Recommendations by Engageya

Latest Article Get our latest posts by subscribing this site

The Adventurers(အထောက်တော်လှအောင်)ပေါင်းချုပ်(စ၊ဆုံး)@MMBS


စာအုပ်အမည် - The Adventurers ပေါင်းချုပ်(စ၊ဆုံး)
စာရေးသူ - အထောက်တော်လှအောင်



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




နာဇီပဋိညာဉ်ခံ(အထောက်တော်လှအောင်)@MMBS


စာအုပ်အမည် - နာဇီပဋိညာဉ်ခံ
စာရေးသူ - အထောက်တော်လှအောင်


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ရှင့်ကိုမုန်းတာ ၁၂ခါ(အကြည်တော်)


စာအုပ်အမည် - ရှင့်ကိုမုန်းတာ ၁၂ခါ
စာရေးသူ - အကြည်တော်
ဖိုင်ဆိုဒ် - 3.38MB


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ရီတန်းအောဖ့်ဘီလူး(အကြည်တော်)


စာအုပ်အမည် - ရီတန်းအောဖ့်ဘီလူး
စာရေးသူ - အာကည်တော်
ဖိုင်ဆိုဒ် - 687.6KB


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဘီလူး (အကြည်တော်)


စာအုပ်အမည် - ဘီလူး
စာရေးသူ - အကြည်တော်
ဖိုင်ဆိုဒ် - 1.1MB

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဖိနပ်ခြောက်ရန်နှင့် အခြားစာစုများ (အရိုး)


စာအုပ်အမည် - ဖိနပ်ခြောက်ရန်နှင့် အခြားစာစုများ
စာရေးသူ - အရိုး
ဖိုင်ဆိုဒ် - 4.1MB

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ကန့်ကူလက်လှည့်(အောင်သင်း)


စာအုပ်အမည် - ကန့်ကူလက်လှည့်
စာရေးသူ - အောင်သင်း
ဖိုင်ဆိုဒ် - 27.9MB


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ(အောင်ရင်ငြိမ်း)



စာအုပ်အမည် - ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ
စာရေးသူ - အောင်ရင်ငြိမ်း
Download

သူတို.နှင့်ကျွန်တော်(အောင်သင်း)


စာအုပ်အမည် - သူတို.နှင့်ကျွန်တော်
စာရေးသူ - အောင်သင်း

ဗိုလ်ချု ပ်အောင်ဆန်းအတ္ထု ပ္ပတ္တိ


၁၉၁၅ ခုနှစ် ဖေဖဝါရီလ ၁၃ ရက် စနေနေ့ နံနက် လင်းအားကြီး အချိန်တွင် မကွေးခရိုင် နတ်မောက်မြို့၌ အဖ ဦးဖာ၊ အမိ ဒေါ်စု တို့မှ အောင်းဆန်းကလေးကိုမွေးခဲ့သည်။
အောင်ဆန်းကလေး၏ အဖိုးဦးမင်းရောင်သည် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်သီပေါမင်းပါတော်မူသောအခါက နတ်မောက်မြို့ သူကြီးဖြစ်၏။ မြို့သူကြီးဦးမင်းရောင်သည် အင်္ဂလိပ်တို့မြန်မာပြည်ကိုသိမ်းပိုက်သောအခါ "သူကျွန်မခံလိုသောစိတ်" ဖြင့် ရွှေလရောင်အမည်ခံကာ အင်္ဂလိပ်တို့အား ပုန်ကန်တော်လှန်ခဲ့သူဖြစ်သည်။
အောင်ဆန်းလေး ငါးနှစ်သားအရွယ်မှာ မြန်မာပြည်၌ ပထမကျောင်းသားသပိတ်ကြီးပေါ်ပေါက်၍ ဝံသာနု (အမျိုးသား) စိတ်ဓါတ်စတင်ထွန်းကာအခါဖြစ်သည်။။ ထိုစဉ်ကစ၍ အောင်းဆန်းသည် မိခင် ဒေါ်စုထံမှ အဖိုးဦးမင်းရောင်၏ ကျွန်မခံလိုစိတ်၊ အမျိုးသားစိတ်ဓါတ် လှုပ်ရှားမှု အခြေအနေ အကြောင်းတို့ကို ကြားသိခွင့်ရခဲ့၏။

တက္ကသိုလ် ကျောင်းသားကိုအောင်ဆန်း
အောင်းဆန်း၏ဘဝကို အထင်းအရှားမှတ်တမ်းတင်ရမည့် အစိတ်အပိုင်းသည် တက္ကသိုလ်ကျောင်းသားဘဝဖြစ်သည်။
၁၉၃၂ ခုနှစ် ဇွန်လတွင် ကိုအောင်းဆန်းတက္ကသိုလ်ကျောင်းသားအဖြစ် တက္ကသိုလ်သို့ရောက်လာခဲ့သည်။ သူ စတင်နေထိုင်ရာကျောင်းဆောင်ခန်းသည် ပဲခူးကျောင်းဆောင်အောက်ဆုံးထပ်ရှိ အခန်းတခန်းဖြစ်သည်။ (ကိုယ့်ညီအကိုများ သွားကြည့်ကြလော၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့)
တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်းသည် အခြားသောကျောင်းသားများနည်းတူ အဖေါ်အပေါင်းနှင့် ပျော်ပါး၍မနေတတ်။ သစ်သစ်လွင်လွင် တောက်တောက်ပပလည်းမဝတ်။ ထိုခေတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ဂုဏ်ပကာသန မျိုးကို သူမဆင်ယင်။ သူဖတ်ချင်သောစာအုပ်ကိုသာ တကုပ်ကုပ်ဖတ်၍ အခါမလပ် လေးနက်စွာတွေးတောနေထိုင်ခဲ့၏။ တခါတရံမူ သူ့နှုတ်ဖျားမှ မြန်မာပြည် "နိုင်ငံရေးဖြင့် အကျိုးနဲပါပြီး" ဟု ရေရွတ်နေတတ်၏။
ထိုအချိန်က မြန်မာပြည်နိုင်ငံရေးအခြေအနေမှာ အိန္ဒိယပြည်နှင့် ခွဲရေး တွဲရေးပြဿနာပေါ်ပေါက်နေ၏။ ထိုပြင် တကမ္ဘာလုံးစီးပွားရေးညံ့ဖျင်းမှုကြောင့် မြန်မာပြည်စီးပွားရေးအခြေအနေလည်း ကျပ်တည်း၍ တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အဖို့ ပညာသင်ရေးပင် အခက်အခေဲတွေ့ကြုံနေရသော အခါဖြစ်လေသည်။ကိုအောင်ဆန်းသည် ယင်းသို့ ပြည်ထဲရေးနှင့်ဝမ်းရေး အရှုပ်အထွေးများအကြားမှာပင်နီုင်ငံရေး စိတ်ဝင်စားမှုပိုမိုကြီးမားလာခဲ့ရသည်။
ထိုအတောအတွင်း မှာပင် ကိုအောင်ဆန်း၏တက္ကသိုလ်သက်တမ်းနှစ်နှစ်ကုန်၍ ဥပစာတန်းအောင်မြင်ခဲ့သည်။ ထိုအခါ ပထမနှစ် ဝိဇ္ဇာတန်းသား ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသား သမဂ္ဂအမူဆောင်လူကြီး ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံလေသည်။ သို့သော် ကိုအောင်ဆန်း အနိုင်မရခဲ့ပေ။ ကိုအောင်းဆန်း ဝိဇ္ဇာအထက်တန်းကျောင်းသားဖြစ်သောနှစ်တွင် ဒုတိယအကြိမ် ဝင်ရောက်အရွေးခံပြန်၍ တက္ကသိုလ်ကျောင်းသား အမူဆောင်ဖြစ်လာသည်။
(ဗိုလ်ချုပ်လိုလူတောင် တစ်ခါတည်း အောင်ပွဲရသည်မဟုတ် ညီငယ် ညီးမငယ်များ စိတ်ဓါတ်ဘယ်တော့မှ မပျက်လေနှင့် ထပ်တလဲလဲ အားထုပ်ပါလော)
ထိုနှစ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုနု (ယခု ဝန်ကြီးချုပ်ဦးနု) ဖြစ်သည်။
ကိုအောင်ဆန်းသည် သမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော အိုးဝေ စာစောင်စာတည်းအဖြစ်ဆောင်ရွက်သည်။အိုးဝေစာစောင်၌ တက္ကသိုလ်အာဏာပိုင်အရာရှိပိုင်းမှ ကိုယ်ကျင့်တရားဖေါက်ဖျက်နေသူတဦးအကြောင်း ဆောင်းပါးတစောင်နှင့်ပတ်သက်၍ တက္ကသိုလ် ကျောင်းအုပ်ကြီးက ကိုအောင်ဆန်းကို အရေးယူလေသည်။ ဥက္ကဋ္ဌ ကိုနုအားလည်း နိုင်ငံရေး မလုပ်ရဟု တားမြစ်၏။ ထို့နောက် သမဂ္ဂဥက္ကဋ္ဌ ကိုနုနင့် အိုးဝေးစာတည်း ကိုအောင်ဆန်းတို့အား ကျောင်းမှ ထုပ်လိုက်လေသည်။
ထိုအခါ ကျောင်းသားတို့ကလည်း သပိတ်လက်နက်ကိုစွဲကိုင်၍ အာဏာပိုင်တို့အား ပြန်လည်ကန့်ကွက်ကြရာ ၁၉၃၆ ခုနှစ်တွင် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့လေသည်။

နိုင်ငံရေးလောကသို့ကူးပြောင်းခြင်း
၁၉၃၆ခု ကျောင်းသားသပိတ်မှစ၍ ကိုအောင်ဆန်း၏အမည်သည် ထင်းရှားလာ၏၊ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သို့ အိန္ဒိယနိုင်ငံရေးခေါင်းဆောင် (ယခုအခါ အိန္ဒိယပြည်ဝန်ကြီးချုပ်) ပဏ္ဍစ်နေရူးရောက်လာခဲ့ရာ မိမိတို့နိုင်ငံအသီးသီး လွတ်လပ်ရေးရရှိမှုပြဿနာများကို ဆွေးနွေးခဲ့ကြ၏။
၁၉၃၈ ခုနှစ်တွင် ကိုအောင်းသည် ဝိဇ္ဇာတန်းအောင်ပြီး ဥပစာတန်းသားအဖြစ် တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌရာထူးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရာထူး နှစ်ရပ်လုံးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် များမကြာမီမှာပင် ကျောင်းမှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့လေသည်။ ထိုအခါမှစ၍ ကိုအောင်ဆန်းလည်း တက္ကသိုလ်ကျောင်းသားဘဝမှ သခင်အောင်ဆန်းဘဝသို့ ရောက်လာခဲ့လေတော့သတည်း။

သခင်အောင်ဆန်း
သခင်အောင်းဆန်းဘဝနှင့် အိန္ဒိယပြည် ရမ်းဂါးကွန်ဂရစ် အစည်းအဝေးသို့လည်းတက်ရောက်ခဲ့၏။ ၁၉၃၉ ခုနှစ်တွင် သူနှင့်လုပ်ဖေါ်ကိုင်ဘက်များကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးသောအချိန်တွင် သခင်အောင်းဆန်း သည် တိမ်းရှောင်နေခဲ့၏။ ၁၉၄၀ ခုနှစ် ဇါန်လ ၂၉ ရက်နေ့တွင် ဇလွန်မြို.၌ တရားဟောပြောရာ ရာဇဝတ်တရားသူကြီးက သခင်အောင်ဆန်းကို ဖမ်းရန် အမိန့်ထုတ်ပြီး ဖမ်းဆီးမိလျင် ဆုငွေ ၅ိ ပေးမည်ဟု ကြော်ငြာခဲ့၏။။ ထိုအခါ ကျောင်းသားများနှင့် ပြည်သူလူထုကပါ သခင်အောင်ဆန်း၏ ဂုဏ်ကို စော်ကားရာရောက်သည်ဟု ကန့်ကွက်သဖြင့် ဆုငွေ ၅ိ နှင့်တကွ အမှုကိုပါ ပိတ်လိက်ရ၏။ ထိုအချိန်၌ သခင်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းမှ တိမ်းရှောင်နေရင်း နိုင်ငံလွတ်လပ်ရေးကို ကြံဆနေခဲ့၏။ ၁၉၄၀ ခုနှစ် သြဂုတ်လတွင် သခင်းအောင်ဆန်းသည် လျိုဝှက်ရုပ်ဖျက်ကာ ဂျပန်ပြည်သို့ ထွက်ပြေးခဲ့၏။ ဂျပန်ပြည် တွင် ဂျပန်စစ်ဗိုလ်ကာနယ် ဆူဇူကီး နှင့် တွေဆုံဆက်သွယ်ပြီး မြန်မာပြည်မှ အခြားရဲဘော်များကိုပါ တိတ်တဆိတ် ပြည်ပသို့ ခိုးထုတ်ကာ တိုကျိုမြို.၌ "ရဲဘော်သုံးကျိတ်" စတင်ဖွဲ့စည်းလိုက်၏။

ဗိုလ်တေဇ
ထို့နောက် သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့သည် ဟိုက်နန်းကျွန်း၌ စစ်ပညာများ သင်ကြားပြီး ယိုးဒယားသို့လာခဲ့ကြ၏။ ယိုးဒယား၌ ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းကာ မြန်မာပြည်တွင်းသို့ မဲဆောက်မှတစ်ကြောင်း မြစ်တာမှတစ်ကြောင်း ကော့သောင်မှတစ်ကြောင်း စစ်သုံးကြောင်းဖြန့်ကာ ချီတက်လာခဲ့၏။ ထိုဗမာ့လွတ်လပ်ရေး တပ်မတော်၌ သခင်အောင်ဆန်းသည် ဗိုလ်တေဇအမည်ခံကာ စစ်ဦးစီးချုပ်တာဝန်ယူခဲ့၏။

တော်လှန်ရေးနေ့
ဂျပန်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်တေဇအမည်ခံ ဗိုလ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော် ကြိးကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် အမည်မှည့်ခေါ်စေ၏။ ၁၉၄၃ ခုနှစ် သြဂုတ်လ တစ်ရက် နေ့တွင် ဂျပန်တို့က မြန်မာပြည်အား အယောင်ဆောင်လွတ်လပ်ရေး ပေး၍ ဒေါတ်တာဘမော်ဦးစီးသော အစိုးရအဖွဲ့၌ ဗိုလ်အောင်ဆန်းကို စစ်ဝန်ကြီး ရာထူးပေး၏။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဖို့မှာမူ မြန်မာပြည်ကို လုံးဝမသိမ်းရမီကပင် ဂျပန်တို့၏ ဆိုးရွာယုတ်မာမူများကို စက်ဆုပ်ရွှံ့ရှာသဖြင့် ဂျပန်တို့အား ပြန်လည်းတော်လှန်ရန် အခွင့်ကောင်းကို စောင့်လင့်နေခဲ့၏။ ဂျပန်တို့၏ ဖိနှိပ်မှု ရက်စက်မူများကြီးမာလာသည့်အလျောက် တော်လှန်ရေးစိတ်ဓါတ်များလည်း ပြင်းထန်လာရာ၁၉၄၅ ခု မတ်လ ၂၇ ရက်နေတွင် ဗိုလ်ချုပ်သည် သူ၏တပ်မတော်သားအားလုံးအား ဂျပန်တို့ကို တော်လှန်ရန် အမိန့်ခုတ်လိုက်လေသည်။ ထိုအခါမှစ၍ ဂျပန်တော်လှန်ရေး ကြီးအစပြုခဲ့လေသည်။

ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်တို့အား တော်လှန်ပြီးသည့်နောက် မြန်မာပြည်ကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ကြ၏ ထိုအခါ ဗိုလ်ချုပ်သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြိးကိုတည်ထောင်ကာ အင်္ဂလိပ်အစိုးရထံမှ မြန်မာနိုင်ငံလုံးဝ လွတ်လပ်ရေးကို တောင်းဆိုလေတော့သည်။
ဗိုလ်ချုပ်သည် ပထမဦးဆုံး ဖဆပလ ဥက္ကဋ္ဌကြီးအဖြစ် လွတ်လပ်ရေးတောင်းဆိုရာတွင် အင်္ဂလိပ်တို့ကလည်း အမျိုးမျိုးအဖုံဖုံ ပရိယာယ်ကိုသုံး၍ နေကြ၏။ ထိုအချိန်က အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ဖဆပလ အဖွဲ့ကြီးကို အပေါ်ယံလိုလားဟန်ပြ၍ တကယ်တမ်း၌ ပစ်ပယ်ခဲ့သဖြင့် တိုင်ပြည်အုပ်ချုပ်ရေး မနိုင်မနင်းဖြစ်ကာ ဘုရင်ခံအသစ် ဆာဟူးဗတ်ရန့်အား ရာထူးလွဲပြောင်းပေးရလေသည်။ ထိုအခါ ဘုရင်ခံ ဆာဟူးဗတ်ရန့်က ဖဆပလ အားအစိုးရဖွဲ့စေ၏။ ၁၉၄၆ ခုနစ်တွင် ဖဆပလ အဖွဲ့သည် အစိုးရဖြစ်လာ၏။ သို့သော်လည်း လွတ်လပ်သော အချုတ်အခြာအာဏာပိုင် အစိုးရအဖြစ် မရောက်သေးပေ။ ထို့ကြောင်ဗိုလ်ချုပ်ခေါင်းဆောင်သော ဖဆပလ အဖွဲ့က မြန်မာနိုင်ငံကို အာဏာလွဲပြောင်းမပေးလျင် ရှေခြေတစ်လမ်းတိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ကြွေးကြော်လိုက်ရာ အင်္ဂလန် အစိုးရအဖွဲ၌ပင် ပြဿနာပေါ်ရလေတော့သည်။ ထို့နောက် ဗိုလ်ချုပ်အပါအဝင် ကိုယ်စလှယ်ခြောက်ယောက်တို.ကို အင်္ဂလန်သို့ခေါ်၍ လွတ်လပ်ရေးပေးရန် ဆွေးနွေးရလေသည်။

ညီညွတ်ရေး ခေါင်းဆောင်ဗိုလ်ချုပ်
ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုဆောင်ရွက်ရာ၌ အင်္ဂလိပ်တို့၏ နယ်ချဲ့ပရိယာယ်ကို အခါမလပ် သတိထားသည် အင်္ဂလိပ်သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးစေကာမှု တောင်တန်းဒေသ လူမျိုးစုများကို ဆက်လက်သိမ်းပိုက်ထားလို၏ သို့အတွက် ပြည်ထောင်စု စိတ်ဝမ်းကွဲရေးကို ပြုလုပ်ဆောင်ရွက်မည့်သဘောကို ဗိုလ်ချုပ် ဆင်ခြင်မိသည် ထိုကြောင့် ဗိုလ်ချုပ်သည် တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ ရှမ်း ကချင် ကရင် ကယား ချင်းတိုနှင့် ညီညွတ်ရေးရရှိရန် ဆောင်ရွက်ခဲ့၏။ယင်းသို့ ပြည်ထောင်စု ညီညွတ်ရေးအတွက် ၁၉၄၇ ခု နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်၌ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပင်လုံကွန်ဖရင့် ကြီးခေါ်ဆိုကာ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအခါမှစ၍ ပြည်ထောင်စုနေ့ဟူ၍ ပေါ်ပေါက်ခဲ့ပေသည်။

လွတ်လပ်ရေး အဓိဋ္ဌာန်
ထို့နောက် ဗိုလ်ချုပ်သည် အင်္ဂလန်သို့သွား၍ အင်္ဂလန်အစိုးရနှင့် လွတ်လပ်ရေးရရှိရန် ဆွေးနွေးခဲ့၏။ တစ်နှစ်အတွင် လွတ်လပ်ရေးရရမည် ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြည်ပြုလွတ်တော်ရွှေးကောက်ပွဲ၌ ဝင်ရောက်အရွှေးခံရာ ဗိုလ်ချုပ်၏ ဖဆပလ အဖွဲ့သည် လူထုတစ်ရပ်လုံး၏ ထောက်ခံမူကို ရရှိခဲ့ပေသည်။

ဗိုလ်ချုပ်၏ အိမ်ထောင်စု
ဗိုလ်ချုပ်သည် ၁၉၄၂ ခုနှစ်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက် သ္မီးနှစ်ယောက်ဖွားမြင်ခဲ့၏။သို့သော် အငယ်ဆုံးသ္မီးထွေးမှာ ဗိုလ်ချုပ်လွတ်လပ်ရေး ကြိုးပမ်းနေဆဲ့မှာပင် ကွယ်လွန်ဆုံးပါးခဲ့ရှာ၏။
ထိုကြောင့် ဗိုလ်ချုပ်ကွယ်လွန်သောအခါ သားနှစ်ယောက်နှင့် သမီးတယောက် ကျန်ရစ်ခဲ့လေသည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်
၁၉၄၇ ခုနစ် နှစ်ဝက်ကျိုးသောအချိန်တွင် ဗိုလ်ချုပ်ကြိုးပမ်းသော လွတ်လပ်ရေး အောင်ပန်းကို ရလုဆဲ အခြေအနေသို့ ဆိုက်ရောက်လာ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် ရအံ့ဆဲလွတ်လပ်ရေး ကြီးအတွက် အားတက်ခါ မြန်မာနိုင်ငံကြီးရှေရေးကို သူ၏ဝန်ကြီးအဖွဲ့နှင့် အခါမလပ် တိုင်းပင်ဆွေးနွေး စီစဉ်ခဲ့ပေသည်။ယင်းသို့ ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ သခင်မြ မန်းဘခိုင် မိုင်းပွန်စော်ဘွား ဦးဘချို ဦးဘဝင်း မစ္စတာရာဇတ် တို့သည် တိုင်းပြည်အကျိုးကို သယ်ပိုးနေစဉ်မာ ၁၉၄၇ ခုနစ် ဇူလှိုင်လ ၁၉ ရက်နေ့တွင် လူသတ်သမားတို့၏ လက်ချက်ဖြင့် အနိစ္စ ရောက်ခဲ့ကြရလေသတည်း။
 

ဒေါ်ဦးဇွန်း - အတ္ထု ပ္ပတ္တိ


ပထမလူမှုဝန်ထမ်းအမျိုးသမီး (သို့ ) မြန်မာ့ဘိုးဘွားရိပ်သာများ၏မိခင်

မင်းကွန်းလူအိုရုံကိုစတင်တည်ထောင်သူမှာ ဒေါ်ဦးဇွန်း ဖြစ်ပေသည်။ ဒေါ်ဦးဇွန်းသည် ယနေ့ မြန်မာနိုင်ငံ၌ ထမြောက် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဘိုးဘွားများ (၀ါ) လူအိုများ စောင့်ရှောက်ရေး လူမှုဝန်ထမ်းလုပ်ငန်းကို မြန်မာလူမျိုးများထံမှ ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဖြစ်ပေသည်။

၊ဒေါ်ဦးဇွန်းကို ၁၂၃၀ ပြည့်နှစ် ၀ါခေါင်လဆန်း ၅ ရက် သောကြာနေ့တွင် ရတနာပုံနေပြည်တော် (မန္တလေးမြို့) ၌ ဖွားမြင်သည်။ ထိုအချိန်၌ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တို့ သိမ်းပိုက်ပြီးဖြစ်သည်။ အထက်မြန်မာနိုင်ငံကိုမူ မင်းတုန်းမင်း အုပ်စိုးဆဲဖြစ်သည်။ ဒေါ်ဦးဇွန်း ၁၇ နှစ်သမီးအရွယ်သို့ ရောက်သောအခါတွင်မှ သီပေါမင်း ပါတော်မူခဲ့လေသည်။

၊ဒေါ်ဦးဇွန်း၏ ဖခင်မှာ ဦးအီ ဖြစ်၍၊ မိခင်မှာ ဒေါ်မျှင် ဖြစ်လေသည်။ ဦးအီသည် အမရပူရမြို့ ရက်ကန်းစင်များမှ ပိုးထည်၊ ချည်ထည်တို့ကို အရောင်းအ၀ယ်ပြုသော ပိုးကုန်သည်ကြီး ဖြစ်ရာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည်။ ရတနာပုံ နေပြည်တော်တွင် အိမ်ကြီးရခိုင်ဖြင့် နေထိုင်နိုင်သည်။

၊ဒေါ်ဦးဇွန်းသည် တစ်ဦးတည်းသော သမီးကလေးဖြစ်သည်။ ရုပ်ရည်ရူပကာ လှပတင့်တယ်သည်နှင့်အမျှစိတ်နေသဘောထားလည်းထူးခြားမွန်မြတ်သူဖြစ်သည်။
ဒေါ်ဦးဇွန်း၏ အမူအကျင့်၊ စိတ်နေသဘောထားနှင့် ပတ်သက်၍ စာပေဗိမာန်ထုတ် ‘ဖွားဦးဇွန်း’ အတ္ထုပ္ပတ္တိ၌ ဤသို့ ဖော်ပြထားသည်ကို တွေ့ရသည်။

“ဒေါ်ဦးဇွန်းသည် အာဇာနည် အမျိုးသမီး ဖြစ်သည်။ သူ့၌ နူးညံ့သိမ်မွေ့သော စိတ်ဓာတ်ရှိသည်။ သို့သော် တစုံတရာကို ပြုမည်ဟု ပြဋ္ဌာန်းလိုက်သည်ရှိသော် ထိုအရာကို မဖြစ်မနေ ပြုလုပ်တတ်သော သံမဏိစိတ်ဓာတ်လည်း ရှိပေသည်။ ဒေါ်ဦးဇွန်းသည် ငယ်ရွယ်စဉ်က ပွဲလမ်းသဘင် အပျော်အပါးတို့ကို မလိုက်စားခဲ့ချေ။ အ၀တ်အစား၌လည်း အခြားသော အမျိုးသမီးများကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် ၀တ်စားဆင်ယင်ခြင်း လုံးဝမရှိဘဲ ပင်နီမျှလောက်နှင့်ပင် ရောင့်ရဲတင်းတိမ်ခဲ့၏။ သာမှု နာမှု သွားသောအခါ၌ပင် ပင်နီချော၊ အမရပူရ လုံချည်မျှသာ ဆင်ယင်၍ စိန်ရွှေ စသည်တို့ကို အလျဉ်းမ၀တ်ဘဲ သွားလာလေ့ရှိသည်။သို့ရာတွင်ကုသိုလ်ကောင်းမှု ပြုမည်ဟုမိမိစိတ်က ပြဋ္ဌာန်း
လိုက်လျှင် ထိုပြဋ္ဌာန်းချက်အတိုင်း အထမြောက်အောင် ဆောင်ရွက်ရသည်တို့၌ကား စိတ်ပျော်ရွှင်မှု ဖြစ်သည်ဟု ယူဆလေ့ရှိသည်။ဒေါ်ဦးဇွန်းသည် ဗဟုသုတ ကြွယ်ဝသည်။ လူပေါင်းဆံ့သည်။ မင်္ဂလာတရားတော်နှင့်အညီ ခြိုးခြံသင့်သော
အရာ၌ခြိုးခြိုးခြံခြံကျင့်သုံး၍ ပေးထိုက်လှူထိုက်သောအရာ၌ရက်ရက်ရောရော
ပေးကမ်းလှူဒါန်းတတ်သည်။ခြိုးခြံရမည့်နေရာတွင်မိမိအဖို့ထမင်းတစ်နပ်မျှနှင့်ပင်
ရောင့်ရဲ တင်းတိမ်နိုင်သည်။”

၊ဒေါ်ဦးဇွန်းသည် ငယ်စဉ်ကပင် မိဘလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါ မိဘလုပ်ငန်းကို ဦးစီးဦးဆောင် ပြု၍ပင် လုပ်ကိုင်ခဲ့ပေသည်။ ထို့ကြောင့် ပိုးထည်အရောင်းအ၀ယ် ကိစ္စနှင့်ပတ်သက်၍ အမြို့မြို့သို့ ရောက်ခဲ့၏။ လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံခဲ့၏။ သို့ရာတွင် အိမ်ထောင်သားမွေးကား မပြုခဲ့။ အပျိုကြီးဘ၀ဖြင့် အရိုးထုတ်ခဲ့လေသည်။

၊ဒေါ်ဦးဇွန်းသည် အသက်၃၀အရွယ်တွင်မန္တလေးမြို့ရှိပတ္တမြားဆရာတော်ဘုရားကြီး
ကို အုတ်ကျောင်းကြီးတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုမှစ၍ “ပတ္တမြားအုတ်ကျောင်းအမ ဒေါ်ဦးဇွန်း” ဟူ၍ ထင်ရှားခဲ့သည်။

မိဘနှစ်ပါး ကွယ်လွန်သောအခါ အမွေအနှစ်အားလုံးကို ဒေါ်ဦးဇွန်း ရလိုက်သည်။ ယင်းတို့မှာ နေထိုင်သော တိုက်အိမ်၊ ငွေသား တစ်သိန်းခွဲ၊ လယ်ယာမြေ စသည်တို့ဖြစ်သည်။ ဒေါ်ဦးဇွန်းသည် မိဘနှစ်ပါး ရှိစဉ်ကပင် ပိုးကုန်သည်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့သည်ဖြစ်ရာ မိဘနှစ်ပါး မရှိသော်လည်း လုပ်ငန်းအတွက် လုံးဝ အခက်အခဲမရှိ အောင်မြင်စွာ ဆက်လက်လုပ်ကိုင်နိုင်ခဲ့သည်။ ထို့ကြောင့် စီးပွားဥစ္စာတို့မှာ ဆုတ်ယုတ်မသွား၊ တိုးတက်၍ပင် လာခဲ့ပေသည်။ သို့ရာတွင် သူသည် စီးပွားဥစ္စာများ၌ မပျော်ပိုက်၊ စိတ်ပျော်ရွှင် ချမ်းမြေ့ခြင်း မရှိလှ။ ကွယ်လွန်သူ မိဘနှစ်ပါးကိုသာ သတိတရရ ဖြစ်နေသည်။

သို့ဖြင့် စိတ်ပြေလက်ပျောက်ဖြစ်စေရန် ရန်ကုန်သို့ အလည်အပတ် ဆင်းလာသည်။ ထိုအချိန်၌ ဒေါ်ဦးဇွန်းသည် အသက် ၄၀ အရွယ်ရှိပြီ။ ဒေါ်ဦးဇွန်း ရန်ကုန်ဆင်းလာချိန်တွင် ရန်ကုန်မြို့ စတော့ကိတ်လမ်း (ယခု သိမ်ဖြူလမ်း) ၌ ခရစ်ယာန်သီလရှင်များ ဦးစီးဆောင်ရွက်နေသည့် လူအိုရုံတစ်ရုံ ရှိသည်။ ယင်းသည် မူလက ဘရင်ဂျီ ဂိုဏ်းထောက်ဘုန်းတော်ကြီး ဘီဂင်ဒက်သည် ခရစ်ယာန် သာသနာပြုရန်ပဲရစ်မြို့မှ မော်လမြိုင်မြို့သို့၁၈၅၆ခုတွင် ရောက်ရှိလာသူ ဖြစ်သည်။
မြန်မာစကားကို ကောင်းစွာ တတ်ကျွမ်းသည်။ မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်ပတ်သွားလာခဲ့ဖူးသည်။ဗုဒ္ဓဘာသာဝင်များနှင့်ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဖူးသည်။ မင်းတုန်းမင်းနှင့် တွေ့ဆုံ၍ ဘာသာရေးကိစ္စများကို ဆွေးနွေးခဲ့ဖူးသည်။ မင်းတုန်းမင်း ပေးသော ဆင် ၃ စီး၊ လှေတစ်စင်းဖြင့် ဘရင်ဂျီဘာသာဝင်များ ရှိရာဒေသများသို့ ဗန်းမော်မြို့အထိ ဆန်တက်ခဲ့ဖူးသည်။ ဗုဒ္ဓ ဂေါတမ အတ္ထုပ္ပတ္တိ
(Life and Legend of Gautama) စာအုပ်ကို ရေးသား၍ ၁၈၅၈ ခုတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုဘုန်းတော်ကြီး ဘီဂင်ဒက်သည် ၁၈၈၉ ခုတွင် ထိုလူအိုရုံကို စတင်တည်ထောင်ခဲ့သည်။ နောင်သောအခါ သီလရှင်ဂိုဏ်းသို့ လွှဲပြောင်းပေးခဲ့သည်။

ရန်ကုန်သို့ ရောက်နေသော ဒေါ်ဦးဇွန်းသည် တနေ့သောအခါ ထိုလူအိုရုံသို့ သွားရောက် လည်ပတ် ကြည့်ရှုသည်။ ခိုကိုးရာမဲ့ ဖြစ်နေသော ဘိုးဘွားများအား ခရစ်ယာန်သီလရှင်များက ကောင်းစွာ ကျွေးမွေး စောင့်ရှောက် ပြုစုထားသည်ကို တွေ့ရသည်။ ထိုအခါ ထိုလုပ်ငန်းကို ဒေါ်ဦးဇွန်း များစွာ နှစ်သက် သဘောကျသွားသည်။ ခိုကိုးရာမဲ့ဖြစ်နေသောဘိုးဘွားများကို ကျွေးမွေးစောင့်ရှောက်ခြင်းသည် မြတ်သောအမှု၊ မြတ်သောဒါန ဖြစ်သည်ဟူ၍ တွေးမိသည်။ ခရစ်ယာန် သာသနာပြုတို့နည်းတူ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်လည်း ထိုလုပ်ငန်းမျိုးကို လုပ်ဆောင်သင့်သည်ဟု အကြံဖြစ်မိသည်။ ယင်းသို့ တွေးမိ အကြံဖြစ်မိရာမှ ထိုလုပ်ငန်းကို မိမိကပင် စတင်ဦးဆောင် လုပ်တော့မည်၊ ကွယ်လွန်သူ မိဘနှစ်ပါးကိုယ်စား အသက်ထင်ရှား ရှိနေသော ခိုကိုးရာမဲ့ ဘိုးဘွားများကို ပြုစုစောင့်ရှောက်ခြင်းဖြင့် စိတ်ချမ်းသာမှုကို ရှာတော့မည်ဟူ၍ သန္နိဋ္ဌာန် ချလိုက်လေသည်။

သို့ဖြင့် မန္တလေးမြို့သို့ ပြန်ရောက်သောအခါ ဒေါ်ဦးဇွန်းသည် ထိုလုပ်ငန်းကို စတင် အကောင်အထည်ဖော်လေသည်။ ရှေးဦးစွာ မင်းကွန်းရွာရှိ မင်းကွန်းစေတီနှင့် မင်းကွန်းခေါင်းလောင်းကြီးအနီး အေးချမ်းသာယာလှသော မြေနေရာတွင် ကမ္မဋ္ဌာန်းကျောင်း ၃ ကျောင်း ဆောက်သည်။ ထို့နောက် အဘိုးအိုတစ်ဦးနှင့် အဘွားအို နှစ်ဦး၊ ပေါင်း ၃ ဦးကို ထားရှိသည်။ ယင်းတို့မှာ အသက် ၉၅ နှစ်အရွယ်ရှိ ဖိုးဆင့်၊အသက်၉၈ နှစ်အရွယ်ရှိဖွားစိုး၊အသက်၈၅ နှစ်အရွယ်ရှိဖွားမယ်တို့
ဖြစ်ကြသည်။ သူတို့ ၃ ဦးကို ဒေါ်ဦးဇွန်း ကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦး၏ အကူအညီဖြင့် ကျွေးမွေးစောင့်ရှောက် ပြုစုသည်။ ၁၂၇၈ ခုမှ စတင်လုပ်ဆောင်ရာ ၁၂၈၀ ပြည့်နှစ်တွင် ဘိုးဘွား ၂၀ အထိ တိုးချဲ့လက်ခံ ထားရှိနိုင်ခဲ့သည်။ ထို ၂ နှစ်အတွင်း ကုန်ကျစရိတ် အ၀၀ကို ဒေါ်ဦးဇွန်းတစ်ဦးတည်းကပင် ကျခံပေသည်။

ထို့နောက် ဒေါ်ဦးဇွန်း၏လုပ်ငန်းကို အားပေးကူညီမည့်ပုဂ္ဂိုလ်နှစ်ဦး ပေါ်လာသည်။ ဦးဘချမ်းနှင့် ဦးမောင်ကြီး (ဘီအိုင်အေ) တို့ ဖြစ်ကြသည်။ မင်းကွန်း လူအိုရုံလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် သူတို့ ၃ ဦး ပူးပေါင်းလျက် လူအိုရုံအသင်း တည်ထောင်ကာ ရန်ပုံငွေ ဖွင့်သည်။ အသင်းတည်ထောင်စ၌ အားပေးမည့်သူ နည်းပါးလှသဖြင့် ၈ နှစ်အတွင်း ရန်ပုံငွေ ရှစ်ထောင်သာ ရသည်။ သို့ရာတွင် မွန်မြတ်သော လုပ်ငန်းကို တိုင်းပြည်က တစတစ သဘောပေါက် နားလည်လာကြသဖြင့် မကြာမြင့်မီပင် ရန်ပုံငွေ ရှစ်ထောင်မှ ၄ သိန်းအထိ တိုးတက်ရရှိလာသည်။ ထိုအခါ မင်းကွန်းလူအိုရုံကို ဘိုးဘွား ၂၅၀ အထိ တိုးချဲ့လက်ခံနိုင်သောအခြေသို့ရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ခေတ်မီ
ရေလှောင်ကန်၊ မီးဖို၊ ဓမ္မာရုံ စသည်တို့ ထားရှိ၍လည်း လူအိုရုံလုပ်ငန်းကို ခေတ်မီ စနစ်တကျ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်၊ လူအိုရုံပိုင် မော်တော်တစ်စီးပင် ထားနိုင်ကာ မန္တလေးဆိပ်ကမ်းမှ မင်းကွန်းလူအိုရုံသို့ သွားလိုသူများကို အခမဲ့ နိဗ္ဗာန်ကူးတို့ပင် ပို့နိုင်ခဲ့လေသည်။

ယင်းသို့ မင်းကွန်းလူအိုရုံ တိုးတက်အောင်မြင်လာသောအခါ ဒေါ်ဦးဇွန်းသည် အခြားမြို့များတွင် လူအိုရုံများ တည်ထောင်နိုင်ရန် ကြိုးပမ်းပြန်သည်။ သူသည် သူ့ငွေဖြင့်ပင် မ တည်ကာ ၁၂၈၉ ခုတွင် သထုံ မြသပိတ်တောင်ခြေ၌လည်းကောင်း၊ ၁၂၉၀ ပြည့်တွင် ပေါင်းတည်၌လည်းကောင်း၊ ၁၂၉၅ ခုတွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌လည်းကောင်း၊ ၁၂၉၉ ခုတွင် ပခုက္ကူ၌လည်းကောင်း လူအိုရုံများ တည်ထောင်ခဲ့သည်။ ထို့နောက် သူ၌ ရှိရှိသမျှသော ပစ္စည်းအားလုံး စုစုပေါင်း ၂ သိန်းဖိုးခန့်ကိုလည်း လူအိုရုံများသို့ ရက်ရောစွာ လှူဒါန်းလိုက်လေသည်။ လူအိုရုံလုပ်ငန်းကို ကိုယ်ဖိရင်ဖိ ဆောင်ရွက်နေရာမှ အသက် ၆၀ အရွယ် ရှိလာသောအခါ ဒေါ်ဦးဇွန်းသည် ပေါင်းတည်မြို့ လူအိုရုံ၌ သီလရှင်ဘ၀သို့ ကူးပြောင်းလိုက်သည်။ (ဘွဲ့မှာ ဘွားသုမာလာ ဖြစ်သည်။) ယင်းသို့ သီလရှင်ဘ၀သို့ ကူးပြောင်းသော်လည်း လူအိုရုံ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မြဲ ဆောင်ရွက်သည်။

ဤအတွင်း မြန်မာနိုင်ငံသို့ ဒုတိယကမ္ဘာစစ်မီးကြီး ကူးစက် ပြန့်ပွားလာသည်။ စစ်မီးသည် အခြားသော လုပ်ငန်းများနှင့်အတူ ဒေါ်ဦးဇွန်း၏ လူအိုရုံလုပ်ငန်းကိုလည်း ဖျက်ဆီးခဲ့သည်။ စစ်ဒဏ်ကို အခြားလူအိုရုံများထက် နှင်းဆီကုန်း လူအိုရုံက ပို၍ခံရသည်။ ရန်ကုန်မြို့ကို ဂျပန်က ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်က မြို့သူမြို့သား အားလုံးအား ၂၈-၂-၄၂ နေ့ကို နောက်ဆုံးထား၍ မြို့မှ ထွက်ခွာသွားကြရန် အမိန့်ပေးသည်။ (ယင်းသို့ အမိန့်ပေးပြီးနောက် ၆-၃-၄၂ နေ့တွင် ရန်ကုန်မြို့ကို အနှံ့အပြား မီးရှို့ဖျက်ဆီးခဲ့သည်။) ဤတွင် နှင်းဆီကုန်း လူအိုရုံမှ အဘိုးအဘွားများအား ဒေါ်ဦးဇွန်း ကိုယ်တိုင် ကြပ်မတ်လျက် ၁၁-၂-၄၂ နေ့တွင် မင်းကွန်းလူအိုရုံသို့ ပြောင်းရွှေ့ပေးခဲ့လေသည်။ (မင်းကွန်းလူအိုရုံသည် နှင်းဆီကုန်း လူအိုရုံကဲ့သို့ စစ်ဒဏ်ကို ပြင်းထန်စွာ မခံစားရသော်လည်း အထိုက်အလျောက်ကား ခံစားခဲ့ရသေးသည်။ ဖက်ဆစ်ဂျပန်တို့သည် မင်းကွန်းလူအိုရုံပိုင် မော်တော်ကို သိမ်းပိုက်ခဲ့၏။ မင်းကွန်းလူအိုရုံပိုင် လျှပ်စစ် ဓာတ်မီးစက်ကိုလည်း သိမ်းပိုက်ခဲ့၏။ ထို့ပြင် လူအိုရုံ အဆောက်အအုံ အချို့ကို ဖျက်ဆီးခဲ့၏။)

နှင်းဆီကုန်း လူအိုရုံမှ ဘိုးဘွားများကို ဒေါ်ဦးဇွန်းကိုယ်တိုင် မင်းကွန်းသို့ ခေါ်ဆောင်ပြောင်းရွှေ့ပေးရာတွင် အချို့သာ လိုက်ပါကြသည်။ အချို့က မင်းကွန်းသို့ မလိုက်လိုဟုဆိုကာ ရန်ကုန်၌ ဇွတ်အတင်း နေခဲ့ကြသည်။ သူတို့သည် ၁ နှစ်ကျော်ခန့် စောင့်ရှောက်သူမရှိ၊ ဖရိုဖရဲတကွဲတပြားစီ ဖြစ်နေကြသည်။
ဒေါ်ဦးဇွန်းခမျာမှာလည်းသူတို့အတွက်မည်သို့မျှမဆောင်ရွက်နိုင်အောင် ဖြစ်ခဲ့ရသည်။ ဤတွင် ၁၉၄၃ ခု၌ စိတ်ထားမွန်မြတ်သူ ပုဂ္ဂိုလ်တစုက စုပေါင်း၍ နှင်းဆီကုန်း ဘိုးဘွားစောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသောဘိုးဘွားတို့ကို ပြန်လည်စည်းရုံးကာ ပြုစုစောင့်ရှောက်ကြသည်။
ဒေါ်ဦးဇွန်း၏လက်ငုတ်ကိုဆက်လက်လုပ်ကိုင်ကြသည်။ယင်းသို့လုပ်ကိုင်သည်ကို
လည်း မင်းကွန်းရှိ ဒေါ်ဦးဇွန်းထံ စာရေး၍ သတင်းကောင်း ပေးပို့ကြသည်။

ထိုအခါ ဒေါ်ဦးဇွန်းသည် ၀မ်းမြောက်ဝမ်းသာ ဖြစ်လျက် -

“‘လူအိုရုံကြီးကို တာရှည်ကောင်းဖို့ မျှော်လင့်၍ စောင့်ရှောက်ရေးအဖွဲ့’ ဟု တည်ထောင် ထူထောင်တော်မူကြသောကြောင့် နာယက ဆရာတော်မှစ၍ အဖွဲ့ဝင် လူကြီးများအားလုံး ကြံတိုင်းအောင်ကြပါစေ၊ ကပ်သုံးပါးမှ ကျော်လွှားနိုင်ပါစေဟု မေတ္တာ ပို့ပါ၏။ ဥက္ကဋ္ဌကြီး ဦးတင်ထံက စာကို ရရှိသည်မှာ ရွှေထုပ် ငွေထုပ်ကို ရရှိသည်ထက် များစွာ အဖိုးတန်လှပါပေသည်။ လူအိုများအကျိုး လိုဟန်ဆောင်၍ လောဘ အတ္တဟိတသမားများ တွေ့ရှိ ထင်မြင်ပါလျှင် နှိမ်နင်းပယ်ရှား နိုင်ပါစေ ဟု ဆုတောင်းပါ၏။”

ဟူ၍ ၂၈-၅-၄၃ နေ့စွဲဖြင့် စာ ပြန်ကြား ရေးသားခဲ့လေသည်။

ထိုအချိန်၌ ဒေါ်ဦးဇွန်းသည် ဇရာထောင်းနေပြီ။ ကျန်းမာရေးလည်း ချို့တဲ့နေပြီ။ ထို့ကြောင့် ၂၅-၁၀-၄၃ နေ့စွဲဖြင့် အဖွဲ့သို့ ရေးသားပေးပို့သောစာ၌ ဤသို့ထည့်သွင်းမှာကြားခဲ့သည်။“အဘွားလည်းအသက်အရွယ်ကြီးပါပြီ။
ကောင်းကောင်းလည်း မကျန်းမာသဖြင့် မောင်တို့ပဲ ဒီလုပ်ငန်းကို ဆက်လက် တာဝန်ယူကြပါ။ အဘွားတော့ မတတ်နိုင်တော့ပါ။”

ဤစာသည် ဒေါ်ဦးဇွန်း၏ နောက်ဆုံးစာပင် ဖြစ်သည်။ ဤစာ ရေးပြီးနောက် ၁ နှစ်ခန့်အကြာတွင် ဒေါ်ဦးဇွန်းကွယ်လွန်အနိစ္စရောက်သွားရှာလေသည်။
ဒေါ်ဦးဇွန်းသည် မွန်မြတ်လှသည့် လုပ်ငန်းကြီးကို ထူးချွန်စွာ ဆောင်ရွက်လျက် ဘ၀ကို တန်ဖိုးရှိစွာ အသုံးချနေထိုင်သွားသူ ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပေသည်။ သူကွယ်လွန်သည့်နေ့သည် ၁၁-၅-၄၄ နေ့ဖြစ်၍ စစ်ကာလအတွင်း ဖြစ်သည်။ ကွယ်လွန်ချိန်၌ အသက် ၇၆ နှစ်အရွယ် ရှိသည်။ သူ မြတ်နိုးခင်တွယ်လှသည့် မင်းကွန်းလူအိုရုံမှာပင် ကွယ်လွန်ရှာလေသည်။

၊ဒေါ်ဦးဇွန်း ကွယ်လွန်သော်လည်း သူ၏လုပ်ငန်းကား မကွယ်ခဲ့။ ၁ နှစ်ထက် ၁ နှစ် တိုးတက်ကျယ်ပြန့်၍ပင် လာခဲ့ပေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ဒေါ်ဦးဇွန်း အုတ်မြစ်ချပေးခဲ့မှုကြောင့် လူအိုရုံခေါ် ဘိုးဘွားရိပ်သာများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေပြီ။ မင်းကွန်း၊ ရန်ကုန်၊ ပခုက္ကူ၊ သထုံ၊ ပေါင်းတည်တို့၌ သာမက ဖြူး၊ မော်လမြိုင်တို့၌လည်း ဘိုးဘွားရိပ်သာများ ရှိနေပြီ၊ ထို့ပြင် ပုသိမ်၊ မန္တလေး၊ ပြည်၊ မြောင်းမြ စသည်တို့၌လည်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြပြီ။ဒေါ်ဦးဇွန်း အုတ်မြစ်ချခဲ့သော လုပ်ငန်းကို ပုဂ္ဂိုလ်ကြီးများ၊ အသင်းအဖွဲ့များသာမက နိုင်ငံအစိုးရကပါ အလေးအမြတ် ထား၍ ဆောင်ရွက်နေလေပြီ။ ။
 

ဦးသန့်  - အတ္ထု ပ္ပတ္တိ


၊မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်း တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင် YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ် (Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည် ကျောင်းစာ လုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ ထင်ရှားသော Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှားသော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။
၁၉၂၆ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဥပစာတန်း ပထမနှစ် တက်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာ တို့ကို အဓိက ဘာသာတွဲ၊ မြန်မာ အနု စာပေသမိုင်း၊ သင်္ချာနှင့် လောဂျစ် တို့ကို အပို ဘာသာများ အဖြစ် ယူ သည်။ ဖခင်ကြီး ဦးဖိုးနှစ်သည် ဦးသန့် ၁၄ နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် မိခင်ကြီးကို လုပ်ကြွေး လိုသည်က တကြောင်း၊ ၁ဝ တန်း အောင်လာသည့် ညီငယ် ဦးခန့် (ဂန္ထလောက မဂ္ဂဇင်း၏ သက် တမ်း ရှည် မြန်မာပိုင်း အယ်ဒီတာ) ၏ ပညာရေးကို ဦးစားပေး လိုသည်က တကြောင်း တို့ကြောင့်၊ ၁၉၂၈ ခုနှစ် တွင် ဥ ပစာတန်း ပြီးသည်နှင့် ဦးသန့် ကျောင်းထွက် လိုက်သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကျောင်း ဆရာ ပြန် လုပ်သည်။
ဦးနု (နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း) ပန်းတနော် အမျိုးသားကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုမ ထမ်းဆောင်တော့သော အခါ၊ ဦးသန့် သည်အသက် ၂၂ နှစ် အရွယ်တွင် ကျောင်းဆရာကြီး (Headmaster) အပြင်၊ ကျောင်းအုပ်ကြီး (Superintendent) တာဝန် ကိုပါ ပူးတွဲ ယူခဲ့ရသည်။သူရိယနှင့် မြန်မာ့အလင်း မ ဂ္ဂ ဇင်း တို့၌ စာများ ရေးသား ခဲ့သည်။ အင်္ဂလိပ်စာ အခြေခံ ကောင်းခဲ့သော ဦးသန့်သည် ဂန္ထလောက မဂ္ဂဇင်း တွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများစွာ ရေးသား ခဲ့သည်။ အထူးသဖြင့် ဦးသန့်သည် ပညာရေး၊ လူမှုရေး၊ စာပေနှင့် ကျေးလက် တောရွာ ပြုပြင်ရေး တို့နှင့် စပ်လျဉ်း၍ ဂန္ထလောက From my school window (ကျွန်တော်၏ ကျောင်း ပြတင်းမှ) အင်္ဂလိပ် ဘာသာ ကဏ္ဍ အောက်မှ ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၃ဝ ခုနှစ်က မြန်မာနိုင်ငံ အစိုးရ ပညာရေး ဌာနမှ ပြုလုပ်သော အထက်တန်း ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ရာတွင် ဦးသန့်သည် ပထမ ရခဲ့ဖူး လေသည်။ ထိုနှစ် ၌ပင် အင်္ဂလိပ် ကဗျာ ဆရာ Robert Browning ၏ The pied-piper of Hamelin ကဗျာရှည်ကြီးကို ဘာသာပြန် ထားသည့် “စလေ အညာ က မြွေဆရာ” ကို ဂန္ထလောက ဘာသာပြန် ပြိုင်ပွဲသို့ ပေးပို့ခဲ့ရာ ပထမဆု ရခဲ့ပြန်သည်။မြန်မာ ကလေးများ အ တွက် ရည်စူး၍ ဥရောပတိုက် ရာဇဝင်တွင် ထင်ရှားသော မြို့ကြီးများ အကြောင်း ကိုလည်း မြို့ပြ ပုံပြင်များ ခေါင်း စဉ်ဖြင့် လပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့သည်။ ပုံပြင်များမှာ Eileen and Rhoda Power တို့၏ Cities and their stories – An Introduction to History ကို ဘာသာပြန်ပြုပြင်ရေး သားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက ယင်းပုံပြင် များကိုပင် “အိမ်တွင်း သိပ္ပံကျောင်း” (The University at Home) စာစု ခေါင်းစဉ်ဖြင့် မြို့ကြီး တမြို့စီ အတွက် သီးခြား စာအုပ်ငယ် ကလေးများ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ဖာနီဗဲလ် တို့ က တည်းဖြတ် ပေးခဲ့ကြ သည်။ နောက် ပိုင်းတွင် ပုံပြင်များကို စုပေါင်း၍ ကာလကတ္တားမြို့ မက်မင် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ရာ ကျောင်းစာ အုပ် အဖြစ် ပြ ဋ္ဌာန်းခြင်း ခံခဲ့ရသည်။ ဦးသန့်၏ ဘာသာပြန် ရေးသားမှုများ အနက် အအောင်မြင်ဆုံးဟု ဆိုရပါမည်။
မြန်မာ နိုင်ငံတွင်း ဂျပန်တို့ ဝင်ရောက်လာပြီး မကြာလှ ၁၉၄၂ ခုနှစ် မေလတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် ထွန်းအုပ် တို့က ခေါ်၍ ဦးသန့် ရန်ကုန်သို့ လာရသည်။ မြန်မာ့ ပညာရေး ပြန်လည် ပြုစုရေး ကော်မတီ အ တွင်းရေးမှူး အဖြစ် တာဝန် ပေးအပ် ခံရသည်။ “မြန်မာ့ ပညာရေး စီမံကိန်းသစ်” ကို ၂ လနှင့် အပြီ ပြုစုပြီး ပန်း တနော်သို့ ပြန်သည်။
၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက် ခေတ်သစ် ပညာရေး သင်တန်းကြီး တခု ဆ ရာ၊ ဆရာမများ အတွက် ရန်ကုန်မြို့ စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ စ တင် သည့် အဆိုပါ သင်တန်းကြီးသည် ၁၂ ရက်မျှ ကြာ၍ ပန်းတနော် ကျောင်းအုပ် ဆရာကြီး ဦးသန့်က “ပြည် သူ့ တာဝန်” နှင့် ပတ်သက်သည့် ဟောပြော ပို့ချမှု ပြုလုပ်ခဲ့သည်။
ဂျပန်ခေတ် အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် လပိုင်းမျှ အလို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ဦးသန့် သည် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းရွှေ့လာသည်။ သည်တကြိမ်ကား၊ သူ၏ ဆန္ဒ အလျောက် ရန်ကုန် သို့ လာခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သူ အလွန် စိတ်အား ထက်သန် နေသည့် အင်္ဂလိပ် ဘာသာဖြင့် မဂ္ဂဇင်း တစောင်ထုတ်ရန် ဖြစ်သည်။ ရန်ကုန် ရောက်ပြီး ၁ဝ ရက်မျှ အကြာ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရ သည်။ ဆာဟူးဘရန့်စ်၏ တာဝန် ပေးချက် အရ၊ ဦးနု ဦးဆောင်ကာ အစိုးရ အဖွဲ့သစ် ဖွဲ့သည်။ ဦးနုက သူ၏ ဖဆပလ အဖွဲ့ချုပ် တွင် ပြန်ကြားရေး အရာရှိ လုပ်ပေးရန် ဦးသန့်ကို ခေါ်လေ တော့သည်။
နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် လူထု အကြား ဆက်သွယ်ရေး မည်မျှ အရေး ပါကြောင်း ဦးသန့် သဘော ပေါက်သည်။ ထို့ကြောင့် ကမ်းလှမ်းချက်ကို လက်ခံ လိုက်သည်။ သူ၏ မဂ္ဂဇင်း ထုတ်ဝေရန် ပြုစု ပျိုးထောင် ခဲ့သော ရည်ရွယ်ချက်များမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြှပ်နှံ လိုက်ရပြီး လည်း ဖြစ်လေသည်။
သြဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေ ဗိမာန်) ကို တည်ထောင်သည်။ ဦးသန့်က အုပ်ချုပ်ရေး ကောင်စီ၏ အကျိုးဆောင် အတွင်းရေးမှူး ဖြစ်လာသည်။ ဦး သန့် လည်း လွတ်လပ်ရေး ရပြီးနောက် ပြန်ကြားရေး ဌာန ဒုတိယ အတွင်းဝန်၊ နောက် ၁၉၄၉ ခုနှစ်တွင် အတွင်း ဝန် ဖြစ်လာသည်။
၁၉၅၄ ခုနှစ်တွင် ဦးနု၏ အတွင်းဝန် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်မှာ မြန်မာ့ စီးပွားရေးနှင့် လူမှုရေး ဘုတ် အဖွဲ့၏ အတွင်းရေးမှူး အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ၏တာဝန် ပေးချက်အရ၊ ပစ္စုပ္ပန်မြန် မာနိုင်ငံ သမိုင်း သက်ရောက်သော ဗမာ ကျိုးပမ်းမှု ကျမ်းတစောင် ဖြစ်သည့် “ပြည်တော်သာ ခရီး” ကို စ တင် ပြု စုသည်။ ပြည်တော်သာ ခရီးကို ၄ နှစ်မျှ အချိန်ယူ ပြုစုခဲ့ပြီး နောက်ဆုံးနှင့် တတိယပိုင်းကို ဦးသန့်သည် သူ ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ပြီး တနှစ် အကြာ ၁၉၅၈ ခုနှစ် နှစ်ကုန်ပိုင်း တွင်မှ အပြီး သတ် နိုင် ခဲ့သည်။
၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကု လ သမဂ္ဂအထွေထွေညီလာခံဒုတိယ ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် ကုလ သမဂ္ဂ ကွန်ဂို ပြဿနာ ဖျန်ဖြေရေး ကော် မရှင် ဥက္ကဋ္ဌ ဖြစ်သည်။
၁၉၆၁ ခုနှစ်တွင် အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုး ကွန်ဂို နိုင်ငံ ကိစ္စ ခရီးသွားစဉ် လေယာဉ် ပျက်ကျ သေ ဆုံး ရာ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့တွင် ဦးသန့်ကို အတွင်းရေးမှူးချုပ် အဖြစ် အများ သဘောတူ ရွေးချယ် ခန့်အပ်သည်။ ငါးနှစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး၊ ၁၉၇၁ ခု၊ ဒီဇင်ဘာတွင် ရာထူးမှ အနားယူသည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ ဧည့်သည်တော် အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက် မျှ ပြန်ရောက် ခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ရက်ပိုင်း နှင့်လည်း တိုက်ဆိုက် နေ၏။ ဆရာကြီး၏ ရုပ်ကလာပ် ထားရှိရာ စမ်းချောင်း နေအိမ်သို့ ဦးသန့် သွားရောက်၍ ဂါရဝ ပြုခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် နိုင်ငံတော် အစိုးရ ဧည့်သည်တော် အဖြစ် ဦးသန့် မြန်မာနိုင်ငံသို့ တဖန် ပြန် လည် ရောက်ရှိ လာပြန်သည်။ဦးသန့်သည် အတွင်းရေးမှူးချုပ် အဖြစ် တတိယ ကမ္ဘာစစ် အထိ ဖြစ်ပွား နိုင် သည့် ကျူးဘား ဒုံးပျံ အရေးအခင်းကို အောင်မြင်စွာ ဖျန်ဖြေ စေ့စပ် ပေးနိုင်ခဲ့သည်။ ထိုအပြင် ဦးသန့်သည် နိုင် ငံတ ကာ ပြဿနာ များကို ကုလ သမဂ္ဂအား ကိုယ်စားပြု၍ ဖြေရှင်းရာတွင် ကျွမ်းကျင် လိမ္မာပြီး၊ ဘက်ပေါင်းစုံ သင့် တင့်အောင် ဆက်ဆံနိုင်သူ အဖြစ် ထင်ရှား ခဲ့သည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် တခါက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် အမှတ်တ ရ ဖြစ် ရပ်တခု ရှိခဲ့ပါသည်။ ဖဆပလ ပြန်ကြားရေး ဌာန အတွင်းဝန် ဖြစ်ပြီးနောက် ၁၉၄၉ – ၅ဝ ခုနှစ်မှာ လက် နက် ကိုင် တော်လှန်မှု များကြောင့် ပြည်တွင်း မငြိမ်သက်သည့် ကာလ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တရား ဥ ပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရေးရာ များကို မြန်မာ့ အသံမှ ဦးသန့် မှန်မှန် အသံလွှင့် ပြောကြားရသည်။ ထို အ ချိန်တွင် ဦးနု၏ တာဝန်ပေးချက် အရ၊ ဦးသန့်သည် ယာဉ်မောင်းနှင့် နှစ်ယောက်တည်း လက်နက်ကိုင်တော် လှန် သူများ ဌာနချုပ် ရှိရာ အင်းစိန်သို့ စွန့်စွန့်စားစား သွားရောက်ပြီး၊ တော်လှန်ရေး ခေါင်းဆောင် ၂ ဦး ဖြစ်သော စောဟန်သာမွှေးနှင့် စောဘဦးကြီး (မအူပင် ပညာအုပ်ဟောင်း) တို့နှင့် တွေ့ရသည်။ အပစ်အ ခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ သို့သော်လည်း အခြေအနေ အရ ကြိုးစားမှု မအောင်မြင် ခဲ့ပေ။
ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့အသက် ၆၅ နှစ်အရွယ်တွင်အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက် ရှိလာသည်။ ဗိုလ်နေဝင် ဦးဆောင်သည့် စစ်အစိုးရက ပြီးစလွယ် မြင်းပြိုင် ကွင်းဟောင်းတွင် ထားကာ၊ ဒီဇင်ဘာ လ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည့် အစီအစဉ်ကို ကျောင်း သားများ ဦးဆောင်သည့် ရဟန်း ရှင်လူ ပြည်သူ အပေါင်းက လက်မခံနိုင်ဘဲ၊ ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေ ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း နေ ရာမှာ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက် သင်္ဂြိုဟ်ခဲ့ရာမှ ဦးသန့် အရေးအခင်း ဖြစ်ပွား ခဲ့ရသည်။ မတတ်သာ သည့် အဆုံးတွင်မှ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင် ပန်းခြံတွင် သင်္ဂြိုဟ်ခဲ့သည်။
ဦးသန့်အား မြန်မာနိုင်ငံ အစိုးရက ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင်၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီ၊ ၁၉၅၇ ခုနှစ် တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့များ ချီးမြှင်ခဲ့ပြီး၊ ယူဂိုဆလပ်နိုင်ငံ မာရှယ်တီးတိုးက ယူဂိုဆလပ်တံခွန်ဘွဲ့ ချီးမြှင့်ခဲ့သည်။
ကုလ သမဂ္ဂ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန့်၏ အတ္ထုပ္ပတ္တိ စာမျက်နှာတွင်၊ ဦးသန့် အား အောက်ဖော်ပြပါ တက္ကသိုလ် များ က ဂုဏ်ထူးဆောင် ဘွဲ့များ (LL.D.) ပေးအပ် ချီးမြှင့် ခဲ့ကြောင်း ဖော်ပြထားသည်။
- Carleton University, Ottawa, Canada (25 May 1962);
– Williams College, Williamstown, Massachusetts (10 June 1962);
– Princeton University, Princeton, New Jersey (12 June 1962);
– Mount Holyoke College, South Hadley, Massachusetts (2 June 1963);
– Harvard University, Cambridge, Massachusetts (13 June 1963);
– Dartmouth College, Hanover, New Hampshire (16 June 1963);
– University of California at Berkeley, California (2 April 1964);
– University of Denver, Denver, Colorado (3 April 1964);
– Swarthmore College, Swarthmore, Pennsylvania (8 June 1964);
– New York University, New York (10 June 1964);
– Moscow University, Moscow, Soviet Union (30 July 1964);
– Queen’s University, Kingston, Ontario (22 May 1965);
– Colby College, Waterville, Maine (6 June 1965);
– Yale University, New Haven, Connecticut (14 June 1965);
– University of Windsor, Windsor, Ontario, Canada (28 May 1966);
– Hamilton College, Clinton, New York (5 June 1966);
– Fordham University, Bronx, New York (8 June 1966);
– Manhattan College, New York (14 June 1966);
– University of Michigan, Ann Arbor, Michigan (30 March 1967);
– Delhi University, New Delhi, India (13 April 1967);
– University of Leeds, England (26 May 1967);
– Louvain University, Brussels, Belgium (10 April 1968);
– University of Alberta, Edmonton, Canada (13 May 1968);
– Boston Unversity, Boston, Massachusetts (19 May 1968);
– Rutgers University, New Brunswick, New Jersey (29 May 1968);
– University of Dublin (Trinity College), Dublin, Ireland (12 July 1968);
– Laval University, Quebec, Canada (31 May 1969);
– Columbia University, New York City (3 June 1969);
– The University of the Philippines (11 April 1970);
– Syracuse University (6 June 1970).
အောက်ဖော်ပြ တက္ကသိုလ် များမှ ဦးသန့်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ် ချီးမြှင့် ခဲ့သည်။
- Doctor of Divinity, The First Universal Church (11 May 1970);
– Doctor of International Law, Florida International University, Miami, Florida (25 January 1971);
– Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
– Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
– Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971).

ဆရာတော်ဦးဥတ္တမ - အတ္ထု ပ္ပတ္တိ


၊မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် ၊ အာရှတိုက်၏ ထွန်းသစ်ကြယ် အရှင်ဦးဥတ္တမကို ရခိုင်ပြည် နယ် စစ်တွေမြို့၊ရူပရပ်၊ ချောင်းနားတန်းတွင်ဖခင်ဦးမြသာဦး၊မိခင် ဒေါ်အောင်ကျော့ဖြူတို့မှ(၁၈၈၀) ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။

ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။ ရှင်ဥတ္တမ (ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူ ကျော်ထွန်းအောင်တို့ကို မိဘများက ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြား မ ပေးလိုသော်လည်း တိုင်းရင်းသားဘာသာကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ သင်ကြားခဲ့သည်။ မိခင်က ကျောင်းမှ နုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင် က နိုင်ငံရပ်ခြားကို သွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။ အသက် (၁၃)နှစ် အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်း ဆရာတော် ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။

(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ် သင်္ကန်းစည်းကြ သည်။ ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့နာမများရရှိခံယူ ကြသည်။ထို့နောက် အရှင်ဦးဥတ္တမ ရဟန်း ၀တ် ဖြင့် ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ ၊ မန္တလေးနှင့် ပခုက္ကူမြို့ များတွင် လှည့်လည်နေထိုင် ပညာသင် ယူခဲ့ သည်။ ဗုဒ္ဓစာပေ ကျမ်းဂန်များကိုလည်း အပတ်တကုတ် လေ့လာ ကြိုးပမ်း ဆည်းပူးခဲ့သည်။ တောင်ငူ မြို့ တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။

တောင်ငူမြို့မှ ရှမ်းမကြီးတစ်ဦးက သားအဖြစ် မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက် (၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင် အဖြစ်ဖြေဆို အောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓ ဘာသာ စာပေကျမ်းဂန်များကို သင်ယူသည်။ ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင် ကျော်က ရဟန်းဒါယကာပြု၍ အသက်(၂၀)အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။

အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံယူပြီးနောက် ရန်ကုန်သို့ ဆင်းလာပြီး အိန္ဒိယနိုင်ငံ ကာလကတ္တား သို့ ပြန် သွားလေသည်။ ထိုအချိန်တွင် အိန္ဒိယတွင် လွတ်လပ်ရေး အတွက်နိုးကြားထကြွလျက်ရှိသည်။ ၁၉၀၄-ခုနှစ် တွင် အိန္ဒိယဘုရင်ခံချုပ်က ဘင်္ဂလားနယ်ကို အရှေ့နှင့် အနောက်နှစ်ပိုင်းခွဲခြားလိုက်ရာ ဒေါက်တာ ရာဘင် ဒြာနတ်တဂိုးနှင့် စီအာဒတ်စ်ဆိုသော ပညာရှိ ပုဂ္ဂိုလ်ကြီးနှစ်ဦးက ဦးဆောင်ကန့်ကွက်ရာမှ ဆူပူ ကန့် ကွက်မှု များ အကြီးအကျယ် ဖြစ်ပွားကျယ်ပြန့်လာသည်။ ထိုပုဂ္ဂိုလ်များနှင့် တွဲမိသော ဦးဥတ္တမ ဆရာတော် သည် အိန္ဒိယနိုင်ငံရေးနှင့် အကျွမ်းတ၀င် ဖြစ်လာပြီး မြန်မာပြည်လွတ်မြောက်ရေးအတွက် စိတ်ဝင်စား တက် ကြွ လာခဲ့သည်။

အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကော လိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို ကူညီပို့ချ ပေးလေသည်။တဖက်တွင်လည်း သက္က တစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ ထိုအချိန်မှာ မြန်မာပြည်တွင် လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်း မပြုကြသေးသော်လည်း ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (Y.M.B.A=young men’s buddhists associations)ကို တက္ကသိုလ် ပညာတတ် များဖြစ်သော ဦးဘဖေ (ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထူထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှားလာကြသည်။

အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင် ခဲ့သည်။ ၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှူး(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အို တာရီနှင့်အတူ နေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခ အဖြစ် ဆောင်ရွက်ခဲ့သည်။ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အ ကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။

ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင် ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊ တိဘက် ၊ ဂျပန် ၊ ပြင်သစ် ဘာသာစကားကိုးမျိုးကို တတ်မြောက်သည်။ ဆရာတော်အရှင်ဦးဥတ္တမသည် ဂျပန်ပြည်တွင် နေ ထိုင်စဉ် ဂျပန်ပြည်သို့ လာရောက် တိမ်းရှောင်နေသူ ဒေါက်တာဆွန်ယက်ဆင်နှင့် အကြိမ်ကြိမ်တွေ့ဆုံ ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးကိစ္စများကို ညှိနိုင်းဆွေးနွေးခဲ့သည်။

၁၉၁၁-ခုနှစ် ၊ ဂျပန်မှ ပထမအကြိမ် ပြန်လာသောအခါ ကိုရီးယားပြည် ၊ တရုတ်ပြည် ၊ ပြင်သစ်ပိုင် အင်ဒို ချိုင်းနား(ယခု ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို သုံးနိုင်ငံ)သို့ ၀င်ရောက် ပြီး ဆိုင်ဂုံမြို့(ယခု ဟိုချီမင်း မြို့ တော်)တွင် မြန်မာ့နန်းတွင်းအရေးတော်ပုံ အရေးနိမ့်ပြီး ပြည်ပသို့ တိမ်းရှောင် နေရသော မြင်ကွန်း မင်းသား ကြီင်္းနှင့် ၄င်း၏ သားတော်တို့၏ ဆွမ်းအလှုကိုလက်ခံပြီး မြန်မာ့နိုင်ငံရေး အခြေ အနေများ ကို ဆွေးနွေးခဲ့ သည်။ ထိုမှတဆင့် ကမ္ဘောဒီးယားနှင့် ယိုးဒယား(ထိုင်းနိုင်ငံ)တို့သို့ ၀င်ရောက် လေ့လာ ခဲ့သည်။ ထိုမှ အိန္ဒိယ နိုင်ငံ မဒရပ်မြို့သို့ ပြန်လာခဲ့သည်။ မဒရပ်မြို့မှ တဆင့် ဘုံဘေမြို့သို့ သွားရောက်ပြီး ရတနာဂီရိရှိ မြန်မာ နန်းကျဘုရင်သီပေါမင်းနှင့် တွေ့ဆုံ နိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၁၁-ခုနှစ်တွင် မြန် မာပြည်သို့ပြန်လာခဲ့သည်။

မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ၀ိုင်အမ်ဘီင်္အေအသင်းကို ဦးဆောင်နေသော ၀တ်လုံတော်ရ ဦးမေ အောင် (ရခိုင်) ၊ ဦးအုံး(ပညာဝန်) ၊ ဦးဘဖေတို့၏ စည်းရုံးလှုပ်ရှားမူ များလည်း တပြည်လုံးတွင် ကျယ်ပြန့် လျက်ရှိသည်။ မန္တလေးတွင် မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သော ” မြန်မာ့တာရာ” သတင်းစာ ပိုင်ရှင် ဦးကျော်ရန်တို့နှင့် လက်တွဲပြီး မြန်မာ့နိုင်ငံရေး နိုးကြားရေးများကို ဟောပြောသည့်အပြင် ရန်ကုန်မြို့ တွင် ထုတ်ဝေနေသော ”သူရိယ”သတင်းစာတွင် လည်း အမျိုး ၊ဘာသာ၊သာသနာကို စောင့်ရှောက် ရေး နှင့် ကျွန်ဘ၀မှ လွတ်မြောက်ရေးတို့ကို လှုံ့ဆော် ရေးသားခဲ့ သည်။

အများဆုံးရေးသား တိုက်တွန်းချက်များမှာ ၀ံသာနုရက္ခိတတရားများနှင့် မြန်မာပြည်တွင်းဖြစ် ပင်နီနှင့် ယော လုံချည်ဝတ်ဆင်ရေး ၊ နိုင်ငံခြား အ၀တ်အထည်များ သပိတ် မှောက်ရေးဖြစ်သည်။

၁၉၁၂-ခုနှစ်တွင် ဂျပန်ပြည်သို့ ဒုတိယအကြိမ်ပြန်လည်ကြွချီသည်။ ထိုခရီးတွင် ညီမရင်းဖြစ်သူ မအိမ်စိုးနှင့် လူငယ်သုံးဦးကို ဂျပန်တွင် ပညာသင်ရန်ခေါ်ဆောင်သွားခဲ့သည်။ တစ်နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ပြန်လာခဲ့ သည်။ ၁၉၁၄-ခုနှစ်တွင် တတိယအကြိမ်အဖြစ် ဂျပန်ပြည်သို့သွားရောက်ခဲ့ပြန်သည်။

ဂျပန်မှအပြန်တွင် အမေရိကန်၊သြစတြေးလျနှင့်ဂျဗားကျွန်းများ(ယခုအင်ဒိုနီးရှား)တို့သို့သွားရောက် လေ့လာ ခဲ့ပြီးမှ မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဆရာတော်အရှင်ဥတ္တမကိုယ်တော်ကြီး သည် စောစောပိုင်း နှစ်များက လည်း ပြင်သစ်နှင့်အင်္ဂလန်နိုင်ငံတို့သို့ သွား ရောက်ခဲ့သေးသည်။

ရှင်ဥတ္တမဂျပန်တွင်ရှိစဉ် ဂျပန်ပြည်အတ္ထုပတ္တိစာအုပ်ကို ရေးသားခဲ့ပြီး အပြန်တွင် သူရိယသတင်း စာတိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အလွန်ရောင်းအားကောင်းခဲ့သည်။ ၁၉၁၁-ခုနှစ်နောက်ပိုင်းတွင် ကိုလိုနီ နယ်ချဲ့ဆန့် ကျင်ရေး မြန်မာ့လွတ်လပ်ရေးအတွက် ထိုစဉ်က စကားအတိုင်း ဟုမ်းမ်ရှုး(Home Rule) ရရှိ ရေးအတွက် စည်းရုံးလှုံ့ဆော် တရားများဟောခဲ့သည်။

”အာဂါရာအနာဂါစ ၊ ဥဘော ၊ အညောညနိဿတာ ၊ အရဒ္ဒယန္တိသဒ္ဒမံ ၊ ယောဂက္မေမံမနုတ္တရံ”ဟူသော ဗုဒ္ဓ မြတ်စွာဘုရား၏ ပါဠိတော်လာနှင့်အညီ ဘုန်းကြီးရဟန်းတို့အား နိုင်ငံရေးကိုခြေစုံပစ်လျက် ၀င်အောင် လှုံ့ ဆော်ခဲ့သည်။ ရဟန်းရှင်လူတို့ကို ထိုသို့စည်းရုံးခဲ့ပြီး ၁၉၂၀-ခုနှစ်တွင် ထိုစဉ်က မြန်မာပြည် ဘုရင်ခံ ဆာရယ် ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွားလိုက်ပါဟူသော စာတစ်စောင်ကို ရေး သားပေးပို့ လိုက် သည်။ ထိုစာကို သူရိယသတင်းစာက ဖော်ပြလိုက်ရာ အထူးအရေးပါသောလှုံ့ဆော် ချက် ဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် နိုင်ငံရေးတရားများကို မြို့ကြီး ၊ မြို့နယ်များ တွင်သာမက ကျေး လက်တောရွာ များ တိုင်အောင် ဟောပြောခဲ့သည်။

၁၉၂၁-ခုနှစ်တွင် ဒေးဒရဲမြို့နယ်၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင်ဦးဥတ္တမဟောပြောခဲ့သောနိုင် ငံရေးတရားများသည် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ-၁၂၄(က)နှင့် ၁၅၃(က) တို့ဖြင့် ဖမ်းဆီးပြီး မအူပင်ခရိုင်တရားရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လအလုပ် မဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံရသည်။ တစ်ပြည်လုံးရှိ ရဟန်းသံဃာတော်များ စုစည်းပြီး ဦးဥတ္တမကဲ့သို့ တိုင်း ပြည်နှင့် လူမျိုးအကျိုး ထမ်းဆောင်ရန်အတွက် သံဃာ့သမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းထူထောင်လာကြသည်။

အမျိုးသမီးများ၏ ကုမ္မာရီ အဖွဲ့များလည်းပေါ်လာခဲ့သည်။ အရှင်ဦးဥတ္တမသည် နိုင်ငံရေးကို ဆောင်ရွက်နေ စဉ်ကာလအတွင်း အိန္ဒိယနှင့် မြန်မာပြည်ကို ကူးချီ သွားချီလုပ်နေခဲ့သည်။ ၁၉၂၀-ခုနှစ် ပထမတက္ကသိုလ် သပိတ်ကြီးဆင်နွှဲချိန်တွင် ကာလကတ္တားကို ရောက်နေခဲ့သည်။ ရန်ကုန်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွှဲကြောင်း ကြေးနန်းစာရသောအခါ များစွာကြေနပ်ဝမ်းသာဖြစ်ပြီး ရန်ကုန်သို့ ချက် ချင်း ပြန်လာကာ ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်၍ သပိတ် တိုက်ပွဲကို အားပေးကူညီပြီး သခင် ပညာရေးအတွက် အမျိုးသားကျောင်းများထူထောင်ရေးကို စည်းရုံးသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက် လာခဲ့သည်။

၁၉၂၀-ခုနှစ်တွင် တပြည်လုံးရှိ ၀ိုင်အမ်ဘီအေအသင်းများ ညီလာခံမှစပြီး ဂျီစီဘီအေနိုင်ငံရေးအသင်းချုပ်( General Council of Burmese Associations )ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ၀တ်လုံတော်ရ ဦးချစ်လှိုင် ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ ပြည်သူများလုံးဝလွတ်လပ်ရေး (Home Rule)ကို အပြင်းအ ထန်တောင်းဆိုလာကြသည်။ ၁၉၂၃-ခုနှစ် ဇွန်လဆန်းမှစ၍ အင်္ဂလန် ၊ ထိုမှတဆင့် ပြင်သစ် ၊ စပိန် ၊ ဆွစ်ဇာ လန် ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ နော်ဝေးစသော ဥရောပတိုက်ရှိ နိုင်ငံများစွာကို လှည့်လည်ပြီး နိုင်ငံရေး လှုပ်ရှားမှု များကို လေ့လာခဲ့သည်။ ထိုအချိန် မြန်မာပြည်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ပြည်သူတို့၏ အုံကြွဆန့်ကျင် မှုကြောင့် ၀ှိုက်ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုဖြစ်သည်။

Home Rule ကိုယ်ပိုင်အုပ်ချုပ်ရေးအစား ဒိုင်အာခီခေါ် အင်္ဂလိပ်ဘုရင်ခံနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပူးတွဲအုပ်ချုပ်ရေးစနစ်ကိုသာပေးပြီး အင်္ဂလိပ်နယ်ချဲ့တို့က တဖက်လှည့် ကြိုးကိုင်အုပ်ချုပ်ခြင်းဖြစ်သည်။ ဒိုင် အာခီနှင့်ဟုမ်းမ်ရူးသဘောထားကွဲပြီး ဂျီစီဘီအေလည်း နှစ်ခြမ်းကွဲလေသည်။ ဦးချစ်လှိုင်က ဒိုင်အာခီဆနှ့် ကျင်ရေး ဂျီစီဘီအေအသင်းခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီနှင့်ပူးပေါင်း ဆောင်ရွက်သည့် (၂၁)ဦးအဖွဲ့ကို ဦးမောင်ကြီး(အမ်အေ)၊ ဆာဂျေအေ မောင်ကြီးစသူတို့ ဦးဆောင်ပြီး ဒိုင်အာခီ အစိုးရတွင် ပူး ပေါင်းပါဝင်ခဲ့ကြသည်။

၁၉၂၄-ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် လူထုအစည်းအဝေးကြီးတစ်ခုတွင် ဦးဥတ္တမသည် အခွန်မပေးရေး လှုံ့ဆော်ခဲ့ရာ ဥပဒေကို ကျူးလွန်သည်ဆိုကာ အစိုးရကို အကြည်အညိုပျက်စေသည့် ပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲပြီး ရန်ကုန်ခရိုင်တရားသူကြီးက ၁၉၂၄-ခုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် အပြစ်ပေးလိုက်သည်။ထောင်မှလွတ်ပြီး ရန်ကုန်မြို့ဗိုလ်တထောင် ဘုရားဝင်းအတွင်း တရားပွဲတွင် သင်္ကန်းချွတ်ပြီး အတွင်းတွင်ဝတ်ထားသော ထောင်ဝတ်စုံကို ပြလိုက်ရာ တရားပွဲလာ ပြည်သူတရပ်လုံး မခံမ ရပ်နိုင်ဖြစ်ကြလေသည်။

၁၉၃၀-ခုနှစ် နောက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာပြည်ကို ခွဲခြမ်းအုပ်ချုပ်ရေး ပြဿနာ ပေါ်လာပြန်သည်။ ဦးဥတ္တမက နယ်ချဲ့အင်္ဂလိပ်ကို ပူးတွဲတိုက်မှ အောင်မြင်မည်ဟူသော သဘောတရားဖြင့် တွဲရေးအတွက် လှုံ့ ဆော် သည်။၁၉၃၂-ခုနှစ် ဒီဇင်ဘာလတွင် တွဲရေး ၊ ခွဲရေးကို လူထုဆန္ဒမဲကောက်ယူရာ တွဲရေး ဘက်မှ မဲ (၅)သိန်းကျော်ပို၍ အပြတ်အသတ်နိုင်သော်လည်း အမတ်များအစည်းအဝေးတွင် ခွဲရေးဖြစ်သွားပြီး အိန္ဒိ ယ နှင့်ခွဲရေးဖြစ်သွားသည်။

ထိုသို့ဖြင့် ၁၉၅၃-ခုနှစ် မြန်မာနိုင်ငံဥပဒေဖြင့် (၉၁)ဌာန အုပ်ချုပ်ရေးဖြစ်လာသည်။ ဆရာတော်ဦးဥတ္တမ သည် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ နည်းလမ်းအတိုင်း မပူးပေါင်းရေး မူဝါဒ (Non-Co.opration) (ထိုစဉ်က နန်းကိုအော်ပရေးရှင်း ဟုပင်သုံးသည်။) နှင့် အကြမ်းမဖက်ရေး (Non Violence)ကို လိုက်နာ ကျင့်သုံးခဲ့သည်။ ဆရာတော်ဦးဥတ္တမ အိန္ဒိယ၏ ဟိန္ဒူမဟာဆဗ္ဗအသင်းကြီး၏ ဥက္ကဌအဖြစ် ယှဉ်ပြိုင် အရွေး ခံရသည်။ ကွန်ဂရက်ပါတီတွင်လည်း ဦးဆောင်ခဲ့သည်။

အရှင်ဦးဥတ္တမကို အိန္ဒိယတစ်ပြည်လုံး၏ ခေါင်းဆောင်ကြီး အဖြစ်အသိအမှတ်ပြုခြင်း ဖြစ်သည်။ မဟတ္တမ ဂန္ဒီကြီး၏ စကြာဂြဟ အဖွဲ့ (SaKaGraHa)နှင့် နယ်ချဲ့ဆန့်ကျင် ရေးအဖွဲ့၏ သရာဇပါတီ (Swaraj Party)တို့ တွင်လည်း ပါဝင်ဦးဆောင်လှုပ်ရှားခဲ့သည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်လမ်းပြ ကြယ်ဖြစ်ပြီး ဦးဆောင်ခဲ့သော်လည်း ဒိုင်အာခီ လက်ခံလိုက်ကြပြီး ရာထူးယူကာ အမျိုးသားနိုင်ငံရေး ဦးတည် ချက် မှေးမှိန်ခဲ့ရသည်။ ထို့နောက်(၉၁)ဌာနအုပ်ချုပ်ရေး ဖြစ်လာသောအခါ ဆရာတော်၏ တပည့်များ ငါးထောင်စားရာထူးကို လက်ခံပြီး ဆရာတော်ကို ပစ်ပယ်လာကြပြီး နယ်ချဲ့အလိုတော်ရိများ ဖြစ်လာကြ သည်။

၁၉၃၅-ခုနှစ်များ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ် လူငယ်များ ဦးဆောင်သည့် ဒို့ဗမာ အစည်းအရုံး(သခင်ပါတီ) ပေါ်ပေါက်လာသောအခါ ဆရာတော်ဦးဥတ္တမက သခင်များကို အားပေး အားမြှောက် ပြုခဲ့သည်။ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီစနစ်ဆန့်ကျင်ရေး ၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု ခရီးတ လျှောက် ၀ိုင်အမ် ဘီအေ ၊ ဂျီစီဘီအေ ၊ ၀ံသာနု ၊ ကုမ္မာရီအသင်းအဖွဲ့များ ခေတ်မှသည် ဒို့ဗမာ အစည်းအရုံး တိုင်အောင် ဆရာတော်ဦးဥတ္တမသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မှု ကို ပေးခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီး၏ ရည်မှန်းခဲ့သော လုံးဝလွတ်လပ်ရေးကို မြန်မာ ပြည်သူတို့ ရရှိခြင်းဖြစ်သည်။ ၁၉၃၅-ခုနှစ် မြန်မာပြည်အုပ်ချုပ်ရေးဥပဒေ (The Goverment of Burma Act,1935)အရ (၉၁) ဌာန အုပ် ချုပ်ရေးပုံစံဖြင့် အုပ်ချုပ်ကြသည်။ ထိုအခါ အရှင်ဦးဥတ္တမ၏ နိုင်ငံရေးတပည့်များဖြစ်ကြသော ပုဂ္ဂိုလ်များ နန်းရင်းဝန်(၀န်ကြီး ချုပ်) ၊ ၀န်ကြီး ၊ အတွင်းဝန် ၊ မင်းတိုင်ပင်အမတ်များ ဖြစ်လာကြသော်လည်း ဆရာတော် ဦးဥတ္တမကို လုံးဝပစ်ပယ်ထားကြသည်။ ဆရာတော်မှာ အသက်အရွယ်ကြီးလာပြီး သွေးတိုးရောဂါ ၊ ဆီးချို ရောဂါတို့ ဖိစီးလာသည်။ ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်ညစ်ထေးသော သင်္ကန်းကိုရုံကာ လွယ်အိတ်တစ်လုံးလွယ်ပြီး ဖိနပ်မပါ ၊ထီးမပါဖြင့် ရန်ကုန်မြို့လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။

သတင်းစာတိုက်များကိုမြင်လျှင် သတင်းစာများ တောင်းပြီး ကြုံရာနေရာတွင် ထိုင်ဖတ်သည်။ ကိုယ်ခန္ဓာ ကြုံလှီပိန်ချုံးပြီး အသွားအလာ ယဲ့ယဲ့ဖြစ်နေသည်။ စိတ်အင်အား လည်း ချို့ယွင်းလာသည်။ လမ်းပေါ်တွင် မူး လဲခြင်းများဖြစ်လာသည်။ ဆရာတော်ကို ကြည်ညိုသူများက တည်းခိုနေထိုင်ရာ ကျောင်းတိုက်သို့ ပို့ပေးရ သည်။ ဆရာတော်ကြီးအား ပြုစုသူကင်းလာရာ အခြေအနေဆိုးရွားလာသောအခါ ၁၉၃၉ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ရခိုင်ရဟန်းတော်များအသင်း စတုတ္ထအကြိမ် အစည်း အဝေးက ဆရာတော်ဦးဥ တ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်သည်။ ငါးပွင့်ဆိုင်အဖွဲ့ကို ရှုတ်ချပြစ်တင်ကြောင်းလည်း ဖော်ပြသည်။

ရခိုင်ရဟန်းတော်များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသပေးကြသည်။ သူရိယ သတင်းစာမှ ဦးဘကလေး၊ မြို့တော်ဝန်ဦးဘ၀င်း၊ ကပ္ပတိန် ဘဖူးတို့နှင့် ဆရာတော်အား လေးစားသူ တို့ ဆေးရုံသို့ သွားရောက်အားပေး ကူညီကြသည်။ ဆရာဝန်များ၏ စစ်ဆေးချက် အရ ခြေထောက် တစ်ဖက် ဖြတ်ရမည်ဟု ပြောလာသောအခါ ဆရာတော်က အကုသမခံဘဲ ဆေးရုံမှ ဇွတ်ဆင်းပြီး (၄၆)လမ်း ရှိ အရိယာ ဆမတ်အသင်းတိုက်တွင် နေထိုင်သည်။ ထို့နောက်ပိုင်းတွင် ဆရာတော်သည် ပြန်လည် နာလန်မထူနိုင် တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူသည်။

ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၁၁)ရက် ၊ တနင်္လာနေ့တွင် ကျင်းပ သည့် အောက်လွှတ်တော် အစည်းအဝေး၌ မင်းတိုင်ပင်အမတ်များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော် မူခြင်းအတွက်ဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သူမိသားစုထံ ၀မ်းနည်းသ၀ဏ်လွှာပို့ရန် ၊ ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန်အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်း မောင်က တင်သွင်းပြီး လွှတ်တော် တက်ရောက်သူ မင်းတိုင်ပင်အမတ် အားလုံးက တညီတညွှတ် တည်း အတည်ပြု ကြသည်။

ဦးဥတ္တမ၏ ဂုဏ်သိက္ခာတို့ကိုလည်း ချီးကျူးပြောကြား ကြသည်။ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းမှာ ၀မ်းနည်း ကြေကွဲဖွယ်ဖြစ်ကြောင်း၊ မြန်မာပြည်အတွက် နိုင်ငံရေးမျက်စိကိုပထမဦးဆုံးဖွင့်ပေးသူဖြစ် ကြောင်း ၊ ကိုယ်ကျိုးမငဲ့ အနစ်နာခံသူဖြစ်ကြောင်း ၊ ဆရာတော်ကြီး နာမကျန်းဖြစ်လာသော အခါ ကျေကျေ ပွန်ပွန် မပြုစု ၊ မစောင့်ရှောက်သည့်အတွက် ၀မ်းနည်းကြောင်း စသည်တို့ကို မင်းတိုင်ပင် အမတ်များ က ဖော်ပြကြ ပြီး ၀မ်းနည်း မှတ်တမ်းတင်ကြသည်။

ဆရာတော်ဦးဥတ္တမကို အာဏာရူးနိုင်ငံရေးသမား ၊ ၀န်ကြီး ၊ အတွင်းဝန်စသူတို့က အလေးမထားကြသော် လည်း ဒို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များက အလေးထားပြီး အရှင်ဦးဥတ္တမ ကွယ်လွန်ချိန်မှ အစပြု၍ ဦးဥတ္တမနေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ အုပ်စိုးသည့်ကာလ ဗမာပြည်တွင် ဂျပန်စာသင်ကျောင်းများ ဖွင့်လှစ်သောအခါ ဆရာတော်ဦးဥတ္တမ၏ အထ္ထုပ္ပတ္တိကို ပြဌာန်းသင်ကြား ပေးခဲ့ သည်။
 

ဦးငွေကိုင် - အတ္ထု ပ္ပတ္တိ


ဦးငွေကိုင်သည် မြန်မာနိုင်ငံရှိ အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီပညာကျော် ဖြစ်ပေသည်။

ဆရာကြီး ဦးငွေကိုင်ကို ၁၉၀၁ ခုနှစ်တွင် မြိတ်မြို့နယ် စန္ဒဝတ်ရွာ၌ ဦးအိုင်ဂုဏ်၊ ဒေါ်စုမတို့က ဖွားမြင်ခဲ့သည်။ ဖခင်က မြိတ်မြို့ စန္ဒဝတ်ရွာ ဇာတိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး မိခင်မှာ ထားဝယ်မြို့ ဒေါင်းငူရပ် ဇာတိ ဖြစ်သည်။ မွေးချင်း လေးဦးရှိရာ မောင်ငွေကိုင်၊ မထွန်းအေး၊ မောင့်ကယ်နှင့် မကြီးတို့ ဖြစ်ကြ၏။ မောင်ငွေကိုင်သည် ငယ်စဉ်ကပင် ပန်းချီ ဝါသနာပါသူ ဖြစ်ရာ အင်္ဂလိပ် သတင်းစာများထဲမှ ရုပ်ပုံများကို ကူးယူ ရေးဆွဲလေ့ ရှိသည် ဆို၏။ ငယ်ရွယ်စဉ်တွင် ဖခင် ကွယ်လွန်သွား သဖြင့် မိခင်နှင့် အတူ ထားဝယ်သို့ ပြောင်းရွှေ့ နေထိုင်ရင်း မိခင်၏ အစ်ကိုဖြစ်သူ တောင်ငူ ကျောင်းဆရာတော် ထံ၌ ပညာ ဆည်းပူး လေ့လာခဲ့သည်။ တဖက်မှလည်း အရွယ်နှင့် မလိုက်အောင် ဘဝကို ရုန်းကန် ခဲ့ရသည်။

ဘုန်းကြီးပျံပွဲ

ထားဝယ်မြို့ မြောင်းပုလဲရပ် ရွှေဂူကျောင်း ဆရာတော် ဦးဝိစိတ္တ ပျံလွန်တော်မူသော အခါ မဏ္ဍာပ်၊ လောင်တိုက်နှင့် နတ်လမ်း စသည်တို့ကို ရေးဆွဲ လုပ်ဆောင်ရန် ရန်ကုန်မြို့မှ ပန်းချီ ဆရာကြီး ဦးဘိုးအောင် ရောက်ရှိ လာပါသည်။ ထိုအခါ ကိုငွေကိုင်က ဆရာကြီး ဦးဘိုးအောင်ထံ သွားရောက် တပည့်ခံသည်။ ဦးဘိုးအောင်သည် ရန်ကုန်မြို့မှ နာမည်ကျော် ပန်းချီဆရာ ဦးဘအုန်း ရေးဆွဲသော ရေးဆေး ပန်းချီကား လေးချပ်ကို ကိုငွေကိုင် အားထုတ်ပြသည်။ ကိုငွေကိုင်သည် ယင်းပန်းချီကားများကို ကြည့်ရင်း ပန်းချီပညာ ကောင်းစွာ သင်ယူလိုစိတ် ပေါ်ပေါက် လာခဲ့သည်။

ဘုန်းကြီးပျံတွင် ဆရာကြီး ဦးဘိုးအောင် ရေးဆွဲသော ပန်းချီကားများကို အနီးကပ် လေ့လာခွင့် ရရှိသည်။ သို့သော် ပန်းချီဆေးများမှာ အလွန် ရှားပါးလှသဖြင့် ဆရာကြီးက ကိုငွေကိုင်အား ကူညီ ရေးဆွဲခွင့် မပြုခဲ့ပေ။ ပန်းချီ ရေးဆွဲပြီး ဆေးကျန်များကိုမူ ကိုငွေကိုင်ကို ပေးအပ်ခဲ့၏။ ဆရာကြီး ဦးဘိုးအောင် ပြန်သွားသော အခါ ကိုငွေကိုင် ပန်းချီဆေးများ မကုန်မချင်း နေ့ညမရှောင် ပန်းချီ ရေးဆွဲ နေလေတော့သည်။

စာပေးစာယူ သင်တန်း

ထိုအတောအတွင်း ကိုငွေကိုင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ပန်းချီ သင်တန်းကျောင်းနှင့် ဆက်မိသည်။ မိတ်ဆွေဖြစ်သူ ထားဝယ်မြို့ အေဘီအမ် ကျောင်းအုပ် ဦးမောင်သင်က အစစ အရာရာ ကူညီ ပေးသဖြင့် စာပေး စာယူ ပန်းချီသင်တန်း တက်ဖြစ်သွားခြင်း ဖြစ်သည်။ သုံးနှစ်ကြာ သင်တန်း တက်ပြီးသော အခါ ကိုငွေကိုင် မိမိ အရည်အချင်းကို စမ်းသပ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့သို့

၁၉၂၈ ခုနှစ်တွင် ဦးငွေကိုင် ရန်ကုန်သို့ ရောက်လာသည်။ ရန်ကုန် ရောက်စက ထားဝယ် သမဂ္ဂ အဆောက်အအုံ၌ ခေတ္တ တည်းခို နေထိုင်သည်။ ဦးငွေကိုင်သည် မဂ္ဂဇင်း သရုပ်ဖော် ပန်းချီ လောကသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း နာမည်ရ ပန်းချီ ဆရာများ ရှိနေပြီမို့ မအောင်မြင်ခဲ့ပေ။ သို့ဖြင့် ဆရာရင်း ဦးဘိုးအောင်ထံ သွားကြည့်သည်။ ဦးဘိုးအောင်က ဆရာ ဘဉာဏ်ထံ လမ်းညွှန် လိုက်သဖြင့် ဆရာ ဦးဘဉာဏ်ဆီသို့ သွားရောက်ကာ ပန်းချီ ရေးဆွဲနည်းကို လေ့လာခဲ့သည်။

ဆရာကြီး ဦးဘဉာဏ်

ဦးငွေကိုင်သည် ရန်ကုန်ရှိ ထားဝယ် သမဂ္ဂ၌ တည်းခို နေထိုင်စဉ်ကပင် ပန်းချီဆရာကြီး ဦးဘဉာဏ်ထံ ပညာ ဆည်းပူးခဲ့ခြင်း ဖြစ်၏။ ဆရာကြီး ဦးဘဉာဏ်ကလည်း တပည့်ရင်း အဖြစ် မှတ်ယူကာ ပိုစတာ ရေးဆွဲနည်း ပညာကို စနစ်တကျ သင်ကြားပေး၏။ လက်ရာ သေသပ် စိတ်ချရပြီ ဆိုမှ အေဝမ်း ဦးတင်နွယ်နှင့် ဆက်သွယ် ပေးခဲ့သည်။ ဆရာကြီး ဦးဘဉာဏ်၏ ကြည့်ရှု စောင်မမှုကြောင့် ဦးငွေကိုင် ရုပ်ရှင် ဆက်တင်ကားများ ရေးဆွဲခွင့် ရရှိခဲ့သည်။

အိမ်ထောင်သည် ဘဝ

ဦးငွေကိုင် ပန်းချီလောကတွင် တစတစ နာမည် ရလာသော အခါ ရန်ကုန်မြို့ ၁၀ လမ်း၌ အိမ်ငှား၍ အတည်တကျ နေထိုင်ရင်း ပန်းချီ ပညာဖြင့် အသက်မွေး၏။ ထို့နောက် ထားဝယ်သို့ ခေတ္တ ပြန်လာစဉ် ဦးဘကောင်း၊ ဒေါ်ခြူးမယ်တို့ သမီး မငြိမ်းခင်နှင့် အိမ်ထောင် ကျခဲ့သည်။သမီး မစိန်တင်၊ မစိန်ရှင်၊ သား မောင်အုန်း တို့ကို ဖွားမြင်ခဲ့သည်။ ဦးငွေကိုင် အဖို့ ထားဝယ်မြို့တွင် ပန်းချီ ပညာဖြင့် အသက်မွေးရန် အဆင်မပြေ သဖြင့် မိသားစုကို ထားရစ်ခါ ရန်ကုန်သို့ ပြန်ရောက် လာပြန်ပါသည်။

ဂျပန်ခေတ် စစ်မှုထမ်း ဘဝ
ဂျပန်ခေတ်တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဦးငွေကိုင်အား အရပ်သား ဗိုလ်မှူး အဖြစ် စစ်ပန်းချီ ဌာနတွင် ဌာနမှူး ရာထူး ခန့်အပ်ခဲ့ပါသည်။ သူနှင့်အတူ ဦးအမ်တင်အေး၊ ဦးခင်မောင်၊ ဦးကျော်စိုးတို့လည်း ပါဝင်ကြရာ အခြားသူများက စစ်ယူနီဖောင်း ဝတ်ဆင်ကြသော်လည်း ဆရာကြီး ဦးငွေကိုင်ကမူ အရပ်ဝတ်ဖြင့်သာ နေထိုင်ခဲ့သည်။ စစ်ပန်းချီ ဌာနမှူး ဖြစ်စဉ် ရွှေတောင်တိုက်ပွဲ ပန်းချီကားကြီး ရေးဆွဲရန် ရွှေတောင်သို့ ကွင်းဆင်း ခဲ့ရသေး၏။

နိုင်ငံရပ်ခြားသို့

လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၅၁ ခုနှစ်တွင် ပန်းချီ ဆရာကြီး ဦးငွေကိုင်အား နိုင်ငံတော် အစိုးရက ပန်းချီပညာ လေ့လာဆည်းပူးရန် နိုင်ငံခြား တိုင်းပြည်များသို့ ရှစ်လကြာ စေလွှတ်ခဲ့ပါသည်။ ဆရာကြီး ဦးငွေကိုင်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရှိ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက်သို့ ရောက်ရှိစဉ် ရှေးမြန်မာ ပုရပိုက် ပန်းချီများ၊ အသုံးအဆောင်များ ပုံတို့ကို ကူးယူ ရေးဆွဲခဲ့သည်။

သမိုင်းဝင် ပန်းချီကားများ

ဆရာကြီး ဦးငွေကိုင်သည် သမိုင်းဝင် ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ရာ နု-အက်တလီ စာချုပ် လက်မှတ် ရေးထိုးပုံ ပန်းချီကားကြီးမှာ ထင်ရှားသော လက်ရာ တခု ဖြစ်၏။ နိုင်ငံတော် အစိုးရက ယင်းသို့ သမိုင်းဝင် ပန်းချီကားကြီးများ ရေးဆွဲရန် ဆရာကြီး ဦးငွေကိုင်ကို ပန်းချီဝန်ရာထူး ခန့်အပ်ခဲ့ပြီး တလ ကျပ် ၁,၀၀၀ ချီးမြှင့် ပေးခဲ့သည်။ သို့သော် ဆရာကြီးက နေ့စဉ်ပုံမှန် ရုံးတက် ရုံးဆင်း အလုပ်မျိုးကို မလုပ်လို သဖြင့် မကြာမီ နုတ်ထွက်ခဲ့သည်။ ဆရာကြီး ဦးငွေကိုင်သည် နိုင်ငံတော် အကျိုးပြု ပန်းချီကားပေါင်း များစွာကို ရေးဆွဲခဲ့ရာ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက အလင်္ကာကျော်စွာဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဘဝနိဂုံး

ဆရာကြီး ဦးငွေကိုင်သည် တပည့်များနှင့်အတူ အောက်ဒိုး ထွက်၍ ပန်းချီ ရေးဆွဲလေ့ ရှိသူ ဖြစ်ပါသည်။ ဆရာကြီးသည် နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိသော်လည်းအသက် ၆၆ နှစ် အရွယ်တွင် မိတ်ဆွေဖြစ်သူ ဦးဗဆွေ၏ တိုက်တွန်းမှုကြောင့် ဖဆပလ အတွက် စည်းရုံးရေးမှူး အလုပ်လုပ် ဆောင်ခဲ့ရသည်။ ဤသို့ဖြင့် ဆရာကြီး ဦးငွေကိုင် ထားဝယ်သို့ မကြာခဏ ပြန်လည် ရောက်ရှိခဲ့သည်။ ထားဝယ်မြို့သို့ ရောက်ရှိစဉ် အတွင်း စပါးတောင်ဘက်သို့ အောက်ဒိုး ထွက်ကာ ပန်းချီကားများ ရေးဆွဲခဲ့သေး၏။ ယင်းသို့ ရေးဆွဲပြီး ပြန်အလာ နောက်တနေ့ ဖြစ်သော ၃ မတ် ၁၉၆၇ နံနက် ၇ နာရီတွင် ဆရာကြီး ဦးငွေကိုင် ထားဝယ်မြို့၌ ကွယ်လွန် သွားပါသည်။
 

ဒေါ်ခင်ကြည် - အတ္ထု ပ္ပတ္တိ


မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီး
အဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ
ဗိုလ်ချုပ်ကတော် မဟာ သီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သောတိုင်း ပြုပြည်ပြုလုပ်ငန်းများအမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

သို့ကလို ၎င်း၏ဘ၀တလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထားအရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်းဝန်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ခုနှစ် ဧပြီလ ၁၆ ရက်အဂါင်္နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉)ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည်မွေးချင်းမောင်နှမများမှာ ...

၁။ ဦဘလွင်
၂။ ဒေါ်ခင်သောင်း
၃။ ဦးမောင် (ငယ်စဉ်ကကွယ်လွန်)
၎။ ဦးဘကျော်
၅။ ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)
၆။ ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)
၇။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)
၈။ ဦးသိန်း (လူပျိုကြီး)
၉။ ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ဇနီး) တို့ဖြစ်ပါသည်။

ငယ်စဉ်ကမြောင်းမြမြို့တွင် (၇) တန်းအထိပညာသင်ခဲ့သည်။ ရန်ကုန်ကြည့်မြင်တိုင် ABM မိန်းကလေးကျောင်းမှ (၉) တန်းအောင်သည်။ထို့နောက်မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ်ရသည်။

မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာဝန်ထမ်းဆရာအဖြစ် နှစ်အတန်
၊ကြာအောင်လုပ်ခဲ့သည်။ ထို့နောက် ၀ါသနာအရ မိမိဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ) ၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများတက်ရောက်ခဲ့သည်။ စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ်စေတနာဝန်ထမ်းဆောင်ရွက်ခဲ့သည်။ ယင်းနောက်အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သဘောင်္ နှင့်ပြန်လာသည်။

၁၉၄၂ တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေ၀င်း၏ယောက္ခမ) ဦးဆောင်၍ ဆေးရုံဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု ၂၄၆ သင်တန်းဆင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘ မော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီးဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ (ရဲဘော်သုံး ကျိပ် ဗိုလ်လက်ျာ၏ညီ၊ ၁၉၃၈ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ်ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံလာတက်ရာမှ
၊ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။

ထို့နောက်၁၉၄၂စက်တင်ဘာ၆တနင်္ဂနွေနေ့တွင်ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီး
အရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်သားအောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီးအောင်ဆန်းစုကြည် (ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။ အထွေးဆုံးသမီးကလေးကို ၁၉၄၆ စက်တင်ဘာလ ၂၂ တွင်ထွန်းကားခဲ့သော်လည်း အဖတ်မတင်ဘဲ ၅ ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန် ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်) ရှိ ရေကန်တွင် ၁၉၅၃ဇန်န၀ါရီ၁၆တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။

ဒေါ်ခင်ကြည်သည် ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း ၃၅ နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဖော်ကိုင်ဖက် အခြား ၀န်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူချမှတ်ခဲ့သော တို်င်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ သည်။ ဖဆပလ၏တာဝန်ပေးခြင်းအရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် ၁၉၄၇ မှ ၁၉၅၁ အထိ အမျိုးသမီးအမတ်ဖြစ်ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။

၁၉၄၇ သြဂုတ်၂ တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် ...

“ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင် သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ဆုံးဖြတ်ပါတယ်။လူထုကို ကျမပြောလိုတာကတော့မိမိတို့အားကိုးယုံကြည်လေးစားသောခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကိုရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ”ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။

၊ဒေါ်ခင်ကြည်သည် ၁၉၄၇ - ၅၃ တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ်
၊ ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီဥက္ကဌ၊
မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသမီးအသင်းများကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘောတရားတိုးတက်ပြန်ပွားရေးအသင်းဥက္ကဌ၊
၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊
၊ မြန်မာနိုင်ငံ သူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူးး၊
ရာမာခရစ်ရှ်နာသာသနာပြု ဆေးရုံနှင့်စာကြည့်တိုက်ဒုဥက္ကဌအဖြစ်
၊ ရွေးချယ်တင်မြောက်ခံရသည်။ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင်သူနာပြု
လုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ် ၁၉၄၉ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ ၁၉၅၀ တွင် ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ်စာလှည်အဖွဲ့ကိုဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင်ညီလာခံသဘာပတိအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခံရသည်။ ၁၉၅၀၊၁၉၅၁၊၁၉၅၂ခုနှစ်များတွင်ဂျီနီဗာကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကို
၊ မြန်မာကိုယ်စားလှည်အဖွဲ့ကို ဦးဆောင်ကာတက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ဂျပန်၊တရုတ်၊အိန္ဒိယ၊ထိုင်း၊ဗိယက်နမ်နိင်ငံများသို့ လေ့လာရေးခရီး
သွားရောက်ခဲ့သည်။

၁၉၅၉ - ၆၀ နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ သို့အတွက် ဦးနုဦးဆောင်သောသန့်ရှင်းဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည်
၊ ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်းရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးမခံခဲ့ချေ။

ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသည်။ဇွန်လတွင်နီပေါနိုင်ငံဆိုင်ရာ
၊ မြန်မာသံအမတ်ကြီးအဖြစ်ပူးတွဲတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
၊ မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်း တင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။

အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ်ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေးဝန်ကြီးလုပ်သက်၊ သံအမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏
ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုးံခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအားလိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသော အခါ ဒေါ်ခင်ကြည်က ...

“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘ၀ရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘ၀ကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။

ဤသို့ ဒေါ်ခင်ကြည်သည် နေအိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘ၀ကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း ၁၉၈၇၊ဇန်န ၀ါရီလ ၁၀ တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ် သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၌ အကျဉ်းချုံးပြုလုပ်ခဲ့သည်။ ကမ္ဘာ့သာသနာပြု အဂ္ဂမဟာပဏ္ဍိတအရှင်သေဋိလက အင်္ဂဘာသာဖြင့် တ၇ားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း(ဗိုလ်ချုပ်ပြတိုက်လမ်း) ရွေကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။

လန်ဒန်မြို့တွင်၂လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့
၊ပြန်လည်ရောက်ရှိလာခဲ့သည်။ယင်းနောက်၁၀အကြာ၁၉၈၈မတ်လအကုန်ပိုင်းတွင်
ပြင်းထန်သောလေဖြတ်ရောဂါဖြစ်ပွားခဲ့သောကြောင့်သမီးဖြစ်သူ
၊ဒေါ်အောင်ဆန်းစုကြည်သည်မိခင်ကြီးအားပြုစုရန် မြန်မာနိုင်ငံသို့
လာရောက်နေထိုင်ခဲ့သည်။

ထို့နောက် ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏
လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဒေါ်ခင်ကြည်သည်ဘ၀တစ်လျှောက်လုံးတိုင်းကျိုးပြည်ပြုစွမ်းစွမ်းတမန်
၊ဆောင်ရွက်ခဲ့မှုကြောင့်၁၉၅၀ ပြည့်နှစ်တွင်အမေရိကန်ပြည် ထောင်စုမှ
၊ပေးအပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ် ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသိရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ် တွင် ယူကိုဇလာဗီးယားနိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါ ဘွဲ့ (၀ါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ၂ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီးမဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ကြွင်းကျန် သော
ရုပ်ကလာပ်ကို ရွှေတိဂုံဘုရားလမ်းရှိငြိမ်းချမ်းရေနှင့်မျိုးချစ်စာဆိုဆရာကြီး
သခင်ကိုယ်တောင်မှိုင်း၏ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရား ခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်တို့အကြားမြေကွက်လပ်၌ဂူဗိမာန်တည်ဆောက်
သဂြိုဟ်ခဲ့လေသည်။
 

ဦးဖိုးကျား - အတ္ထု ပ္ပတ္တိ


အမျိုးသားလှုပ်ရှားမှုတစ်ရပ်ဖြစ်သောခရစ်၁၉၂ဝ နှစ်ပြည့် ကျောင်းသားသပိတ်ကြီး
ကစတင်ခဲ့သည့်အမျိုးသားပညာရေးလောကတွင်ဦးဖိုးကျားသည် ကျော်ကြားသော
၊ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည်။ထို့ပြင်မျိုးချစ်စိတ်အရင်းခံဖြင့် မြန်မာအမျိုးသား
များ၏ အဆင့်အတန်း တိုးမြှင့်ရေးအတွက် ခေတ်ပြင်ဆောင်းပါး၊ စာအုပ်စာတမ်းများကို ရေးသားခဲ့သဖြင့် ကျောင်းသားသပိတ်ခေတ်မှ ဒုတိယကမ္ဘာစစ်မတိုင်မီစစ်ကြို ခေတ်အတွင်း မြန်မာစာပေလောက၌ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသား ပညာဝန် ဦးဖိုးကျား ဟူသော အမည်နှင့် နိုင်ငံအဝန်း ပျံ့နှံ့ကျော်ကြားခဲ့လေသည်။

ဦးဖိုးကျားသည် မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့(၁၈၉၁ခုနှစ်၊ မတ်လ ၂၃ ရက်) တနင်္လာနေ့တွင် ဟင်္သာတခရိုင် နိဗ္ဗာန်ရွာတွင် ဖွားမြင်သည်။ မိဘများသည် ပရိက္ခရာကုန်သည် ဦးဖေနှင့် ဒေါ်ဒေါင်းတို့ ဖြစ်ကြသည်။ ဦးဖေသည် လယ်သမားတစ်ဦးလည်း ဖြစ်သည်။ရွာအနီးဘုရားကုန်းတွင် နှစ်တုံးထွန်လယ်လုပ်သူ
၊ ဖြစ်သည်။ သူ့တွင် သားသမီးလေးယောက် ထွန်းကားခဲ့ရာ မောင်ဖိုးကျားသည် တတိယမြောက် ဖြစ်သည်။ သို့သော် ငယ်စဉ်ကတည်းကပင် မောင်ဖိုးကျားသည် သူ့အစ်ကို၊အစ်မများနှင့်မတူပညာရှာလို၊စူးစမ်းနားလည်လိုသောအရိပ်ယောင်များ
၊ ပြခဲ့သည်။ ခြောက်နှစ်သားအရွယ်တွင် နိဗ္ဗာန်ရွာ ဦးသာသန၏ကျောင်းတွင် စတင်ပညာသင်ကြားသည်။ ထို့နောက် ကိုးနှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်းရွာဆရာတော်ကျောင်းတွင် ပညာဆက်လက် ဆည်းပူးသည်။

မောင်ဖိုးကျား ငါးတန်းအောင်မြင်သောအခါ ခြောက်တန်း၌ ကျောင်းတက်ရင်း ဆရာတစ်ပိုင်း လုပ်ရပြန်သည်။ ထိုအစီအမံမျိုးကိုလည်း ပညာရေးဌာနက အားပေးနေချိန် ဖြစ်သည်။ ဆရာတစ်ပိုင်း ဆက်လုပ်ရန်မှာ စနစ်တကျ သင်တန်းတက်ထားဖို့ ကောင်းသည်ဟု ကျောင်းထိုင်ဆရာက သဘောရလေသည်။ ထို့ကြောင့် ဟင်္သာတ ဗရဲချောင်တိုက်မှ ဦးဝိသုဒ္ဓက ဖွင့်လှစ်၍ထားသော ဆရာ ဖြစ်သင်တန်းတွင် ကလေးများကို စာသင်နည်း၊ ကျောင်းအုပ်ချုပ်နည်းတို့ကို အဖော်တစ်ဦးနှင့်အတူ တက်ရောက်သင်ကြားလေသည်။

ဤတွင် မောင်ဖိုးကျားသည် နိဗ္ဗာန်ရွာကျောင်း၌ ခုနှစ်တန်းစာမေးပွဲကို ပြီးဆုံးအောင် မဖြေလိုက်ရပေ။ ကျောင်းစစ်လာသော ပညာအုပ်နှင့် အဆင်မပြေဖြစ်ခဲ့၍ သူ့မှာ ကျောင်းမှထွက်ရလေသည်။ သို့သော် မောင်ဖိုးကျားအဖို့ ပညာရှာရန် လမ်းမပိတ်ပါ။ သူ စာသင်ကောင်းကြောင်းသတင်းသည် အနီးအနားရွာများသို့ ပျံ့နှံ့ခဲ့လေသည်။ အသုတ်ရွာလေးထပ်ကျောင်းမှ ဦးသုန္ဒရသည် ကျောင်းတွင် ဆရာအဖြစ်လုပ်ကိုရန်သူ့ကိုလာခေါ်သောကြောင့် လေးထပ်ကျောင်းသို့ ရောက်ရပြန်သည်။ ထိုကျောင်း၌ပင်ကျောင်းဆရာလုပ်ရင်း မြန်မာခုနှစ်တန်းနှင့် အလယ်တန်းဆရာဖြစ်သင်တန်းကို ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့ပြင် ကျောင်းပိတ်ရက်၌ အနားမနေဘဲ နတ်မော်ရွာဘက်သို့သွား၍ နတ်မော်ဘုန်းကြီးထံမှ ဗေဒင်ပညာကိုလည်း သင်ခဲ့လေသည်။

၊ကျောင်းဆရာအဖြစ် ဆောင်ရွက်ရင်းမှပညာကိုဆက်လက်ဆည်းပူးလိုသဖြင့်
၊ ကျောင်းဆရာအလုပ်မှ ထွက်ပြီးသော် ပုသိမ်မြို့ တိုင်တစ်ရာပိုးကရင်ကျောင်းတွင် ပညာဆက်လက်သင်ကြားရာ ၁၉၁၆ ခုနှစ်တွင် ထိုကျောင်းမှ အင်္ဂလိပ်နှင့် မြန်မာ ကိုးတန်းကို ဖြေဆိုအောင်မြင်လေသည်။

ကိုးတန်းအောင်ပြီးနောက်တွင် ဆန်စက်တစ်ခု၌ တာလီစာရေးအဖြစ်ဝင်ရောက်
လုပ်ကိုင်သည်။ သို့သော် ပညာရေးဘက်တွင် စိတ်သန်နေသော ကိုဖိုးကျားသည် တိုင်တရာကျောင်းမှာပင် ပညာဆက်သင်ပြန်ရာ အသက် (၂၇) နှစ်အရွယ် ခရစ် ၁၉၁၇ ခုနှစ်တွင် ထိုကျောင်းကပင် အင်္ဂလိပ် - မြန်မာ ဆယ်တန်း အောင်မြင်ခဲ့သည်။

ကိုဖိုးကျားသည် စာပေပညာကို ပို၍သာ လိုလားလာသည်။ ထို့ကြောင့် ခရစ် ၁၉၁၈ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ်၌ ပညာဆက်လက်သင်ကြားသည်။ ထိုအချိန်တွင် ကိုဖိုးကျားတွင် မြန်မာစာပေ ဗဟုသုတ အခံနည်းပါးသေးသည်။ ခရစ်ယာန် ဓမ္မဟောင်း ၊ဓမ္မသစ်တို့ကိုမူ နှုတ်တက်ရွရွပင် ဆိုပြနိုင်သည်။ သို့သော် စကားအသုံးအနှုန်းကို နဘေကာရန်ပင် စပ်ဟပ်ပြောဆိုရန် ၀ါသနာပါသည်။ ဂျပ်ဆင်ကောလိပ်သို့ ရောက်လာပြီးနောက်တွင် နောင်တွင် ယဉ်ကျေးမှုဌာန အတွင်းဝန် ဦးဖိုးလတ် ၊ နေရှင်နယ် ဦးမြင့်တို့ဖြစ်လာမည့် ကိုဖိုးလတ်၊ ကိုမြင့်တို့နှင့် ခင်မင်ရင်းနှီးလာသောအခါ မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို စိတ်ပါဝင်စားလာသည်။ လေ့လာမှတ်သားလာသည်။ မြန်မာမှု၊ မြန်မာဓလေ့ ထုံးတမ်းဆိုင်ရာများကို လိုလိုလားလား ဖြစ်လာသော ဦးဖိုးကျားသည် ကိုဖိုးလတ်၊ ကိုမြင့်တို့၏ ညွှန်ကြားချက်အရ ပါဠိဆရာစော၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း) တို့ထံ တပည့်ခံ၍ ဆည်းပူးလေသည်။ ထိုဆရာကြီးများ ၏သင်ကြားမှုကြောင့်မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ဘက်တွင် ထွန်းထွန်းပေါက်ပေါက် ဖြစ်လာသည်။

ကိုဖိုးကျားသည် ကောလိပ်တွင်လည်း မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို အထူးလေ့လာလိုက်စားသည်။ မြန်မာမှုတို့ကို အထူးအရေးတယူ ပြုလာသည်။ ထို့ကြောင့် ကိုဖိုးလတ်၊ ကိုမြင့်တို့နှင့်အတူ ဂျပ်ဆင်ကောလိပ်တွင်ဗုဒ္ဓဘာသာအသင်း
ကိုတည်ထောင်ခဲ့လေသည်။ဘီအေ(၀ိဇ္ဇာ) အောက်တန်းသို့ ရောက်သောအခါ
၊ မြန်မာစာပေဘက်တွင် ပိုမိုနှံ့စပ် တတ်သိကျွမ်းကျင်လာသည်။ သို့တိုင်အောင် တင်းတိမ်အားရခြင်းမရှိသေးသဖြင့်ဗဟန်းဓမ္မသုခကျောင်းတိုက် ကြောင်လိမ်ကျောင်းဆရာတော်ဦးကဿပထံမှ လောကီ၊ လောကုတ္တရာစာပေများကိုလည်းဆည်းပူး
သင်ကြားပြန်သည်။ ထိုဆရာတော်ထံမှ မြန်မာစာပေဆိုင်ရာ ပုရပိုက်များကိုလည်း ရရှိခဲ့သည်။

ယင်းသို့ဖြင့် ၁၉၂ဝ ပြည့်နှစ်သို့ ရောက်သောအခါ ရန်ကုန်တက္ကသိုလ် ဥပဒေကိစ္စနှင့် စပ်လျဉ်း၍ ကျောင်းသားများလှုပ်လှုပ်ရှားရှား ဖြစ်လာသည်ဂျပ်ဆင်ကောလိပ်မှ
၊ ကျောင်းသားကြီးများသည် သပိတ်မမှောက်ရန် ကန့်ကွက်ခဲ့သော်လည်း အများဆန္ဒအရသပိတ်မှောက်ကြသောအခါထိုကျောင်းသားကြီးများပင် ခေါင်းဆောင်
ခဲ့ကြသည်။ ထိုကျောင်းသားကြီးများတွင် ကိုဖိုးလတ်၊ ကိုမြင့်၊ ကိုဖိုးကျားတို့ ပါဝင်ခဲ့လေသည်။ ကိုဖိုးကျားသည် စကားအရာ လိမ္မာကျွမ်းကျင်၍ အပြောအဟော ကောင်းသူတစ်ဦးလည်း ဖြစ်သောကြောင့် မြန်မာပြည် နယ်အရပ်ရပ်သို့ လှည့်လည်၍ သပိတ်တရားဟောရာ နိုင်ငံပိုင် အစိုးရမင်းများ၏ ဥပဒေနှင့် ငြိစွန်းသည်ဆိုကာ ဒဏ်ငွေတစ်ရာကျပ် တပ်ခြင်းခံရသည်။

ထိုစဉ်က ကျောင်းသားသပိတ်အရေးကား တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်ခဲ့သည်။ ပြည်သူလူထု၏ အကူအညီကိုလည်း ရက်ရက်ရောရော ရရှိခဲ့သည်။ ထိုကြောင့် ဗြိတိသျှအစိုးရ၏ ပညာရေးနှင့် စင်ပြိုင်အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုအမျိုးသား ပညာရေးလောကတွင် ကိုဖိုးကျားသည် တက်ကြွစွာ ပါဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုတွင် အမျိုးသား ပညာရေးကောင်စီ (C.N.E) ၌ ဦးစိုးဝင်း၊ မစ္စတာအိုင်းယားတို့နှင့်အတူ အမျိုးသားပညာရေးကို အားကြိုးမာန်တက် ဆောင်ရွက်၍ အမျိုးသား ပညာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၂ဝ ပြည့် ကျောင်းသားသပိတ်အရေးအပေါ်မီကအင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်
၊ကျောင်းများ၌ မြန်မာစာ၊ မြန်မာ့သမိုင်းသင်သည်ဆိုသည်မှာမည်ကာမတ္တမျှသာ
၊ ဖြစ်သည်။အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ မြန်မာစာ၊ မြန်မာ့သမိုင်း
တို့ကိုအလေးဂရုပြု၍သင်ကြားလာသည်။ထိုအရေးတို့တွင်ဦးဖိုးကျားတို့၏
၊ ဆောင်ရွက်မှုများစွာ ပါဝင်လေသည်။

ဦးဖိုးကျားသည် ကျောင်းသားကြီးဘဝကပင် စာပေအရေးအသားကို အစပြုခဲ့သည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါထိုကျောင်းများ၌ မြန်မာစာပေ၊
၊ မြန်မာ့သမိုင်းတို့ကိုအလေးထား၍သင်ကြားကြရသည်။ထိုအခါဦးဖိုးကျားသည်
၊ မြန်မာ့သမိုင်း၊ မြန်မာ့ရာဇ၀င်ကို ကျောင်းများ၌ သင်ကြားလေ့လာနိုင်စေရန် လွယ်ကူသော စကားပြေအရေးအသားဖြင့် “မြန်မာ့ဂုဏ်ရည်” ဟူသော အမည်ဖြင့် ရာဇဝင်စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့သည်။

ဦးဖိုးကျားက “မြန်မာ့ဂုဏ်ရည်” စာအုပ်နိဒါန်းတွင် -
“…..ရှေးအတိတ်ကာလက နှလုံးရည်၊ ပညာရေးလက်ရုံးရည်တို့နှင့် ပြည့်စုံကြပေသော မြန်မာပြည်သား တိုင်းရင်းသားတို့၏ အကြောင်းအရာကို တွေ့မြင်ဖတ်ရူကြပါက နောင်လာနောက်သား ဤပြည်သား များမှာလည်း၎င်းတို့တပဲမလွဲသောပုံစံယူ၍ မြင့်မြတ်သောအခြေသို့ ရောက်ရှိပြီးလျှင်
၊ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးများကို သယ်ပိုးနိုင်ပါစေသော ဟု မနောရှေးရူ စိတ်ထားပြုလျက်” စသည်ဖြင့် ရေးသားခဲ့လေသည်။

ဤတွင် နှလုံးရည်၊ပညာရည်၊လက်ရုံးရည်ဆိုသည်မှာအဘယ်နည်း။
နှလုံးရည်ဆိုသည်မှာ ရိုးသားတည်ကြည်ခြင်း၊ သူတစ်ပါးအကျိုး၊ ကိုယ့်အကျိုး၊ လောကီ၊ လောကုတ္တရာအကျိုးကို ဆောင်ရွက်ခြင်း၊ မှန်ရာကို ကြံဝံ့၊ ပြောဝံ့သော သတ္တိရှိခြင်း စသည် ဖြစ်သည်။ ပညာရည်ဆိုသည်မှာ စာပေကျမ်းဂန် တတ်မြောက်ခြင်း၊ နှုတ်မှု လက်မှု ၊ စက်မှုတတ်မြောက်ခြင်း စသည်တို့ ဖြစ်သည်။ လက်ရုံးရည် ဆိုသည်မှာ ကျန်းမာခြင်း၊ ဓါးခုတ်၊လှံထိုး သေနတ်ပစ်ကျွမ်းကျင်ခြင်း စသည် ဖြစ်သည်။ ထိုအရည်သုံးပါးကို ပေးစွမ်းနိုင်သော ပညာမျိုးသာလျှင် ပညာစစ်သည်။ ထိုပညာမျိုးမှာလည်း တိုင်ရေးပြည်ရေး စီးပွားရေး သာသနာရေး အလုံးစုံ၏ အခြေခံစင်စစ် ဟူ၍ ဦးဖိုးကျားက ယူဆလေသည်။

သို့ဖြင့် ဦးဖိုးကျားသည် ကျောင်းသားအပါအ၀င် ရှင်လူများအဖို့ အရည်သုံးပါးပြည့်စုံသူတို့ နမူနာ ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် “မြန်မာ့ဂုဏ်ရည်” ကို ရေးခဲ့ခြင်း ဖြစ်သည်။ ယင်းစာအုပ်ထဲတွင် ပျူစောထီး၊ ကျန်စစ်သား၊ အနန္တသူရိယ၊ မိဖုရားစော၊ သူခိုးငတက်ပြား၊ မဟာပညာကျော်၊ ဖိုးရာဇာ၊ အမတ်ဒိန်၊ လဂွန်းအိန်၊ စကားတောင်စား၊ သာလွန်မင်း၊ မဟာဗန္ဓုလ စသူတို့၏ အတ္ထုပ္ပတ္တိအတို (၁၃၇) ပုဒ် ပါလေသည်။ ထိုစာအုပ်သည် အမျိုးသားကျောင်းသုံးလည်း ဖြစ်ခဲ့သည်။ နောင်အခါ အစိုးရကျောင်းများကလည်း လိုက်၍ သုံးခဲ့ပြန်လေသည်။

ထို့နောက် ၁၉၃၇ ခုနှစ်တွင် “အလယ်တန်း ခေတ်မီ မြန်မာရာဇ၀င်အကျဉ်းချုပ်” ဟူသော စာအုပ်တစ်အုပ်ကို ရေးသားပြုစုခဲ့လေသည်။ အဆိုပါ စာအုပ်ကို ကျောင်းသားလူငယ်များ၊ မျိုးချစ်စိတ်ထကြွလာအောင် သင်ခန်းစာရအောင် ရေးခဲ့ခြင်းဖြစ်သည်။ ဦးဖိုးကျားသည် ရာဇ၀င် သမိုင်းဘက်ဆိုင်ရာ စာအုပ်စာတမ်းများသာမက ဘုရားဟော ငါးရာ့ငါးဆယ် နိပါတ်တော်တို့ကို ကျောင်းများ၌ လေ့လာသင်ကြားနိုင်ရန်နှင့် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့ လွယ်လင့်တကူ ဖတ်ရူနိုင်စေရန် “ငါးရာ့ငါးဆယ်ကောက်နုတ်ချက်များ” (အတွဲ ၁၊ ၂၊ ၃) ဟူ၍လည်း ပြုစုရေးသားခဲ့သည်။ ထို့ပြင် “ဦးပုညအတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ်” ၊ “ဦးပုညအတ္ထုပ္ပတ္တိနှင့် ၀ိဇယပြဇာတ်”၊ “ပေါရာဏအဘိဓာန်”၊ “ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ထုပ္ပတ္တိ” စသည်တို့ကိုလည်း ပြုစုခဲ့ရာ ဦးဖိုးကျားသည် မြန်မာစာပေ သုတေသီ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းလည်း သိသာထင်ရှားပေသည်။

ပညာဝန်အဖြစ် ဆောင်ရွက်စဉ် အတွေ့အကြုံများကိုလည်း “ကိုယ်တွေ့ဝတ္ထုများ” အမည်ဖြင့် တိုးတက်ရေး မဂ္ဂဇင်းတွင် ရေးသားခဲ့ပြီးနောက် နောင်အခါ စာအုပ်အဖြစ် အမှတ်(၁)မှ(၄)အထိရိုက်နှိပ်ထုတ်ဝေခဲ့သည်။ထိုဝတ္ထုများသည် မြန်မာအမျိုးသားတို့၏ ၊ ခေတ်နောက်ပြန်ဆွဲအယူအဆ၊ဓလေ့ထုံးစံတို့ကို ပြုပြင်ရေးအတွက် ရေးသား
ထားခြင်းဖြစ်ရာအရေးအသားကလည်း ကောင်းမွန်လှသဖြင့် ကျော်ကြားထင်ရှားသော စာအုပ်များ ဖြစ်သည်။

ထိုစာအုပ်များအပြင် ကိုးကွယ်မူနှင့် စပ်ဆိုင်သော စာအုပ်သုံးအုပ်ကိုလည်း ရေးသားထုတ်ဝေ ခဲ့သေးသည်။ ထိုစာအုပ်သုံးအုပ်သည် “၃၇ မင်း” ၊ “အလောင်းတော်ကဿပ “ နှင့် “မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း” စာအုပ်များ ဖြစ်ကြသည်။ ဦးဖိုးကျား၏ “၃၇- မင်း ၊ ဒတ္တရဋ္ဌ ၊ ၀ိရဋ္ဌက စသော ပုဂံခေတ် ၃၇-မင်း ၊ သကြားမင်း ၊ မဟာဂီရိနတ် စသော ရွှေစည်းခုံ ဘုရားတံတိုင်းအပြင်ရှိ ၃၇ မင်းစာရင်းများ ပါလေသည်။ အပြင် ၃၇ မင်း ဦးရေတွင်လည်း နတ်တစ်ဦးစီ၏ အတ္ထုပ္ပတ္တိကို ဆင်ယင်ထုံးဖွဲ့မူ ၊ ကိုယ်လက်အနေအထား စသည်တို့ကို အသေးစိတ် ဖော်ပြထားသည်။ တစ်ဖန် အပြင် ၃၇ မင်းစာရင်းနှင့်စပ်၍ ၀န်ကြီးပဒေသရာဇာ၏ စာရင်း ၊ မြ၀တီမင်းကြီး ဦးစ၏ စာရင်းနှစ်ခု ကွဲလွဲချက်များနှင့် ယခုခေတ် နောက်တိုး ဦးရှင်ကြီး ၊ ကိုးမြို့ရှင် ၊ မအောင်ဖြူ စသော နတ်များကိုလည်း ဖော်ပြထားသည်။

“အလောင်းတော်ကသာပ” မှာမူ ဦးဖိုးကျား၏ ကျမ်းစာအုပ်များအနက် အဆင့်အတန်းမြင့်သော စာအုပ်ဟု တိုရလိမ့်မည်။ သူသည် အထက်ချင်းတွင်းဘက်ရှိ အလောင်းတော်ကဿပ တည်နေရာသို့ သွားရောက်လေ့လာပြီးနောက် ကျမ်းဂန်များနှင့် ညှိနှိုင်း၍ ရေးခဲ့သည်။ ရည်ရွယ်ချက်မှာ အထက်ချင်းတွင်း ဒေသန္တာရ ဗဟုသုတကိုလည်း ပြလိုသည်က တစ်ချက် ၊ လက်ရှိရုပ်တုကို ဂေါတမဘုရားရှင်လက်ထက်မှ ရဟန္တာရှင် မဟာကသာပအလောင်း ဟူ၍ အများယူဆနေကြသည်မှာ မမှန်၊ ထိုရုပ်တုသည်ပုဂံခေတ် ပေါင်လောင်ရှင်ကဿပ၏ ရုပ်တုသာဖြစ်သည်ဟု ဆင်ခြင်ထုတ်ပြလိုသည်ကတစ်ချက် ဖြစ်လေသည်။ သေချာအောင်လည်း ကျမ်းဂန်လာ ကဿပကိုးဦးကို အထောက်အထားနှင့် တစ်ဦးစီ တင်ပြထားသည်။ ရှင်ကဿပအကြောင်း အကြောင်းကိုလည်း ခိုင်ခိုင်လုံလုံ တင်ပြထားသည်။ “မြောက်ပိုင်းဗုဒ္ဒဘာသာ မဟာယာနဂိုဏ်း” စာအုပ်တွင် ဝေသာလီပြည်၌ ဒုတိယ သင်္ဂါယနာတင်ချိန်ကစ၍ ဗုဒ္ဒဘာသာသည် ထေရဝါဒဂိုဏ်း ၊ မဟာင်္သဂီတိဂိုဏ်းကွဲပုံ ၊ ထိုမှ (၁၈) ဂိုဏ်း ထပ်မံကွဲပြားကြပုံကို တင်ပြထားလေသည်။ တစ်ဖန် ဂိုဏ်းဂဏကွဲပြားသမျှတွင် ထေရဝါဒဂိုဏ်းသာလျှင် ဘုရားဟောမူရင်းနှင့် ထပ်တူဖြစ်ပုံကို တင်ပြထားလေသည်။

ဦးဖိုးကျားသည် သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်းတို့၌လည်း ထူးခြားထက်မြက်သော ဆောင်းပါးများကို ရေးသားခဲ့သေးသည်။

ဦးဖိုးကျားသည် လွယ်ကူရှင်းလင်းသော စကားပြေ အရေးအသားကို ရေးစွမ်းနိုင်သူဖြစ်သည်။ အရေးအသား၌ ပင်ကိုယ်ဟန်ရှိသည်။ ဖျက်လက်သွက်လက်၍ စိတ်ပါဝင်စားဖွယ်ကောင်းသည်။ တိုတိုနှင့် လိုရင်းသို့ ရောက်အောင် ဒိုးဒိုးဒေါက်ဒေါက် ရေးစွမ်းနိုင်လေသည်။

ဦးဖိုးကျားသည် ၁၉၂၉ ခုနှစ် ၊ မေလတွင် မက္ကဆင် (အင်္ဂလိပ်သွင်းကုန်နှင့်အာမခံ) ကုမ္ပဏီစာရေးကြီး ဦးမောင်ကလေး ၊ သိမ်ကြီးဈေးကွမ်းရွဲကြီး ဒေါ်ဒေါ်သိန်းတို့၏ သမီးကြီး မအေးကြည်နှင့် ထိမ်းမြား လက်ထပ်သည်။ သား ဇော်ဝင်းကျား (အင်းဝ စာအုပ်တိုက်စာရေး ၊ ကွယ်လွန်) တစ်ယောက် ထွန်းကားခဲ့သည်။ ဒေါ်အေးကြည်သည် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် (ခရစ် ၁၉၃၉) တွင် ကွယ်လွန်ခဲ့လေသည်။

ဦးဖိုးကျားသည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်သည် အထိ အမျိုးသားပညာဝန်အဖြစ် ဆောင်ရွက်သည်။ အမျိုးသားကျောင်းများကို ကူညီထောက်ပံ့မူ့နည်းလာ၍ အမျိုးသားကျောင်းများ ခေတ်မှိန်လာသည့်တိုင်အောင် ထိုရာထူး၌ပင်ဆက်လက်ထမ်းရွက်ခဲ့သည်။ဦးဖိုးကျား၏အမည်သည်ကား မှေးမှိန်ခြင်း
မရှိဘဲ မြန်မာစာပေ လောကတွင် ပိုမို ထင်ရှား ထွန်းပြောင်လာသည်။

ယင်းသို့ရှိနေစဉ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ဦးဖိုးကျားတို့ အိမ်သားများ
သည်အင်းစိန်ခရိုင်ထန်းတပင်မြို့သို့စစ်ဘေးတိမ်းရှောင်နေကြရာမှ မြန်မာသက္ကရာဇ် ၁၃ဝ၃ ခုနှစ် ၊ နှောင်းတန်ခူးလပြည့်ကျော် (၁၂) ရက် (ခရစ် ၁၉၄၂ ခုနှစ် ၊ ဧပြီလ ၁၁ ရက် ) စနေနေ့တွင် ကွယ်လွန်ခဲ့လေသည်။ မြို့ခံလူများနှင့် မိသားစုများက ဦးဖိုးကျား၏ အသုဘကို တောထုံးစံ ငါးရက်ထားပြီးနောက် ဧပြီလ (၁၆) ရက်နေ့တွင် ထန်းတပင်မြို့ထိပ် ဘုန်းကြီးကျောင်းအနီးရှိ သုသာန်၌ မြေမြုပ်သင်္ဂြိုဟ်ခဲ့လေသည်။

သို့ရာတွင် ဦးဖိုးကျား၏ ကျန်ရစ်သော ရုပ်ကလာပ်သည် ထန်းတပင်မြို့၌ ကြာရှည်စွာမနေခဲ့ရပေ။၁၉၅၃ခုနှစ်တွင်(ဦးဖိုးကျားနှင့်သပိတ်မှောက်ဖက်ဖြစ်ခဲ့၍
၊ နောင်ယဉ်ကျေးမှုဝန်ကြီးဖြစ်လာသူ ) ဦးထွန်းဖေ ၊ ဗမာ့ခေတ်သတင်းစာတိုက် ပိုင်ရှင် ဦးအုန်းခင် (မိုးကြိုး ဦးအုန်းခင်) စာရေးဆရာ ဦးရန်အောင်တို့နှင့် ပုသိမ်ခရိုင် အသင်းတို့ ပူးပေါင်း ကမ္မကထပြု၍ ထန်းတပင်သုသာန်မှ ဦးဖိုးကျား၏ အရိုးကို တူးဖော်ခဲ့ကြသည်။ ထိုနောက် အရိုးအိုးကို ရန်ကုန်သို့ယူဆောင်ကာ ကြံတောသုသာန်၌ ဂူသွင်း၍ အောက်ပါအတိုင်း ကမ္ပည်းထိုးခဲ့ကြလေသည်။

စာရေးဆရာကြီး
အမျိုးသားပညာဝန်
ဦးဖိုးကျား
အသက်(၅၂) နှစ်
၁၉၄၂ ခု ၊ ဧပြီလ (၁၁) ရက်နေ့
ကွယ်လွန်အနိစ္စရောက်သည်။
 

Another Test Footer