Recommendations by Engageya

Home » » ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၁ ဇန်နဝါရီ ၂၀၁၅)

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၁ ဇန်နဝါရီ ၂၀၁၅)


Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
 လွန်လွန်ကျူးကျူး မလုပ်ပါနှင့်။ ဆုံးဖြတ်ချက် ပြတ်သားပါ။ မည့်သည့်အရာမဆို အကန့်အသတ်ရှိသည်ကို သတိထားပါ။ စွန့်စားပြီးလုပ်ရမည့်ကိစ္စများ ရှိနိုင်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သော်လည်း အခြားနေ့များနှင့် ကွဲပြားမည် မဟုတ်ပေ။  အလျင်စလို တုံ့ပြန်မှုပြုလုပ်ခြင်း ရှောင်ပါ။ အလွန်အကျွံမျှော်လင့်မိခြင်းကနေ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သည်။ လုပ်ငန်းကိစ္စများ စိတ်ရှည်ပါ။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
အိမ်တွင်းရေး ပြဿနာများသည် ငွေကြေးနှင့် ဆက်နွယ်သောကိစ္စများမှ ဖြစ်ပေါ်လာနိုင်သည်။ စကားပြောဆိုရာတွင် အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးသာ ပြုလုပ်သင့်သည်။ ဘဝအခြေအနေနှင့်ပက်သက်၍ လေးလေးနက်နက် တွေးခေါ်မိနေနိုင်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
အခြားလူများ၏ အရေးကိုသာ ဦးစားပေးနေသည်။ မိဘများ၏ ဆန္ဒကို အလေးထားသင့်သည့် အချိန်ပင်။ ကိုယ့်အမြင်များကိုသာ တစ်ဖက်သက်ချပြနေခြင်းများ ရှောင်ပါ။ သင်ပိုသိသည်ဟု ထင်ထားသောကိစ္စများအတွက် လူအများ၏ အမုန်းကိုခံရနိုင်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
အလုပ်နှင့်ပက်သက်သော ထိန်းချုပ်မှုများကြောင့် မကျေမချမ်း ဖြစ်နေနိုင်သည်။ အလုပ်ရှင်က မမျှတသော တောင်းဆိုမှုတွေ ပြုလုပ်နေနိုင်သည်။ စိတ်ခံစားချက်များကို ထိန်းချုပ်ပါ။ အပြောထက် နားထောင်မှုကိုသာ လုပ်ထားသင့်သောကာလပင်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ကိုယ့်ကြောင့် တစ်ဖက်လူဖိအားဖြစ်သွားမည်ကို ရှောင်ပါ။ တစ်ဖက်လူအပေါ် မှတ်ချက်ပေးခြင်းများ မပြုလုပ်ပါနှင့်။ သင့်စိတ်ထဲ လွန်ဆွဲနေသည့်ကိစ္စများ ရှိနိုင်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အလုပ်ရှုပ်မည့်နေ့ပင်။ အပြိုင်အဆိုင်များ၊ အတိုက်အခံများလည်း ရှိနေသည်။ အသင်းအဖွဲ့နှင့် လုပ်ကိုင်နေသူဖြစ်ပါက အဖွဲ့ထဲတွင် ထင်ရှားလာနိုင်သည်။ ပူးပေါင်းလုပ်ဆောင်ရမည့် ကိစ္စများကို ဦးစားပေးလုပ်ဆောင်ပါ။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ပြတ်သားမှုမရှိသော ကိစ္စများတွင် ပါဝင်ပက်သက်နေရနိုင်သည်။ ခပ်ခွာခွာနေသင့်သော ကိစ္စများ၊ ခပ်ခွာခွာနေသင့်သောလူများ ရှိနေသည်။ အရေးပါသည့်ကိစ္စများနှင့်ပက်သက်၍ ဆုံးဖြတ်ချက်ချရမည့် အချိန် မဟုတ်ပေ။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အကုန်အကျတွေ ရှိမည့်နေ့ပင်။ ကြိုတင်ချထားသော ငွေကြေးပိုင်းအစီအစဉ်များ ပြောင်းလဲရနိုင်သည်။ တစ်စုံတစ်ယောက်၏ငွေကြေးဖြင့် စားသောက်ခြင်း၊ သုံးစွဲခြင်းများလည်း ရှောင်ပါ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ခံစားရသောကိစ္စများ ရှိခြင်းကြောင့် စိတ်ထားများလည်း ဆိုးလာနိုင်သည်။ ရင်ဖွင့်သင့်သည့်ကိစ္စများ နှစ်သစ်သို့ မသယ်ဆောင်ပါနှင့်။ တစ်ဖက်လူအပေါ် သင့်၏မှတ်ချက်များက ပြင်းထန်နေနိုင်သည်။ ဒေါသပေါက်ကွဲခြင်းများ မပြုလုပ်ပါနှင့်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
စကားများများ ပြောဖြစ်နေသောနေ့ဖြစ်သည်။ ကိုယ်မသိသော ကိစ္စများတွင် ပါဝင်ပက်သက်မိခြင်း ရှောင်ပါ။ အချစ်ရေးတွင် သံသယများ ရှိနေသည်။ တစ်စုံတစ်ဦးနှင့် အတိုက်အခံ ဖြစ်လာနိုင်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
လုပ်ဖော်ကိုင်ဖက်နှင့် ကတောက်ကဆလေးများ ရှိနိုင်သည်။ ပြေပျောက်လွယ်သောကိစ္စများ နှစ်ဟောင်းတွင်သာ ထားခဲ့သင့်သည်။ တစ်ချို့ကိစ္စများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်သည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

0 comments:

Post a Comment

Another Test Footer