Recommendations by Engageya

Latest Article Get our latest posts by subscribing this site

သားသားမီးမီးတို့မှာ ရှိထားသင့်တဲ့ အခြေခံအရည်အချင်းများ


(၁) ကလေးတို့…… ထမင်းချက်တတ်အောင် သင်ထားရမယ်။ ဒါသူများကို ပြုစုတာမပြုစုတာနဲ့မဆိုင်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အခြေခံအရည်အချင်းတစ်ရပ်ဖြစ်နေလို့ပါ။

(၂) ကလေးတို့…ကားမောင်းတတ်အောင်သင်ထားရမယ်။ ဒါဟာဂုဏ်တွေ အဆင့်အတန်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို သွားလို့ရအောင် တတ်မြောက်ထားသင့်တဲ့ အခြေခံအရည်အချင်းတစ်ခုဖြစ်လို့ပါ။ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ အာမခံချက် ရှိထားတဲ့သဘောပါပဲ။

(၃) ကလေးတို့…… ကျောင်းတက်စဉ်မှာ စာကောင်းကောင်းကြိုးစားရမယ်။ ဒါဟာရတဲ့ဘွဲ့နဲ့ ဒီဂရီနဲ့ဘာမှမဆိုင်ပါဘူး။ ဘဝရဲ့ အပိုင်းအခြားတစ်ခုမှာ ကြိုးစားဖို့အသင့်တော်ဆုံးအချိန်ပါ။ လူ့ဘဝဆိုတာ အပိုင်းအခြားရှိပါတယ်။ သင့်တော်တဲ့အပိုင်းအခြားမှာ သင့်တော်တဲ့အလုပ်ကို ကောင်းမွန် ပြီးမြောက်အောင် ဆောင်ရွက်ထားနိုင်ရင် ကလေးတွေနောက် နောင်တမရတော့ဘူးပေါ့။

(၄) ကလေးတို့….. ဝေးဝေးလံလံခရီးသွားဖူးသင့်ပါတယ်။ ခရီးများများ သွားသင့်ပါတယ်။ အဝေးသွားဖူးလေ အမြင်ကျယ်လေ စိတ်သဘောထားကြီးလေပါပဲ။ လူဆိုတာ အမြင်ကျယ်သလောက် အမျှော်အမြင်ရှိတယ်။ အမျှော်အမြင်ရှိသလောက် အလုပ်ကိုအောင်မြင်အောင် အကောင်အထည်ဖော်လို့ရတယ်။

(၅) နောင်အခါမှာ ဘယ်လောက်အခက်အခဲတွေ့တွေ့ ကောင်းကင်တစ်ခုလုံးပဲ ပြိုကျနေပါစေ မငိုယိုပါနဲ့။ မငြီးငြူပါနဲ့။ ငိုယိုငြီးငြူခြင်းဟာ မင်းကိုတကယ်ချစ်တဲ့လူတွေအတွက် စိတ်ထိခိုက်စေနိုင်သလို၊ မင်းကိုမုန်းတဲ့လူအတွက်ကျတော့လည်း လက်ညိုးထိုးစရာ အကြောင်းတစ်ခု ဖန်တီးပေးသလို ဖြစ်သွားနိုင်ပါတယ်။

(၆) ကလေးတို့…အဝေးကိုခရီးသွားခဲ့ရင် ဓာတ်ပုံကင်မရာအပြင် စက္ကူနဲ့ ဘောပင်ပါယူသွားရတယ်။ ရှု့ခင်းကို ကင်မရာနဲ့ မှတ်တမ်းတင်လို့ရတယ်ဆိုပေမယ့် အချို့ခံစားချက်နဲ့ အတွေ့အကြုံကိုကျတော့ ရေးမှတ်ထားမှ ပိုသေချာတယ်။

(၇) ငယ်ရွယ်စဉ်အခါက ဗဟုသုတကို စုဆောင်းရပါတယ်။ ကြီးလာလို့ရှိရင် အတွေ့အကြုံကို မျိုးစုံရှာထားရတယ်။ဒါမှ ကလေးတို့ဘဝက အမျော်အမြင်ရှိပြီး ပြည့်စုံမှာ။ လမ်းကွေ့လမ်းကောက် များများလျှောက်လှမ်းဖူးတဲ့လူဟာ ဖြတ်လမ်းကို အလွယ်တကူ တွေ့ရှိတတ်လေ့ရှိတယ်။

(၈) ပြုံးရွှင်တဲ့အကျင့်ရှိခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်းနဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အကောင်းဘက်ကိုမြင်တတ်ခြင်းတို့ဟာ ကလေးတို့အတွက် အကြီးမားဆုံးသော စိတ်ဓာတ်ကြွယ်ဝမှုတွေပါ။ ဒီကြွယ်ဝမှုတွေသာ ကလေးတို့ပိုင်ဆိုင်ခဲ့ရင် ကလေးတို့ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးအတွက် ကိုယ့်ကိုကို ပဲ့ကိုင်ထိန်းသိမ်းနိုင်ပါပြီ။

Credit & Thanks : Uncle U Aung Ko lat 

Ygn News


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




တန်ဖိုးထား မြတ်နိုးပါ



တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”
“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”
“အင်း…နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”
“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင် လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က
“တော်… ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား”
“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား”
“အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို
သေကြောင်းကြံတာလား”
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
“ဘေးဖယ် ရှင်မရေ..”
“ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”
“ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့”
“အော်… ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”
“ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ”
“မဖယ်နိုင်ဘူး ရှင်ရေ… အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား”
အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ “တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ”
ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
“ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
“လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
“ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
“ရော်… ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”
“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား…? မချစ်ဘူးလားလို့
စမ်းကြည့်တာ”
“ဟား…ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့”
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က
“နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”
“ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”
“စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
“လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
“ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး”
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
“နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ် နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါ တယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး”တဲ့…..
Credit - Original Writer


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




မေတ္တာ၏အကျိုးကျေးဇူးများ


စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
By: အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ)

       ဒီစာလေး ကို ဖတ်ပြီး လူးသားတိုင်းပေါ် မေတ္တာထားနိုင်စေရန် ပြန်လည်မျှဝေလိုက်ပါသည်
PannPwint

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မန်ဒဲလား အမွေပေးခဲ့တဲ့ ခေါင်းဆောင်မှု သင်ခန်းစာ (၈) ခု


မန်ဒဲလားရဲ့ ကမ္ဘာကြီးအတွက် ခေါင်းဆောင်မှု အနုပညာလက်ဆောင် …
(၁) သတ္တိဆိုတာ ကြောက်ရွံ့စိတ် မရှိခြင်းမဟုတ်၊ ကြောက်ရွံ့စိတ်ကို ကျော်လွန် ဆောင်ရွက်ရခြင်းပင်။
(၂) ရှေ့တန်းကနေ ဦးဆောင်ပါ၊ သို့သော် နောက်က သင့်အခြေပြုထားတာကို ပစ်ခွာမသွားနဲ့။
(၃) နောက်ကလည်း ဦးဆောင်ပါ၊ အဲဒီအခါ အခြားသူတွေကို သူတို့ ရှေ့မှာရောက်နေတယ်လို့ ယုံကြည်ပါစေ။
(၄) သင့်ရန်သူကို သိထားပါ၊ ပြီးတော့ သူ့အနှစ်သက်ဆုံး ကစားကွက်အကြောင်းကို လေ့လာပါ။
(၅) သင့်မိတ်ဆွေများနဲ့ အနီးကပ်ဆုံးနေပါ၊ ပြီးတော့ သင့်ပြိုင်ဘက်များနဲ့ ပိုပြီး နီးနီးကပ်ကပ် နေပါ။
(၆) ရုပ်သွင်ပြင် လက္ခဏာက အရေးပါတယ်၊ ပြုံးပြဖို့ လုံးဝမမေ့နဲ့။
(၇) လူဖြူ လူမည်းဆိုတာတွေဟာ အလကားပါ။
(၈) ရာထူးက စွန့်ခွာခြင်းကလည်း ခေါင်းဆောင်ခြင်းပါပဲ။

( Wint Htan facebook မှ)


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




Computer နဲ့ အမြဲ အလုပ်လုပ်မယ်ဆိုရင်



ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။ Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ် ဖြစ်လာကြပါပြီ။ ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။ ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။ ခြောက်သွေ့လာမယ်။ အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ မယ်။ အလင်းရောင်ကို ကြည့်ရင် မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အလုပ်ကို ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။ ဆိုးရွားလှတဲ့ ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။ မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး မျက်စိအားစိုက်ထုတ်မှု ကို သက်သာစေနိုင်ပါတယ်။ သင့်မျက်နှာရှေ့တည့်တည့်မှာ လက်ညှိုးထောင်ပြီး လက်ညှိုးကို စူးစိုက်ကြည့်ပါ။ ထို့ နောက် သင့်လက်ညှိုးကို တဖြေးဖြေးချင်း မျက်နှာမှ ဝေးရာသို့ရွှေ့ပြီး မျက်စိအကြည့်ကို အကွာအဝေးအတန်ငယ် ကွာဝေးသော အရာများပေါ်သို့ ရွှေ့ပေးပါ။ ထို့နောက် သင့်လက်ညှိုးကို မျက်နှာရှေ့သို့ ပြန်လည်ထားပြီး စူးစိုက် ကြည့်ပါ။ ပြီးနောက် (၈)ပေအကွာတွင်ရှိသော အရာများကို စက္ကန့်အနည်းငယ်ကြာအောင် စူးစိုက်ကြည့်ပေးပါ။ သည်လေ့ကျင့်ခန်းကို တစ်နေ့ကို အနည်းဆုံး (၃)ကြိမ်ခန့် ပြုလုပ်ပေးပါ။ သင့်တော် မှန်ကန်သော မျက်မှန်၊ မျက်ကပ်မှန်တို့ကိုသာ ၀တ်ဆင်ပါ။ အချို့သော မျက်မှန် မှန်ဘီလူးများ သည် စာဖတ်ရန်အတွက် စီမံထားတာဖြစ်တဲ့အတွက် computer အသုံးပြုရန် မသင့်လျော်လှပါဘူး။
သင့်အလုပ်စားပွဲကို သင့်မျက်စိနှင့်အဆင်ပြေအောင် စီစဉ်ထားခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေနိုင်ပါ တယ်။ Monitor ကို သင့်မျက်စိရှေ့ ၁၈ လက်မ မှ ၃၀ လက်မအတွင်း နေရာတွင်ထားပါ။ အရွယ်အစားသေး သော စာလုံးများကို ဖတ်သောအခါ Font အရွယ်အစားကို ကြီးပေးပါ။
Monitor ကို မျက်စိနှင့်တည့်တည့်နေရာတွင်ထားပြီး အပေါ်အောက်ရွှေ့ကြည့်သောအခါ အဆင်ပြေပါစေ။ အကယ်၍ Monitor သည် သိပ်မြင်လွန်းနေလျှင် သော်လည်းကောင်း၊ နိမ့်လွန်းလျှင် သော်လည်းကောင်း၊ သင့် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်သည်။
အကယ်၍ သင့် Monitor ကို CPU (Central Processing Unit) ပေါ်တွင် တင်ထားမည်ဆိုလျှင် CPU ကို ကြမ်းပြင်ပေါ်တွင် ချထားပါ။ အနီးအဝေး ဘိုင်ဖိုကယ်မျက်မှန်တပ်ဆင်ထားသူများသည် ခေါင်းကို နောက်ဘက် သို့လှန်ကာ ခပ်မော့မော့ကြည့်မှသာ မျက်မှန်အောက်ပိုင်းနှင့်အဆင်ပြေမှာ ဖြစ်ပါတယ်။ Monitor ကို အနည်း ငယ် အောက်ဘက်သို့ နှိမ့်ကာထားခြင်းဖြင့်လည်း အဆင်ပြေလွယ်ကူစေပါမယ်။ Keyboard ကို Monitor အရှေ့ တည့်တည့်တွင်သာ ထားပါ။ အကယ်၍ သင့် Keyboard ကို ဘေးဘက်တွင်ထားမည်ဆိုပါက Monitor ဖန်သား ပြင်နှင့် Keyboard ကို တစ်လှည့်စီကြည့်နေရခြင်းဖြင့် အလုပ်မတွင်ဘဲ ကြန့်ကြာတတ်ပေသည်။ မျက်စိကိုလည်း ပိုမိုအလုပ်ပေးရာ ရောက်နေပါလိမ့်မည်။
Computer နှင့်အလုပ်လုပ်နေစဉ် ကိုကားရည်ညွှန်းသော စာအုပ်များ၊ စာရွက်စာတမ်းများကို အနီးအနား တွင်သာ ထားပါ။ စာရွက်စာတမ်းများကို ကြည့်၍စာရိုက်နေစဉ် Monitor ၏ဘေး၊ မျက်စိနှင့်တစ်တန်းတည်း ရှိနေ သော နေရာတွင်သာ ထားပါ။
Monitor ၏ အလင်းရောင်တောက်ပမှုကို အမြဲစစ်ဆေးပါ။ Monitor သည် အလွန်စူးရှတောက်ပနေပါက ဖန် သားပြင်ပေါ်တွင်ရှိသော အရာများကို တွေ့မြင်ရသည်မှာ ခက်ခဲပြီး ကြာလျှင် မျက်စိပျက်စေနိုင်ပါတယ်။ Monitor ကို ပိတ်ထားပြီး Monitor ၏ အရှေ့တည့်တည့်၌ထိုင်ကာ အလင်းရောင်ကို စစ်ဆေးပါ။ အခန်းတွင် မီးအလင်းရောင်၊ နေရောင်ဝင်မှုနှင့် ပုံရိပ်ထင်မှုတို့ကို စစ်ဆေးပါ။ ဖြစ်နိုင်လျှင် Monitor ကို အလင်းရောင်လာ သည့် နေရာနှင့် ထောင့်မှန်အနေအထား နေရာတွင်ထားပါ။ ခေါင်းပေါ်မှလာသော မီးအလင်းရောင်များကို ပိတ် ပစ်ပါ။ စာရေးခြင်း၊ စာဖတ်ခြင်းအတွက် အလင်းရောင်လိုအပ်ပါက အနေအထား၊ နေရာအပြောင်းအရွှေ့ လုပ်နိုင် သော စားပွဲတင်မီး (Adjustable Desk Lamp) ကို အသုံးပြုလျှင် အသင့်တော်ဆုံး ဖြစ်ပါတယ်။
ပြူတင်းပေါက်၊ နံရံအဖြူကဲ့သို့သော အလင်းရောင်ပြန်လာစေနိုင်သော နေရာများ၏ အရှေ့၌ Monitor ကို မထားလျှင် အကောင်းဆုံးဖြစ်ပါတယ်။ Monitor ပေါ်မှ စာများကို ဖတ်ရသည်မှာ သက်တောင့်သက်သာနှင့် အလွယ်ကူဆုံး ဖြစ်သည့်အနေအထားတွင်သာ ဖြစ်စေရန် Monitor တောက်ပမှုကို အမြဲမှန်မှန်ညှိပေးရန် လိုအပ် ပါတယ်။
Monitor ကို နေ့စဉ် ဖုန်သုတ်ပေးပါ။ Monitor ပေါ်တွင် ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခြင်းကလည်း Monitor ဖန်သားပြင် တောက်ပမှုနှင့် အလင်းပြန်မှုပြဿနာများကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် မပျင်းမရိနှင့် နေ့စဉ် ဖုန်သုတ်အလုပ်ကလေး လုပ်ကြရအောင်။
အခုဆိုလျှင် အဖိုးထိုက်တန်လှတဲ့ မျက်စိများအတွက် စိတ်ချလက်ချ ဖြစ်နိုင်သလို Computer နှင့် အလုပ်လုပ် ခြင်း လုပ်ငန်းများမှာလည်း အလုပ်တွင်နိုင်မှာ ဖြစ်ပါတယ်...။

(ဟနစံ ၏ ကွန်ပျူတာနှင့်အလုပ်လုပ်ကြရာဝယ်...) စာအုပ်အား ကူးယူဖော်ပြထားပါသည်။
 
Ref:Myanmar Information
PannPwint


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




လူတစ်မျိုးရှိသည်



*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ့်အတွက် အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစ အရာရာ သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်က နားပူသည်ဟု ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသော မေတ္တာကိုခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသော အချိန်လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ်တောက်တောက်ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေး နေတတ်သည်။ ထိုလူမျိုးကို *မိဘ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီးအရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွင် ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။ ထိုလူမျိုးကို *ဆရာ* ဟုခေါ်သည်။
*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်းလုတတ်သေးသည်။ ကိုယ့်ဝေစုကို လုစားတတ်ပြီး မိဘကိုလည်း အတိုင်အတောလုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားသူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါက သွေးနီးကြသည်။ ထိုလူမျိုးကို *မောင်နှမ* ဟုခေါ်သည်။
*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
မတွေ့မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေ့ပြန်လျှင် ရင်တွေခုန်က ဆွံအနေတတ်သည်။
စိတ်ထဲ၊ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးဆိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့်
အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို *ချစ်သူ* ဟုခေါ်သည်။
*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
တခြားသူ မသိသော ကိုယ်၏ လှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင်
ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး
ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး၊ ၀မ်းနည်းနေသည့်
အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး
အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နှင့်
နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထပ်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို *သူငယ်ချင်း* ဟုခေါ်သည်။
*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
မိဘ၏ ဆိုဆုံးမမှုနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏
သွန်သင်ဆုံးမ မှုအောင်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏
ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏
ကြင်နာယုယမှုအောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏
ကူညီမှုအောက်တွင် ဘ၀၏ တက်လမ်းကို ရွှေးချယ်တတ်လာခဲ့သည်။ ထိုသူများသည်
ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တစ်ယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။
သူတို့သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတ တိုးပွားအောင် ကူညီပေးကြသည်။ ဘ၀ကို
ပျော်ရွှင်မှုများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း
လှိုက်လှိုက်လဲလဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။
ထိုလူမျိုးများမှာ *ကိုယ့်ကိုယ်တိုင်* ပင်ဖြစ်ပါတော့သည်။

Ref:Myanmar Information 

PannPwint


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ



ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးလူသားကိုသင်သိပါသလား? သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပင်မဲ့၊ ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့်အထက်မှာရှိကြပါတယ်။
အသိဥာဏ်ကို အိုက်ကျူအမှတ်နှင့်တိုင်းတာရာမှာအငြင်းပွားစရာများစွာရှိသလို ကျွန်တော်တို့အားလုံးဟာ အလွန်တော်တဲ့ ပါရမီရှင်ဖြစ်ဖို့မလွယ်ကူပါဘူး။ သို့သော်ငြားလည်း ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ရှေ့ဆောင်လုပ်ပြခဲ့တဲ့
ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချမယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီးသြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။
အဆိုပါအောင်မြင်သူများရဲ့ အကျင့်စရိုက်တွေထဲက အချက်လေးချက်ကိုဝေမျှလိုက်ပါတယ်။
၁) မဆုတ်မနစ်ကြိုးစားပါ- အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင်ဖြင့် မီးသီးတစ်လုံးထွန်းလင်းတောက်ပဖို့ အတွက် ထောင်ပေါင်းများစွာသောမီးသီးများစွာကိုစမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာပါ။
၂) ရယ်မှန်းချက်ကိုအလေးနက်ထားပါ- ဘ၀အတွက် အမြင့်ဆုံးသောရည်မှန်းချက်ကိုထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။ ထိုမှတဆင့်ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့သူတစ်ဦးဖြစ်အောင်ကြိုးစားပါ။
၃) စာများများဖတ်ပါ- တစ်ရက်မှာ စာ၁၅မိနစ်ဖတ်ရုံဖြင့် တနှစ်မှာ စာလုံးပေါင်းတသန်းကျော်ဖတ်ရှုသူတဦးဖြစ်လာမှာပါ။
၎) သိလို၊လေ့လာလိုစိတ်ရှိပါ- ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများစွာရှိပြီး၊ ပတ်ဝန်းကျင်ရှိအရာများကို လေးလေးနက်နက်တွေးခေါ်သူများဖြစ်သလို၊
အကောင်းဆုံးသောအရာ ဟာဘာလဲဆိုတာကောက်ချက်ချနိုင်သူများလည်းဖြစ်ကြပါတယ်။

Ref: Entrepreneur
Mr. Guy
World Myanmar (world-myanmar.com)





ငြင်းပယ်ခံရတဲ့ နာကျင်မှုကို ဘယ်လို ကုစားမလဲ


တစ်စုံတစ်ယောက်က သင့်ကို အချစ်ရေးမှာ ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအဖော်၊ မိသားစု၊ အလုပ် ဒါမှမဟုတ် အခြား အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး ငြင်းဆန်လိုက်တဲ့အခါ သင့်မှာ သူတို့ရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီဘဲ တစ်ခုခု ချို့ယွင်းချက်ရှိနေလို့ပေါ့။ အဲဒီလို ငြင်းလိုက်တဲ့ သူဟာ ဘယ်သူ ဘယ်ဝါ ဖြစ်နေပါစေ။ သူ့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။ အကယ်၍ တစ်ယောက်ယောက်က သင့်ကို ငြင်းလိုက်တာဟာ သင့်ရဲ့ တန်ဖိုးကို လျော့သွားစေတာ မဟုတ်ပါဘူး။ အကြောင်းက သင့်ရဲ့ စိတ်ဝိဥာဉ်ကို ထိခိုက်သွားတာ မဟုတ်ဘဲ သင့်ရဲ့ မာနကို ထိခိုက်တာကြောင့် ငြင်းပယ်သူအပေါ် အပြစ်တင် ဝေဖန် ရှုံချလိုစိတ်နဲ့ ကိုယ့်ကိုကိုယ် အပြစ်ရှိသူ တစ်ယောက်လို ထိခိုက်ခံစားစေ နိုင်ပါတယ်။ အမှန်ကတော့ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ သင့်ရဲ့ စွမ်းဆောင်ရည်ဟာ ပြောင်းလဲ နိမ့်ကျသွားခြင်း မရှိဘဲ ကိုယ့်ကိုကိုယ် နှိမ်ချနေတဲ့ စိတ်ကသာ အနိုင်ယူ ထားခြင်း ဖြစ်ပါတယ်။
ကျွန်မ ကိုယ်တိုင်လည်း ငြင်းပယ်ခံရတဲ့အခါ နာကျင်တာပါပဲ။ အဲဒီလို ဖြစ်တဲ့အခါ ကျွန်မဟာ အခြားတစ်ယောက်ကို ကျွန်မ ဘယ်လို ခံစားရတယ်ဆိုတာကို သူ့ရဲ့ အမြင်နဲ့ လေ့လာပုံဖော်ခိုင်းပါတယ်။ အဲဒီနောက် ကျွန်မကို ငြင်းလိုက်တဲ့ သူက ကျွန်မထက် ပိုပြီးတော်တယ်လို့ မှတ်ယူထားလိုက်တယ်။ ဒါမှမဟုတ် ကျွန်မဟာ တနည်းနည်းနဲ့ ထိုက်တန်မှု မရှိသေးဘူးလို့ စပြီး ယုံကြည်လက်ခံလိုက်တယ်။ ဟုတ်တာပေါ့။ ကျွန်မကို ငြင်းလိုက်တဲ့သူဆီမှာ သူငြင်းရလောက်တဲ့ အကြောင်းပြချက်၊ ဆင်ခြေဆိုတာ ရှိနိုင်တယ်လေ။ အဲဒီ အကြောင်းပြချက်က ကျွန်မဟာ ကိုက်ညီမှု မရှိတဲ့ သူဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ယူကျုံးမရ ဖြစ်စရာ မလိုဘူးလေ။
နမူနာတစ်ခု အနေနဲ့ ကျွန်မရဲ့ အတွေ့အကြုံကို ပြောပါရစေ။ ကျွန်မကောလိပ်တက်နေတဲ့ အချိန် အမေ ရုတ်တရက် ဆုံးသွားတယ်။ ဒါနဲ့ ကျွန်မဟာ ၀မ်းနည်း ပူဆွေးမှုတွေ လျော့သွားလေမလား ဆိုတဲ့စိတ်နဲ့ အမေ မရှိတော့တဲ့ အိမ်ကို နောက်ကျမှ ပြန်တယ်။ အတန်းမှန်မှန် မတက်တဲ့ အတွက် တဖြည်းဖြည်း စာမေးပွဲရလဒ်ကလဲ ကျလာတယ်။ စိတ်ညစ် စိတ်ပျက်လာပြီး ဘ၀ကို ခပ်ဆိုးဆိုးနဲ့ အဆုံးသတ်ချင်စိတ်တောင် ပေါက်လာခဲ့တယ်။ စိတ်ပျက်လက်ပျက်နဲ့ နားခိုဖို့ရာ နေရာတစ်ခုကို ရှာခဲ့တယ်။ ဒါ့အပြင် ကျွန်မရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်မယ့် အရာတစ်ခု ပိုင်ဆိုင်ချင်ခဲ့တယ်။ ဒီ့အတွက် ကျွန်မ ကောလိပ်က လူမှုရေးအဖွဲ့အစည်းတစ်ခု မှာ အလုပ်အမှုဆောင်ဆိုတဲ့ ရာထူးကို လျှောက်ခဲ့တယ်။  အပေါင်းအသင်းများတဲ့သူ၊ လူဝင်ဆန့်တဲ့သူ ဖြစ်တဲ့အတွက် ကျွန်မဟာ ဒီရာထူးနေရာနဲ့ ကိုက်ညီမှု အရှိဆုံးလို့ ကိုယ့်ကိုကိုယ် ထင်ခဲ့တယ်။
ဒါနဲ့ အမှုဆောင်အဖွဲ့ဝင်ကို မဲပေးရွေးချယ်တဲ့ နေ့မှာတော့ ကျွန်မတို့ လျှောက်ထားသူ အားလုံး အစည်းအဝေးခန်းမထဲမှာ စုဝေးကြပြီး ကျွန်မဟာဆိုရင် အတော့်ကို  စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရာထူး နေရာ အတော်များများကို မဲပေးရွေးချယ်ပြီးနောက်မှာတော့ အဖွဲ့ဝင် အလုပ်အမှုဆောင် နေရာအတွက် ရွေးချယ်ဖို့ အချိန်ရောက်လာခဲ့တယ်။ ဥက္ကဌဟာ ကျွန်မအပါအ၀င် လျှောက်ထားသူတွေကို လက်ထောင်ခိုင်းပြီး စာရင်း မှတ်သားပြီးတဲ့အခါ ကျွန်မတို့ကို အခန်းထဲကနေ ထွက်ခိုင်းပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ တိုင်ပင်ဆွေးနွေးကြပြီး သူတို့နှစ်သက်တဲ့ လူတစ်ယောက်ကို ရွေးချယ်ထားပါတယ်။
သူတို့ရွေးချယ်ပြီးလို့ ကျွန်မတို့ အခန်းထဲ ပြန်ဝင်ရတဲ့အခါမှာတော့ အရွေးခံရသူဟာ ထင်ထားသလို ကျွန်မမဟုတ်ပါဘူး။ ဒါနဲ့ နောက်တစ်နေရာ အတွက် ထပ်ရွေးပါတယ်။ ကျွန်မလဲ လက်မြှောက်ပြီး အရွေးခံ၊ နောက် အခန်းထဲကထွက်ပြီး ရလဒ်ကိုစောင့်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကျွန်မ ရွေးချယ်ခြင်းမခံရသေးပါဘူး။ ကျွန်မ ရှက်စပြုလာပါပြီ။ ဒါပေမယ့် ကျွန်မရဲ့ ဘ၀မှာ သိသာထင်ရှားတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ချင်တာကြောင့် စိတ်ပျက်ပေမယ့် နောက်ထပ် နေရာအတွက် ထပ်မံအရွေးခံပါတယ်။ နောက်တစ်ကြိမ်လည်း အရွေးမခံရပြန်ပါဘူး။ ဒီလိုနဲ့ အဖွဲ့ဝင်နေရာ အားလုံးကုန်တဲ့အထိ ကျွန်မ အခါခါ အရွေးခံခဲ့ပါတယ်။
တစ်ကြိမ်မှ အရွေးမခံခဲ့ရတဲ့ အဲဒီနေ့ကတော့ ကျွန်မ အကြိမ်ကြိမ် သေဆုံးခဲ့တဲ့ နေ့ပါပဲ။ အစည်းဝေးခန်းထဲက လူအားလုံး၊ နောက်ပြီး ဒီအဖွဲ့ကလူအားလုံးနဲ့ တစ်ကမ္ဘာလုံးကလူတွေ ကျွန်မကို ဆန့်ကျင်နေကြသလားလို့တောင် ထင်ခဲ့မိပါတယ်။ ဒီလောက် အကြိမ်ကြိမ်လျှောက်တာတောင် နည်းနည်းလေးမှ ကျွန်မကို စာနာ သနားခြင်း မရှိဘူးလို့ တွေးခဲ့ပါတယ်။ လောလောလတ်လတ် အမေ ဆုံးထားတဲ့ ကျွန်မကို ဗုံးတစ်လုံးနဲ့ ပစ်လိုက်သလိုပါပဲ။ အတော့်ကို နာကျည်းစရာကောင်းတဲ့ ငြင်းပယ်မှုမျိုးတွေပါပဲ။ ဒါနဲ့ ကျွန်မ ရှက်ခြင်း၊ နာကျည်းမုန်းတီးခြင်း၊ ကိုယ့်ကိုကိုယ် သိမ်ငယ်ခြင်း စတဲ့ ခံစားချက်ပေါင်းစုံနဲ့ အခန်းထဲကနေ ထွက်လာခဲ့ပြီး ကျွန်မဟာ တန်ဖိုးမရှိတဲ့သူ၊  ချစ်ခင်နှစ်သက်ခြင်း မခံရတဲ့ သူတစ်ယောက်လို့ ခံစားခဲ့ရပါတယ်။
အဲဒီည ကျွန်မနာနာကျည်းကျည်းနဲ့ ငိုကြွေးခဲ့တယ်။ သူတို့အားလုံးကို မုန်းတီးပြီး အပြစ်လဲတင်ရင်းပေါ့။ နောက်သူတို့ကို ပညာပြန်ပေးမယ်ဆိုတဲ့စိတ် ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် မျက်ရည်တွေ သုတ်ပြီး အဲဒီ အဖွဲ့ကနေထွက်ရုံမက ကောလိပ်ကပါ ထွက်ပြီး ကျွန်မ အဖေရှိတဲ့ ပြင်သစ်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်တဲ့အတိုင်း ထွက်သွားခဲ့ပြီး နောက်နှစ်ပေါင်း ၂၀ ကြာမှ အဲဒီ အစည်းအဝေးခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။  အခုအချိန်မှာ ပြန်ကြည့်မယ်ဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီး ထက်မြက်ကောင်းမွန်တဲ့ အမှုဆောင်တွေကို သေချာစီစစ်ရွေးချယ်တာ ဖြစ်တဲ့အတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘာမှ မပြင်ဆင်ခဲ့ဘဲ ဘာရည်ရွယ်ချက်မှလည်း မရှိခဲ့ပါဘူး။ လူပုံအလယ်မှာ ထင်ပေါ်ချင်စိတ်နဲ့ လူပေါင်းဆန့်တယ်ဆိုတဲ့ အရည်အချင်းတစ်ခုတည်းကို အားကိုးပြီး အရွေးခံရဖို့ မျှော်လင့်မိခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံက ကျွန်မဟာ ကျွန်မကို ကျွန်မ တန်ဖိုးမဲ့ပြီး ချစ်စရာမကောင်းတဲ့သူ အဖြစ် ကိုယ့်ကိုကိုယ် ဖန်တီးခဲ့သူ ဖြစ်စေခဲ့ပါတယ်။
ဒါပေမယ့် ကောလိပ်ကထွက်တာကတော့ ကျွန်မအတွက် အကောင်းဆုံးတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ အားလုံးအတွက်တော့ ကိုယ်စားမပြုနိုင်ပေမယ့် ကျွန်မအတွက်တော့ ကောလိပ်ဆက်မတက်ဘဲ အလုပ်စလုပ်ခဲ့တာ ပိုကောင်းခဲ့ပါတယ်။ နောက်ပြီး အဖေနဲ့ အတူရှိနေတော့ ကျွန်မနားခိုရာရခဲ့ပြီး ဘ၀လည်းစခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အကယ်၍ ကျောင်းမှာသာ ဆက်နေဦးမယ်ဆိုရင် စိတ်လေလေနဲ့ နောက်ထပ် ၂ နှစ်ကို ဘယ်လို ဖြတ်သန်းနေဦးမယ်ဆိုတာ မသေချာပါဘူး။
ဒါဟာ ကျောင်းအဖွဲ့အစည်းကနေ ရတဲ့ သင်ခန်းစာဖြစ်ပြီး  အကြိမ်ကြိမ်သေဆုံးသလို ခံစားမှုကနေ ဘ၀အတွက် ရုန်းကန်အား ဖြစ်စေခဲ့ပါတယ်။ အကယ်၍များ တစ်ယောက်ယောက်က ငြင်းလိုက်ပြီဆိုရင် သင်ဟာ အဲဒီအရာကို ဘယ်လောက်ပဲ လိုချင်နေပါစေ ၊ သင်ဟာ အဲဒီအခြေအနေ၊ နေရာအတွက် လုံလောက်တဲ့သူ မဟုတ်သေးဘူးဆိုတာ လက်ခံပါ။
ကျွန်မဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ ငြင်းပယ်ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် တစ်ခုစီတိုင်းက ကျွန်မကို ဆန့်ကျင်ဘက်နေရာကို ပို့ပေးနိုင်ပြီး တချို့ငြင်းဆန်မှုတွေက ကျွန်မရဲ့ အမှားတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။ နောက်ပြီး လမ်းမှန်ကိုလည်း ရောက်စေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ငြင်းပယ်မှုတွေက ကျွန်မကို အကောင်းဆုံးဖြစ်စေခဲ့တဲ့ တွန်းအား၊ ခွန်အားတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် အဲဒီလို ငြင်းပယ်ခံလိုက်ရတဲ့အခါ အဲဒီထက်ပိုကောင်းတဲ့ အခွင့်အရေး၊ အရာတွေက ကိုယ့်ကို စောင့်နေတယ်လို့ စိတ်အားတင်းသင့်ပါတယ်။ နောက်ပြီး ကိုယ့်အား ကြိုးစားမှုအား လိုသေးတယ်ဆိုတဲ့ စိတ်နဲ့ နှစ်ဆတိုးပြီး ကြိုးစားမယ်ဆိုရင် အဲဒီ့ ငြင်းဆန်လိုက်တဲ့ အရာတွေထက် ပိုကောင်းတဲ့ အခွင့်အရေးက ကိုယ့်ထံသေချာပေါက် ရောက်လာမှာ မလွဲပါဘူး။
သင့်ကို ငြင်းလိုက်တဲ့သူက ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ သူ့ကို မုန်းပြီး အပြစ်တင်စိတ်တွေ မထားပါနဲ့။ အဲဒီ အစား သူဟာ တနည်းနည်းနဲ့ သင့်ကို ကောင်းတဲ့လမ်းကို ညွန်းပြီး ခေါ်ဆောင်သွားနိုင်တဲ့ သူအဖြစ် အကောင်းမြင်ပေးပါ။ အဲဒီ အခိုက်အတန့်မှာ ဘာလို့လဲဆိုတာ သင်နားလည်ဦးမှာ မဟုတ်ပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ သင့်ရဲ့ မခံချင်စိတ်၊ အားထုတ်ကြိုးစားမှုနဲ့ လမ်းကြောင်းမှန်ရောက်စေဖို့ ခွန်အားအဖြစ် ပေးလာတဲ့ ငြင်းပယ်ခံရတဲ့ ခါးသီးမှုကို ချိုမြိန်စွာ လက်ခံလာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အငြင်းခံရတိုင်း စိတ်ပျက် အားမလျော့ဘဲ အားသစ်လောင်းပြီး မိမိရည်မှန်းချက် ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေလို့ MMBS Team ကနေ ဆုမွန်ကောင်းတောင်းပါတယ်။

World Myanmar(world-myanmar.com)


ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရှားပုဂ္ဂိုလ် (၁၀)ဦး

နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ထင်ရှားကျော်ကြားသူများ၊ အောင်မြင်နေသူများ၊ လူသိထင်ရှား Celebrity အများစုသည် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ဖန်တီးမှုများအပေါ် ထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာ စိတ်ဝင်တစား မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြသည်။ ထို့အပြင် အနုပညာ၊ စီးပွားရေး၊ နည်းပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့အမြောက်အမြား ရရှိထားသူများ၊ ဘာသာစကား အမျိုးမျိုးကို ကျင်လည်စွာ တတ်မြောက် ပြောဆိုနိုင်သူများ၊ ဇာတ်ညွှန်းတစ်ခုမျှကို ခေတ္တမျှ ဖတ်ရှုရုံဖြင့် စွဲမြဲစွာမှတ်မိနေတတ်သူများ အစရှိသဖြင့် ဉာဏ်ရည်နှင့် ပတ်သက်သော ထူးခြားသည့် စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် နာမည်ကျော်များလည်း ရှိနေသည်။
ယင်းသို့သော Celebrity များ၏ ဉာဏ်ရည်ထက်မြက်မှု အတိုင်းအတာ (IQ)ကိန်းဂဏန်းများသည် ပါရမီရှင်အဆင့်မျှထိ မြင့်မားနေလေ့ရှိသည်။ ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦး၏ IQ ပမာဏကို (၁၀၀)ဝန်းကျင်ဟု သတ်မှတ်လေ့ရှိပြီး ယင်းထက်မြင့်မားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုအပိုင်းတွင် ပိုမိုပြည့်ဝထူးချွန်လေဖြစ်သည်။ (၁၄၀)အထက်ကိုမူ ပါရမီရှင်ဟု သတ်မှတ်လေ့ရှိသည်။ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ နစ်ကိုးလ်ကစ်ဒ်မန်း
ကစ်ဒ်မန်း၏ ဉာဏ်ရည်ထက်မြက်မှုသည် မိဘများထံမှ အမွေဆက်ခံ ရရှိခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ မိဘနှစ်ပါးသည် သုတေသန ပရောဂျက်တစ်ခုအတွက် အမေရိကန်သို့ ပြောင်းရွှေ့လာသည့် သုတေသီများ ဖြစ်ကြပြီး ကစ်ဒ်မန်းကို ဟာဝိုင်ယီရှိ ဟိုနိုလူလူတွင် မွေးဖွားခဲ့သည်။
Image and video hosting by TinyPic
ကစ်ဒ်မန်း၏ ဖခင်သည် ဇီဝဓာတုသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကစ်ဒ်မန်းကမူ ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ အနုပညာနယ်ပယ်တွင် အောင်မြင်မှုများ ရှာဖွေရယူနိုင်ခဲ့သည်။ လက်ရှိတွင် မင်းသားကိတ်သ်အာဘန်နှင့် လက်ထပ်ထားသည့် ဟောလိဝုဒ်ကြယ်ပွင့်သည် ကလေးဘဝငယ်ရွယ်စဉ်ကတည်းက အနုပညာလောကသို့ စတင်ခြေချ ဝင်ရောက်လာသူလည်း ဖြစ်သည်။
သူမ၏ IQ အဆင့်မှာ (၁၃၂)အထိရှိပြီး ဗစ်တိုရီးယား အနုပညာကောလိပ်နှင့် ဩစတြေးလျလူငယ်များ ပြဇာတ်ရုံတို့တွင် ပညာသင်ယူ ဆည်းပူးခဲ့ဖူးသည်။
ကစ်ဒ်မန်းသည် အကောင်းဆုံး မင်းသမီးဆုအတွက် အော်စကာဆုရရှိခဲ့ဖူးပြီး ဖြစ်သလို UNICEF ၏ နှလုံးလှသံတမန်တစ်ဦးအနေဖြင့် ပရဟိတလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်သည်။ ကစ်ဒ်မန်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာအောင် တက်တက်ကြွကြွ နှိုးဆော်စည်းရုံးနေသူ တစ်ဦးလည်း ဖြစ်သည်။

၉။ ကီဗင်စပေဆီ
IQ အဆင့် (၁၃၇)အထိ ရှိနေသည့် စပေဆီ အနေဖြင့် ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရည်ထူးချွန်ပြီး ကျောင်းအတွက် ကိုယ်စားပြုရသည့် အဆင့်မျိုး သတ်မှတ်ခံခဲ့ရခြင်းမှာ မဆန်းကြယ်လှချေ။ ဟောလိဝုဒ်၌ တော်လှန်ဆန်းသစ်သော အမြင်ရှိသည့် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သလို ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။
Image and video hosting by TinyPic
ဟောလိဝုဒ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ ဖြတ်သန်းခဲ့ပြီးနောက် လန်ဒန်အခြေစိုက် Old Vic ပြဇာတ်ကုမ္ပဏီ၌ အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာအဖြစ် စာချုပ်ခဲ့သည်။ စပေဆီသည် ၎င်း၏ ဉာဏ်ရည်မြင့်မားမှုကို သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာနှင့် စာရေးဆရာနယ်ပယ်များ၌ ရပ်တည်ရင်း လက်တွေ့ပြသခဲ့သူဖြစ်သည်။

၈။ နာတာလီပို့တ်မန်း
ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးကို ရုပ်ရှင်ရိုက်ကွင်းများတွင် အခြေချရပ်တည်ပြီး ထူးထူးခြားခြား အောင်မြင်နေသည့် အခြေအနေမျိုး များများစားစား မျှော်လင့်နိုင်မည် မဟုတ်ချေ။ ပို့တ်မန်းသည် ယင်းကဲ့သို့ ရှားပါးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်ပြီး (၂၀၀၃)ခုနှစ်က ဟားဗတ်မှ စိတ်ပညာအထူးပြုဘွဲ့ကို ရရှိထားခဲ့သည်။ ထို့အပြင် Black Swan ဇာတ်ကားတွင် အကောင်းဆုံး ဦးဆောင်သရုပ်ဆောင်ရင်း အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုများကို သိမ်းကျုံးရရှိထားခဲ့သည်။ ဆရာဝန်တစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် အစ္စရေးသူ၏ IQ အဆင့်သတ်မှတ်ချက်သည် (၁၄၀)အထိ ရှိနေသည်။
Image and video hosting by TinyPic
ပို့တ်မန်းသည် ဟီးဘရူးနှင့် အင်္ဂလိပ်စကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး စပိန်၊ ဂျပန်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုပါ လက်ပွန်းတတီး လေ့လာသင်ယူထားသူ ဖြစ်သည်။ “ကျွန်မက ရုပ်ရှင်စတားတစ်ယောက် ဆိုတာထက် ပိုပြီးတော့ စမတ်ကျချင်ပါတယ်”ဟု ပြောဆိုဖူးသည့် ပို့တ်မန်းအနေဖြင့် ပညာရေးတွင်လည်း အမှန်တကယ် ထူးချွန်သူတစ်ဦးဆိုသည်မှာ ယုံမှားစရာမရှိချေ။

၇။ မက်ဒေါနား
<တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အယ်လ်ဘမ်ချပ်ရေ ကော်ပီပေါင်း သန်း(၃၀၀)ကျော် ရောင်းချပြီးသည့်နောက် Material Girl စတားအဆိုတော်သည် အထင်ကရ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်သည်။ သူမ၏အသံနှင့် သူမ၏အလှအပတို့ကို ဘေးဖယ်လိုက်လျှင်ပင် မက်ဒေါနား၌ အထူးတလည် အသိအမှတ်ပြုရမည့် အရည်အသွေးကောင်းတစ်ခု ကျန်ရှိနေသေးသည်။ ယင်းမှာ သူမ၏ IQ အဆင့်ဖြစ်သည်။
Image and video hosting by TinyPic
မက်ဒေါနားသည် IQ အဆင့် (၁၄၀)အထိ ရှိနေသူဖြစ်ပြီး ငယ်စဉ်က မစ်ချီဂန်တက္ကသိုလ်တွင် အကပညာကို ဆည်းပူးသင်ယူနေရာမှ တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ရပြီးနောက် မျှော်လင့်ချက်အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နယူးယောက်သို့ စွန့်စားထွက်ခွာလာခဲ့သည်။ မက်ဒေါနားသည် သီချင်းအယ်လ်ဘမ် (၁၂)ခုထိ ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သလို ဖက်ရှင်အမှတ်တံဆိပ်များ၊ ရေမွှေးအမှတ်တံဆိပ် အမျိုးမျိုးတို့ကို ထုတ်လုပ်ခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကိုပါ စီမံကိုင်တွယ်ပြီး အောင်မြင်မှုများ ရရှိနေသည်။

၆။ ဟီလာရီကလင်တန်
ပါရမီရှင်အဆင့် IQ သတ်မှတ်ချက်မျိုး ပိုင်ဆိုင်သူများထဲတွင် အမေရိကန်သမ္မတကတော်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ လွှတ်တော်အမတ်ဘဝမှသည် သမ္မတလောင်းနေရာထိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ကလင်တန်သည် IQ အဆင့် (၁၄၀)အထိ ရှိနေသူ တစ်ဦးဖြစ်သည်။
Image and video hosting by TinyPic
ချီကာဂိုတွင် မွေးဖွားသည့် ကလင်တန်သည် ကျောင်းသူ မိန်းကလေးငယ် ဘဝကတည်းက ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။
နိုင်ငံရေးနယ်ပယ်ကို သူမဘဝ၏ တက်လမ်းအဖြစ် အခိုင်အမာ မရွေးချယ်မီက ကလင်တန်သည် အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာရန်အတွက် NASA တွင် အလေးအနက် ချိတ်ဆက်ကြိုးစားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီးအာကာသယာဉ်မှူးများ ရွေးချယ်ရန် အစီအစဉ်မရှိသေးဟု NASA က ပြန်ကြားခဲ့၍သာ ကလင်တန်တစ်ယောက် အာကာသဟင်းလင်းပြင်ထဲ ရောက်မနေဘဲ လွှတ်တော်အဆောက်အအုံထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။

၅။ စတိဗ်မာတင်
Father of the Bride နှင့် Pink Panther ကဲ့သို့ ရုပ်ရှင်များတွင် ဆံပင်ဖြူဖြူနှင့် သရုပ်ဆောင် မာတင်၏ ရယ်ရွှင်ဖွယ်ဇာတ်ရုပ်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ မာတင်သည် ရုပ်ရှင်ပိတ်ကားပေါ်တွင် ပရိသတ်များ တွေ့မြင်ရသည့် ပုံရိပ်မျိုးထက် ပိုမိုနက်နဲသော နောက်ခံဖြတ်သန်းမှုများ ရှိနေသူဖြစ်သည်။ ၎င်းသည် လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုအဖြစ် ပညာသင်ယူခဲ့ပြီး ထို့နောက်တွင်မူ ပရိသတ်များကို ပျော်တော်ဆက်သည့် ဟာသဇာတ်ဆောင်တစ်ဦး၏ ဘဝကို ခံယူခဲ့သည်။
Image and video hosting by TinyPic
ထူးခြားချက်မှာ မာတင်သည် MENSA ခေါ် နိုင်ငံတကာမှ IQ အဆင့်အတန်း အလွန်မြင့်မားသူများ စုဖွဲ့ထားသည့် အစည်းအရုံးမှ အသင်းဝင်တစ်ဦး ဖြစ်နေခြင်းပင်။ ၎င်း၏ IQ အဆင့်သည် (၁၄၂)အထိ ရှိနေကြောင်း သိရသည်။ တေးရးဆရာဘဝများကိုပါ ခံယူထားပြီး ကမ္ဘာ့အဆင့် ဘင်ဂျိုတူရိယာပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။

၎။ ရှရွန်စတုန်း
Q အဆင့် မယုံနိုင်လောက်စရာ မြင့်မားနေသည့် နောက်ထပ် ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးအဖြစ် စတုန်းကို ညွှန်းဆိုရမည် ဖြစ်သည်။ သူမ၏ IQ အဆင့်မှာ (၁၅၄)ဖြစ်သည်။ မျက်လုံးပြာပြာများနှင့် မင်းသမီးသည် စက်ရုံအလုပ်သမားတစ်ဦး၏ သမီးအဖြစ် ဘဝကို အစပြုခဲ့သော်လည်း အသက်(၁၅)နှစ်အရွယ်တွင် ပင်ဆယ်လ်ဗေးနီးယားရှိ အီဒင်ဘိုရိုတက္ကသိုလ်မှ စကောလားရှစ် ရရှိသည်အထိ ပညာရေးတွင် ထူးချွန်ခဲ့သည်။
Image and video hosting by TinyPic
တက္ကသိုလ်တွင် ဖန်တီးရေးသားမှု အတတ်ပညာနှင့် ပန်းချီအနုပညာ ဘာသာရပ်များကို သင်ယူခဲ့ပြီး ဇွဲနပဲကြီးသည့် ကျောင်းသူလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင်မူ ပင်ဆယ်လ်ဗေးနီးယား အလှမယ်ပြိုင်ပွဲ၌ သရဖူဆောင်းခဲ့ပြီးနောက် မော်ဒယ်လောကသို့ ခြေချဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ဟောလိဝုဒ်ကြယ်တစ်ပွင့် မွေးဖွားလာခဲ့သည်။ Total Recall နှင့် Basic Instinct ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသမီးသည် အီတလီစကားကိုလည်း လည်လည်ပတ်ပတ် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။

၃။ ကွန်တင်တာရန်တီနို
အထက်တန်းပညာရေးမျှ သင်ယူပြီး ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သော်လည်း တာရန်တီနိုသည် ဉာဏ်ရည်အရ IQ အဆင့် (၁၆၀)အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
Image and video hosting by TinyPic
တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေး သတ်မှတ်ချက် အမြင့်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအဖြစ် ယူဆနိုင်သည်။ တစ်ချိန်က သရုပ်ဆောင်သင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း မိမိ၏ စိတ်အာရုံကို နှစ်နှစ်ကာကာ ဖမ်းစားနိုင်သော နယ်ပယ်သည် စာရေးခြင်းနှင့် ရုပ်ရှင်ဒါရိုက်တာ အလုပ်များသာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိလာခဲ့သည်။
စိတ်ကူးစိတ်သန်း ကောင်းမွန်သော်လည်း မိခင်ကို ကြောက်ရွံ့နေရလေ့ရှိသည့် လူငယ်လေးတစ်ဦးသည် ယခုအခါ ရုပ်ရှင်လောက၏ ထူးချွန်သော ပဲ့ကိုင်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ၎င်း၏ Pulp Fiction ဇာတ်ကားသည် အကောင်းဆုံး ဖန်တီးမှုလက်ရာတစ်ခုအဖြစ် ဟောလိဝုဒ် ရုပ်ရှင်ဝေဖန်ရေး ပညာရှင်များနှင့် ပရိသတ်များက သတ်မှတ်ထားကြသည်။

၂။ ဘီလ်ဂိတ်စ်
ယနေ့အချိန် ဂိတ်စ်၏ ရပ်တည်နေမှုအရ ၎င်း၏ IQ အဆင့် (၁၆၀)အထိ ရှိနေသည်ဆိုသော အချက်သည် အံ့ဩစရာ အခြေအနေမျိုး မဟုတ်တော့ချေ။
Image and video hosting by TinyPic
Microsoft ၏ ပဲ့ကိုင်ရှင်ကြီးသည် ခေတ်သစ် ကွန်ပျူတာနည်းပညာလောကတွင် ဖန်တီးဆန်းသစ်မှု အမျိုးမျိုးဖြင့် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အချို့သော အထင်ကရပုဂ္ဂိုလ်ကြီး အချို့ကဲ့သို့ပင် ဂိတ်စ်သည်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ ဟားဗတ်တက္ကသိုလ်မှ ကျောင်းထွက်လာကာ Microsoft အတွက် ထဲထဲဝင်ဝင် မြှုပ်နှံခဲ့သည်။
ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည့် ပေါလ်အလန်နှင့်အတူ (၁၉၇၅)ခုနှစ်တွင် ဂိတ်စ်က အစပြုတည်ထောင်ခဲ့သည့် Microsoft သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး Software ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ Microsoft၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဂိတ်စ်သည်လည်း ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာသည့် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် အသက်(၃၁)နှစ်အရွယ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

၁။ ဂျိမ်းစ်ဝုဒ်စ်
ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့ရသည့် အခြားသော IQ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဝုဒ်စ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ယခုဆောင်းပါးပါ (၁၀)ဦးတွင် အဆင့်အမြင့်ဆုံး IQ ပိုင်ရှင် အနေဖြင့်ပါ ညွှန်းဆိုရမည် ဖြစ်သည်။ ဝုဒ်စ်၏ IQ အဆင့်သည် (၁၈၄)အထိရှိပြီး အထက်တန်းကျောင်းသား ဘဝကတည်းက လော့စ်အန်ဂျလိစ်ရှိ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သင်ရိုးတစ်ခုကို ဆည်းပူးနေခဲ့သည်။
Image and video hosting by TinyPic
အဲလ်ဘတ်အိုင်းစတိုင်း၏ IQ အဆင့် (၁၆၀)ထက် ပိုမိုမြင့်မားသော IQ အရည်အသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရင်း သမားရိုးကျ သင်ကြားမှုများကို ငြီးငွေ့လာသည်မှာ မဆန်းချေ။ ထို့ကြောင့်လည်း ၎င်းသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုသင်ယူနေရာမှ ကျောင်းထွက်ပြီး သရုပ်ဆောင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။
Ghost of Mississippi နှင့် Any Given Sunday ဇာတ်ကားများသည် ဝုဒ်စ်၏ လူသိများသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပြီး ၎င်း၏ ဉာဏ်ရည်ထက်မြက်မှုများက ဇာတ်ရုပ်အမျိုးမျိုးတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ပြီး ပရိသတ်များကို လွှမ်းမိုးနိုင်သည့် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်စေခဲ့သည်။

Planet


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဥာဏ်ကောင်းစေရန် တစ်ခုတည်းသော နည်းလမ်း


မိတ်ဆွေ သူငယ်ချင်းများက စသလိုလို နဲ့ အတည်ပေါက် မေးလာတာ များလို့ ဒီတစ်လော သေချာ စဉ်းစားပြီး သိရှိလာတဲ့ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက် အရ ဥာဏ်ကောင်းစေရန် နည်းလမ်း တစ်ခုတည်းသာ ရှိပါတယ်။ ဘာဆေးမှ သောက်လို့ မရ၊ ဘယ် နတ် သကြားမှ မဖန်ဆင်း၊ မဖန်တီး ပေးနိုင်တာဟာ ဥာဏ်ကောင်ခြင်း ဖြစ်ပါတယ်။ စလေ့လာ ကြည့်ရအောင် -

အာခီးမီးဒစ်စ်
ဘီစီ ၂၁၀ ကျော်တုန်းက ဖြစ်ပါတယ်။ ဘုရင်ကြီးရဲ့ ရွှေပျောက်တဲ့အမှု ဖြေရှင်း မရတဲ့ အဆုံး ရေစိမ်ချိုးပါတယ်။ ရေဇလုံထဲ ကိုယ်တစ်ခုလုံး ဝင်လိုက်ချိန် သူ့ခန္ဓာကိုယ်နဲ့ ထုထည် တူညီတဲ့ ရေပမာဏ ထွက်သွားတာကို တစိမ့်စိမ့် ထိုင်တွေးရင်းနဲ့ပဲ Archimedes’ principle လို့ခေါ်ကြတဲ့ အီးကွေးရှင်း တစ်ခုကို ဖော်ထုတ် နိုင်ခဲ့ ပါတယ်။

နယူတန်
ဘာရယ်လို့ မဟုတ် သစ်ပင်အောက်မှာ ထိုင်နေတုန်း ပန်းသီး ကြလာတာကို တစ်စိမ့်စိမ့် ကြည့်တွေးရင် Gravity Law ကို ရှာဖွေ တွေ့ရှိသွားသတဲ့။ သာမန် လူတစ်ယောက်ဆိုရင် ပန်းသီး ကောက်စားရုံ ပြီးသွားမယ့် ကိစ္စ သူ့အတွက် ကျတော့ တွေးစရာ အများကြီး ဖြစ်ခဲ့ ပါတယ်။

အိုင်းစတိုင်း
အိုင်းစတိုင်း အကြောင်း ပြောစရာမလို ငယ်ငယ်လေး ကတည်းက သာမန် လူတွေနဲ့ မတူပဲ အမြဲ တွေးခေါ်တတ်၊ တီထွင်ဆန်းသစ် တတ်တဲ့သူ ဖြစ်ပါတယ်။
အမြင့်မြတ်ဆုံး လူသား ဖြစ်တဲ့ ဂေါတမ မြတ်စွာဘုရားကို ကြည့်ရအောင် လူ တစ်ယောက် ရဲ့ အို၊နာ၊သေ အခြင်းအရာ သုံးပါးကို မြင်ရုံနဲ့ သံဝေဂ ဥာဏ် တည်ပြီး မင်း အဖြစ်ကို စွန့်လွတ်လို့ တောထွက်သွားပါတယ်။ နောက်တော့ သဗ္မေညုတ ဥာဏ်တော် တည်ပြီး ဘုရား ဖြစ်ခဲ့ ပါတယ်။
တွေ့ရှိချက်
အထက်ပါ ဥပမာ အပြင် အခြားသော လူပုဂ္ဂိုလ်ဥပမာ များစွာ ရှိနေပါ သေးတယ်။ အားလုံးကို ခြုံငုံ ကြည့်လိုက်ရင် တူညီတဲ့ အချက် တစ်ချက်ကိုသာ သွားတွေ့ ပါတယ်။ ယင်းဟာ ‘နက်နက် နဲနဲ တွေးခေါ်ခြင်း’ ဖြစ်ပါတယ်။
ရေဇလုံထဲက ရေထွက်ရုံဆို ရေလျှံတယ်ပဲ မြင်လိမ့်မယ်။ ပန်းသီးကျရင် ကောက်စားဖို့ပဲ မြင်လိမ့်မယ်။ အို၊နာ၊သေ မြင်ရုံလေးဆို ဖျော်ဖြေရေး တစ်ခုလောက်သာ ထင်လိမ့်မယ်။ ဒါတွေကို အပေါ်ယံ အမြင်အသိ၊ (မျက်စိ) အသိ ကနေ ဥာဏ် အပေါ်ယံလွှာ အသိကို ဝင်တဲ့အခါ အော် ဒါဟာ ပန်းသီးပါလား၊ ရေလျှံတာပါလား၊ အို၊နာ၊သေ မလွယ် ပါလား။ ဒီလောက်ပဲ သိပါလိမ့်မယ်။ တကယ် နက်နက်နဲနဲ တွေးတဲ့ အခါ ရေလျှံတာ ဘာကြောင့်လဲ။ ပန်းသီးကြွေတာ ဘာလို့အပေါ်ကို ထောင်မတက်ပဲ မြေကြီးပေါ်ကို ကျတာလဲ။ လူတွေ ဘာကြောင့် ကောင်းကင်ကို ဇောက်ထိုး လမ်းမလျှောက်နိုင်ပဲ မြေကြီး ကို ခြေတည်လို့ လမ်းလျှောက်ကြသလဲ၊ အို၊နာ၊သေ သံသရာမှာ လူတွေ ဘာကြောင့် ကြင်လည် နေရသလဲ အစရှိသဖြင့် အဆင့်ဆင့် နက်နက်နဲနဲ တွေးတဲ့အခါ သာမန် လူတွေ မသိနိုင်တဲ့ အရာတွေ သိလာ ပါတယ်။
သာမန်လူတွေ မသိနိုင်တဲ့ အရာများကို သိရှိလို့ ပြန်လည် ဖော် ထုတ် ပြသ ပေးလိုက် တဲ့ အခါမှာ ဒီလူဟာ တော်တယ်၊ ထူးချွန်ထက်မြတ်တယ်၊ ဥာဏ်ကောင်းတယ် အစရှိသဖြင့် ပြောစမှတ်ပြု၊ အသိအမှတ်ပြု ခံရ ပါတယ်။
ဒီလောက်ဆို စာဖတ်သူတို့ နားလည် လောက်ပြီ ထင်ပါတယ်။ အစားကောင်းမစားရတာ၊ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားရတာ၊ ဆင်းရဲ တာဟာ ဥာဏ်မကောင်းခြင်း၊ ဥာဏ်ထိုင်းခြင်းရဲ့ အကြောင်းပြချက် မဟုတ် ပါဘူး။ စဉ်းစားတွေးခေါ်မှု မရှိခြင်းကသာ ဥာဏ်နည်းခြင်းရဲ့ အကြောင်းပြချက် ဖြစ်ပြီး နက်နက်နဲနဲ တွေးခေါ် မျော်မြင် တတ်ခြင်းက ဥာဏ်ကောင်းခြင်းရဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။
မိမိ လျှောက်လမ်းနေတဲ့ လမ်းကြောင်း၊ ပညာရပ်၊ အသက်မွေးဝမ်းကျောင်း ပညာ တိုင်းမှာ နက်နက်နဲနဲ တွေးခေါ် စရာတွေ အများကြီးပါ။ ယင်းသို့ အာရုံ စူးစိုက် တွေးခေါ် လုပ်ကိုင်တဲ့ အလေ့အကျင့် များလာရင် ကြိမ်းသေ ဥာဏ်ကောင်းလာမှာ ဖြစပါတယ်။ အားလုံးကို လေ့ကျင့်ယူကြဖို့ စာရေးသူ အကြံပေး လိုက်ပါတယ်။
.
ရိုးရာလေး

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




တယော ၃လက်နှင့်တူသော လုပ်ငန်းခွင် ၃မျိုး


ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ နှစ်ရာလောက်တုန်းက နာမည်ကြီး တူရိယာလုပ်တဲ့ ပညာရှင်ကြီးတစ်ယောက်က တယောကလေး သုံးလက် လုပ်ခဲ့ပါသတဲ့။ သစ်ပင်ကြီးတစ်ပင်တည်းက ရတဲ့ သစ်သားနဲ့ တစ်ချိန်တည်းမှာ တယော ၃လက် လုံးကို တစ်ပြိုင်တည်း လုပ်ခဲ့တာမို့ တယောကလေးတွေဟာ တစ်လက်နဲ့ တစ်လက် ထပ်တူလို့ မဆိုနိုင်တဲ့တိုင် သာမန်လူတွေဆိုရင် မခွဲခြားနိုင်အောင် တူပါသတဲ့။ တူရိယာပညာရှင်ကြီးက အဲဒီတယောကလေး ၃လက်ကို ဆိုင်ကြီးတစ်ဆိုင်မှာ တင်ရောင်းတယ်။ ပထမတယောကလေးကို တယောထိုးပြီး အသက်မွေးဝမ်းကျောင်းနေသူ တယောပညာရှင် တစ်ယောက်က ၀ယ်သွားတယ်။ သူ့မှာ အခြား တယောတွေ အများကြီး ရှိပေမယ့် ဒီတယောကလေးကတော့ အသံမတူဘူးဆိုပြီး သင့်တော်တဲ့ ပွဲတွေမှာ နေ့တိုင်းလိုလို လူတွေကို ဖျော်ဖြေဖို့ သုံးတယ်။ နှစ်ပေါင်းကြာတော့ တယောကလေးလည်း သုံးပါများလွန်းတော့ ပျက်သွားပါသတဲ့။ တယောပျက်ကလေးကို တယောပညာရှင်က အပျက်အစီးတွေထားတဲ့ စတိုခန်းထဲမှာ ထည့်ထားတယ်။

ဒုတိယတယောကလေးကို လာဝယ်တဲ့သူကတော့ သူဌေးကလေး။ တယောထိုးတတ်လို့ ၀ယ်တာမဟုတ်ဘူး။ ဂီတ ၀ါသနာပါတယ်၊ တယောသံကို နှစ်ခြိုက်တယ်၊ တူရိယာပညာရှင်ကြီးရဲ့ လက်ရာကိုလည်း လေးစားတယ်။ ဒါကြောင့် နောင်အခါ အချိန်ရရင် တယောထိုး သင်ဖြစ်ချင်လည်း သင်ဖြစ်မှာ၊ အဲဒီအခါ သုံးဖြစ်ချင် သုံးရတာပေါ့ဆိုပြီး ငွေပိုနေလို့ ၀ယ်ထားတဲ့ သဘောပါပဲ။ ဒါပေမယ့် သူဌေးကလေးက သူဌေးကြီးသာ ဖြစ်လာတယ်၊ တယောထိုးသင်တဲ့ဆီ မရောက်ဘူး။ နောက်ဆုံး သေသာသွားတယ်။ သူဝယ်ထားတဲ့ တယောကလေးကို သုံးပြီး တစ်ခါမှ ပီပီပြင်ပြင် တယောထိုးမသွားနိုင်ခဲ့ဘူး။ တယောကလေးကတော့ ဗူးထဲမှာ အသစ်အတိုင်း ရှိနေပါသတဲ့။ ရှေးဟောင်းလက်ရာဆိုပြီး တန်ဖိုးတွေတောင် တက်နေသေးသတဲ့။

နောက်ဆုံးကျန်နေတဲ့ တယောကလေးကိုတော့ ၀ါသနာရှင် လူငယ် တစ်ယောက်က ၀ယ်သွားပါသတဲ့။ သူ့ခမျာ တယောကလေးကို ကြိုက်ပေမယ့် ပထမ နှစ်ယောက်လို ချက်ချင်း မ၀ယ်နိုင်ရှာဘူး။ ငွေမပြည့်လို့ ဈေးကိုလည်း ဆစ်သေးတယ်။ စုထားတဲ့ငွေတွေ ရှိသမျှ သွားရှာထုတ်လာရတဲ့အပြင် သူငယ်ချင်းတွေဆီကလည်း ချေးငှားလာရ သေးတယ်။ နောက်ဆုံးတော့ ၀ယ်နိုင်သွားတယ်ဆိုပါတော့။ အဲဒီ ဆင်းရဲသားလူငယ်က တယောကလေးကို အင်မတန် တန်ဖိုးထားတယ်။ ငွေမလောက်လို့ ဗူးကလေးတောင် မ၀ယ်နိုင်ပေမယ့် နေ့စဉ် တယုတယ မပျက်အောင် ကိုင်တယ်။ နောက်တော့ နိုင်ငံသိ ကမ်္ဘာသိ တယောပညာရှင်ကြီး တစ်ယောက်ဖြစ်လာတဲ့အထိ တယောကလေးကို သုံးသွားတယ်။ အခုတော့ အဲဒီ တတိယ တယောကလေးကို ပြတိုက်ကြီးတစ်ခုမှာ တယောပညာရှင်ကြီး ဘယ်သူဘယ်ဝါ တစ်သက်လုံး သုံးခဲ့တဲ့ တယောကလေး ဆိုပြီး အရေးတယူ ပြသထားပါသတဲ့။

အလုပ်ဝင်စ လူငယ်တွေလည်း အဲဒီ တယောကလေး ၃လက်လိုဘဲ လုပ်ငန်းခွင် ၃မျိုးကို ရောက်သွားနိုင်ပါတယ်။ ပထမ လုပ်ငန်းခွင်မျိုးကတော့ ကိုယ့်လို အရည်အချင်းမျိုးတွေ ရှိနေတဲ့ သူတွေ အများအပြားနဲ့ အတူတွဲပြီး အလုပ်တွေ မအားမလပ်အောင် လုပ်ရတဲ့ ပတ်ဝန်းကျင်မျိုးပါ။ အလုပ်သာများတာ၊ ဘာမှ ကြီးပွားတိုးတက်ဖို့တော့ လမ်းမရှိဘူး။ အလုပ်ရှင်ကလည်း ကိုယ့်ကို ဘာမှ ထူးထူးခြားခြား တန်ဖိုးထားတာ မဟုတ်ဘူး။ ကိုယ်မရှိလည်း ဒီအလုပ်တွေကို အခြားသူကို ခိုင်းမှာဘဲ။ လုပ်ရည်ကိုင်ရည် နည်းနည်းတော့ ကွာချင်ကွာမယ်၊ ဒါပေမယ့် စကားထဲ ထည့်ပြောရလောက်တဲ့ စွမ်းဆောင်ချက်မျိုး ထုတ်မပြနိုင်တဲ့ လုပ်ငန်းခွင်မျိုးပါ။ ဒီလုပ်ငန်းခွင်မျိုးမှာဘဲ တစ်သက်လုံး ကျင်လည်နေမယ်ဆိုရင်တော့ ပထမ တယောကလေး ပျက်တော့ စတိုခန်းထဲ ရောက်သွားသလို ဆံဖြူသွားကျိုး မျက်စိမှုန်လာတဲ့အခါ လူရာသွင်း ခံရတော့မှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် အဲဒီအလုပ်မျိုးက ကြံကြိတ်စက်နဲ့ တူတယ်။ ကြံချောင်းကို ဒီအတိုင်းကြိတ်၊ နှစ်ချိုးချိုးပြီးကြိတ်၊ လေးချိုးချိုးပြီးကြိတ်၊ ရှစ်ချိုးချိုးပြီးကြိတ်၊ ကြိတ်လို့ပြီးရင်တော့ အမှိုက်ပုံးထဲ ပစ်လိုက်သလို အဲဒီအလုပ်က လူတွေလည်း ရှိသမျှ ကာယဉဏအင်အားတွေ ကုန်တဲ့အခါ အသက်ပြည့်လို့ အငြိမ်းစားပေးတယ်ဆိုပြီး ထုတ်ပစ်ခံရမှာဘဲ။ အဲဒီအခါမှာ အရွယ်ကောင်းတုန်းက စုထားဆောင်းထားတာ မရှိလို့ကတော့ အခန့်မသင့်ရင် စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်သွားတတ်တယ်။

ဒုတိယလုပ်ငန်းခွင်မျိုးကတော့ လူတကာ လိုချင်ကြတဲ့ လခကောင်း အလုပ်ကောင်းလို့ အများသိထားကြတဲ့ အလုပ်တွေကို ဆိုလိုပါတယ်။ ဘာမှလည်း ပင်ပင်ပန်းပန်း မလုပ်ရဘူး။ အဖွဲ့အစည်းရဲ့ အရှိန်နဲ့ မှိန်းပြီး တောက်တောက်ပြောင်ပြောင် နေနိုင် သွားနိုင်တယ်။ ဒါပေမယ့် သူဌေးတစ်ခါမှ ထိုးမသွားတဲ့ တယောလို တစ်သက်လုံး ကိုယ်စွမ်းဉဏ်စွမ်း ထုတ်ခွင့် မရဘဲ ဖြစ်တတ်တယ်။ အသိုင်းအ၀ိုင်း အားကိုးနဲ့ အသက်ကြီးလာတဲ့အခါ ဘယ်ရာထူးမှာ ဘယ်နှနှစ် တာဝန်ထမ်းဆောင် ခဲ့သူကြီးလို့ အများအမြင်မှာ ဂုဏ်တင့်ပေမယ့် ကိုယ့်ဖာသာ အတွေ့အကြုံ မယ်မယ်ရရ မရှိမှန်း သိနေလို့ အသက်ကြီးလေ အတုအယောင်ကြီး တစ်ယောက်လို၊ လူဖြစ်ကျိုး မနပ်ခဲ့သလို ခံစားရလေ ဖြစ်တတ်တယ်။ ဘာဘဲဖြစ်ဖြစ် နေတတ်ရင်တော့ ကောင်းတဲ့ လုပ်ငန်းခွင်မျိုးပါဘဲ။

တတိယလုပ်ငန်းခွင်မျိုးကတော့ လက်ရှိအချိန်မှာ ဘယ်သူမှ မလုပ်ချင်တဲ့ လုပ်ငန်းငယ်ကလေးတွေ ဖြစ်နေပေမယ့် နောင်အခါ ထိပ်တန်းကို ရောက်နိုင်တဲ့ အလားအလာ ရှိနေတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ အဲဒီအလုပ်မျိုးက ဆွဲဆောင်မှုတော့ မရှိတတ်ဘူး။ လစာကမကောင်း၊ ခံစားခွင့်က မရှိရတဲ့အထဲ ပိတ်ရက်တွေမှာလည်း အလုပ်လုပ်ရတတ်သေးတယ်။ အဖွဲ့အစည်းက သေးတဲ့အတွက် ဘယ်မှာလုပ်တယ်ဆိုပြီး ဂုဏ်ယူလို့လည်း မရဘူး။ အခြား အရည်အချင်း ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း မခန့်ထားနိုင် ဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ့်လက်ထဲမှာ အဖွဲ့အစည်းရဲ့ အကောင်းအဆိုးကို ဖန်တီးနိုင်စွမ်း ရှိတယ်။ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း တန်ဖိုးထားပြီး အသိအမှတ်ပြုတယ်။ ဆင်းရဲသား လူငယ်က နိုင်ငံသိ ကမ်္ဘာသိ တယောပညာရှင်ကြီး တက်ဖြစ်သလို လုပ်ငန်းငယ် ကလေးက ကမ်္ဘာသိ လုပ်ငန်းကြီး ဖြစ်လာလို့ကတော့ ကိုယ့်အတွက် အစစအရာရာ မပူပင်ရတော့ ရုံတင် မကဘူး။ နာမည်ပါကြီးမယ့် အနေအထားဖြစ်တယ်။

တကယ်တော့ လက်တွေ့ အလုပ်လုပ်တဲ့အခါ အလုပ်တစ်ခုကို တစ်သက်လုံး လုပ်စရာ မလိုပါဘူး။ ပိုကောင်းတဲ့ အလုပ်တွေ့ရင် ပြောင်းလုပ်ကြတာပါဘဲ။ အရေးကြီးတာက ဘယ်လို အလုပ်မျိုးက ကိုယ်နဲ့ သင့်တော်သလဲ။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ။ အဲဒီလို အလုပ်မျိုးရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အမြဲလေ့လာပြီး လိုအပ်တာတွေကို လေ့လာ ဖြည့်ဆည်းနေဖို့ပါဘဲ။ ကြံကြိတ်စက်လို အလုပ်မျိုးမှာ အတွေ့အကြုံယူ၊ သူဌေးရဲ့ တယောလို အလုပ်မျိုးကနေ အိုစာမင်းစာ စုဆောင်းပြီး ကမ်္ဘာကျော်မယ့် လူငယ်ရဲ့ တယောနဲ့ တူတဲ့ အလုပ်မျိုးကို ရှာလုပ်နိုင်ရင် ကောင်းမှာဘဲလို့ စဉ်းစားမိပါတယ်။

ဆရာသုတ

JOB seekers 

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




အချိန်တိုအတွင်း စာများများဖတ်နိုင်မယ့် နည်းလမ်း(၆)သွယ်



လူတိုင်းက စာပိုပြီးတော့ ဖတ်ချင်ကြတဲ့သူတွေချည်းပဲ။ ဒါပေမယ့် အနည်းစုကပဲ ပန်းတိုင်ရောက်အောင် လျှောက်နိုင်ခဲ့ကြတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းပြချက်အများဆုံးကတော့ “အချိန်မရှိဘူး” ဆိုတဲ့ဟာပါပဲ။ ဒါဆိုရင် သင့်ကို အချိန်တိုတိုအတွင်း စာများများဖတ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြမယ်ဆိုရင်ရော… အောက်မှပါတဲ့အချက်လေးတွေကို လိုက်နာပြီး စာများများ ဖတ်နိုင်ပါစေ။


၁။ တစ်ခန်းပြီးတစ်ခန်း ဖတ်ခြင်းနှင့် ကြိုက်တဲ့စာမျက်နှာကောက်ဖတ်ခြင်း ကိုနှိုင်းယှဉ်ကြည့်ပါ။
စီးပွားရေးအမြင်ရရှိအောင်ရေးထားတဲ့စာအုပ်တွေကို ဖတ်မယ်ဆိုရင်တော့ တစ်ခန်းပြီးတစ်ခန်း ဖတ်ရလိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းမှာ ရေးသားထားတဲ့ ဆောင်းပါးအများစုကတော့ မြန်မြန်ဖတ်လို့ရတဲ့ဟာတွေပေါ့။ သင် စာလုံးတစ်ခုချင်းကို ဖတ်နေဖို့မလိုပါဘူး။ သင်ဘယ်လိုစာမျိုးဖတ်လိုက်ရင် အချိန်ဘယ်လောက်ကုန်ပြီး အားစိုက်ထုတ်ရမလဲဆိုတာကို တွက်ချက်နိုင်ဖို့ လိုအပ်ပါတယ်။

၂။ မာတိကာကို အရင်ဖတ်ပါ။
ထူထဲနေတဲ့စာအုပ်၊ သတင်းစာ၊ မဂ္ဂဇင်းတွေကို ဖတ်တော့မယ်ဆိုရင် အထဲမှာ ဘယ်လိုစာတွေ ရေးထားလဲဆိုတာကို အရင်ဆုံးလေ့လာကြည့်ပါ။ မာတိကာကို အရင်ဖတ်လိုက်တာနဲ့ သင်ဖတ်မယ့်စာဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ နားလည်ဖို့ အကူအညီပေးရုံတင်မကဘူး အချိန်ကုန်ခြင်း ၂၀ရာခိုင်နှုန်းနီးပါး သက်သာစေမှာဖြစ်ပါတယ်။

၃။ စာဖတ်နည်းပေမယ့် အချက်အလက်များများရအောင် ဖတ်ပါ။
အနည်းဆုံးအချိန်အတွင်းမှာ အချက်အလက် အများဆုံးရအောင် အာရုံစိုက်ဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းကိုပဲ ရွေးဖတ်ပြီးတော့ ဒုတိယ သို့မဟုတ် တတိယမြောက်စာပိုဒ်မှာ ရပ်လိုက်ပါ။ ပြီးမှ နောက်ဆုံးစာပိုဒ်ကို သေချာပြန်လေ့လာကြည့်ပါ။ ဒါပေမယ့် စာမျက်နှာတစ်ခုလုံးကိုတော့ ကျော်မသွားမိပါစေနဲ့။

၎။ စာရဲ့ အဓိကဆိုလိုရင်း သော့ချက်ကို ရှာပါ။
စာတိုင်းမှာ စာရေးသူသိစေချင်တဲ့ အဓိကအယူအဆ ရှိပါတယ်။ ကိုယ့်ထင်မြင်ချက်ကိုပဲ ရေးထားတဲ့စာဖြစ်တယ်ဆိုရင်တော့ စာရဲ့ အမှာစာကို ဖတ်ပြီး စာပိုဒ်ရဲ့ အလယ်လောက်မှာ ရှိတဲ့ အရေးကြီးစကားလုံးတွေကို ထုတ်လိုက်ပါ။ နောက်ဆုံးခြုံငုံသုံးသပ်ချက်ကို ပြန်ဖတ်လိုက်မယ်ဆိုရင် ဒီစာအုပ်တစ်ခုလုံးရဲ့ ဆိုလိုရင်းကို သင်နားလည်ပြီးသားဖြစ်နေလိမ့်မယ်။

၅။ စာလုံးတွေကို အတွဲလိုက်စုပြီး ဖတ်ပါ။
စာလုံးတစ်လုံးချင်းစာဖတ်နည်းဟာ သင့်ရဲ့စာဖတ်နှုန်းကို လျော့ကျသွားစေနိုင်ပါတယ်။ ပိုပြီးမြန်မြန်ဆန်ဆန် ဖတ်နိုင်ဖို့ စာလုံးကို အစုလိုက်တွဲပြီးဖတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာတွေမှာရေးထားတဲ့ စာကြောင်းတွေဟာ ကော်လန်သေးသေးလေးတွေနဲ့ ခွဲထားတာမို့လို့ တစ်ကြောင်းကို တစ်ခါတည်းစုဖတ်လိုက်တယ်ဆိုရင် ပိုပြီး သင့်တော်ပါတယ်။ စားလုံးအစုလိုက်ဖတ်ခြင်းဟာ သင့်ရဲ့စာဖတ်နှုန်းပိုမြန်ဆန်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၆။ အချိန်တိုင်းစာဖတ်ပါ။
မနက်စာစားနေချိန်၊ ကော်ဖီသောက်နေချိန်၊ အလေးသွားနေချိန် စတဲ့ အဆင်ပြေတဲ့အချိန်တိုင်း စာဖတ်ပါ။ ဒီတစ်ရက်မှာ အပြီးလုပ်ရမယ့် တာဝန်တစ်ခုလို သဘောထားပြီး စာများများဖတ်ပါ။

Myawady

အချိန်တိုင်း စာဖတ်နိုင်ကြပါစေလို့ MMBS မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်




မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ကမ္ဘာကျော် အောင်မြင်ထင်ရှားသူတွေ ဘ၀ဖြတ်သန်းခဲ့ပုံ

အောင်မြင်ကျော်ကြားသူတွေမှာ တချို့က ကိုယ်ဘာလုပ်ချင်တယ် ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။ အဲဒီ အသိကိုပဲ တစိုက်မတ်မတ် မမှိတ်မသုန် အကောင်အထည်ဖော်တယ်။ တချို့ကတော့ အချိန်ကာလ တစ်ခုမှာ သင့်တော်တဲ့ အပြောင်းအလဲ တစ်ရပ်ရပ်ကို ရှာတွေ့သွားတယ်။ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ရပ်တည်မှု ပုံစံသစ် တစ်ခုခုကို အစပြုပြီး အောင်မြင်ကြွယ်ဝလာတယ်။
ဘီလျံနာသူဌေး မာ့ခ်ကူဘန်ဟာ သူ့အသက် (၂၅)နှစ် အရွယ်လောက်တုန်းက အရက်ဘား တစ်ခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေခဲ့တယ်။ Wall Street မှာ လူတကာ လေးစားရတဲ့ အမေရိကန် အမျိုးသမီး လုပ်ငန်းရှင် သူဌေးကြီး မာသာ စတီးဝပ်ဆိုရင် အသက်(၂၅)နှစ် အရွယ်မှာ စတော့ရှယ်ယာ ပွဲစားတစ်ယောက်သာ ဖြစ်နေခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့သေးတယ်။
ဒါပေမဲ့ သူတို့အားလုံးဟာ အလှည့်အပြောင်း တစ်ခုခုကို ခိုင်ခိုင်မာမာ ရွေးချယ်ရင်း အောင်မြင်လာကြတယ်။ ကြီးပွား တိုးတက်လာကြတယ်။ သူတို့ရဲ့ အသက်(၂၀)ကျော် အရွယ်ဟာ မျက်မှောက်ကာလနဲ့ ခြားနားလွန်းတဲ့ အတိတ်မျိုး ဖြစ်သွားပြီ။ ကမ္ဘာ့အကျော်ကြားဆုံး စာရင်းဝင် လုပ်ငန်းရှင် ပုဂ္ဂိုလ်ကြီး တချို့ရဲ့ အသက်(၂၀)ကျော် ငယ်ဘဝက ဘယ်လိုဘယ်ပုံ ရပ်တည်ခဲ့ဖူးတယ် ဆိုတာကို Business Insider က ဆောင်းပါးတစ်ခု အနေနဲ့ စုစည်းဖော်ပြထားပါတယ်။


မာ့ခ်ကူဘန် (ITနှင့် အားကစားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်)
How to win at the Sport of Business စာအုပ်မှာ “ကျွန်တော် ဒဲလက်စ်ကို ရောက်လာတော့ အရမ်းရုန်းကန်ခဲ့ရတယ်။ အိပ်ခန်း(၃)ခန်း ပါတဲ့ တိုက်ခန်းတစ်ခုမှာ လူ(၆)ယောက် စုနေပြီး ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတယ်”လို့ ကူဘန်က ရေးထားခဲ့ပါတယ်။
အသက်(၂၅)နှစ် အရွယ်တုန်းက ကူဘန်ဟာ အင်ဒီယားနား တက္ကသိုလ်ကနေ ဘွဲ့ရပြီး ဒဲလက်စ်ကို ပြောင်းရွှေ့ အခြေချလာပါတယ်။ အဲဒီအချိန်မှာ သူဟာ ဘားဆိုင်တစ်ခုမှာ အရက်စပ်ပေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်သာ ရှိခဲ့တယ်။ နောက်တော့ တစ်ကိုယ်ရည်သုံး PC ကွန်ပျူတာ Software တွေ လက်လီရောင်းချတဲ့ Your Business Software ကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ်။ တစ်နှစ် မပြည့်ခင်မှာပဲ အလုပ်ဖြုတ် ခံလိုက်ရတယ်။
အကြောင်းရင်းကတော့ ဖောက်သည် တစ်ယောက်နဲ့ တွေ့ဆုံရာမှာ ကုမ္ပဏီနဲ့ ချိတ်ဆက်ဖို့ထက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ဖို့ အကြံပေးခဲ့လို့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီဖြစ်ရပ်ကနေ သူ့ရဲ့ ပထမဆုံး လုပ်ငန်းဖြစ်တဲ့ MicroSolutions ကို ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီလုပ်ငန်းအတွက် သူ့ရဲ့ အလုပ်ဟောင်း Your Business Software ဆီကနေ အထောက်အပံ့တွေတော့ ရခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်မှာ MicroSolutions ကို CompuServe ဆီ ဒေါ်လာ(၆)သန်းနဲ့ ထုတ်ရောင်းလိုက်တော့ ကူဘန်တစ်ယောက် အခွန်နုတ်ပြီး ဒေါ်လာ(၂)သန်းလောက် အမြတ်ထွက်သွားတယ်။
အခုဆိုရင် ကူဘန်ရဲ့ ခန့်မှန်းခြေ ကြွယ်ဝမှုဟာ ဒေါ်လာ (၂.၆)ဘီလီယံလောက် ရှိနေပါပြီ။ သူဟာ ဒဲလက်စ် အခြေစိုက် NBA ဘက်စကက်ဘောအသင်း Dallas Mavericksကိုလည်း ဝယ်ယူထားပါတယ်။





မာသာစတီးဝပ် (စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမ၊ ရုပ်မြင်သံကြား အစီအစဉ်မှူး)
အမေရိကန်မှာ သူ့နာမည်ကို လူတိုင်းလိုလို သိနေတဲ့ အချိန်အခါမျိုး မရောက်ခင်တုန်းက စတီးဝပ်ဟာ Wall Street မှာ သာမန် စတော့ရှယ်ယာ ပွဲစားတစ်ယောက် အနေနဲ့ (၅)နှစ်လောက် အလုပ်လုပ်နေခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်ပါ။
“အဲဒီအချိန်တုန်းက Wall Street မှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အမျိုးသမီး အရေအတွက် အရမ်းနည်းသေးတယ်။ ကျွန်မအနေနဲ့ကတော့ အမျိုးသားတွေနဲ့ တူတူညီညီ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ဘယ်တုန်းကမှ မခံစားမိခဲ့ဘူး။ ပြီးတော့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဘဝမှာ ကျွန်မ အများကြီး ပညာရခဲ့တယ်လို့ ထင်ပါတယ်”လို့ စတီးဝပ်က PBSရဲ့ Makers အစီအစဉ် အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ သူဟာ ဒေါ်လာသန်း(၇၀၀)လောက် ကြွယ်ဝတဲ့ အမျိုးသမီး လုပ်ငန်းရှင်ကြီး ဖြစ်နေပါပြီ။ သူ့လက်အောက်မှာ အရောင်းဆိုင်တွေနဲ့ လုပ်ငန်းအမျိုးမျိုး ရှိနေတယ်။ Martha ဆိုတဲ့ နာမည်နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို (၇)နှစ်ကြာ ထုတ်လွှင့်ခဲ့ဖူးပြီး စာရေးဆရာမ တစ်ယောက်အနေနဲ့လည်း အမေရိကန်မှာ Bestseller တန်းဝင်ခဲ့ပါတယ်။ ပြီးတော့ Martha Stewart Living မဂ္ဂဇင်းကိုလည်း ဦးစီးထုတ်ဝေနေပါတယ်။

ရက်ဖ်လော်ရန် (နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ) Ralph Lauren Corporation အမည်နဲ့ ဖက်ရှင် အဝတ်အထည် ကုမ္ပဏီကြီး တစ်ခုကို မတည်ထောင်နိုင်ခင်တုန်းက လော်ရန်ဟာ စစ်သားတစ်ယောက် ဖြစ်ခဲ့တယ်။ စတိုးဆိုင် ဝန်ထမ်းတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်။
လော်ရန်ကို နယူးယောက်မှာ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ရက်ဖ်လစ်ရှစ်ဇ်ဆိုတဲ့ နာမည်နဲ့ပါ။ အသက်(၁၅)နှစ်မှာ မျိုးရိုးနာမည်ကို လော်ရန်အဖြစ် ပြောင်းလဲလိုက်တယ်။ နောက်ပိုင်းမှာတော့ သူ့နာမည် Lifshitz ဆိုတဲ့ စကားလုံးမှာ Shit ဆိုတာ ပါဝင်နေလို့ မကြိုက်တဲ့အကြောင်း လော်ရန်က အော်ပရာ ဝင်းဖရေးကို ပြောပြခဲ့ပါတယ်။ ဘာရုခ်ျကောလိပ်မှာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အထူးပြု သင်ယူခဲ့ပြီး နောက်တော့ စစ်တပ်ထဲမှာ အမှုထမ်းခဲ့တယ်။ အသက်(၂၄)နှစ်မှာ တပ်ကထွက်ပြီး စတိုးဆိုင် တစ်ခုမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တယ်။
သူ့အသက် (၂၆)နှစ်မှာ လော်ရန်ဟာ ဥရောပ အငွေ့အသက် လွှမ်းနေတဲ့ လည်စည်း ဖက်ရှင်ဒီဇိုင်း တစ်ခုကို တီထွင်ခဲ့တယ်။ သူ့မှာ ဖက်ရှင်အမြင် ရှိနေမှန်း သိသွားတဲ့နောက် တန်ဖိုးကြီး ဖက်ရှင်တွေ ထုတ်လုပ်ရောင်းချတဲ့ Neiman Marcus ကုမ္ပဏီက ချိတ်ဆက်လာခဲ့တယ်။ (၁၉၆၇)ခုနှစ်မှာ မက်ဟန်တန်က ဖက်ရှင်လုပ်ငန်းရှင် သူဌေးကြီး နော်မန် ဟီလ်တန်ရဲ့ အထောက်အပံ့နဲ့ ပထမဆုံး လည်စည်း ဖက်ရှင်ဆိုင်ကို လော်ရန် ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီကစပြီး Poloဆိုတဲ့ ဖက်ရှင် အမှတ်တံဆိပ်ကို အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ လော်ရန်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၇)ဘီလီယံဖိုးလောက် ရှိနေပါပြီ။

ဂျကေရိုးလင်း (စာရေးဆရာမ) ကမ္ဘာကျော် Harry Potter ဇာတ်လမ်းတွေကို ဖန်တီးရေးဖွဲ့ခဲ့သူ အနေနဲ့ ရိုးလင်းကို လူတိုင်းလိုလို သိခဲ့ပြီးသား ဖြစ်မှာပါ။ သူ့အသက် (၂၅)နှစ်လောက် မှော်ဆန်ဆန် ဇာတ်လမ်းတစ်ခုအကြောင်း ပထမဆုံးအကြိမ် စိတ်ကူးရလာခဲ့တယ်။ Harry Potterနဲ့ ပတ်သက်ပြီး ရိုးလင်း စိတ်ကူးမိလာပုံက အဆန်းပါ။ ရထားစီးရမယ့် ခရီးစဉ် တစ်ခုမှာ (၄)နာရီလောက် နောက်ကျနေတဲ့ အချိန်မှာ ဟိုတွေးဒီတွေး စိတ်ကူးယဉ်ရင်း Harry Potter ဇာတ်လမ်းရဲ့ ကျောရိုးကို ပုံဖော်မိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ ညနေခင်းမှာပဲ Harry Potter ရဲ့ ပထမဆုံး စာအုပ်ကို အကြမ်းထည်အဆင့် အဖြစ် ရိုးလင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အပြီးသတ်ချိန်ထိ ရောက်လာဖို့ကတော့ နှစ်နဲ့ချီ ကြာမြင့်ခဲ့တယ်။ ရိုးလင်းဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ လန်ဒန်ရုံးမှာ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ သူ့စိတ်က Harry Potter ဆီပဲ ခဏခဏ ရောက်နေတော့ အလုပ်မှာ လွဲချော်မှုတွေ ရှိလာပြီး အလုပ်ထုတ်ခံလိုက်ရတယ်။ အလုပ်က ရတဲ့ လျော်ကြေးကို အမှီပြုရင်း ရိုးလင်းဟာ Harry Potter ဝတ္ထုတွေကို ဇောက်ချ ရေးဖြစ်ခဲ့ပါတယ်။
အဲဒီနှစ်ပိုင်းတွေမှာ ရိုးလင်းအနေနဲ့ အိမ်ထောင်ပြုခဲ့ပြီး သမီးလေးတစ်ယောက် ရလာတယ်။ နောက်တော့ အိမ်ထောင်ဘက်နဲ့ ကွာရှင်းဖြစ်ခဲ့တယ်။ Harry Potter ကို ဖန်တီးနေတဲ့ အတောအတွင်းမှာ ရိုးလင်းဟာ စိတ်ကျဝေဒနာကိုလည်း ကြုံတွေ့ခဲ့ရသေးတယ်။ အခက်အခဲတွေကြားကနေ (၁၉၉၅)ခုနှစ်မှာ Harry Potter ဝတ္ထုကို အပြီးသတ်နိုင်ခဲ့တယ်။ နောက်(၂)နှစ် အကြာမှာ ထုတ်ဝေရောင်းချတော့ ကမ္ဘာကျော် ဝတ္ထုတစ်ခု ဖြစ်လာတယ်။ ရုပ်ရှင်ဆက်ရိုက်တော့ ဝက်ဝက်ကွဲ အောင်မြင်တယ်။ Forbes မဂ္ဂဇင်းက (၂၀၀၄)ခုနှစ်မှာ ရိုးလင်းဟာ စာရေးဆရာ တစ်ဦးအနေနဲ့ ပထမဆုံး ဘီလီယံနာ သူဌေးဖြစ်လာသူလို့ အသိအမှတ် ပြုခဲ့ပါတယ်။

ဂျးဇီး (အဆိုတော်၊ ဂီတပရိုဂျူဆာ) ရှောင်ကာတာဆိုတဲ့ လူငယ်လေး တစ်ယောက်ဟာ နယူးယောက်မြို့က ဘရွတ်ကလင်း အရပ်မှာ ကြီးပြင်းလာခဲ့တယ်။ နောက်တော့ သူဟာ ကမ္ဘာ့ဂီတ လောကမှာ ဩဇာအကြီးဆုံး ကြယ်တစ်ပွင့် ဖြစ်လာပါတယ်။ အသက်(၂၀)လောက် အရွယ်မှာ ဂျေးဇီးဆိုတဲ့ နာမည်ကို လူသိများလာပါပြီ။ နောက်ထပ် နှစ်နည်းနည်း အကြာမှာတော့ သူဟာ အမေရိကန်ရဲ့ တက်လမ်းရှိတဲ့ Rapဂီတ အဆိုတော် တစ်ယောက်လို့ အသိအမှတ်ပြု ခံလာရတယ်။
ဂျေးဇီးဟာ အသက်(၂၇)နှစ် အရွယ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ ပူးပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးသီဆိုခဲ့တယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ Reasonable Doubt ကို ထုတ်ဝေဖြစ်ခဲ့တယ်။ သူတစ်ယောက်တည်းရဲ့ ဒီကနေ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၅၂၀)လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းဆေးရဲ့ ကြွယ်ဝမှုနဲ့ ပေါင်းစပ်လိုက်ရင်တော့ နှစ်ယောက်ပေါင်း ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၉၀၀)နီးပါးလောက် ရှိလာပါတယ်။

  မယ်ရစ်ဆာမေယာ (Yahoo ၏ အမှုဆောင် အရာရှိချုပ်)
သူ့အသက် (၂၄)နှစ်မှာ မေယာဟာ Google ကုမ္ပဏီ (Yahoo ၏ ပြိုင်ဘက်)ရဲ့ အယောက်(၂၀)မြောက် ဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ သူဟာ Googleရဲ့ ပထမဆုံး အမျိုးသမီး အင်ဂျင်နီယာလည်း ဖြစ်ပါတယ်။ Googleမှာ (၁၃)နှစ်ကြာအောင် တာဝန် ထမ်းဆောင်ပြီးတဲ့နောက် (၂၀၁၂)ခုနှစ်မှာ Yahoo ကို ကူးပြောင်းခဲ့ပါတယ်။ အမှုဆောင်ချုပ် ရာထူးနေရာနဲ့ပါ။
မေယာဟာ ဒီကနေ့ အအောင်မြင်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်နေတဲ့ Google မှာ အခြေခံ အကျဆုံး အစပြုခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူ့ရဲ့ အင်တာဗျူး တစ်ခုမှာ မေယာက “(၁၉၉၉)ခုနှစ်၊ ဧပြီလတုန်းက ကျွန်မကို Google က အလုပ်အတွက် အင်တာဗျူးခေါ်တယ်။ ပင်ပေါင်ကစားတဲ့ စားပွဲတစ်လုံးမှာ ကျွန်မ အင်တာဗျူး ဖြေခဲ့ရတယ်။ အဲဒါက ကုမ္ပဏီရဲ့ အစည်းအဝေး စားပွဲလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက Google မှာ အလုပ်လုပ်နေတာ လူ(၇)ယောက်ပဲ ရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။ မေယာဟာ Google မှာ ရာထူးအမျိုးမျိုး တာဝန်ယူခဲ့ပြီး Google ရဲ့ ဖန်တီးမှု အများစုမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။
Yahoo ကို ပြောင်းရွှေ့ခဲ့တဲ့နောက် မေယာဟာ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်၊ ဥက္ကဋ္ဌ ရာထူးတွေကို တာဝန်ယူခဲ့တယ်။ ဒါရိုက်တာ ဘုတ်အဖွဲ့မှာလည်း နေရာပေး ခံခဲ့ရပြီး Forbes မဂ္ဂဇင်းက မေယာကို ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး အမျိုးသမီးတွေ စာရင်းအရ အဆင့်(၃၂) သတ်မှတ်ပေးခဲ့တယ်။ Yahoo ဟာ ပထမဆုံး (၅)နှစ်အတွက် ဒေါ်လာ (၁၁၇)သန်း လုပ်ခပေးပြီး မေယာကို ခေါ်ယူခဲ့တာပါ။ အခုအချိန်မှာ အသက်(၃၉)နှစ်ပဲ ရှိသေးပေမယ့် မေယာရဲ့ ကြွယ်ဝမှုက ဒေါ်လာသန်း(၃၀၀) အထက်မှာ ရှိနေပါပြီ။


 ဝါရန်ဘတ်ဖတ် (ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင်)
ကမ္ဘာကျော် သူဌေးကြီးတစ်ယောက် ဖြစ်မလာခင်က ဘတ်ဖတ်ဟာ အရောင်းသမား ဝန်ထမ်းလေး တစ်ဦးပါ။ သူ့အသက် (၂၀)ကျော် အရွယ်မှာတော့ နယူးယောက်မြို့ကို ပြောင်းရွှေ့လာပြီး အသက်(၂၆)နှစ်မှာ လုံခြုံရေးဆိုင်ရာ ဆန်းစစ်သူ ပညာရှင် တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ သူဟာ Buffett Partnership Ltd ကို တည်ထောင်ခဲ့တယ်။ အဲဒီလုပ်ငန်းက အိုဟားမားမှာ ရှိခဲ့စဉ် သူအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အစပြုခဲ့ပါတယ်။
ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ငွေရမယ့် နည်းလမ်းတွေကို ရှာဖွေ အကောင်အထည် ဖော်ခဲ့သူပါ။ ပီကေ (Chewing Gum)တွေ ရောင်းချဖူးသလို အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း တစ်အိမ်တက်ဆင်း လိုက်ပို့ပေးပြီး ဝင်ငွေရှာခဲ့တယ်။ ပြီးတော့ ပိုက်ဆံကို ကျစ်ကျစ်လစ်လစ် စုဆောင်းခဲ့တယ်။ သူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာ ဂေါက်သီးဘောလုံးတွေ လိုက်ရောင်းတာလည်း ပါတယ်။ ငွေကြေးတန်ဖိုးကို အခြေခံကျကျ နားလည်ပြီး ခြိုးခြံစုဆောင်းတဲ့ အကျင့်ကောင်းက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာချိန်မှာ ဘတ်ဖတ်ရဲ့ တက်လမ်းကို ကြီးကြီးမားမား အထောက်အပံ့ ပေးခဲ့ပါတယ်။
ဘတ်ဖတ်ဟာ Berkshire Hethaway ကုမ္ပဏီကြီးရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာပြီး အမှုဆောင်ချုပ် အနေနဲ့လည်း တာဝန်ယူနေပါတယ်။ သူ့ကို မွေးဖွားတဲ့ အိုဟားမား ဒေသမှာတော့ ဘတ်ဖတ်ကို အိုးဟားမားရဲ့ ကဝေ၊ အိုဟားမားရဲ့ နတ်ဆရာ စသဖြင့် ညွှန်းဆိုဂုဏ်ပြု ခေါ်ဝေါ်ကြပါတယ်။ ဘတ်ဖတ်ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ (၆၇)ဘီလီယံအထက် ရှိနေပါပြီ။ (၂၀၁၂)ခုနှစ်မှာ Time မဂ္ဂဇင်းကြီးက ဘတ်ဖတ်ဟာ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ် ဖော်ပြခဲ့ပါတယ်။
 
အာဆူလာဘန်းစ် (Xerox ၏ အမှုဆောင် အရာရှိချုပ်)
ဒီဂျစ်တယ် ပုံရိပ်ဖော် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xerox ရဲ့ အမှုဆောင်ချုပ် ဖြစ်မလာခင်မှာ ဘန်းစ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို အံတု ကျော်ဖြတ်ခဲ့ရသူပါ။ နယူးယောက်မြို့ ခပ်ကြမ်းကြမ်း ပတ်ဝန်းကျင်မျိုးနဲ့ စီမံကိန်းအိမ်ရာ တစ်ခုမှာ ကြီးပြင်းလာတဲ့နောက် နယူးယောက် ပိုလီနည်းပညာဌာနကနေ စက်မှု အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ကိုလံဘီယာ တက္ကသိုလ်ကနေ မဟာဘွဲ့ကို ရရှိလာခဲ့တယ်။
အဲဒီနောက် (၁၉၈၀)ပြည့်နှစ်မှာ သူဟာ Xerox ကို ရောက်ရှိလာပြီး တစ်ဘဝလုံး အဲဒီကုမ္ပဏီမှာ မြှုပ်နှံ ဖြတ်သန်းခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်မှာတုန်းက ဘန်းစ်ဟာ အလုပ်သင် ဝန်ထမ်းအဆင့်လောက်သာ ရှိသေးတယ်။ မဟာဘွဲ့ ရပြီးတဲ့နောက်မှာတော့ သူ့ကို Xerox က အချိန်ပြည့် ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ ဘန်းစ်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ လုပ်ရည်ကိုင်ရည်တို့ကြောင့် ရာထူးမြန်မြန် တက်လာခဲ့ပြီး (၂၀၀၉)ခုနှစ်မှာ အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။
“Xerox ကို ကျွန်မ ရောက်စတုန်းက ဒီအလုပ်ကို ရွေးလိုက်တယ် ဆိုတာထက် မပိုဘူး။ တစ်ယောက်ယောက်က အခြေအနေ ဘယ်လိုလဲလို့ မေးလာရင် မဆိုးပါဘူးလို့ ပြန်ဖြေပြီး အလုပ်ခန်းထဲ ဝင်သွားရုံလောက်ပဲ။ နောက်တော့ တစ်ယောက်ယောက်ဆီကနေ လုပ်ငန်းအစီအစဉ် ချမှတ်ပုံ သဘောတရားတွေ သိလာတယ်။ နောက်တော့ ကျွန်မရဲ့စိတ်က ကမ္ဘာလုံးဆိုင်ရာ ကြုံတွေ့နေရတဲ့ System ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ယိမ်းသွားတယ်။ တကယ်တော့ အဲဒီ ပြဿနာတွေကိုက လုပ်ငန်းတစ်ခုပဲလေ”လို့ ဘန်းစ်က ဆိုပါတယ်။ ဘန်းစ်ဟာ Fortune မဂ္ဂဇင်းက ရွေးချယ်တဲ့ အမေရိကန်ရဲ့ ထိပ်တန်းကုမ္ပဏီ (၅၀၀)ထဲက တစ်ခုမှာ ပထမဆုံးအကြိမ် အမှုဆောင်ချုပ် တာဝန်ယူဖူးတဲ့ အာဖရိကန်အနွယ် အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။

မာ့ခ်ဇက်ကာဘာ့ဂ် (Facebook ၏ အမှုဆောင်အရာရှိချုပ်)

မြန်မာနိုင်ငံမှာရော၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပါ လူသုံးအများဆုံး Social Networking ဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ကို ထူထောင်သူ ဇက်ကာဘာ့ဂ်ဟာ သူ့ရဲ့ အသက်(၂၀)ကျော် အရွယ်တွေကို Facebook အတွက်ပဲ ကြိုးကြိုးစားစား မြှုပ်နှံ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့အသက် (၂၅)နှစ်အရွယ် (၂၀၀၉)ခုနှစ်မှာ Facebook ဟာ ငွေကြေးအရ အကျိုးအမြတ် စရလာခဲ့ပြီး အသုံးပြုသူ သန်း(၃၀၀)လောက် ရှိလာပါပြီ။
အဲဒီတုန်းက ပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ ဇက်ကာဘာ့ဂ်က ဒါဟာ Facebook အတွက် အောင်မြင်မှု အစပျိုးနေတုန်း အဆင့်သာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ “လူတွေအချင်းချင်း ချိတ်ဆက်ပေးဖို့ ကျွန်တော်တို့ ကြံဆထားတဲ့ နည်းလမ်းတွေအတွက် ဒါဟာ အစပြုမှု အဆင့်သာ ရှိပါသေးတယ်”လို့ ဇက်ကာဘာ့ဂ်က သူကိုယ်တိုင် အစပြု ပျိုးထောင်ခဲ့တဲ့ Social Networking ဝက်ဘ်ဆိုက်ပေါ်မှာ ဂုဏ်ယူစွာနဲ့ ရေးသားခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဇက်ကာဘာ့ဂ်ဟာ Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးချွန်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုရွေးချယ် ခံခဲ့ရပါတယ်။
ဇက်ကာဘာ့ဂ် အပါအဝင် လူ(၅)ယောက်က စတင်တည်ထောင်ခဲ့တဲ့ Facebook ဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ အသုံးပြုသူ (၁.၃)ဘီလီယံအထက် ရှိနေပြီး လစဉ်လတိုင်း တိုးပွားနေတုန်းပါပဲ။ ဇက်ကာဘာ့ဂ်ဟာလည်း အသက်(၃၀)အရွယ်မှာ ဒေါ်လာ (၃၃.၁)ဘီလီယံလောက် ကြွယ်ဝနေပါပြီ။

ဟာင်းဝပ်ရှုတ်ဇ် (Starbucks ၏ အမှုဆောင် အရာရှိချုပ်) မြောက်ပိုင်း မစ်ချီဂန် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် ရှုတ်ဇ်ဟာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်း တစ်ယောက်အဖြစ် စပြီး အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ သူ့အရည်အသွေးကို သတိပြုမိလာတဲ့နောက် Hammerplast ဆိုတဲ့ ဆွီဒင်ကော်ဖီမှုန့် ကုမ္ပဏီ တစ်ခုက ရှုတ်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ Hammaerplast ကို ရောက်ခဲ့ချိန်မှာ ရှုတ်ဇ်ရဲ့ အသက်က (၂၆)နှစ်ပါ။
အဲဒီမှာ အလုပ်လုပ်ရင်း သူဟာ ဆီယက်တဲလ် မြို့ပြင်က Starbucks အမှတ်တံဆိပ် ဆိုင်လေးတွေကို ပထမဆုံး သတိထားမိလာတယ်။ သူ့အသက် (၂၉)နှစ်မှာတော့ Starbucks နဲ့ ပူးပေါင်းလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ Starbucks ရဲ့ ကော်ဖီလုပ်ငန်းဟာ တဖြည်းဖြည်း တွင်ကျယ်ကြီးထွားလာပြီး ဗြိတိန်က Costa Coffeeနဲ့အပြိုင် ကမ္ဘာ့အကြီးဆုံး ကော်ဖီ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရှုတ်ဇ်ဟာ Starbucks ရဲ့ ကော်ဖီဆိုင်တွေကို နယ်မြေဒေသအလိုက်၊ ရာသီဥတုအလိုက် အံဝင်အဆင်ပြေအောင် ဖန်တီးခဲ့ပါတယ်။
ရှုတ်ဇ်ဟာ ပညာတတ် မိသားစုက ပေါက်ဖွားလာသူ မဟုတ်ပါဘူး။ သူ့မိသားစုထဲမှာ ပထမဆုံးအကြိမ် ကောလိပ်ကျောင်း တက်ခွင့်ရဖူးတာဟာ သူပါပဲ။ သူဟာ အမေရိကန် ပရော်ဖက်ရှင်နယ် ဘက်စကက်ဘောအသင်း Seattle SuperSonics ကိုလည်း ဝယ်ယူပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ရှုတ်ဇ်ရဲ့ လက်ရှိ ကြွယ်ဝမှုဟာ ဒေါ်လာ (၁.၅)ဘီလီယံလောက် ရှိနေပါပြီ။



 ရိုမန်အေဗရာမိုဗစ်ခ်ျ (စီးပွားရေး လုပ်ငန်းရှင်နှင့် ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင်)
ကလေးဘဝတုန်းက အေဗရာမိုဗစ်ခ်ျဟာ မိဘမဲ့ တစ်ယောက်အနေနဲ့ ကြီးပြင်း လူလားမြောက်ခဲ့ရတာပါ။ အေဗရာမိုဗစ်ခ်ျကို သူ့ရဲ့ဦးလေးက ပျိုးထောင်ပေးခဲ့တယ်။ သူ့အသက် (၂၁)နှစ် အရွယ်မှာတော့ ရုရှားလူငယ်လေး တစ်ယောက်ဟာ မှောင်ခိုဈေးကွက်တွေထဲမှာ လှုပ်ရှားနေပါပြီ။ သူဟာ ဇနီးဖြစ်သူရဲ့ မိဘတွေက လက်ဖွဲ့ခဲ့တဲ့ ငွေကြေးတွေကို အရင်းအနှီးလုပ်ပြီး စီးပွားရေး ချဲ့ထွင်ခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်တွေမှာတော့ သူ့ရဲ့ လုပ်ငန်းတွေဟာ ရုရှားမှာ ခြေကုပ်ကောင်းကောင်း ရနေပြီး အီဗရာမိုဗစ်ခ်ျပိုင် ကုမ္ပဏီပေါင်း (၂၀)ထက်မနည်း ရှိလာခဲ့ပါတယ်။
သူ့အသက်(၂၆)နှစ် အရွယ်မှာတော့ အစိုးရ ပိုင်ဆိုင်မှုတွေကို ခိုးယူမှုနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်(၃၅)နှစ် အရွယ်မှာတော့ ရုရှားရဲ့ ချူကော့ကာ ပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ အီဗရာမိုဗစ်ခ်ျကို ကမ္ဘာသိ ထင်ရှားလာစေတဲ့ အချက်တစ်ခုက (၂၀၀၃)ခုနှစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ချယ်လ်ဆီးကို သိမ်းသွင်း ဝယ်ယူလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ အီဗရာမိုဗစ်ခ်ျဟာ ငွေကြေး အလုံးအရင်း သုံးစွဲပြီး ချယ်လ်ဆီးကို ကမ္ဘာကျော် ဘောလုံးကလပ် တစ်ခုဖြစ်လာအောင် ပြောင်းလဲစေခဲ့တယ်။
အသက်(၂၀)ကျော် အရွယ်တွေမှာ မှောင်ခိုသမားလေး တစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့ အေဗရာမိုဗစ်ခ်ျဟာ လက်ရှိအသက် (၄၇)နှစ်မှာတော့ ဒေါ်လာ(၁၄.၂)ဘီလီယံလောက် ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်လာပါပြီ။ အေဗရာမိုဗစ်ခ်ျကတော့ သူ့ဘဝရဲ့ အတိတ်က အမည်းစက်နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆန်နေဆဲပါ။ “အဲဒီတုန်းက ဘဏ်စနစ်မှာ ပြဿနာတွေ ရှိခဲ့တယ်ဗျ။ အစိုးရဆီ တင်သွင်းရမယ့်ငွေ မရောက်လို့ဆိုပြီး ကျွန်တော် အဖမ်းခံလိုက်ရတာပါ။ နောက်တော့ သူတို့လက်ထဲ ငွေရောက်လာတဲ့အခါ ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်”လို့ အေဗရာမိုဗစ်ခ်ျက ဆိုပါတယ်။

Source: Businessinsider

7 Day Daily



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




Another Test Footer