Recommendations by Engageya

Latest Article Get our latest posts by subscribing this site

ဗေဒါလမ်းကဗျာစုများ(ဇော်ဂျီ)


စာအုပ်အမည် - ဗေဒါလမ်းကဗျာစုများ
စာရေးသူ - ဇော်ဂျီ
ဖိုင်ဆိုဒ် - 3.5MB


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




သခင်အောင်ဆန်းတရား ( ဇော်ဂျီ)

post-image


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊
အဘယ်တရားဟောမည်နည်း။
ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
သူ့အစွမ်းကား၊ အခြားမဟုတ်၊
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊
ဗန်းပြအလှ၊ ပကာသနကို၊
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊
ကြုံရာဘဝ၊ မုကလုံလောက်၊
ခံမြို့ဆောက်၏။
ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။
။   ။ဇော်ဂျီ



မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

တို့တိုင်းပြည် (ဇော်ဂျီ)

post-image

ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
။    ။ဇော်ဂျီ
(၁၉၃၅ ခုနှစ်၊ ဩဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း အတွဲ – ၃၊ အမှတ် – ၁၁။)


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

အလေးပြုသံ(ဇော်ဂျီ)


တွေးမိသည်တည့် ဆွေးမိသည်။
မလေးမောင်သည်ယနေ့
ဆွေးမြေ့မိသည်။
သွေးစက်နဲ့ကျမျက်ရည်
ပြည်နိုင်ငံအရေး
လူလမ်းစဉ် လူ့ခရီးမှာ
စီးရတယ်လေး။

ငေးမိသည်တည့် ငေးမိသည်။
မလေးမောင် သည်ယနေ့
ငေးမေ့မိသည်။
ဝမ်းမဝ မျှမညီ၊
ပြည့်နိုင်ငံအရေး။
လူလောကီ သည်ရှုပ်ထွေး၊
ရှင်းပါမှလေး။

ရေးမိသည်တည့် ရေးမိသည်။
မလေးမောင် သည်ယနေ့၊
ရေးမွေ့မိသည်။
စီးခဲ့တဲ့ သွေးမျက်ရည်၊
ပြည်နိုင်ငံအရေး။
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ဦးညွှတ်တယ်လေး။ ။……………

ဇော်ဂျီ

သင်သေသွားသော်


ဪ လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့ပြီးတကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်း။

အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅

Another Test Footer