Recommendations by Engageya

Home » » ဂျာနယ်ကျော်မမလေး

ဂျာနယ်ကျော်မမလေး

ဂျာနယ်ကျော်မမလေး
Journal Kyaw Ma Ma Lay.jpg
(၁၉၁၇ - ၁၉၈၂)
မွေးသက္ကရာဇ်၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့
အမည်ရင်းမတင်လှိုင်
မိဘအမည်ဦးပျားချို + ဒေါ်ကွီ
မွေးဖွားရာဒေသဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကမာကလူကျေးရွာ
နိုင်ငံသားFlag of Myanmar.svg
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းနဝမတန်း
အလုပ်အကိုင်စာရေးဆရာ၊ သတင်းစာဆရာ၊ တိုင်းရင်းဆေးပညာရှင်
ကြင်ဖော်ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးအောင်ဇေယျ
သားသမီးသားနှစ်ဦး၊ သမီးတစ်ဦး
ထင်ပေါ်ကျော်ကြားမှုရသစာပေရေးသားသော စာရေးဆရာမကြီး
ထင်ရှားသည့်လက်ရာများသူလိုလူ၊ မုန်း၍မဟူ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များစာပေဗိမာန်ဆု
ကွယ်လွန်ရက်၁၉၈၂-ခု ဧပြီလ ၆ ရက်
ကွယ်လွန်ရာဒေသရန်ကုန်မြို့ ပြည်သာယာလမ်း ဘောက်ထော်

ဂျာနယ်ကျော် မမလေး [၁၉၁၇ - ၁၉၈၂]

မမလေးကို ဧရာဝတီတိုင်း ဖျာပုံ ခရိုင် ဘိုကလေး မြို့နယ် ကမာကလူ ကျေးရွာ၌ အဖ ဒေါ်ဆင်ဘဏ် မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦး အနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်း မတင်လှိုင် ဖြစ်သည်။ ၁၉၂၂ ခုတွင် ဖျာပုံ အေဘီအမ် ကျောင်း၌ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်း အောင်သည်။ ထို့နောက်ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း ရန်ကုန် မြို့မ အမျိုးသမီး ကျောင်း၌ နဝမတန်း (၁၉၃၂) အထိ ပညာ သင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့ အလင်း သတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင် နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်၍ သား နှစ်ဦးနှင့် သမီး တစ်ဦး ကျန်ရစ် ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။

ဘိုကလေးမြို့ တို့ဗမာ အစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ (၁၉၃၆ - ၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာအယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီး ကလောင်ရှင် အသင်း ဒုတိယ ဥက္ကဋ္ဌနှင့် ကလောင်ရှင် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ ဒုတိယ ဥက္ကဋ္ဌ (၁၉၅၅)၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၁ - ၆၂) တာဝန်များကို ထမ်းဆောင် ခဲ့သည်။တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေး ဆရာများ ကွန်ဖရင့် နယူးဒေလီ (၁၉၅၅)၊ အဏုမြူ ဆန့်ကျင်ရေး ကွန်ဖရင့် [ဂျပန်] (၁၉၅၈)၊ ဂျပန် ဘာသာပြန် "သွေး" ဝတ္ထု အတွက် ဂုဏ်ပြု ဖိတ်ကြားခြင်း ဂျပန် (၁၉၈ဝ) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။

စာပေရေးသားပြုစုခြင်း

ပုဂ္ဂိုလ်ရေး 'ပစ်စာ' တစ်စောင်ကို တုံ့ပြန် ဆောင်းပါး ရေးရာမှ သတင်း စာတိုက် နှင့် ဆယ်သွယ် မိပြီး စာပေ နယ်ထဲ ရောက်ခဲ့သည် ဆို၏။ "အမျိုးသမီးများ 'ဏကြီးသတ်' ဉာဏ် ရှိကြရန်" (မြန်မာ အလင်း၊ ၁၉၃၆ - ၃၇) သည် ပထမ ပုံနှိပ် ဆောင်းပါး ဖြစ်သည်။ ပထမ ပုံနှိပ် ဝတ္ထုမှာ "မသိရလေခြင်း" [ဂျာနယ်ကျော်၊ ၃၁ - ၅ - ၁၉၄၁] ဖြစ်သည်။ ထင်ရှားသော စာအုပ်များမှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေဝယ် (၁၉၅၂)၊ မုန်း၍မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၆၃) [လှတမျက်နှာ - ၁၉၆၉]၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၉)၊ သွေး (၁၉၇၃)၊ ဂျာနယ်ကျော် မမလေး၏ ဘဝ ပုံရိပ်များ (၂ဝဝ၂) တို့ ဖြစ်ကြ၏။ မုန်း၍မဟူ ဖြင့် ၁၉၅၅ ခု စာပေဗိမာန်ဆု၊ တွေးတစိမ့်စိမ့် ဖြင့် ၁၉၆၃ ခု အနုပညာ စာပေဆု ဝတ္ထုတို ပေါင်းချုပ် တတိယဆု ရရှိ ခဲ့သည်။ နိုင်ငံခြား ဘာသာသို့ ပြန်ဆို ခဲ့သည် များမှာ မြက်ကလေးတပင် (ဂျာမန် - ၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ - ၁၉၈၄)၊ သွေး (ဂျပန် - ၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍မဟူ (ရုရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်) တို့ ဖြစ်ကြသည်။

ဂျာနယ် ကျော်မမလေး၏ ကလောင်ခွဲ များမှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင် တို့ဖြစ် ကြသည်။ စာရေးဆရာ၊ သတင်းစာဆရာ အဖြစ် သာမက တိုင်းရင်း ဆေးပညာရှင် အဖြစ်လည်း ထင်ရှား၏။ ဆေးပညာ ဆောင်းပါးများ (၁၉၆၂) (မြန်မာ့ ဆေးပညာ - ၁၉၆၇) ကို ပြုစု ခဲ့သည်။

ဘဝနိဂုံး

၁၉၈၂ ခု ဧပြီလ ၆ ရက် အင်္ဂါနေ့ နံနက် ၆:၃ဝ နာရီတွင် ရန်ကုန်မြို့ ပြည်သာယာလမ်း ဘောက်ထော် နေအိမ်၌ ကွယ်လွန်ခဲ့သည်။


ရေးသားခဲ့သောစာအုပ်များ

  • အဖြူ
  • သူမ (၁၉၅၄)
  • သူလိုလူ (၁၉၄၇)
  • သူလိုမိန်းမ (၁၉၄၈)
  • ရှူ့မငြီး (၁၉၄၈)
  • စိတ် (၁၉၅၁)
  • ကမ္ဘာမြေဝယ် (၁၉၅၂)
  • မုန်း၍မဟူ (၁၉၅၅) စာပေဗိမာန်ဆု
  • တွေးတစိမ့်စိမ့် (ဝတ္ထုတိုစုစည်းမှု) (၁၉၆၃)
  • လှတစ်မျက်နှာ (၁၉၆၅)
  • ရင်နင့်အောင်မွှေး(၁၉၆၇)
  • ရင်မှတစ်ရှိုက် (၁၉၇၀)
  • သွေး (၁၉၇၃)
  • နတ်ရေးငယ်ရွှေစာ
  • လောကီရတနာ
  • မေတ္တာ
  • စိတ်
  • ဘဝပုံရိပ်များ
  • ဟီရိုရှီးမား
  • အရှေ့နှင့်အနောက် (ဆောင်းပါးစုစည်းမှု)
  • ရွှေလင်းယုန်
  • ဆေးပညာဆောင်းပါးများ
  • မြန်မာ့ဆေးပညာ
  • မာလာရီ။
  • သူလိုလူ (ပ)+(ဒု)တို့ဖြစ်သည်။

ဘာသာပြန်စာအုပ်များ

  • မြက်ကလေးတစ်ပင် (ဝတ္ထတို) (ဂျာမန်ဘာသာသို့ ပြန်ဆိုပါသည်။)
  • တွေးတစိမ့်စိမ့် (ဝတ္ထုတို) (ရုရှားဘာသာသို့ ပြန်ဆိုပါ သည်။)
  • သွေး (လုံးချင်းဝတ္ထု) (ဂျပန်ဘာသာသို့ ပြန်ဆိုပါ သည်။)[၁]

စာညွှန်း

  1. Jump up ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)
  1. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၄၈ - ၄၉။
  2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၂၆၆ - ၂၆၇။
  3. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၃၆ - ၁၅၁။
  4. ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ စာ ၃၃ - ၃၆။
  5. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၃)။ စာ ၂၃၇ - ၂၃၈။
  6. နတ်နွတ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၂၂၈ - ၂၃၄။
  7. ဒဂုန်တာရာ။ ရုပ်ပုံလွှာ (၁၉၅၅)။ စာ ၂၉၃ - ၃၁၁။
  8. ရဲဘော် အေးသန်း။ ငြိမ်းချမ်းသူ၊ ရှုမဝ (မေ ၁၉၅၆)။ စာ ၁ဝရ - ၁၁ဝ။
  9. ရာပြည့် စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၉ဝ။
  10. မောင်ဇေယျာ။ မြန်မာ စာပေ ပညာရှင်များ၊ ဂျာနယ်ကျော် မမလေး (၁၉၁၇ - ၁၉၈၂)၊ ဟန်သစ် မဂ္ဂဇင်း (ဇူလိုင် ၂ဝဝ၂)။ စာ ၁ဝ၃ - ၁ဝ၅။
  11. နာရေး ကြော်ငြာ၊ လုပ်သား ပြည်သူ့ နေ့စဉ် (၉ - ၄ - ၈၂)။ စာ ၇။

0 comments:

Post a Comment

Another Test Footer