Recommendations by Engageya

""ကျည် ဆန် ၁၃ ထောင့်""



ပထမကျည်ဆန်က ပညာရေးကိုပစ်တယ်
ဒုတိယကျည်ဆန်က ငြိမ်းချမ်းရေးကိုပစ်တယ်
တတိယကျည်ဆန်က ပြည်သူ့လွတ်လပ်ရေးကိုပစ်တယ်
စတုတ္ထကျည်ဆန်က ပြည်မတောင်တန်းစည်းလုံးခြင်းကိုပစ်တယ်
ပဉ္စမကျည်ဆန်က တရားဥပဒေကိုပစ်တယ်
ဆဌမကျည်ဆန်က လူငယ်တွေကိုပစ်တယ်
သတ္တမကျည်ဆန်က တိုးတက်သောလူ့အဖွဲ့အစည်းကိုပစ်တယ်
အဋ္ဌမကျည်ဆန်က သဘာဝသယံဇာတကိုပစ်တယ်
နဝမကျည်ဆန်က သစ်ပင်တောတောင်ကိုပစ်တယ်
ဒသမကျည်ဆန်က မြစ်ချောင်းတွေကိုပစ်တယ်
ဧကာဒသမကျည်ဆန်က ပြည်စည်းရိုးကိုပစ်တယ်
ဒွါဒသမကျည်ဆန်က အချင်းချင်းယုံကြည်မှုကိုပစ်တယ်
တေရသမကျည်ဆန်က လယ်သမားနင်းပြားတွေကိုပစ်တယ်

သေချာတာကတော့
ကျည်ဆန်ဆယ့်သုံးထောင့်လုံးဟာ
မြန်မာတစ်ပြည်လုံးကို မှန်ခဲ့တာဖြစ်တယ် ။ ။
သစ်ပင်
Jan 8,2015
AM 11:00
''ဗိုလ် ချုပ် အောင် ဆန်း ရာ ပြည့် လွမ်း ဆွတ် မှု''

Credit >>> ဗိုလ်ချုပ်အောင်ဆန်း

0 comments:

Post a Comment

Another Test Footer