Recommendations by Engageya

Latest Article Get our latest posts by subscribing this site

သမုဒယ၀တ်ရည်ကဗျာများ – မောင်စိန်ဝင်း(ပုတီးကုန်း)

post-image

စာအုပ်အမည် - သမုဒယ၀တ်ရည်ကဗျာများ
စာရေးသူ - မောင်စိန်ဝင်း(ပုတီးကုန်း)
ဖိုင်ဆိုဒ် - 1.6MB
ဖိုင်အမျိုးအစား - pdf

Download


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

နေ့စွဲမရှိတဲ့အချစ်

မမေ့ရဲပေမယ့်
တစ်နေ့ခွဲရမှာတော့ သိတယ်ခင်။
နေ့စွဲမဲ့အချစ်၊
မမေ့ရဲတဲ့ အဖြစ်တွေမို့၊
ယနေ့လည်း သစ်ဆဲ သစ်မြဲလို့ထင်။
“ဘာသံမှ မကြားချင်ဘူးနော်” တဲ့၊
အမိန့်တော်လို အမှာစကားတွေနဲ့၊
အခါတစ်ပါးက သူ့သံစဉ်၊
အခုပြန်မြင်ရဲ့ သူ့အမူအနွဲ့။
တစ်ရံခါဆီက၊
ဒဏ္ဍာရီလို အဖြစ်တစ်ခုလို့၊
ချစ်သူ့အတွေးမှာ ပုံပြင်မှတ်ပါသလား …၊
စိမ်းပြတ်နာ မာနအငွေ့တွေနဲ့၊
တိမ်းဖြတ်ကာ ထာဝရမေ့ချင်လို့၊
မတွေ့သာအောင် သခင်ခွဲတော့မှ
ရင်ထဲမှာ ဝေဒနာကျွမ်းကာ
အချစ်ရယ် ……. လွမ်းလို့ကျန်ရဲ့ …. ။

မောင်စိန်ဝင်း (ပုတီးကုန်း)

အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်

ပန်းတပွင့်ဧ။်နိယာမ
ဖူးမယ်
ပွင့်မယ်
နွမ်းမယ်
ပြီးတော့ကြွေမယ်။
သဇင်တို့ လိုပင်မြင့်မှာနေ
တော်ဝင်တဲ့ပန်းတော့မဟုတ်ဘူး
အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်။
ဝေရင်လည်းမွေး
ကြွေရင်လည်းမွေး
နွမ်းရင်လဲမွေးတုန်းပါကွယ်။
လေအဝှေ့ မှာ ကြွေလွင့်တဲ့ ပန်းခရေ
ကောက်ယူကာသီကုံး
ဘုရားမှာလည်းတင်
ခေါင်းမှာလည်းဆင်
ပန်းဘုရင်တော့မဟုတ်ပေမဲ့….
နွမ်းရင်လည်းသိမ်းထားပါအုံးမယ်….။     ။
 
မောင်စိန်ဝင်း (ပုတီးကုန်း)

ဝေး (မောင်စိန်ဝင်း (ပုတီးကုန်း))

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။
အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။
သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။

မောင်စိန်ဝင်း (ပုတီးကုန်း)

Another Test Footer