Recommendations by Engageya

Home » , , » Confidence မရှိဘူးဖြစ်နေလား?

Confidence မရှိဘူးဖြစ်နေလား?


ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့
အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်ကသီချင်းမဆိုတတ်
ဆိုတတ်နဲ့ဆိုခဲ့တယ်။ အဲဒိအချိန်မှာ မိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေ
ရဲ့ “မင်းအသံကဆိုးလိုက်တာကွာ” စတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ
ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tattoo အထိုးခံလိုက်ရပါတယ်။ အကျိုးဆက်
အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း
ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာ
ရှိပါသေးတယ်။ “မင်းဖြစ်မှာမဟုတ်ပါဘူးကွာ” “မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ
ပျောက်ဆုံးခဲ့ရတယ်။

အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို
ယုံကြည်မှုရှိအောင်လုပ်ပေးကြတယ်။ သူတို့သားသမီး ငယ်ငယ်လေးထဲက
သီချင်းဆိုတာဝါသနာပါတယ်ထင်ရင် အသံဘယ်လောက်ဆိုးဆိုး အားပေးတယ်။
ပြီးတော့ သားသမီးတွေရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေ
ပို့ပေးတယ်။ ကျွန်တော်က မြန်မာနိုင်ငံကမိဘတွေကို အပြစ်တင်နေတာမဟုတ်ပါဘူး။
ကျွန်တော်တို့တွေ confidence နည်းရခြင်းအကြောင်းရင်းကိုပေါ်လွင်အောင်
ယှဉ်ပြခြင်းသာဖြစ်ပါတယ်။
“America’s got talent” ဆိုတဲ့အစီအစဉ်ကိုကြည့်ဖူးကြပါသလား?
အမေရိကားကကလေးတွေက အသားမဲတာ၊ရုပ်ဆိုးတာ၊ ဒုက္ခိတဖြစ်တာတွေအတွက်
confidenceမကျပါဘူး။သူတို့က ယုံကြည်မှုအပြည့်နဲ့သူတို့လုပ်တတ်တာကို
စင်ပေါ်မှာတတ်လုပ်ပြကြပါတယ်။ကတာပဲဖြစ်ဖြစ်၊သီချင်းဆိုတာပဲဖြစ်ဖြစ်၊
တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ်။
ကဲထားလိုက်ပါတော့ဒါက အမေရိကားကအကြောင်းပါ။ ကျွန်တော်တို့ရဲ့ကျနေတဲ့
confidenceကိုဘယ်လိုပြန်တက်အောင်လုပ်ကြမလဲ စဉ်းစားရအောင်။
တကယ်တော့ကျွန်တော်တို့အားလုံးက မွေးရာပါအောင်မြင်နိုင်သူတွေပါ။
ကိုယ့်အရည်အချင်းတွေကိုမသိတာပဲရှိကြပါတယ်။တစ်ချို့ကလည်း
ကိုယ့်အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ရမလဲမသိကြပါဘူး။
-ဆင်းရဲလို့မအောင်မြင်တာလို့မပြောပါနဲ့။ စာအုပ်တစ်အုပ်ဖတ်ရဖို့
မိုင်ပေါင်းထောင်ချီလမ်းလျှောက်ခဲ့တဲ့လင်ကွန်းကိုအားနာပါ။
-ခန္တာကိုယ်အစိတ်အပိုင်းချို့ယွင်းလို့ မအောင်မြင်ဘူးလို့မပြောပါနဲ့။
နားမကြား၊မျက်စိမမြင်ပဲနဲ့ ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ Helen Keller ကိုအားနာပါ။
Confidence တက်အောင်ဘယ်လိုလုပ်မလဲ?
-comfort zoneထဲကထွက်ပါ။ comfort zoneဆိုတာကတော့ သက်တောင့်
သက်သာရှိတယ်လို့သင်ထင်တဲ့နေရာမျိုးပါ။ ဥပမာ သင်ကအရင်က
သင့်ကိုယ်သင်ယုံကြည်မှုမရှိလို့သူငယ်ချင်းအသစ်တွေနဲ့သိပ်စကားမပြောဖြစ်ဘူးဆိုရင်
အခုကစပြီးစမ်းကြည့်ပါ။ သင်သာအပြုံးချိုချိုလေးနဲ့စိတ်ပါလက်ပါ ကြိုးစားမယ်ဆို
သင့်ကိုခင်လာကြမှာပါ။
-အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။လူဆိုတာ အဖွဲ့အစည်းနဲ့နေတတ်တဲ့
အမျိုးပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ ကြာလာရင် သင့်ကိုသင်
ယုံကြည်မှုတွေကျဆင်းပြီး သင်ဟာဒီလောကကြီးမှာဘာမှ အရေးမပါတဲ့သူ
တစ်ယောက်လို့်ကိုယ့်ဘာသာကိုထင်လာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့
စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။ အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။
-သင်က ဆန့်ကျင်ဘက်လိင်နဲ့စကားပြောရတာရှက်တတ်တယ်ဆိုရင်
သင်စကားပြောနေတဲ့သူကိုလူသားတစ်ယောက်လို့ပဲသဘောထားပါ။
စကားပြောဆက်ဆံမှုဆိုတာနေရာတိုင်းမှာလိုအပ်ပါတယ်။ဒီတော့
ယုံယုံကြည်ကြည်ပြောဆိုဆက်ဆံပါ။ လူတစ်ယောက်နဲ့လူတစ်ယောက်
စကားပြောကြတာအဆန်းကြီးမဟုတ်ပါဘူး။ မရှက်ပါနဲ့။ယဉ်ကျေးဖို့ပဲလိုတာပါ။
-မှောင်နေတဲ့နေရာကိုကြောက်ရင် အဲဒိမှောင်တဲ့နေရာကိုသွားကြည့်ပါ။
လုပ်ရမှာကြောက်နေတဲ့အရာတွေကိုမလုပ်သ၍ သင်ဘယ်တော့မှာသင့်ကို
သင်ယုံကြည်လာမှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ “အရင်မရဖူးတဲ့
အရာတွေကိုလိုချင်ရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလုပ်ရလိမ့်မယ်တဲ့”။
ရိုးရိုးရှင်းရှင်းနဲ့အရမ်းကိုထိရောက်ပါတယ်။
သင်ကအရင်ကမရှိတဲ့ “confidence” ဆိုတဲ့အရာကိုလိုချင်တာလေ။
အရင်အတိုင်းပဲနေနေလို့ကတော့ ဘယ်တော့မှရမှာမဟုတ်ပါဘူး။
ဒါကြောင့်မို့အရင်ကကြောက်နေတဲ့အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။
-မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။
လူသားတိုင်းမှားတတ်ကြပါတယ်။ မှားတာကိုသင်ခန်းစာယူတတ်
ဖို့ပဲလိုတာပါ။ ဒါကြောင့် သင်မှားတဲ့အခါတိုင်း ယုံကြည်မှုမကျသင့်ပါဘူး။
ဒီတစ်ခါမှားရင် နောက်တစ်ခါမှန်အောင်လုပ်မယ်
ဆိုပြီးကြိုးစားသင့်ပါတယ်။
အောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ပိုက်ဆံရှိချင်မှရှိမယ်။
ဒါပေမဲ့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။
အရင်က confidence မရှိခဲ့ရင်လည်း အခုကစပြီး confidenceရှိအောင်
ကြိုးစားကြတော့နော်။Confidenceဆိုတာအောင်မြင်မှုရဲ့ပထမလှေကားထစ်ပါ။

မိုးရှင်း (I.M.T)



မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer