါ့
Ref:mensxp.com
YomaLan
သားသားမီးမီးတို့မှာ ရှိထားသင့်တဲ့ အခြေခံအရည်အချင်းများ
(၁) ကလေးတို့…… ထမင်းချက်တတ်အောင် သင်ထားရမယ်။ ဒါသူများကို ပြုစုတာမပြုစုတာနဲ့မဆိုင်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အခြေခံအရည်အချင်းတစ်ရပ်ဖြစ်နေလို့ပါ။
(၂) ကလေးတို့…ကားမောင်းတတ်အောင်သင်ထားရမယ်။ ဒါဟာဂုဏ်တွေ အဆင့်အတန်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို သွားလို့ရအောင် တတ်မြောက်ထားသင့်တဲ့ အခြေခံအရည်အချင်းတစ်ခုဖြစ်လို့ပါ။ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ အာမခံချက် ရှိထားတဲ့သဘောပါပဲ။
(၃) ကလေးတို့…… ကျောင်းတက်စဉ်မှာ စာကောင်းကောင်းကြိုးစားရမယ်။ ဒါဟာရတဲ့ဘွဲ့နဲ့ ဒီဂရီနဲ့ဘာမှမဆိုင်ပါဘူး။ ဘဝရဲ့ အပိုင်းအခြားတစ်ခုမှာ ကြိုးစားဖို့အသင့်တော်ဆုံးအချိန်ပါ။ လူ့ဘဝဆိုတာ အပိုင်းအခြားရှိပါတယ်။ သင့်တော်တဲ့အပိုင်းအခြားမှာ သင့်တော်တဲ့အလုပ်ကို ကောင်းမွန် ပြီးမြောက်အောင် ဆောင်ရွက်ထားနိုင်ရင် ကလေးတွေနောက် နောင်တမရတော့ဘူးပေါ့။
(၄) ကလေးတို့….. ဝေးဝေးလံလံခရီးသွားဖူးသင့်ပါတယ်။ ခရီးများများ သွားသင့်ပါတယ်။ အဝေးသွားဖူးလေ အမြင်ကျယ်လေ စိတ်သဘောထားကြီးလေပါပဲ။ လူဆိုတာ အမြင်ကျယ်သလောက် အမျှော်အမြင်ရှိတယ်။ အမျှော်အမြင်ရှိသလောက် အလုပ်ကိုအောင်မြင်အောင် အကောင်အထည်ဖော်လို့ရတယ်။
(၅) နောင်အခါမှာ ဘယ်လောက်အခက်အခဲတွေ့တွေ့ ကောင်းကင်တစ်ခုလုံးပဲ ပြိုကျနေပါစေ မငိုယိုပါနဲ့။ မငြီးငြူပါနဲ့။ ငိုယိုငြီးငြူခြင်းဟာ မင်းကိုတကယ်ချစ်တဲ့လူတွေအတွက် စိတ်ထိခိုက်စေနိုင်သလို၊ မင်းကိုမုန်းတဲ့လူအတွက်ကျတော့လည်း လက်ညိုးထိုးစရာ အကြောင်းတစ်ခု ဖန်တီးပေးသလို ဖြစ်သွားနိုင်ပါတယ်။
(၆) ကလေးတို့…အဝေးကိုခရီးသွားခဲ့ရင် ဓာတ်ပုံကင်မရာအပြင် စက္ကူနဲ့ ဘောပင်ပါယူသွားရတယ်။ ရှု့ခင်းကို ကင်မရာနဲ့ မှတ်တမ်းတင်လို့ရတယ်ဆိုပေမယ့် အချို့ခံစားချက်နဲ့ အတွေ့အကြုံကိုကျတော့ ရေးမှတ်ထားမှ ပိုသေချာတယ်။
(၇) ငယ်ရွယ်စဉ်အခါက ဗဟုသုတကို စုဆောင်းရပါတယ်။ ကြီးလာလို့ရှိရင် အတွေ့အကြုံကို မျိုးစုံရှာထားရတယ်။ဒါမှ ကလေးတို့ဘဝက အမျော်အမြင်ရှိပြီး ပြည့်စုံမှာ။ လမ်းကွေ့လမ်းကောက် များများလျှောက်လှမ်းဖူးတဲ့လူဟာ ဖြတ်လမ်းကို အလွယ်တကူ တွေ့ရှိတတ်လေ့ရှိတယ်။
(၈) ပြုံးရွှင်တဲ့အကျင့်ရှိခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်းနဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အကောင်းဘက်ကိုမြင်တတ်ခြင်းတို့ဟာ ကလေးတို့အတွက် အကြီးမားဆုံးသော စိတ်ဓာတ်ကြွယ်ဝမှုတွေပါ။ ဒီကြွယ်ဝမှုတွေသာ ကလေးတို့ပိုင်ဆိုင်ခဲ့ရင် ကလေးတို့ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးအတွက် ကိုယ့်ကိုကို ပဲ့ကိုင်ထိန်းသိမ်းနိုင်ပါပြီ။
Credit & Thanks : Uncle U Aung Ko lat 
Ygn News
ပညာရှာ၊ အလုပ်ရှာသူတို့ အတွက် မှတ်သားဖွယ် အိုင်းစတိုင်း အဆို ၂ ခု
အိုင်းစတိုင်း အဆို - ၁
အိုင်းစတိုင်းက ပြောခဲ့တယ်... စဉ်းစားတွေးခေါ်ခြင်းက ပညာ သင်ကြားခြင်းထက် ပိုအရေးကြီးပါတယ်တဲ့။ ပညာ ကတော့သင်လိုက်တယ်။ လက်တွေလဲ အသုံးချ ပါတယ်။ သို့ပေမယ့် တွေးခေါ်စဉ်ခြင်ခြင်း၊ ဖြစ်သင့် မဖြစ်သင့်ကို စဉ်းစား ဆင်ခြင်ခြင်း မရှိပဲ စာအုပ်ကြီး အတိုင်း လုပ်နေရင် အလကား ပါပဲ။ ဒါကြောင့်မို့ Sense of imagination ကို မြင့်သထက် မြင့်နိုင်ကြဖို့ လိုအပ် ပါတယ်။
အိုင်းစတိုင်း အဆို - ၂
အဲလ်ဘတ် ဆိုင်းစတိုင်းက ပြောခဲ့ ပါတယ်။ လုပ်ဆောင်ချက် တစ်ခုကို မပြင်ပဲ ဆက်တိုက် လုပ်နေပြီး ကွဲပြားထူးခြားတဲ့ ရလဒ်ကို လိုချင်နေရခြင်းဟာ ရူးသွပ်မှု တစ်ခု ပါပဲတဲ့။
ဟုတ်ပါတယ် ရိုးရာလေး ချစ်ပရိတ်သတ်တို့။ မိမိရဲ့ လုပ်ငန်းခွင် အရည်အချင်း တိုးတက်မှု၊ ကြိုးစားမှု၊ အလုပ်ရှာဖွေရာမှာ စူးစိုက်အားထုတ်မှု၊ ပြင်ဆင်မှုတို့က မပြောင်းလဲသေးပဲနဲ့ ပိုမို ကောင်းမွန်တဲ့ အခွင့် အရေးကို မျော်လင့်နေခြင်းဟာ ရူးသွပ်မှု တစ်ခုပါပဲ။
တစ်နေ့ပြီး တစ်နေ့ မိမိရဲ့ အရည်အချင်း နဲ့ လုပ်ဆောင်ချက်များ တိုးတက်လာဖို့ ရိုးရာလေးမှ မှ ဆန္ဒပြု အကြံပေး လိုက်ရ ပါတယ်။
.
ရိုးရာလေး
Another Test Footer