Recommendations by Engageya

Home » , , » သင့်စိတ်ကူး အိပ်မက်တွေကို အမြဲယုံကြည်နေသင့်တဲ့ အကြောင်းအရင်း (၉) ချက်

သင့်စိတ်ကူး အိပ်မက်တွေကို အမြဲယုံကြည်နေသင့်တဲ့ အကြောင်းအရင်း (၉) ချက်


သင့်စိတ်ကူးအိပ်မက်တွေက ဘာပါလဲ။ ပင်လယ်ကူးသင်္ဘောနဲ့ ကမ္ဘာပတ်ချင်တာ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများနဲ့ ဆုံတွေချင်တာ၊ နိုဘယ်လ် ဆုရချင်တာမျိုးတွေလား။ ဘယ်လိုစိတ်ကူးယဉ် အိပ်မက်မျိုးဖြစ်ပါစေ စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ တစ်ဝက်အောင်မြင်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ သင့်ရဲ့စိတ်ကူး အိပ်မက်တွေကို ဘယ်လိုယုံကြည်သင့်ကြောင်းနဲ့ ဘာကြောင့်အရှုံးမပေးသင့်လဲဆိုတာ အကြုံပြုဖော်ပြပေးထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ စိတ်ကူးအိပ်မက်တွေက ဘဝကိုပိုပြီး စိတ်ဝင်စားစရာကောင်းစေပါတယ်။
ဆိုးရွားခက်ခဲလှတဲ့ နေ့ရက်တွေကြုံတွေ့နေရတာ ဖြစ်ပါစေ၊ သင့်လက်ထဲမှာ ကိုယ်ပိုင်စိတ်ကူး အိပ်မက်တွေ ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ခွန်အားတွေ၊ သတ္တိတွေ သူ့အလိုလိုရရှိနေပါလိမ့်မယ်။ စိတ်ကူးအိပ်မက်တွေက နံနက်ခင်းတွေမှာ အဓိပ္ပာယ်ရှိရှိ ခွန်အားပြည့်ဝစွာ နိုးထလာစေတဲ့ အကြောင်းပြချက်ကောင်းတွေပါပဲ။ ပိုပြီးကောင်းမွန်စွာ ကြိုးစားအားထုတ်လေလေ ဘဝမှာ ပိုပြီးနေပျော်လာလေလေပါပဲ။

၂။ စိတ်ကူးအိပ်မက်တွေက တစ်ခြားသူတွေကိုလည်း အားကျအတုယူစေပါတယ်။
သင့်အိပ်မက်စိတ်ကူးတွေကို ယုံကြည်ပြီး အကောင်အထည်ဖော်နေခြင်းက တခြားလူတွေအတွက် နမူနာယူစရာ ဖြစ်နေပါတယ်။ ရည်မှန်းချက်တွေ အပေါ် အရှုံးမပေးတတ်ဖို့၊ အဆက်မပြတ်ကြိုးစားနေဖို့ အားအင်တွေလည်း ပေးနိုင်ပါတယ်။

၃။ သင့်စိတ်ကူးယဉ်အိပ်မက်ကို သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှလုပ်ဆောင်နိုင်မှာမဟုတ်ပါ။
သင့်အိပ်မက်တွေအပေါ်မှာ သင်ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်သူကမှလည်း သင့်အပေါ်ယုံကြည်ချက်ရှိမှာ မဟုတ်ပါဘူး။ ရှေ့ဆက်လျှောက်ပါ။ အိပ်မက်တွေကို အကောင်ထည်ဖော်တည်ဆောက်ပါ။ တစ်နေ့မှာ အောင်မြင်မှုကို သင်ရရှိလာပါလိမ့်မယ်။
၎။ စိတ်ကူးအိပ်မက်တွေက သင့်အပေါ် လှောင်ပြောင်ခဲ့တဲ့သူတွေအားလုံး မှားခဲ့တယ်ဆိုတာ သက်သေပြခြင်းဖြင့် အောင်မြင်မှုအရသာကို ပေးနိုင်ပါတယ်။
သင့်အိပ်မက်တွေကို တစ်ခြားဘယ်သူ့ကိုမှ လှောင်ပြောင်ဝေဖန်ခွင့်မပြုပါနဲ့။ သင့်ကိုယ်သင် ယုံကြည်ပြီး နောက်ဆုံးမှာ သူတို့တွေ အားလုံးမှားတာကို သက်သေပြလိုက်ပါ။

၅။ စိတ်ကူးအိပ်မက်က သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အောင်မြင်တဲ့သူတွေက အောင်မြင်မှုတွေကို မတော်တဆနဲ့ ရရှိခဲ့ကြတာမဟုတ်ပါဘူး။ တစ်ချိန်တစ်ခါက အိပ်မက်တွေ မက်ခဲ့ဖူးကြပါလိမ့်မယ်။ အီလီနော ရုစဗတ် (Eleanor Roosevelt) က ပြောခဲ့တယ် “အိပ်မက်တွေရဲ့ လှပမှုကို ယုံကြည်တဲ့သူမျိုးလက်ထဲမှာပဲ အနာဂတ်ရှိပါတယ်။”

၆။ စိတ်ကူးအိပ်မက်တွေက လူတွေအတွက် အကောင်းဆုံးတွေယူလာပေးပါတယ်။
အာကာသယာဉ်မှူး အိပ်မက်မက်ခဲ့သူတစ်ဦးဟာ လေယာဉ်မှူးဖြစ်လာသလို သင်အနေနဲ့လည်း ဦးနှောက်ခွဲစိတ်အထူးကုတစ်ယောက်အဖြစ် အိပ်မက် မက်ခဲ့ဖူးတာကြောင့် သူနာပြုတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သင့်စိတ်ကူးအိပ်မက်တွေအကုန်လုံး အကောင်အထည်မပေါ်လာနိုင်ပေမယ့် အကောင်းဆုံးတော့ သင်လုပ်နိုင်ပါတယ်။

၇။ စိတ်ကူးအိပ်မက်တွေ တခြားရည်ရွယ်ချက်တူသူများနဲ့ စုစည်းတွေ့ဆုံစေပါတယ်။
သင့်စိတ်ကူးအိပ်မက်တွေကို သင်ယုံကြည်တဲ့အခါ သင့်ရဲ့ဘေးမှာ စိတ်အားထက်သန်သူတွေ ယုံကြည်မှုရှိသူတွေက စိတ်တူကိုယ်တူ ဝိုင်းရံလာပါလိမ့်မယ်။ သင်ဆုံတွေ့ရပါလိမ့်မယ်၊ စိတ်ကူးအိပ်မက်တွေကို အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်တဲ့သူမျိုးတွေကိုပေါ့။ အဲဒီလိုလူတွေက သင့်အတွက် ခွန်အားတွေ သင်လိုအပ်နေမယ့် စိတ်ကူးအကြံဥာဏ်တွေ ပေးလာပါလိမ့်မယ်။

၈။ အကောင်းဆုံးလုပ်ဆောင်ခဲ့မယ်ဆိုရင် ဘယ်တော့မှာ နောင်တရလိမ့်မယ်မဟုတ်ပါ။
စိတ်ကူးအိပ်မက်တွေကို အကောင်အထည်မဖော်ခဲ့ဘူးဆိုရင် မကြိုးစားခဲ့တာတွေနဲ့ပက်သက်ပြီး နောင်တတွေ ရလာပါလိမ့်မယ်။ အနည်းဆုံးတော့ ကြိုးစားကြည့်ခဲ့တယ်ဆိုရင် အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ သင်သိပါလိမ့်မယ်။

၉။ လူတိုင်း ဘဝမှာတစ်ခါပဲ အသက်ရှင်ရမှာပါ။
တန်ဖိုးမဖြတ်နိုင်တဲ့ အံ့သြပျော်ရွှင်စရာကောင်းတဲ့ ဘဝဆိုတာ တစ်ကြိမ်တစ်ခါပဲ ကြုံတွေ့ရမှာပါ။ အဲဒါကြောင့် သေသေချာချာဆုံးဖြတ်ပါ။ သင့်စိတ်ကူးအိပ်မက်အပေါ် ယုံကြည်ချက်ထားပြီး အောင်မြင်ဖို့အတွက် ကြိုးကြိုးစားစားလုပ်ဆောင်ပါ။ ဘယ်သူကြောင့်အတွက်နဲ့မှ သင့်စိတ်ကူးအိပ်မက်တွေကို ဖျက်ဆီးမပစ်မိပါစေနဲ့။
သင့်မှာရော မိမိစိတ်ကူးအိပ်မက်တွေကို ယုံကြည်သင့်တဲ့ အချက်တွေရှိပါသေးလား။

Credit…GandaWin Magazine


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer