Recommendations by Engageya

Latest Article Get our latest posts by subscribing this site

ပွဲတွေ့အမှား‎ (ဦးပုည)လေးချိုး

ဟုတ်ပလေ နှုတ်ချွေဟရမှာဖြင့်၊‎
ပုဗ္ဗေစထင်ရဲ့လေ။‎

ကောသလငယ်တို့၊ (သာဓက)
ဘဝအသရေလျှမ်းပါတဲ့၊‎
ရွှေနန်းစံရာ နရိန်မှ(တို့တောင်)‎၊
ခါချိန်တန် ပျက်စမြဲဟာမို့၊‎
စွဲမိသံဝေ။‎

အကုသိုလ် ဃာတကတ်ကယ်က၊‎
‎ယခုလို လာလို့ဖြတ်တာကြောင့်၊‎
ဇရပ်သို့ ပြေးရ(ရာ)လေ၊‎
ခွေးသေသို့(လို့) သေရငြား။‎

သိလျက်နှင့်ပင်၊‎
‎ဝိပါက် တကယ်ထင်လို့ (ကြမ္မာငင်တော့၊‎)
ရွှေဉာဏ်ရင်(ရှင်) မဝေခွဲနိုင်ဘု၊‎
ပွဲတွေ့အမှား။‎


ဦးပုည
(အကွပ်မျက်မခံရမီ နောက်ဆုံးရေးသားသွားသော လေးချိုး)‎



မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

ဦးပုည ဒုံးချင်း(ဦးပုည)


လေးကျွန်းဦးကိုင် မဏ္ဍိုင်စကမှာ
ကုန်းဘောင်အောင်ချက် တိုင်းကြီးရှင်။
ဘုန်းတော်တောက်လို့ နောက်မှပေါ်
သုံးခါလည်ကျော် သူငယ်တမ်းမို့
ပေါက်လွှတ်ဗလဗွေ ပွေအောင်ကြမ်းချည့်
ရွယ်မတူ ဘယ်သူစမ်းမလဲ
လမ်းရှေ့ကထွင်။
ရွှေလမင်းကျား ဘကြီးသား
လွတ်ရာရှားဟဲ့ သွားလာစေ
ယွန်းတန်းအောင်မြေ ရပ်မျာ့မှူးက
ပွဲတော်ဦးမို့ ဖူးမဲ့လာ
ရန်မျိုးဆုတ်ခွာ ဝေးကရှင်းရှင်း။
မိန့်တော်အပ်လို့ လက်မှတ်ဆောင်
သူငယ်ငါမောင် လိုသရွေ့
ဘယ်နေ့ဘယ်ရက် မရွေးချယ်
ဘယ်နယ်ဘယ်ရွာ ဘယ်အရပ်လို့
ကမ်းမသတ်ဘူး စိတ်ကြိုက်ရာ
ပျိုခင်ကညာ ရင်စို့စို့
နို့ထိန်းလုပ်ဖို့ ကောက်ယူစေ
နို့မှာတိုရှေ ရွေးဆက်လို့သွင်း။
ဝါဝါဝင်းတဲ့ ကြော့ရှင်းပြာဖြူ
သိမ်းပိုက်တော်မူမယ်လေး။
ဧးဟေ့ မယ်မြှူ
မြရွှေကြူ ဇာပုခက်မှာ
တေးဆက်လို့ မြိုင်မြိုင်
သံတိုင်နှင့်လွှဲ။
မအိပ်လို
မငိုအောင် အပျိုပိုက်မယ်
အသားပုံ သူငယ်ကြိုက်ကို
သွားကိုက်လို့ခဲ။ ။

(ဦးပုည)

ပြောငို (ဗွေသီဟာပျံ)(ဦးပုည)


ဗွေသီဟာပျံ၊ ရွှေကဒန်ဝယ်၊ ဝေယံဦးကိုင်၊ ... ဖလ်မှန်ခြယ်သန်း၊ ရွှေဘုံနန်းနှင့်၊ ကြငှန်းပိုင်သည်၊ ဘုန်းလှိုင်နတ်ကယ် ....၊ နွဲ့မဉ္ဇူပင်၊ မယ့်ပူအင်ကို၊ အမြင်သားနှင့်၊ နေအားတယ်၊ စိန်ခြယ်မြစီ၊ နာရဏီငယ်၊ ညီညီလာမြန်း၊ ... သဘောငယ်စင်စင်၊ မနောငယ်ယဉ်ယဉ်၊ ရွှေလင်ပန်းနှင့်၊ ရွှေနန်းထက်တွင်၊ ... ငွေနှင်းပျံ့ပျံ့၊ ခြွေသင်းကန့်တဲ့၊ ဗိမာန့်ရင်ကို၊ ပလ္လင်ကြာခ၊ နန်းဟံသမှာ၊ ရွေမျာ့းမဟေး ... လူတောင်းလာလျှင်၊ လွှတ်ကာပေးမယ်လို့၊ မွေးပလေ၊ သရေဂုဏ်ညှိုးလိုက်ပါဘိတယ်၊ မဖွယ်လေချက်၊ ချိုး ခါ-ကြက်နှင့်၊ ငှက်တိရစ္ဆာန်၊ ဖိုးမတန်ကို၊ ကိုးပြန်ဆယ်ဆင့်၊ ... ရောင်းလိုရောင်း၊ အကြောင်းသင့်ပါငဲ့၊ တပွင့်ငယ်နှင်းပင်၊ မယ်တင်တင်မှာ၊ လူစင်လျက်ပါ၊ ... ပြည်သူ့ထွဋ်ထား၊ ဘဘုရားက၊ အားမနာ၊ ကြမ္မာကံဆိုးကြုံတော့တယ်၊ ပင်လယ်ပတ်ဝန်း၊ .... ဘီလူးပျော်မွေ့၊ လူမတွေ့တဲ့ တစ္ဆေ့ကျွန်းကို၊ ဇွတ်တွန်းဆော်ဆင့်၊ .... ငွေရွက်ကယ်ဖြူဖြူ၊ သုံးပင်ထူသည်၊ လေယူပင့်လို့၊ လွင့်ချည်တော့မယ်၊ ... သည်တခါပြင်၊ မြတပင်မှာ၊ နန်းခွင်မနီး၊ တပင်ငယ်စံလေ့၊ တပြည်ရွေ့နေနွယ်၊ .... မင်းလွင်မှုန်မှုန်၊ လင်းယဉ်ဘုံမှာ၊ ရွက်စုံဖြူဖွေး၊ ... ကူညီဆယ်တင် ဘယ်မမြင်၊ မယ်ခင်လေးမှာဖြင့်၊ .... အို .... လေသွေးရာပါချည့်မယ်။ ။

ဦးပုည
(ဝိဇယပြဇာတ်မှ)

Another Test Footer