Recommendations by Engageya

Home » , , , » ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့

ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့


ပြသနာ တစ်စုံတစ်ရာ ဖြစ်အပြီး အောင်မြင်သော ယုံကြည်မှုတစ်ရပ်ပြန်လည် တည်ဆောက်ရန် ဖြစ်နိုင်သော်လည်း အနည်းငယ်ရှည်လျားပြီး ခက်ခဲနိုင်ပါတယ်။ ကျူးလွန်မိလိုက်တဲ့ အမှားဟာ အိမ်ထောင်သက်တမ်းတစ်လျှောက် ယူကျုံးမရ ဖြစ်စေခဲ့တယ်ဆိုရင် နှစ်ဦး စလုံး စိတ်ရောကိုယ်ပါ အကြီးအကျယ်ခံစားနေရတဲ့အချိန်ပါပဲ။
          ပြသနာတစ်ရပ်ပြီးလို့ ယုံကြည်မှုပြန်လည်တည်ဆောက်ယူခြင်း ဆိုတဲ့ဖြစ်စဉ်မှာ အဓိကအားဖြင့် အခြေအနေ (၆)ရပ်ပါဝင်ပါတယ်။ ဒါတွေကတော့ ငြင်းကွယ်ခြင်း၊ အပြင်း အထန်ခံစားရခြင်း၊ ဒေါသဖြစ်ခြင်း၊ ပြင်းပြင်းထန်ထန် စိတ်တိုခြင်း၊ ဒါတွေအပြီးမှာ လက်ခံ နိုင်ရန်ကြိုးစားခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ဖြစ်ပါတယ်။
          ဒီတော့ပြသနာကိုသိလိုက်ရတဲ့အချိန်မှာ အတူတူဆက်နေမယ်လို့ ဆုံးဖြတ်ချက် ချလိုက်နိုင်ဖို့အရေးကြီးပါတယ်။ အတူနေခြင်းဟာ စိတ်ချရတဲ့အခြေအနေရောက်ဖို့ အကြံကောင်း တစ်ခုပါ။ တော်တော်များများက သူတို့ရဲ့ ပြန်လည်တည်ဆောက်ဖို့ စိတ်ကူးကို တွန်းထုတ် ပစ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချိန်နဲ့ ဝေးကွာခြင်းဟာ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေဖို့ အကူအညီပေးရာမှာ အရေးပါပါတယ်။ နှစ်ဦးသားဟာ နာကျင်မှု၊ ဆုံးရှုံးမှုတွေမှာ အတွေ့အကြုံရှိထားပြီးသားဆိုရင်တော့ ပြန်တည်ဆောက်ခြင်းဟာ ပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ထင်ချင်စရာရှိပါတယ်။
          အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတာ အိမ်ထောင်တစ်ခုရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ ယုံကြည်မှု ၊ ဂုဏ်သိကာနဲ့ ကတိထားရှိချက်တွေ ပျက်စီးသွားခြင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ပြန်လည်အဆင်ပြေနိုင်ဖို့ အဆင့်အနည်းငယ်ရှိပြီး အခက်ခဲဆုံးအဆင့်ကတော့ တစ်ဦးနဲ့ တစ်ဦးကြားမှာရှိတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်းပါပဲ။ ဒီအကြံပြုချက် တစ်ချို့က သင့်ကိုကူညီနိုင်မှာပါ။
(၁)     ပထမဆုံးနဲ့ အရေးပါတဲ့အရာကတော့ ပြသနာကိုရပ်တန့်လိုက်ပြီး ကိုယ့်ရဲ့ဇယားနဲ့ လုံးဝအဆက်အသွယ် ဖြတ်လိုက်ပါ။ မင်းဒီလိုလုပ်လိုက်တာကို သူ့ကို သေသေချာချာ ပေးသိပါ။ တကယ်လို့ အဲဒီလူက ဆက်ပြီးဆက်သွယ်နေသေးတယ် ဆိုရင် မင်းရဲ့အိမ်ထောင်ဘက်အတွက် စိတ်ပျက်စရာကောင်းစေနိုင်ပေမယ့် အသိပေးပါ။ တကယ်လို့များ ကိုယ့်ရဲ့ဇယားက လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်နေမယ် ဆိုရင်တောင် လိုအပ်ရင်အလုပ်ကထွက်လိုက်ပါ။ ဒါဟာ ပြင်းထန်တဲ့တုံ့ပြန်မှု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယုံကြည်မှုကိုပြန်တည်ဆောက်ယူတဲ့အခါမှာ ဒီထက်များတဲ့ အတိုင်းအတာတောင်လိုအပ်ပါတယ်။ အိမ်ထောင်ဘက်ကို ကိုယ့်ရဲ့လူနဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားကြောင်း ဆက်လက်သိနေပါစေ။ အစမှာတော့ သူ/သူမဟာ မယုံနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ယုံကြည်စပြုလာပါလိမ့်မယ်။
(၂)     ပြသနာကို ပွင့်လင်းစွာ ပြန်လည်ဆွေးနွေးတာဟာ နာကျင်ပြီး အရှက်ရစေနိုင်ပေမယ့် အိမ်ထောင်ဘက်အနေနဲ့ အသေးစိတ်(သို့)အနည်းငယ် သိလိုရင် ဆွေးနွေးပေးပါ။ သူတို့မေးတဲ့မေးခွန်းတွေကို ပြည့်ပြည့်စုံစုံနဲ့ ရိုးရိုးသားသားဖြေပါ။ တချို့အရာတွေဟာ ဖြေဖို့ခက်ခဲနေမယ်ဆိုရင် အိမ်ထောင်ဘက်က သူ့အလိုလိုနောက်ပိုင်းမှာ ဖြည့်တွေး သွားနိုင်ပါတယ် ။ သူ့မှာ ထပ်ခါထပ်ခါမေးချင်နေမယ့် မေးခွန်းတွေ ရှိနေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီဆွေးနွေးမှုဟာ အကြိမ်ရေလျော့နည်းလာပြီးတဖြည်းဖြည်း ပြီးဆုံးသွားပါလိမ့်မယ်။ အနည်းငယ်ချန်လှပ်ထားခြင်း၊ ဖုံးကွယ်ထားခဲ့ခြင်းများ မလုပ် ပါနဲ့။ ပြန်သိရတဲ့ တစ်နေ့မှာ သင်တို့ရဲ့အနာဂါတ်ကို နှောင့်ယှက်နိုင်ပါတယ်။
(၃)     မလိမ်မိပါစေနဲ့။ ဖြစ်ပြီးသမျှတွေရော နောက်အတွက်ပါ မလိမ်ပါနဲ့။ အိမ်ထောင်ဘက်အနေနဲ့ သင့်ကိုမေးနေပေမယ့် အချက်အလက် တော်တော် များများကို သူ့အနေနဲ့ ကြိုတင်လေ့လာထားပြီးသား ဖြစ်နေမှာပါ။ အတည် ပြုရန်အတွက် သင့်ကိုပြန်လေ့လာနေတာလဲဖြစ်နိုင်ပါတယ်။ မလိမ်ပါဘူးဆိုတာ အလုပ်ထက် အပြောကလွယ်ပေမယ့် ယုံကြည်မှုကို ပြန်လည်တည်ဆောက် ရာမှာ ဒါဟာ ဗဟိုကျပါတယ်။
(၄)     တစ်ယောက်နဲ့တစ်ယောက် စိတ်ချလက်ချ ရှိနေနိုင်ဖို့ လျှို့ဝှက်ချက်မထားပါနဲ့။ သင့်ရဲ့ ဖုန်း၊ မက်ဆေ့၊ ခရက်ဒစ်ကဒ် ၊ အိပ်ကပ် ၊ ပိုက်ဆံအိတ် ၊ ပုဂိုလ်ရေးဆိုင်ရာ အီးမေးလ် ၊ ၀က်ဘ်ဆိုင် စတာတွေမှန်သမျှ သူ့ကို အသိပေးထားပါ။
(၅)     လေးလေးနက်နက်တောင်းပန်ပြီး အသိအမှတ်ပြုပေးပါ။ လိုအပ်ရင် ထပ်ခါထပ်ခါ တောင်းပန်ပါ။ နှစ်ဦးနှစ်ဖက်လုံးအနေနဲ့ ကိုယ့်ရဲ့အိမ်ထောင်ဘက်က အိမ်ထောင်ရေး အပေါ်မှာ အကောင်းဘက်ရောက်အောင် ပြုပြင်နေတာကို အသိအမှတ်ပြုပါ။
(၆)     သူရဲ့ ထိခိုက်နစ်နာခဲ့မှုအတွက် စိတ်ကျေနပ်အောင် ပြန်လည်နှစ်သိမ့် မှုရအောင် ပြုလုပ်ပေးပါ။
အိမ်ထောင်ရေးတိုင်းမှာ အမှားဆိုတာမကင်းနိုင်တာမို့ တကယ်လို့များ ကြုံတွေ့ခဲ့ရင် ခေါင်းအေးအေးထားပြီးဖြေရှင်းပါ။ ဒါမှသာ ဆုံးရှုံးနစ်နာမှု တတ်နိုင်သမျှ နည်းသထက် နည်းမှာဖြစ်ပါတယ်။

Credit >>> Trend Myanmar 


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer