ဖြတ်သွားမိတဲ့အခါမှာ ချက်ခြင်းရပ်လိုက်ပြီး ဒီလောက်ကြီးမားတဲ့ဆင်တွေကို
ဘာလို့ကြိုးသေးသေးလေးနဲ့ချုပ်နှောင်လို့ရတာလို့ တွေဝေစဉ်းစားမိသွားပါတယ်။
ချိန်းကြိုးတွေနဲ့လည်းမချည်ထား၊ လှောင်အိမ်ထဲလည်းမထည့်ထားပဲနဲ့
ဘယ်လိုထိန်းထားသလဲဆိုတာကို အစဉ်းစားရခက်သွားပါတယ်။
ဆင်တွေကအချိန်မရွေး ကြိုးတွေကိုဖြတ်ပြီး ထွက်ပြေးသွားနိုင်ပေမဲ့
တစ်ကောင်မှအဲ့လိုမပြေးတာကိုတွေ့ရတော့ သူအရမ်းအံ့သြသွားပါတယ်။
ဒါနဲ့သူလည်း အရမ်းသိချင်စိတ်ပြင်းသွားပြီး အနီးနားမှရှိတဲ့ဆင်ထိန်းတဲ့သူကို
ဘာလို့ဆင်တွေကထွက်ပြေးဖို့မကြိုးစားတာလဲလို့ မေးလိုက်ပါတယ်။
”ဆင်ကလေးတွေကိုငယ်ငယ်လေးကတည်းကအရွယ်အစားတစ်မျိုးတည်းသော
ကြိုးနဲ့ပဲချည်ခဲ့ပါတယ်။အဲဒိအရွယ်တုန်းကသူတို့ကိုကြိုးသေးသေးလေးတွေက
ကောင်းကောင်းထိန်းချုပ်နိုင်တယ်လေ။သူတို့ကြီးလာတဲ့အခါမှာတော့
သူတို့ကို အဲဒိကြိုးလေးတွေက ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်ဆိုတာကို
တထစ်ချကြီးယုံကြည်သွားပါတယ်။ အဲဒါကြောင့် သူတို့ဘယ်တော့မှ ထွက်ပြေးဖို့
မကြိုးစားတော့တာပါ” လို့ဆင်ထိန်းက ဖြေကြားခဲ့ပါတယ်။
သူလည်း အရမ်းကိုအံ့သြသွားပါတယ်။ ဒီဆင်တွေဟာ သူတို့ကိုချည်ထားတဲ့ကြိုးတွေကို
မဖြတ်နိုင်ဘူးလို့ယုံကြည်နေတဲ့အတွက် လွတ်မြောက်အောင်မကြိုးစားပဲ
အမြဲအချုပ်အနှောင် အခိုင်းစားခံနေရတာကို သိလိုက်ရပါတော့တယ်။
ဒီဆင်တွေလိုပဲ ကျွန်တော်တို့ဘ၀မှာ တစ်ခါကျရှုံးဖူးရုံနဲ့ မလုပ်နိုင်ဘူးလို့ယုံကြည်ပြီး
မလုပ်ဖြစ်တဲ့အရာတွေဘယ်လောက်တောင် များများစားစားရှိနေပါပြီလဲ?
ကျရှုံးခြင်းဆိုတာ သင်ယူခြင်းရဲ့တစ်စိတ်တစ်ပိုင်းပါ။
ကျွန်တော်တို့ လက်မမြှောက်အရှုံးမပေးပဲ အရာရာကိုရင်ဆိုင်ကြစို့လားဗျာ!!!
Ref: living3.com
မိုးရှင်း (I.M.T)
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment