Recommendations by Engageya

Home » , , » သန်းပေါင်းများစွာကြွယ်ဝသူဖြစ်လာနိုင်ရန် လျှို့ဝှက် ချက် (၇)ချက်

သန်းပေါင်းများစွာကြွယ်ဝသူဖြစ်လာနိုင်ရန် လျှို့ဝှက် ချက် (၇)ချက်



ပထမဦးဆုံးအချက်အနေဖြင့် မိမိကိုယ်ကိုသန်းကြွယ်တဦးဖြစ်ရရုံ စံမထားပဲ သန်းပေါင်းများစွာကြွယ်ဝသူဖြစ်လာစေရန် စံထားရန်လိုအပ်မည်ဖြစ်သည်။
လူအများအားဖြင့် သန်းကြွယ်သူဌေးတဦးဖြစ်ရုံဖြင့် ငွေရေးကြေးရေးဖူလုံနိုင်မည်ဟုထင်မြင်ကောင်းထင်မြင်မိနိုင်သော်လည်း ကမ္ဘာ့စီးပွားရေးအရ၊နိုင်ငံ၏အစိုးအရ၊ ဈေးကွက်အခြေနေပေါ်မူတည်၍ဒေါ်လာတသန်းဟူသောငွေကြေးတန်ဖိုးမှာ မိသားစုတစုအတွက်ချမ်းသာသည်ဟုသတ်မှတ်ရန်မှာခက်ခဲနိုင်ပေလိမ့်မည်။
လွန်ခဲ့သောနှစ်က Fidelity Investmentsရဲ့သန်းကြွယ် သူဌေးများကိုလေ့လာမှုအရ ၄၂ရာခိုင်နှုန်းသောထိုသူတွေက ဒေါ်လာ ၇.၅သန်းအထက်မျှရှိမှာ သာလျှင်စတင်ချမ်းသာလာပြီဟုခံယူနိုင်ကြောင်းဖေါ်ပြထားသည်။
ကဲမိတ်ဆွေတို့ကိုမူရင်းရေးသားသူက သန်းပေါင်းများစွာကြွယ်ဝသူများဖြစ်လာနိုင်စေရန် အကြံအဥာဏ်ကောင်းများပေးထားပုံကို Mr. Guy(World Myanmar)မှတင်ဆက်ပေးပါရစေ။
၁) သန်းပေါင်းများစွာကြွယ်ဝသူတဦးဖြစ်လာစေရန်ဆုံးဖြတ်ချက်ချပါ- ပထမဦးဆုံးအနေဖြင့်မိမိကိုယ်ကို သန်းပေါင်းများစွာချမ်းသာလာနိုင်သည့်လူတဦးလို့မှတ်ယူထားကာ အကြံဥာဏ်များထုတ်ကာ အလုပ်ကိုအလွန်ကြိုးစားပြီး ပိုင်ဆိုင်မှုများစွာရှိလားအောင်ဖန်တီးယူပါ။
ပထမအချက်အနေဖြင့် ဆုံးဖြတ်ချက်ချပြီး ရည်မှန်းချက်ကိုဦးတည်ပါ။ ကျွန်တော်လွန်လေပြီးသောကာလက နေ့စဉ်နေ့တိုင်းဒေါ်လာသန်းတရာကျော်ပိုင်ဆိုင်သူတဦး ဟုချရေးထားလေ့ရှိသည်။
၂) နုံချာမွဲတေသောအတွေးများကိုစွန့်ပစ်ပါ- ကမ္ဘာပေါ်တွင် ငွေကြေးပျက်လက်မှုဆိုတာဘယ်သော အခါမှမရှိခဲ့ပါ။ လူအနည်းငယ်သာလျှင်အဆိုပါအချက်ကိုမှန်ကန်စွာတွေးခေါ်နိုင်ပြီးယုံကြည်စွာ အကျိုးသက်ရောက်မှုရှိအောင်ပြုလုပ်နိုင်ခဲ့ကြသည်။ သန်းကြွယ်သူဌေးဖြစ်လာနိုင်စေရန် အရင်ဦးဆုံးနုံချာသောအတွေးကိုစွန့်လွတ်နိုင်ရမည်။ ကျွန်တော်ငယ်စဉ်ကာလက ကြင်ဖော်မဲ့မိခင်ဖြင့်ကြီးပြင်းလာခဲ့ပြီး အမေကကျွန်တော်တို့မောင်နှမသုံးဦးရဲ့ ကျောင်းပညာရေး၊ လိုအပ်ချက်အစရှိသည်များကိုဖြည့်ဆည်းပေးနိုင်သူဖြစ်သည်။ အမေသင်ကြားပေးခဲ့သော သင်ခန်းစွာများထဲက ကြောက်ရွံ့မှုနှင့်ရှားပါးပြတ်လတ်မှုတို့ကို သတိရှိပြီး ကြုံလာခဲ့လျှင်ဘယ်လွန်အင်အားတွေနဲ့တွန်းလှန်တိုက်ခိုက်ရမည်ဆိုတာပြောကြားခဲ့သည် ကို ယခုထက်ထိမမေ့နိုင်သေးပေ။ သူမရဲ့အဆိုအရ “အစားအသောက်ကိုအကုန်စားပါ၊ဘာကိုမှမဖြုန်းတီးပါနှင့်” “ချမ်းသာကြွယ်ဝသူများဟာ ပိုက်ဆံလွယ်လွယ်ကူကူရလာလိမ့်မည်ဟုဘယ်တော့ကမှမတွေးတတ်ကြပါဘူး”
၃) တာဝန်တခုလိုပြုလုပ်ပါ- သန်းကြွယ်သူဌေးများသည် ပိုက်ဆံတခုအတွက်တက်ကြွနေသူများ မဟုတ်ပဲ ဈေးကွက်ရဲ့လိုအပ်ချက်များကိုလည်းဖြည့်စွမ်းနိုင်သူများ
ဖြစ်ကြသည်။ ဦးတည်ချက်ကိုဘယ်သောအခါမျှ အပျက်မခံပဲ အခက်အခဲ အကြမ်းအတမ်းတွေနဲ့ကြုံလာခဲ့သော မူလထက်ပိုမိုအားစိုက်ကာ ရင်ဆိုင်ကျော်လွှားနိုင်သူများဖြစ်သည်။
၎) သန်းကြွယ်သူဌေးများနှင့်မိမိ၏ပတ်ဝန်းကျင်ကို ၀န်းရံထားပါ- ကျွန်တော်အသက် ၁၀နှစ်အရွယ်လောက်ကတည်းက ချမ်းသာကြွယ်ဝသူများ၏ ဘ၀ဇာတ်ကြောင်းများကိုလေ့လာဆည်းပူးခဲ့သည်။ ထိုသူတို့၏ ဘ၀ဖြတ်သန်းပုံမှာ အလွန်ပင်အတုယူအားကျဖွယ်ကောင်းပြီး ကျွန်တော်၏မြင်ဆရာ၊ကြားဆရာ အဖြစ်တည်ရှိခဲ့သည်။ ပိုက်ဆံမရှိသောသူထံကနေ ပိုက်ဆံဘယ်လိုတိုးပွားလာအောင်လုပ်ရမယ်ဆိုတာ သင်ယူလို့မရပါ။ ပတ်ဝန်းကျင်မှာ ပိုက်ဆံရှိရင် မပျှော်ဘူးလို့ပြောတယ်လူများရှိသလား။ တကယ်ကိုသတိရှိဖို့လိုတာ ကဘယ်လိုလူစားမျိုးတွေ ကြွယ်ဝလာဖို့ဘယ်လိုဖန်တီး ယူသလဲ ဘ၀သင်ခန်းစာအဖြစ် ဘယ်လိုရယူမလဲဆိုတာသင့်အပေါ်မှာပဲမူတည်ပါတယ်။ လေ့လာသင့်ယူသင့်သောအရာတွေမှာ ။ ။ဘယ်လိုစာမျိုးတွေသူတို့ဖတ်သလဲ၊ ဘယ်လိုနေရာမျိုးမှာရင်းနှီးမြုပ်နှံသလဲ၊ ဘယ်လိုအရာတွေကသူတို့ကိုမောင်းနှင်အားပေးသလဲ၊ ဘာကြောင့်အမြဲတမ်းတတ်ကြွပြီး ဘယ်အရာတွေကသူတို့လှုံ့ဆော်နေလည်းဆိုတာ တွေနဲ့ မိမိ၏ပတ်ဝန်းကျင်ကိုဝန်းရံထားပါ။
၅) သန်းကြွယ်သူဌေးတဦးအနေဖြင့်အလုပ်လုပ်ပါ- ချမ်းသာသူများဟာ အချိန်ကိုပုံစံအမျိုးမျိုးနဲ့ အသုံးချတတ်ပါတယ်။ သူတို့ဟာ အချိန်ကိုဝယ်ယူနေချိန်မှာ မချမ်းသာသောသူများဟာ အချိန်ကိုအလဟသကုန်ဆုံးစေတတ်ကြပါတယ်။ အချိန်ကိုငွေထက်တန်ဖိုးထားတတ်ပြီး ကြွယ်ဝသူများမကျွမ်းကျင်သောနေရာများတွင် ကျွမ်းကျင်သူများကိုလုပ်ငန်းများတွင် ခန့်အပ်ထားပြီး အချိန်နှင့်လုပ်ငန်းများကို ထိရောက်စွာအသုံးချတတ်ကြ ပါတယ်။ ငွေရေးကြေးရေးအရအောင်မြင်တဲ့လူအများဟာ
အလုပ်တခုကိုအောင်မြင်အောင်လုပ်ရုံမျှမက စိတ်ခံစားမှုအရမိမိလုပ်သောလုပ်ငန်းတခုမှာအနိုင်ရနေသူ တဦးအဖြစ်ရယူရန်ဆက်လက်ကြိုးပမ်းသူများဖြစ်ကြသည်။
၆) သုံးနေမယ့်အစားရင်းနှီးမြှုပ်နှုံ- ချမ်းသာသောသူတွေသည် ပိုက်ဆံများကိုမဖြုန်းတီးပဲ သင့်တော်သောနေရာတွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံတတ်သည်။ အမေရိကန်နိုင်ငံ၏ အခွန်ဥပဒေကိုသိရှိနားလည်ထားပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးကိုရနိုင်သလောက်အသုံးချတတ်ကြသည်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံလို့ရသော တိုက်ခန်းများဝယ်ယူပြီး နှစ်ကုန်တဲ့အခါဝင်ငွေရရှိနိုင်သလို အခွန်ဆောင်တဲ့အခါလည်းကိုယ့်အတွက်အကျိုးများစွာရရှိနိုင်ပါတယ်။ ကားဝယ်စီးတဲ့အခါလည်း စတိုင်ကျ သက်တောင့်သက်သာရှိသောကားဝယ်မယ့် အစား လုပ်ငန်းတွင်အသုံးပြုလို့ရ သောကားကိုဝယ်ယူပြီး အခွန်သက်သာအောင်ဖန်တီးယူသလို လုပ်ငန်းများတွင်လည်းအမြတ်ငွေတိုးပွားစေပါတယ်။
၇) နေရာပေါင်းများစွာမှ ၀င်ငွေတွေရရှိလာအောင်စွမ်းဆောင်ပါ- ချမ်းသာသောသူအများဟာ ၀င်ငွေကိုတနေရာတည်းမှမက အခြားသောနေရာပေါင်းများစွာက
လည်းစီးဝင်စေပါတယ်။ ပထမဦးဆုံးကျွန်တော်ရဲ့လုပ်ငန်းအနေဖြင့် နှစ်ပေါင်းများစွာ ဂဏန်း၇လုံးတန်ဖိုးရှိသောဝင်ငွေဖြင့်ရပ်တည်နိုင်ခဲ့ပြီး နှစ်အနည်းငယ်အကြာ
နောက်ထပ်အပိုဝင်ငွေဝင်နိုင်မယ့် အိမ်ခြံမြေရောင်းဝယ်လုပ်ငန်းတွင်ထည့်ဝင်ခဲ့သည်။ ထိုနည်းတူ တတိယလုပ်ငန်း အဖြစ် ဖွံဖြိုှးဆဲဆော့ဖ်ဝဲလုပ်ငန်းတွင် ဆက်လက်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၀င်ငွေတိုးပွားစေခဲ့သည်။
နောက်ဆုံးအချက်အနေဖြင့် သင့်ကိုအံအားစေနိုင်မည်မှာ ချမ်းသာကြွယ်ဝသူများဟာအခြားလူများကိုလည်းကြွယ်ဝစေလိုသည်။ ထိုသူတို့မှာ လူတိုင်းချမ်းသာဖို့ ဆိုတာမဖြစ်နိုင်မယ်သိသော်ငြားလည်း လူအတော်များကိုချမ်းသာစေလိုတာအမှန်ပင်။ အကြောင်းရင်းမှာမူ ငွေရှိသူပိုများလာလျှင် သူတို့ရဲ့ ကုန်ပစ္စည်း၊၀န်ဆောင်မှု
အစရှိသည်တို့ပိုမိုရောင်းချလာနိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးလည်းပိုမိုကောင်းမွန်လာနိုင်ပါတယ်ဟု အဆိုပြုခဲ့ရင်း နှစ်သစ်မှာ ချမ်းသာလိုသူများ ချမ်းသာနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား။


Ref: Entrepreneur
Mr. Guy

World Myanmar(world-myanmar.com)

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer