Recommendations by Engageya

Latest Article Get our latest posts by subscribing this site

ဖိုးသူတော် တစ်နေ့တာဟောစာတမ်း (၃ ရက် မတ်လ ၂၀၁၅ ခုနှစ်)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ယနေ့အတွက် ထူးခြားသော စွမ်းအင်များရရှိလာမည်။ ၎င်းစွမ်းအင်များအသုံးခြင်းတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းသော နေရာများတွင်သာ အသုံးချရမည်။ ဖြုန်းတီးသလို မလုပ်သင့်ပါ။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ ရက်နေ့ မွေးသူများ)
ငွေရေးကြေးရေးမလုံလောက်ခြင်းနှင့်ပတ်သက်ပြီး ဖြေရှင်းစရာများ အနည်းငယ်ပေါ်လာမည်။ လုပ်ငန်းခွင်တွင်းဖြစ်စေ အခြားသောနယ်ပယ်များတွင်ဖြစ်စေ နေရာအကူးအပြောင်းများပြု လုပ်လာရမည်ဖြစ်သည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ ရက်နေ့ မွေးသူများ)
ကြုံတွေ့နေရသော အခက်အခဲပြဿနာများမှ ကောင်းကျိုးများရရှိခံ စားလာရနိုင်မည်ဖြစ်သည်။ ယနေ့အတွက် အကောင်းဘက်ဆောင် သော အမြင်များက ရာသီဖွားကို အဆင်ပြေအောင်ကူညီပေးနိုင်မည်။ စိတ်ဝင်စားစရာကောင်းသော သူစိမ်းသူရံ အပေါင်းအဖော်များနှင့် ရင်းနှီးဖွယ်ကြုံမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂ ရက်နေ့ မွေးသူများ)
တိုးတက်ရာ တိုးတက်ကြောင်း အလုပ်အကိုင်များ၊ အခွင့်အလန်းများ အတွက် အားသွန်ခွန်စိုက် ကြိုးစားလေ့လာသင့် သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို အလဟဿမကုန်ဆုံးစေပဲ ဘဝအတွက် အထောက်အကူပြုနိုင်မည့် သင်ကြားရေးလေ့ကျင့်ခန်းများတွင် အသုံးချသင့်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ ရက်နေ့ မွေးသူများ )
အတိုက်အခံ ရန်များရှိလင့်ကစား ယနေ့အတွက် အရာရာအဆင်ပြေ အောင်မြင်နိုင်မည့် နေ့ရက်တစ်ရက်သာဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ နေထိုင်ခြင်းဖြင့် အခြားသူများ၏ တွန်းပို့မှု၊ တိုက်တွန်းမှုများကို နား ယောင် လိုက်လုပ်မနေသင့်ပါချေ။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
စိတ်ဖိစီးမှုများ၊ စိတ်ရှုပ်ရခြင်းများ ယာယီပေါ်လာနိုင်သည်။ ငွေရေးကြေးရေးကိစ္စများ၊ ပေါင်းသင်းဆက်ဆံရေးကိစ္စများက လက်ရှိတွင် ပြဿနာ၏မီးပွားအစများဖြစ်လာနိုင်သည်။ နှလုံးသားရေးရာကိစ္စများ၊ ငွေကြေးအသုံးကိစ္စများတွင် အဆိုးဆုံးအ ခြေအနေထိပင် ပေါ်လာနိုင်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃ ရက်နေ့ မွေးသူများ)
မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရမည်။ အချို့သော စိတ်မချမ်းမြေ့စရာများ၊ စိတ်ကူးထားသည့် ရည်မှန်းချက်များအတွက် အနှောင့်အယှက်များစေနိုင်မည့် အကြောင်းအရာများနှင့် ထိပ်တိုက်ရင်ဆိုင်လာရဖွယ်ရှိသည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
အသစ်သစ်သော စိတ်ကူးစိတ်သန်း၊ လှုပ်ရှားမှုများကို ပိုပြီး ဦးစားပေးဆောင်ရွက်သင့်သည်။ မကြုံဖူးသော၊ မရင်းနှီးသော အခိုက်အတန့်အချိန်များကို ဖြတ်သန်းနေရမည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁ ရက်နေ့ မွေးသူများ)
ရာသီဖွားများအတွက် ယနေ့မှာ အကောင်းဘက်ဆောင်သော ဖြစ်ရပ်များ၊ ကိစ္စများဖြစ်ပေါ်နေကာ အရာရာအဆင်ပြေနေမည်ဖြစ် သည်။ မတော်တဆ အမှားများ၊ ပြဿနာများဖန်တီးမိသွားပါက ယင်းအတွက် အချိန်ပေးဖြေရှင်းနေရမည်ဖြစ်သည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀ ရက်နေ့ မွေးသူများ)
ဖိအားပေးခြင်းများ၊ အရေးပေါ်အခြေအနေအတွက် သုတ်သုတ်ပျာပျာ လုပ်ကိုင်ရမည့်အခြေအနေများ ယနေ့မှာ စိုးမိုးနေမည်။ သို့သော်လည်း စိတ်သက်တောင့်သက်သာ အနေအ ထားဖြင့် အခက်အခဲများကို တစ်ခုချင်းတစ်ချင်းဖြည်းဖြည်းစီ ဖြေရှင်း သွားနိုင်မည်ဖြစ်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈ ရက်နေ့ မွေးသူများ)
ရာသီဖွားများ၏ ပင်ကိုယ်စရိုက်အတိုင်း ဆိုရှယ်ကျကျနေထိုင်တတ်ခြင်း၊ ပျော်ပါးခင်မင်ပေါင်းသင်းနေထိုင် တတ်ခြင်းများ ပိုမိုအားကောင်းလာမည်။ ဘာသာရပ်တစ်ခုခုကို လေ့လာရန်အတွက် အသင်းအဖွဲ့လိုက် ခရီးတိုတစ်ခုထွက်ရမည့်အခြေအနေများ ရှိလာနိုင်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀ ရက်နေ့ မွေးသူများ)
ယနေ့အတွက် အရာရာပြီးပြည့်စုံသော နေ့တစ်ရက်ဖြစ်နေမည်ဖြစ်ကာ အချို့သောအသုံးအဆောင်အနည်း ငယ်တို့အတွက် ငွေကြေးများအသုံးစရိတ်ထဲဝင်နေမည်။ မထင်မှတ်ပဲငွေအသုံး စရာနေရာများပေါ်လာနိုင်သည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၁ ဇန်နဝါရီ ၂၀၁၅)


Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
 လွန်လွန်ကျူးကျူး မလုပ်ပါနှင့်။ ဆုံးဖြတ်ချက် ပြတ်သားပါ။ မည့်သည့်အရာမဆို အကန့်အသတ်ရှိသည်ကို သတိထားပါ။ စွန့်စားပြီးလုပ်ရမည့်ကိစ္စများ ရှိနိုင်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သော်လည်း အခြားနေ့များနှင့် ကွဲပြားမည် မဟုတ်ပေ။  အလျင်စလို တုံ့ပြန်မှုပြုလုပ်ခြင်း ရှောင်ပါ။ အလွန်အကျွံမျှော်လင့်မိခြင်းကနေ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သည်။ လုပ်ငန်းကိစ္စများ စိတ်ရှည်ပါ။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
အိမ်တွင်းရေး ပြဿနာများသည် ငွေကြေးနှင့် ဆက်နွယ်သောကိစ္စများမှ ဖြစ်ပေါ်လာနိုင်သည်။ စကားပြောဆိုရာတွင် အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးသာ ပြုလုပ်သင့်သည်။ ဘဝအခြေအနေနှင့်ပက်သက်၍ လေးလေးနက်နက် တွေးခေါ်မိနေနိုင်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
အခြားလူများ၏ အရေးကိုသာ ဦးစားပေးနေသည်။ မိဘများ၏ ဆန္ဒကို အလေးထားသင့်သည့် အချိန်ပင်။ ကိုယ့်အမြင်များကိုသာ တစ်ဖက်သက်ချပြနေခြင်းများ ရှောင်ပါ။ သင်ပိုသိသည်ဟု ထင်ထားသောကိစ္စများအတွက် လူအများ၏ အမုန်းကိုခံရနိုင်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
အလုပ်နှင့်ပက်သက်သော ထိန်းချုပ်မှုများကြောင့် မကျေမချမ်း ဖြစ်နေနိုင်သည်။ အလုပ်ရှင်က မမျှတသော တောင်းဆိုမှုတွေ ပြုလုပ်နေနိုင်သည်။ စိတ်ခံစားချက်များကို ထိန်းချုပ်ပါ။ အပြောထက် နားထောင်မှုကိုသာ လုပ်ထားသင့်သောကာလပင်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ကိုယ့်ကြောင့် တစ်ဖက်လူဖိအားဖြစ်သွားမည်ကို ရှောင်ပါ။ တစ်ဖက်လူအပေါ် မှတ်ချက်ပေးခြင်းများ မပြုလုပ်ပါနှင့်။ သင့်စိတ်ထဲ လွန်ဆွဲနေသည့်ကိစ္စများ ရှိနိုင်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အလုပ်ရှုပ်မည့်နေ့ပင်။ အပြိုင်အဆိုင်များ၊ အတိုက်အခံများလည်း ရှိနေသည်။ အသင်းအဖွဲ့နှင့် လုပ်ကိုင်နေသူဖြစ်ပါက အဖွဲ့ထဲတွင် ထင်ရှားလာနိုင်သည်။ ပူးပေါင်းလုပ်ဆောင်ရမည့် ကိစ္စများကို ဦးစားပေးလုပ်ဆောင်ပါ။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ပြတ်သားမှုမရှိသော ကိစ္စများတွင် ပါဝင်ပက်သက်နေရနိုင်သည်။ ခပ်ခွာခွာနေသင့်သော ကိစ္စများ၊ ခပ်ခွာခွာနေသင့်သောလူများ ရှိနေသည်။ အရေးပါသည့်ကိစ္စများနှင့်ပက်သက်၍ ဆုံးဖြတ်ချက်ချရမည့် အချိန် မဟုတ်ပေ။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အကုန်အကျတွေ ရှိမည့်နေ့ပင်။ ကြိုတင်ချထားသော ငွေကြေးပိုင်းအစီအစဉ်များ ပြောင်းလဲရနိုင်သည်။ တစ်စုံတစ်ယောက်၏ငွေကြေးဖြင့် စားသောက်ခြင်း၊ သုံးစွဲခြင်းများလည်း ရှောင်ပါ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ခံစားရသောကိစ္စများ ရှိခြင်းကြောင့် စိတ်ထားများလည်း ဆိုးလာနိုင်သည်။ ရင်ဖွင့်သင့်သည့်ကိစ္စများ နှစ်သစ်သို့ မသယ်ဆောင်ပါနှင့်။ တစ်ဖက်လူအပေါ် သင့်၏မှတ်ချက်များက ပြင်းထန်နေနိုင်သည်။ ဒေါသပေါက်ကွဲခြင်းများ မပြုလုပ်ပါနှင့်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
စကားများများ ပြောဖြစ်နေသောနေ့ဖြစ်သည်။ ကိုယ်မသိသော ကိစ္စများတွင် ပါဝင်ပက်သက်မိခြင်း ရှောင်ပါ။ အချစ်ရေးတွင် သံသယများ ရှိနေသည်။ တစ်စုံတစ်ဦးနှင့် အတိုက်အခံ ဖြစ်လာနိုင်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
လုပ်ဖော်ကိုင်ဖက်နှင့် ကတောက်ကဆလေးများ ရှိနိုင်သည်။ ပြေပျောက်လွယ်သောကိစ္စများ နှစ်ဟောင်းတွင်သာ ထားခဲ့သင့်သည်။ တစ်ချို့ကိစ္စများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်သည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း ( ၁၀ ဒီဇင်ဘာ ၂၀၁၄)




Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
စိတ်အနှောင့်အယှက် ဖြစ်စရာလေးများ အနည်းငယ်ရှိသော်လည်း ပုံမှန်အတိုင်းသာ ဖြတ်သန်းနိုင်မည်။ စိတ်ရှည်စောင့်ဆိုင်းခြင်း၏ အကျိုးကို ခံစားရနိုင်သည်။ သင်ဖြစ်မည်ဟုထင်ခဲ့တုန်းက မဖြစ်ခဲ့သော်အရာများသည် လက်ရှိကာလတွင် ဖြစ်ပေါ်လာနိုင်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
လုပ်ငန်းခွင်နှင့် သင်ကျင်လည်ရာအသိုင်းအ၀ိုင်းတွင် အနည်းငယ် ထင်ရှားလာနိုင်သည်။ လုပ်ငန်းအပြောင်းအရွှေ့ ကမ်းလှမ်းချက်များရှိပါက သေချာဂရုစိုက် စဉ်းစားသင့်သည်။ အလုပ်အကိုင်တူသော မိတ်ဆွေများ၊ အသိုင်းအဝိုင်းများကြောင့် သင့်အပေါ် တွန်းအားများဖြစ်နေသည်။ စကားအပြောအဆို ဂရုစိုက်သင့်သော ကာလပင်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
မိသားစုနှင့်ပက်သက်သော ငွေကြေးအခက်အခဲများ အဖြေတွေ့လာနိုင်သည်။ အပေါင်းအသင်းများနှင့် တွေ့ဆုံသင့်သော ကာလပင်။ မလိုအပ်ဘဲ တာဝန်ခံမိခြင်းများ ရှောင်ပါ။ ယခင်က ငြင်းခဲ့ဖူးသောအရာများကို စိတ်ဝင်စားနေနိုင်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
အခြားလူများအကြိုက် လိုက်လုပ်ရခြင်းဖြင့်ပင် အချိန်တွေ ကုန်နေမည်။ သင့်လိုအပ်ချက်များကိုလည်း အာရုံစိုက်သင့်သည်။ သင်ချစ်ခင်ရသောသူများကြောင့် မကျေမချမ်း ဖြစ်နေနိုင်သည်။ လုပ်ကိုင်ရမည့်ကိစ္စများအား အချိန်ဆွဲခြင်းရှောင်ပါ။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
ခွင့်လွတ်သင့်သည့်ကိစ္စများ ခွင့်လွတ်လိုက်သင့်သည်။ တင်းကြပ်နေသည့် ခံစားချက်များရှိပါက သူငယ်ချင်း တစ်ယောက်နှင့် စကားပြောသင့်သည်။ ငွေကြေးပိုင်း စနစ်တကျ စီမံသင့်သည့်အချိန်ဖြစ်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
အချစ်ရေးကိစ္စကို အလေးထားနေသော ကာလပင်။ ပျော်ရွှင်မှုကြောင့် ငွေကြေးအလွန်အကျွံသုံးစွဲမိခြင်း သတိထားပါ။ အလွယ်တကူဖြင့် ငွေကြေးဖြုန်းတီးမိခြင်းများလည်း ရှိနိုင်သည်။ သင်နှင့်အတူ အချိန်ဖြုန်းရသည်ကို ပျော်ရွှင်နေသည့်လူများ ရှိနေသည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
ယနေ့သည် အထူးကောင်းမွန်သောနေ့ပင်။ ငွေကြေးကိစ္စများ ရှိပါက ဆောင်ရွက်သင့်သော နေ့ပင်။ ကလေးများနှင့် လူငယ်များပါဝင်သော ကိစ္စများတွင် ပါဝင်ပက်သက်ရနိုင်သည်။ မမျှော်လင့်သော်လည်း ထောက်ခံသူများ၊ အားပေးသူများ ပေါ်လာနိုင်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
လက်တွဲဖော်နှင့် ဆက်ဆံရေး မတည်ငြိမ်ပါက ပုံမှန်အတိုင်းဖြစ်ရန် ကြိုးစားသင့်သည်။ လုပ်ငန်းပြဿနာ ၊ လူမှုဆက်ဆံရေးပြဿနာ စသည့်ပြဿနာများကို ဖြေရှင်းရန် ကောင်းသောအချိန်ပင်။ သင့်စိတ်များက လေးနက်နေပြီး လုပ်ငန်းတာဝန်များ၊ ပူပန်ရမည့်ကိစ္စများကိုသာ အာရုံရောက် နေသည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အလုပ်နောက်ကျခြင်း၊ ကားပိတ်ခြင်း စသည့် အသေးအဖွဲ့လေးများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။ ဇိမ်ခံပစ္စည်းများနှင့် ဖျော်ဖြေရေးပစ္စည်းများ ဝယ်ယူခြင်း ကောင်းမွန်သည်။ အထက်လူကြီးများကြောင့် ဖိအားများ ခံစားနေရနိုင်သည်။ ကိုယ့်ပုံစံဖြင့်သာ ကိုယ်နေထိုင်သင့်သော ကာလပင်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
စိတ်မရှည်တတ်သည့် အပြုအမူများကို ဘေးဖယ်ထားသင့်သည်။ စိတ်ခံစားချက်များ ပါဝင်သည့် ကိစ္စများတွင် သင်ကောင်းကောင်း မဖြေရှင်းနိုင်သည်ကို တွေ့ရမည်။ သင်ပိုင်ပိုင်နိုင်နိုင်သိသည့် ကိစ္စများတွင်သာ ပါဝင်ပက်သက်သင့်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
လုပ်နေကျကိစ္စလေးများဖြင့်သာ အချိန်ကုန်မည်။ လူအများပါဝင်မည့် ကိစ္စများကို ရှောင်ထားသင့်သည်။ လေ့လာသင်ယူလိုသည့် ကိစ္စသစ်များရှိပါက စတင်သင့်သည့် ကာလပင်။ ဘေးပတ်ဝန်းကျင်က လူအချို့ကို ပိုမိုနားလည်လာမည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ပြန်လည်သင်ပြရသည့်ကိစ္စများ ရှိနိုင်သည်။ အချိန်ယူ လုပ်ဆောင်ရမည့်ကိစ္စများ ပေါ်လာနိုင်သည်။ အတိုက်အခံများ ရှိပါက လူအချို့သည် သင့်ဘက်သို့ ပါလာသည်ကိုတွေ့ရမည်။ အချစ်ရေး ကောင်းမွန်သောကာလပင်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော် တစ်နေ့တာဟောစာတမ်း( ၉ ဒီဇင်ဘာ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ကိစ္စရပ်များ အောင်မြင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ လိုအပ်သည်။ ကိုယ့်ကိစ္စများအား အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်း သတိထားပါ။ အပေါင်းအသင်းထက် မိသားစု ပျော်ရွှင်မှု၊ လက်တွဲဖော်နှင့် ချစ်ခင်မှုကို အလေးပေးသင့်သည့် ကာလပင်။ အရောင်းအဝယ်နှင့် စသည့်ကိစ္စများတွင် အစကတည်းက ခါးခါးသီးသီး လုပ်မိခြင်း ရှောင်ပါ။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ရွေးချယ်စရာတွေ ရှိနေမည်။ ရေတိုရေရှည် ရည်မှန်းချက်များလည်း ရှိနေသော ကာလဖြစ်သည်။ မည့်သည့်ကိစ္စမဆို အားစိုက်လုပ်ဆောင်မှသာ ရည်မှန်းချက်များ ပြည့်မိကာလပင်။ အသစ်အဆန်းဟု ထင်ထားခဲ့သောကိစ္စများအား စတင်ငြီးငွေ့နေသော ကာလပင်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
ငွေကြေးပိုင်း ခိုင်မာမှု ရှိနေနိုင်သည်။ ရွေးချယ်စရာများရှိပါက အလျင်စလို မနိုင်သင့်ပေ။ ဆုံးဖြတ်ချက်ပြတ်သားသော Gemini တို့ အောင်မြင်မှုရမည့် ကာလပင်။ လူမှုရေးကိစ္စများရှိပါက ဝင်ရောက်ကိုင်တွယ်ခြင်းထက် သူ့အလိုလို ပြေလည်သွားသည်ကို စောင့်ကြည့်သင့်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
လက်တွဲဖော်အပေါ် ယုံကြည်ရမှုနှင့်ပက်သက်၍ စိုးရိမ်မှု မများသင့်ပေ။ ကိစ္စတစ်ခုခုအား လုပ်ဆောင်ရန် အဖော်ကောင်းများ ရနေသည်။ လိုအပ်သော အားပေးစကားများလည်း ရရှိနေသောကာလဖြစ်သည်။ အိမ်ထောင်ရှင်တို့ သားသမီးများအပေါ် စိုးရိမ်မှုများ လျော့ချသင့်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
လူအများ သတိထားမိလောက်သည့် ကိစ္စများကို မလုပ်သင့်သော ကာလဖြစ်သည်။ သို့မဟုတ်ပါက သင်လုပ်ဆောင်နေသောကိစ္စများ လျင်လျင်မြန်မြန် တိုးတက်မလာနိုင်ပေ။ ယနေ့တွင် သာမန်ကိစ္စလေးများကိုသာ အာရုံစိုက်သင့်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ရေရှည်လုပ်လာခဲ့သည့်ကိစ္စများ ရလဒ်ထွက်ပေါ်လာနိုင်သည်။ မှန်ကန်သော အပေါင်းအဖော်၊ မှန်ကန်သောပတ်ဝန်းကျင်ကိုသာ ရွေးချယ်သင့်သည်။ သင့်အပေါ် အမြတ်ထုတ်နေသူများရှိပါက ငြီးငြူခြင်းလောက်နှင့်သာ အချိန်ကုန်မနေပါနှင့်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အလုပ်အကိုင်သစ်များက သင့်ကိုဆွဲဆောင်နေသော်လည်း လက်ရှိအလုပ်အကိုင်ကို မစွန့်လွတ်သင့်ပေ။ အပေါင်းအသင်းသစ် ၊အပျော်အပါးသစ်များကို စိတ်ဝင်စားနေသည်။ တည်ငြိမ်သော ဝင်ငွေ၊ တည်ငြိမ်သော ဘဝတိုးတက်မှုကိုသာ အလေးထားသင့်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ယုံကြည်ရသည့်ကိစ္စများ၊ ကြိုတင်တွက်ဆရမည့် ကိစ္စများကိုသာ ကင်းမြီးကောက်တို့ သဘောကျနေသည်။ ကိစ္စရပ်အချို့ကို ၄င်းတို့က စတင်ဦးဆောင်၍ လုပ်ကိုင်နေနိုင်သည်။ ငွေကြေးပိုင်း စိစစ်သုံးစွဲသင့်သည့်ကာလပင်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
လူရှေ့ထွက်မည့်အစား နောက်ကွယ်တွင်သာ နေထားသင့်သည့် ကာလပင်။ အရေးကြီးသော ကိစ္စများအား မရင်းနှီးသောသူများကို မတိုင်ပင်ပါနှင့်။ မလိုအပ်သော လူစိတ်ဝင်စားမည့်ကိစ္စများ ပြုလုပ်ခြင်းကို ရှောင်ပါ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ထိုက်တန်ပါက မည့်သည့်ကိစ္စမဆို လုပ်ရန်အသင့်ဖြစ်နေသော ကာလဖြစ်သည်။ သူငယ်ချင်းများ၏ လေးနက်သော အကြံညဏ်များကို ဂရုစိုက်ပါ။ မည့်သည့်ကိစ္စမဆို အလွန်အကျွံ အားစိုက်ထုတ်ခြင်း ရှောင်ပါ။ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်တို့၏ စကားများကြောင့် သင့်လက်တွဲဖော်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်နိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
ယနေ့တွင် အကောင်းဘက်ရောက်သော ကိစ္စများသာရှိမည်။ အချစ်ရေးနှင့်ပက်သက်၍ စိုးရိမ်မှုများ၊ အဝယ်မှားခြင်းများနှင့် ငွေကြေးနည်းပါးခြင်းများက စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာများဖြစ်လာနိုင်သည်။ ငွေကြေးပူးတွဲကုန်ကျရမည့် ကိစ္စများ သတိထားပါ။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ကြီးကြီးမားမား ဝယ်ယူရမည့်ကိစ္စများ သတိထားပါ။ ဈေးဝယ်ထွက်ခြင်းအစား အခြားကိစ္စများကိုသာ ပြုလုပ်သင့်သည်။ သင်ဝယ်ပြီး သင်မကြိုက်သောကိစ္စမျိုး ကြုံရနိုင်သည်။ ချမှတ်ထားသော ရည်မှန်းချက်များနှင့် သင့်ကိုယ်သင် သစ္စာရှိရန်လိုအပ်သည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၈ ဒီဇင်ဘာ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
လက်တွဲဖော် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သင့်အလုပ်အကိုင် တိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ မည့်သည့်ကိစ္စမဆို ဖြည်းဖြည်းမှန်မှန်သာ လုပ်သင့်သော ကာလဖြစ်သည်။ အခြားလူများ၏ အကြံညဏ်ကို နားထောင်မိနေသောအချိန်လည်း ဖြစ်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ချစ်ခင်သူများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နိုင်သည်။ အခြားလူများ၏ အကြံညဏ်စကားများကို အချိန်ပေး နားထောင်သင့်သည်။ ငွေကြေးပိုင်း တည်ငြိမ်နေသော ကာလဖြစ်သည်။ Taurus အမျိုးသမီးတို့၏ လိုချင်မှုများက အနည်းငယ် မြင့်မားသလိုဖြစ်နေမည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
ဝယ်စရာများရှိပါက ကောင်းသောနေ့ပင်။ အပိုကုန်ကျစရိတ်များလည်း ရှိနေမည်။ ရင်းနှီးထားသောကိစ္စများ၊ ကြိုတင်ရည်မျှော်၍ လုပ်ဆောင်ထားသော ကိစ္စများသည် ရလဒ်များထွက်လာမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
မိသားစုအရေးတွင် အခန့်မသင့်မှုလေးများ ရှိနေမည်။ လူကြီးပိုင်းဖြစ်ပါက လူငယ်များနှင့် အတိုက်အခံဖြစ်ရမည့် ကိစ္စများ ရှိလာနိုင်သည်။ ဖွံဖြိုးမှုနှေးသော၊ သိပ်အားမထားသော လုပ်ငန်းကိစ္စများက  အလားအလာရှိလာသည်ကို တွေ့ရမည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
အိမ်တွင်းရေး တည်ငြိမ်ရန် အရေးကြီးသည်။ လူအများနှင့် ခင်ခင်မင်မင်သာ နေထားသင့်သည်။ ကိုယ်နှင့်မဆိုင်ဟု ထင်ထားသောကိစ္စများ ကိုယ်နှင့် ပက်သက်လာနိုင်သည်။ ကိစ္စဟောင်းများ ပြန်ပေါ်လာနိုင်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ကြိုတင်စီစဉ်မှု မရှိပါက အမှားဖြစ်ပေါ်လာနိုင်သည်။ နီးစပ်သူများထံမှမြစ်ဖျားခံလာသည့် ဖိအားများသည် ကိုယ့်အပေါ်ပါ သက်ရောက်လာနိုင်သည်။ ဖိအားများသည် ငွေကြေးကိစ္စသာ ဖြစ်ဖို့များသည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
ရင်းနှီးသူတစ်ဦးဦးက သင့်ဆီမှ သိလိုသည်များ ရှိနေသည်။  တစ်စုံတစ်ဦးကို ကာကွယ်ပေးခြင်းကြောင့် ပြဿနာများ တက်လာနိုင်သည်။ အထိမခံသည့် ကိစ္စများကို ကိုင်တွယ်ပါက လက်တွေ့ကျကျနှင့် တည်ငြိမ်ရန်လိုအပ်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
စကားများက ဒုက္ခပေးနိုင်သည်။ စကားနည်းသင့်သော ကာလပင်။ တစ်စုံတစ်ဦး၏ စကားများကြောင့်လည်း သင့်စိတ်များ မကျေမချမ်း ဖြစ်လာနိုင်သည်။ မမျှတဟု ခံစားနေရသည့် ကိစ္စများရှိလာနိုင်သည်။ မိတ်ဆွေဆက်ဆံရေး မပျက်စီးရန် ထိန်းသိမ်းသင့်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
ပစ္စည်းအချို့ကို ဝယ်ယူဖြစ်မည်နေ့ပင်။ ငွေကြေးကိစ္စများ ရှိလာနိုင်သည်။ အသုံးစရိတ်နှင့်ရှိငွေ မကာမိသည်များ ဖြစ်လာနိုင်သည်။ အချစ်ရေးတွင် သင့်ဘက်မှ ရိုးသားပါက ဆုံးရှုံးမှုများဖြစ်မလာနိုင်ပေ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
Capricon တို့၏ အပေါ်ယံကိုသာကြည့်၍ လူအများက ဆုံးဖြတ်နေသည်ကို တွေ့ရမည်။ အပျော်အပါးများ၊ အခြားကိစ္စများကြောင့် ရေတိုရည်မှန်းချက်များ အနှောင့်အယှက် ဖြစ်လာနိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
လုပ်နေကျမဟုတ်သော ကိစ္စများ လုပ်ရနိုင်သည်။ လုပ်ငန်းနှင့် ပုဂ္ဂိုလ်ရေး ခွဲထားရန်လိုအပ်သည်။ ရေတိုရည်မှန်းချက် အများအပြား မထားသင့်သည့်ကာလပင်။ မလိုအပ်ဘဲ ဝင်ရောက်ဝေဖန်မိခြင်း သတိထားပါ။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ငွေကြေးနှင့်ပက်သက်၍ အလွန်အကျွံ အကောင်းမမြင်ပါနှင့်။ အလှူအတန်းလုပ်ရန် ကောင်းသောကာလပင်။ အလှူအတန်းလုပ်ရန် အခွင့်အရေးများလည်း ရလာမည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

သင့်မှာ ဘာလမ်းကြောင်းလေးတွေ ပါလဲ


သင့်ရဲ့လက်မှာ ဘာလမ်းကြောင်းလေးတွေ ပါလဲဆိုတာကို ရှာကြည့် ရအောင်နော်။

၀၁. ဒီလမ်းကြောင်းလေးကတော့ အသက်လမ်းကြောင်းကနေ ဆက်ပြီးရှည်ထွက်လာတဲ့ လမ်းကြောင်းလေး ပါ။ ဒီလမ်းကြောင်းလေးပါရင်တော့ သင်ဟာ ကံအလွန်ကောင်းသော
သူဖြစ်ပြီး အခြားသော သူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိသူဖြစ်ပြီး အရာရာမှာ အောင်မြင်သူဖြစ်
ပါလိမ့်မယ်။

၀၂. ဒီလမ်းကြောင်းလေး ကတော့ အိမ်ထောင်ရေး ကံကောင်းသူဖြစ်မှာပါ။ ဆိုလိုတာက
 သူဌေးသား၊ သူဌေးသမီးနဲ့ အိမ်ထောင် ကျပါလိမ့်မယ်။

၀၃. ဒီလမ်းကြောင်းလေး ပါသူကတော့ စိတ်ကူးကောင်းပြီး တီထွင်ကြံဆ တတ်သူဖြစ်ပြီး လူအကဲခတ်တော် သူလည်း ဖြစ်ပါလိမ့်မယ်။

၀၄. ဒီလမ်းကြောင်းလေး ပါသူကတော့ ထူးခြားပါတယ်။ လူ၁ထောင်မှာ တစ်ယောက်လောက်
သာ ပါတဲ့ လမ်းကြောင်းလေးပါ။ ထူးခြားသော သူဖြစ်ပြီး အတွေးအခေါ်လည်း ကောင်းသောကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါလိမ့်မယ်။

၀၅. ဒီလမ်းကြောင်းလေးပါသူကတော့ အကြားအမြင်ရသူဖြစ်ပါလိမ့်မယ်။ ကိုယ့်အနောက်မှာ တယောက်ယောက်ရှိရင်လည်း ရှိနိုင်တယ်နော်။

၀၆. ဒီလမ်းကြောင်းလေးက ပေါ်လာရင်တော့ အောင်မြင်ရန် နီးစပ်နေပါပြီ။ ဒီလမ်းကြောင်းလေး က အောင်မြင်တော့မယ် ဆိုရင် ထွက်လာတဲ့ လမ်းကြောင်းလေးပါ။

၀၇. ဒီလမ်းကြောင်းလေးကို ပိုင်ဆိုင်သူကတော့ အကြီးအကျယ်ကို အောင်မြင်ပါလိမ့်မယ်။ ကြိုးစား
ခဲ့ သမျှတွေက ကိုယ့်ဆီကို ပြန်လာမယ့်အချိန်ပါ။

၀၈. ဒီလမ်းကြောင်းပါသော သူကတော့ အရမ်းကို စမ်းပွင့်သော သူဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ရည်း
စား ချစ်သူမှာ ဒီလမ်းကြောင်းလေး ပါရင်တော့ သတိထားပါနော်။

၀၉. ဒီလမ်းကြောင်းလေး ပါသူကတော့ အနုပညာ ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင် ပါလိမ့်
မယ်။

၁၀. ဒီလမ်းကြောင်းလေးကတော့ ကံအလွန် ကောင်းသူဖြစ်သလို ကိုယ့်ရဲ့ရည်မှန်းချက်ကို အောင်မြင်
ရန် အားသွန်ခွန်စိုက် ကြိုးစားသူဖြစ်ပြီး အောင်မြင်သော သူများဖြစ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit : Chelmo Team

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း ( ၃ ဒီဇင်ဘာ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ရင်ဆိုင်လိုစိတ် တိုက်ပွဲဝင်လိုစိတ်တွေ မြင့်မားနေသည်။ သို့သော် အသစ်တစ်ခုကို စိတ်ဝင်စားမိပါက အဟောင်းများကို ဂရုမစိုက်မိသလို ဖြစ်နေတတ်သည်။ အလုပ်ပြောင်းရန် စဉ်းစားနေနိုင်သည်။ အားလုံးကို တစ်ပြိုင်နက်တည်း ရယူလိုခြင်းက အဓိက အမှားပင်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ကိုယ့်စိတ်ဆန္ဒများကို ကိုယ်ကိုတိုင် နားလည်သည်မှာ သေချာပါစေ။ နီးကပ်သောဆက်ဆံရေး ရှိသူများနှင့် လုပ်ငန်းကိစ္စများ ပြုလုပ်ရနိုင်သည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
မည့်သည့်ကိစ္စမဆို အသစ် မစတင်မီ အဟောင်းများ ပြီးအောင်လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် လက်တွဲဖော်များကို အာရုံစိုက်သင့်သည်။ ၄င်းတို့နှင်ဆက်ဆံပါက ၄င်းတို့ ကြုံတွေ့နေရသည့် အပြောင်းအလဲများကို ထည့်တွက်ရန် လိုအပ်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
လေ့လာရမည့် ကိစ္စများအတွက် စတင်ရန် ကောင်းမွန်သည်။ စိတ်ထိုင်းမှိုင်းမှုများ၊ ပျင်းရိခြင်းများ  ဖြစ်ပေါ်နိုင်သည်။ အချွန်အတက် ပစ္စည်းများ သတိထားပါ။ ယနေ့သည် ကျန်းမာရေးနှင့်ဆိုင်သော ခွဲစိတ်ခြင်းများကို သိပ်အားမပေးပေ။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
ဖျော်ဖြေရေးကိစ္စများ၊ အချစ်ရေးကိစ္စများ စဉ်းစားဖြစ်နေသော ကာလဖြစ်သည်။ အလုပ်အကိုင်သစ်စဖို့ စဉ်းစားထားပါက ကောင်းသောကာလပင်။ ပညာရေးကိစ္စ၊ အလုပ်အကိုင်နှင့် ပက်သက်သော သင်ကြားရေးကိစ္စများကို ဦးစားပေးသင့်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
အလျင်စလို ပြုလုပ်ရမည့်ကိစ္စများ သတိထားပါ။ သင့်စိတ်ထဲ ဖြစ်သင့်သည်ဟု ထင်မှသာ ဆုံးဖြတ်ချက်ချပါ။ သို့မဟုတ်ပါက စိတ်ပင်ပန်း၊ လူပင်ပန်းခြင်းများ ဖြစ်လာနိုင်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
လမ်းခရီးသွားလာရာတွင် အခက်အခဲများရှိနိုင်သည်။ သွားလာရာတွင် စိတ်အနှောင့်အယှက်ဖြစ်မှုများ ကြုံရနိုင်သည်။ လူစိမ်းများနှင့် ဆက်ဆံခြင်း၊ အလျင်စလိုပစ္စည်းဝယ်ယူခြင်းများ သတိထားပါ။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ငွေကြေးကိစ္စ၊ အရေးကြီးသော လက်ခံရယူရမည့်ကိစ္စများအတွက် မကောင်းပေ။ ရည်ရွယ်ထားသည့်အတိုင်း မဟုတ်ဘဲ ပြောင်းလဲရသည့် အခြေအနေမျိုးများ ရှိလာနိုင်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အပြောင်းအလဲလုပ်ဖို့ စဉ်းစားထားပါက ကိုယ့်ကိုကိုယ်သာ အဓိကထား၍ စဉ်းစားပါ။ မည့်သည်ကိစ္စမဆို သင်ကိုယ်တိုင်ကသာ စရမည်ဖြစ်သည်။ ပစ္စည်းကိရိယာ ချို့ယွင်းမှုများရှိနိုင်သည်။ အရေးပေါ်လုပ်ဆောင်ရမည့်ကိစ္စလေးများ ပေါ်လာနိုင်သည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ရုံးတွင်းရန်ပွဲများ၊ အိမ်တွင်းရန်ပွဲများမှ ဝေးဝေးရှောင်ပါ။ Capricon တို့ကို ထောက်ခံအားပေးသူ နည်းနေသည်။ တစ်စုံတစ်ဦးမှ သင့်အပေါ်အနိုင်ယူနေသည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
အလျင်စလို မလုပ်သင့်သောကာလ ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊  အလျင်စလိုနိုင်ခြင်းများကြောင့် ထင်သလောက် ရလဒ်မကောင်းခြင်းများ ရှိနိုင်သည်။ ပွဲလမ်းသဘင်ကိစ္စများတွင် ပါဝင်ရပါက အမှားရှိနိုင်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ရည်မှန်းချက်များ ခိုင်မာရန်လိုအပ်နေသည်။ ရည်မှန်းချက်အသစ်များအတွက် အဟောင်းများကို စွန့်ပစ်ရသည့် အခြေအနေမျိုး ရှိနိုင်သည်။ တစ်ချို့ကိစ္စများက လုပ်ဆောင်ရန် အချိန်မဆွဲသင့်ပေ။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း(၂ ဒီဇင်ဘာ ၂၀၁၄)


Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
မပြီးပြတ်သေးသောကိစ္စများ အပြီးသတ်သင့်သော ကာလပင်။ ကြိုမတွက်ထားသော ကိစ္စရပ်များကြောင့် ဆုံးဖြတ်ချက်များ ချရနိုင်သည်။ အများနှင့်လုပ်ရသော ကိစ္စများ၊ အများရှေ့ထွက်ရသော ကိစ္စများ ထင်ထားသည်ထက် ရလဒ်ကောင်း ထွက်မည်။ သင်နှင့် အမြင်ခြင်းမတူသည့်လူများအား ရှောင်ထားသည်က အကောင်းဆုံးပင်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
တွက်ဆလုပ်ဆောင်ရမည့်ကိစ္စများ များပြားနေသည်။ သင်နာမည်ရနိုင်သည့် အခွင့်အလမ်းများ၊ ကိစ္စများ ကြုံရမည်။ အလုပ်ပြောင်းခြင်း၊ လက်ရှိနေထိုင်မှုပုံစံအား ပြောင်းလဲခြင်း စသည့်အပြောင်းအလဲ လုပ်ချင်သည့် ခံစားချက်များရှိနေသည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
စိတ်ဝင်စားစရာ ဖိတ်ခေါ်ချက်တွေ ရှိနေမည်။ ပျော်စရာ ကိစ္စတွေ ရှိလာမည်။ ရိုးရိုးရှင်းရှင်း နေထိုင်ချင်သော်လည်း အိတ်ထဲတွင် ပိုက်ဆံရှိနေသောကာလဖြစ်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
ပျော်စရာ ရွှင်စရာ အစီအစဉ်တွေ ရှိနေသည်။ အုပ်စုလိုက် လုပ်ရသည့်ကိစ္စများတွင် ပါဝင်ဆင်နွဲသင့်သည်။  အလုပ်တွင် အပြောင်းအလဲများ ရှိလာနိုင်သည်။ အပေါင်းအသင်းများအား အလွန်ခင်မင်နေသော ကာလဖြစ်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
နေရာဒေသ အပြောင်းအလဲပြုလုပ်သင့်သည့် အချိန်ပင်။ ခရီးရက်တိုထွက်ခြင်းများ သင့်လျော်သည်။ နေ့စဉ်နေထိုင်မှုပုံစံအား အပြောင်းအလဲ လုပ်သင့်သည်။ တစ်ကိုယ်တည်းသမားများ ဖြစ်ပါက အချစ်ရေးကိစ္စ စဉ်းစားလာရနိုင်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ယုံကြည်ချက်ဟောင်းများ၊ အစွဲအလမ်းဟောင်းများကို လွှင့်ပစ်သင့်သည့် အချိန်ပင်။ တစ်ကိုယ်တည်း နေသင့်သော အချိန်များ ရှိလာမည်။ လိုအပ်သည်ထက် ရှုပ်ထွေးလာသော ကိစ္စများကို သတိထားသင့်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အဖွဲ့လိုက်လုပ်ရသည့် ကိစ္စများတွင် အနည်းငယ် ကသိကအောက်ဖြစ်စရာများ မရှိဘဲ ပြီးမည်မဟုတ်ပေ။ ရည်ရွယ်ထားသည့် ဦးစားပေးကိစ္စများ ပြောင်းလဲရနိုင်သည်။  တခြားလူအတွက် လုပ်ရသည့် ကိစ္စများ အဆင်ပြေသော်လည်း ကိုယ့်အတွက်လုပ်ရသည့်ကိစ္စများကို အားစိုက်နေရနိုင်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
မရည်ရွယ်ဘဲ ငွေကြေးသုံးစွဲမိခြင်းများ ရှိနေမည်။  ချွေတာတတ်သော ကင်းမြီးကောက်တို့တောင် အဝတ်အစား၊ ပစ္စည်းများ ဝယ်ယူချင်စိတ်ကို ထိန်းမရနိုင် ဖြစ်နေတတ်သည်။ ဖြစ်နိုင်လျှင် အရာရာအား အလျင်စလို မပြုလုပ်ပါနှင့်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
သင်တန်းသစ်တက်ရန် ရည်ရွယ်ထားပါက စသင့်သည့်အချိန်ပင်။ အပြောင်းအလဲသစ်၊ အလုပ်အကိုင်သစ်များ စသင့်သည့်အချိန်ပင်။ ပထမဆုံး အောင်မြင်မှုများ ရှိလာနိုင်သလို ပထမဆုံးအမှားများလည်း ရှိလာနိုင်သည်။

 Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
လက်ရှိအခြေအနေကို မြှင့်တင်လိုသည့် စိတ်ဓာတ်များက မြင့်မားနေမည်။ နေရာပြောင်းခြင်း၊ အလုပ်ပြောင်းခြင်းများကို စဉ်းစားနေသည်။ ခဏတာ စိတ်လှုပ်ရှားသည့်ကိစ္စများကို ရှောင်ပါ။ ရေရှည်ရည်မှန်းချက်အား အထောက်အကူဖြစ်စေမည့် ကိစ္စများကိုသာ စဉ်းစားပါ။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
မျှော်လင့်စရာများ ရှိလာမည်။ ပွဲလမ်းသဘင်ကိစ္စများ စဉ်းစားနေမည်။ လုပ်နေကျကိစ္စများ ကြွေးကျန်မချန်ပါနှင့်။ မကြာသေးခင်က ဖြစ်ထားသော မိသားစုအရေး၊ အိမ်တွင်းရေးကိစ္စများက သင့်အပေါ် လွှမ်းမိုးမှု ရှိနေနိုင်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
တစ်စုံတစ်ဦးကြောင့် အလွယ်တကူ စိတ်ဆိုးဒေါသထွက်ခြင်း ရှောင်ပါ။ အလုပ်နှင့်ပက်သက်သော လူမှုရေးပြဿနာများကြောင့် စိတ်ကျဉ်းကျပ်ခြင်း၊စိုးရိမ်ပူပန်ခြင်းများ ရှိနိုင်သည်။ ငွေကြေးနှင့် ပက်သက်၍ စိစစ်သင့်သောအချိန်ပင်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော် တစ်နေ့တာဟောစာတမ်း(၂၈ နိုဝင်ဘာလ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
လက်တလော မိမိ၏အမြင်သဘောထားများနှင့် အခြားသူများအကြားကွဲလွဲမှုများရှိမည်။ မိသားစုတွင်း၊ လုပ်ငန်းခွင်တွင်း၊ အပေါင်းအသင်းများအကြား သဘောထားကွဲလွဲချက်များဖြေရှင်းရမည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ ရက်နေ့ မွေးသူများ)
မမျှော်လင့်ထားသော အကြောင်းအရာများကို ဦးဆောင်လုပ်ကိုင်နေ ရမည်ဖြစ်ပြီး ယင်းတို့မှငြိမ်းချမ်းခြင်း အရသာများ ကိုခံစားထိ တွေ့ရမည်။ ပုံမှန်လုပ်ငန်းများ၊ အလုပ်အကိုင်များ ရုတ်တရတ် အဆင့်မြှင့်တင်လုပ်ဆောင်လာရနိုင်သည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ ရက်နေ့ မွေးသူများ)
ယနေ့အတွက် အခက်အခဲ အနည်းငယ်ရှိမည်။ အပေါင်းအသင်း သူငယ်ချင်းများအကြား ရင်းနှီးခင်မင်မှုများ ကြုံမည်။ အနာဂတ်လုပ် ငန်းများအတွက် ဖန်တီးနိုင်မှုစွမ်းရည်များ ရရှိလာမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂ ရက်နေ့ မွေးသူများ)
မိသားစုအတွင်း စိတ်ပျော်ရွှင်ချမ်းမြေ့မှုများ ကြုံလာရမည်။ နေအိမ် နှင့်ပတ်သက်သော အပြောင်းအလဲများအတွက် သင်၏သဘောထား ခံယူချက်များဖြင့် အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ ရက်နေ့ မွေးသူများ)
လူအများနှင့် ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းများအကြားမမျှော်လင့်ထားသော အမှားများ ပြဿနာများပေါ်လာနိုင်သည်။ ရာသီဖွားများအဖို့ အခြားသူများနှင့် အတိုက်အခံစကားအချေအတင်များ ပြောလာရမည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် မိမိလိုသလိုပုံသွင်းလုပ်ယူနိုင်မည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
မမျှော်လင့်ထားသော အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများ ရုတ်တရတ်ဆိုသလို ပေါ်ပေါက်လာနိုင်သည်။ ငွေရေးကြေးရေးလုပ် ငန်းများ၊ ကူးသန်းသွားရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိလာနိုင်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃ ရက်နေ့ မွေးသူများ)
ခံနိုင်ရည်နှင့် သည်းခံနိုင်မှုစွမ်းအားများကို စမ်းသပ်သည့် အခြေအနေများအကြား ရုန်းကန်နေရမည်။ စိတ်အာရုံစူးစိုက်မှု၊ စိတ်ပါဝင်စားမှုတို့ဖြင့် ရုတ်တရက်အပြောင်းအလဲများကို ခံနိုင်ရည်ရှိ အောင်ကြိုးစားတိုက်ထုတ်သင့်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
ရာသီဖွားများ၏ ထိုးထွင်းသိမြင်ဥာဏ်တို့က ဖြစ်ပေါ်လာသော အန္တရာယ်ပြဿနာများကို ကျော်လွှားအောင်မြင်နိုင်သည်အထိဖြစ် လာမည်။  မိမိ၏ လုပ်ဖော်ကိုင်ဖက်များကတောင် ပြိုင်ဖက်များသဖွယ် ရန်မူတိုက်ခိုက် ယှဉ်ပြိုင်ခြင်းများဖြစ်လာနိုင်သည်ကို သတိထားသင့်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁ ရက်နေ့ မွေးသူများ)
လူမှုရေးလုပ်ငန်းများက အကောင်းမွန်ဆုံး အကျိုးများကို သယ်ဆောင်လာနိုင်သည်။ သင်၏ သနားကြင်နာမှုနှင့် မထိုက်တန် သော လူများကိုတန်ဖိုးမဲ့စွာ ၀န်ဆောင်မှုပေးနေရမည်။ မည်သူ့ကိုမှ လွန်လွန်ကဲကဲ မယုံကြည်မိပါစေနဲ့။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀ ရက်နေ့ မွေးသူများ)
အခြေခံပြောင်းလဲမှုများ၊ အလုပ်သဘောအရ ပြောင်းလဲမှုများကို အကောင်းဆုံး ဖန်တီးဆောင်ရွက်နိုင်မည်။ ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများ အကြား ပေါင်းသင်းဆက်ဆံရေးပျက်သယောင်အထိဖြစ်လာနိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈ ရက်နေ့ မွေးသူများ)
လိမ္မာပါးနပ်ခြင်း၊ ဗဟုသုတကြွယ်ခြင်း၊ အပြောစွမ်းရည်ကောင်းမွန်ခြင်း စသည့် အားသာချက်တို့က အခက် အခဲ အတားအဆီးများကို ကျော်လွှားအောင်မြင်နိုင်မည်။ ရုတ်တရက်ခရီးတိုများသွားရခြင်း၊ နေရာထိုင်ခင်းများပြောင်းလဲနေ ထိုင်ရခြင်းတို့မှ ထူးဆန်းအံ့သြဖွယ်ရာများ ကြုံရမည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀ ရက်နေ့ မွေးသူများ)
အလုံးစုံသော အကြောင်းအရာများအတွက် အောင်မြင်မှုအားလုံးရ နိုင်လိမ့်မည် မဟုတ်ပါ။ အခွင့်အရေးကောင်းများ မိမိထံရောက်လာနိုင်သည်။ မည်သည့်အခက်အခဲများရှိလင့်ကစား ရာသီဖွားများအတွက် မိမိ၏ရပ်တည်ချက်၊ လုပ်ဆောင်ချက်များကိုအသွင်ယူဖော်ဆောင်နိုင်အောင် ကြိုးစား သင့်သည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

နိုဝင်ဘာလအတွက်(၇) ရက်သားသမီး ဟောစာတမ်း

post-image  

တနင်္ဂနွေ သားသမီး ။  ။ အလုပ်များ သောလဖြစ်
နေမည် ။ အလုပ် အပိုများလည်း လုပ်နေရပြီး စိတ်ပင်ပမ်းမှု ခံစားနေ ရမည် ။ အခြား သူများ၏ တာဝန်များ ကိုလည်း ထမ်းဆောင်နေရ လိမ့်မည် ။ မိတ်တွေ ကောင်းများ၏ အကူ အညီကြောင့် အရာရာ အဆင်ပြေ ချောမွေ့ မည် ။ ငွေကြေး အဆင်ပြေမည် ။ ယခုလအ တွင်း ရွှေဝင်လာမည် ။ ခရီးယာယီ သွားရ ကိန်းရှိပါသည် ။ အိုးသစ်အိမ် သစ်လည်း ပြောင်းရကိန်း ရှိသည် ။ ငယ်ရွယ် သူများ အချစ်ရေး ကံကောင်း နေမည် ။ ချစ်သူနှင့် ခရီးသွားရ ကိန်းရှိသည် ။ ကျမ္မာရေး ကောင်းသော်လည်း အစား အသောက် ဆင်ခြင်ပါ ။
ယတြာ ။ ။ ဆရာသမား တစ်ဦးအား အင်္ကျီအသစ် တစ်ထည် ကန်တော့လိုက်ပါ ။။
တနင်္လာသားသမီး ။ ။ ခရီးသွား လုပ်ငန်းများ အဆင်ပြေနေမည် ။ ခရီးသွားနေရပြီး ၀င်ငွေများ လည်းရရှိနေမည် ။ မိသားစု အတွင်း စိတ်ဝမ်းကွဲမည် ။ စကားများပြီး အိမ်မှယာယီ ထွက်ခွါသွားရလိမ့်မည် ။ မြေကိစ္စ မိန်းမ ကိစ္စကြောင့် ပြဿ များ ဖြေရှင်း ရတတ်သည် ။ သူများ ကိစ္စတွင်စေတနာထား ကူညီသော် လည်း အထင်မှားပြီး အရာ မထင်ဖြစ်ရလိမ့်မည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် လျှောက်လည်ရင်း စကားပြောမှားပြီး အဆင်မပြေဖြစ်လိမ့် မည် ။ မိသားစု အတွင်း ငွေကြေး ကိစ္စစကားများရလိမ့်မည် ။တနင်္လာ နှင့် သောကြာ။ ကြာသပတေး နေ့ နံတွဲအမည် မှည့်ထားသူများ မမျှော် လင့်ပဲ အိမ်ထောင်ကျ လိမ့်မည် ။ ဥပမာ ။။ ခင်သီဟန်။ ခင်မမ
ယတြာ ။ ။ ကြံတစ်ချောင်းကို မိမိလက်တစ်တောင်တိုင်းဖြတ်ပြီး ရေစီးသောချောင်းအတွင်း စွန့် လိုက်ပါ ။။
အင်္ဂါသားသမီး ။။ ။။ ဇွဲကောင်းကောင်းနှင့် အလုပ်ကိုလုပ်မှအောင်မြင်မည့်လဖြစ်သည် ။ စက်နှင့်ပတ်သက်သောလုပ်ငန်းများ အကျိုးပေးမည် ။ အပြိုင်အဆိုင် ရှိသော်လည်း ကျိုးစားမှုကြောင့် အောင်မြင်မှုရရှိမည် ။ ငွေဝင်ကောင်း သော်လည်း ငွေကြေးကိစ္စကြောင့် ညီအကို မောင်နှမ ညီအစ်မချင်း စကားများရလိမ့်မည် ။ အိမ်ထောင်ရှင်မများ ခင်ပွန်းကြောင့်စိတ်ညစ် စရာများ ကြုံ တွေ့ ရလိမ့်မည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံမကောင်း သေးပါ ။ချစ်သူရှိနေသော်လည်း အခြေအနေအနည်းငယ် တင်းမာနေမည်။ ကျမ္မာရေးနှင့်ပတ်သက်ပြီး ခေါင်း ခါး ခြေထောက်တွင် နာကျင်မှုဝေဒနာ ခံစားရတတ်ပါသည် ။
ယတြာ ။။ ။။ ဈေးထဲသို့ သွားပြီး တောင်းရမ်းနေသူ တစ်ဦးအား ဆန်တစ်ပြည် ၀ယ်လှုလိုက်ပါ ။
ဗုဒ္မဟူး သားသမီး ။ ။ ရေသန့်  ရေခဲ ရေ ရွှေ လုပ်ငန်း လုပ်သူများ လုပ်ငန်း အသစ်တိုးချဲ့ နိုင် သည် ။ စပ်တူ လုပ်ခြင်း ဖြင့်လုပ်ငန်းများ တိုးတက်မည် ။ သစ္စာရှိသောမိတ် ဆွေများကြောင့် စိတ်ချမ်းသာမည် ။ နိုင်ငံခြားခရီးသွားရတတ်ပါသည် ။ အဝေးရောက်မိတ်ဆွေများနှင့် မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့ မည် ။ ငွေကြေး သိသိသာသာဝင်လာမည့်လဖြစ်ပါသည် ။ ၀န်ထမ်းဖြစ်ပါက အ ထက်လူကြီး၏ အရေးပေးခြင်းခံရမည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် ပျော် ရွှင်သောခရီးသွားရလိမ့်မည် ။ ခရီးသွားရင်း ချစ်သူအသစ်ရလိမ့်မည် ။ ရေလမ်းခရီးသတိထားပါ ။။
ယတြာ ။ ။ ရွက်လှ (၁၇) ရွက်ကို တန်ခိုးကြီးဘုရား မွေးနံထောင့်တွင် လှုပေးပါ ။။
ကြာသပတေးသားသမီး ။ ။ မိတ်ဆွေ၏ သစ္စာမဲ့မှုကြောင့် ငွေအပိုကုန်ကျမှုများဖြစ်မည် ။ အလုပ် ကိစ္စများ တေ့လွဲလွဲ နေပါမည် ။။ အိမ် အပြောင်းအရွှေ့  ဖြစ်လိမ့်မည် ။။ ယ ခုလအတွင်း လုပ်ငန်း အသစ်များ မလုပ်သင့် သေးပါ ။စက်ပစ္စည်း ရောင်း မှား ၀ယ်မှားဖြစ်တတ်သည် ။ စိတ်ညစ်ရမည် ။ ငွေကြွေးတင်နေမည် ။ ငွေ အထားမှားခြင်း ငွေကျပျောက်ခြင်းများ ကြုံတွေ့ ရတတ်သည် ။ မမျှော်လင့် ပဲ ခရီးသွားရလိမ့်မည် ။ ငွေကုန်လူ ပမ်းဖြစ်မည် ။ စနေသားသမီးကြောင့် စိတ်အနှောက် အယှက်ဖြစ်ရလိမ့်မည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံမ ကောင်းသေးပါ ။ ခွေးကိုက်ခံရ တတ်ပါသည် ။သတိထားပါ။
ယတြာ ။ ။ မိမိအိမ်မှ ဘုရားအား သင်္ဘောသီးအမှည့် ကိုသကြားဖြူးပြီး လှုပေးပါ ။။
စနေသားသမီး ။ ။ ဘာလုပ်လုပ် အဆင်ပြေသည့်လဖြစ်သည် ။ မိတ်ဆွေများ အကျိုးပြုမည် ။ သို့ သော်လုပ်ငန်း အသစ်များ မလုပ်သင့်သေးပါ ။ ယခုလအတွင်း ခရီးလုံးဝမ သွားသင့်ပါ ။ ၀န်ထမ်းများ အထက်လူကြီး၏ ဆူပူပြစ်တင်ခြင်း ခံရတတ်ပါသည် အထိုက်အလျောက်ငွေ ၀င်နေမည် ။ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ရလိမ့်မည် အများ အကျိုးထမ်းဆောင် ရလိမ့်မည် ။ စိတ်ချမ်းသာနေမည် ။ ကြာသပတေး သားသမီးကြောင့်စိတ်ညစ် ရလိမ့်မည် ။ ယောင်္ကျားလေးများ မိန်းကလေးနှင့် ပတ်သက်ပြီး ပြဿနာတက်တတ်ပါသည် ။ သတိထားနေပါ ။ ချစ်သူ၏အထင် အမြင်လွဲမှား ခံရတတ်ပါသည် ။ စိတ်ကောက် တတ်သော ချစ်သူနှင့် ဖူးစာဆုံပါ မည် ။
ယတြာ ။ ။ မွေးနံဘုရားထောင့်တွင် ထီးအနီ တစ်လက်လှုလိုက်ပါ ။။
ကျော်လင်းနိုင်

ကျော်လင်းနိုင်

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း ( ၁၀ နိုဝင်ဘာ၂၀၁၄)

post-image 

Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ပြီးခဲ့တဲ့ အတိတ်နဲ့ လက်ရှိ အချိန်ထက် အနာဂတ်ကို ပိုပြီး စိတ်ဝင်တစားရှိနေမည်။ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အနာဂတ်မှာအပြောင်းအလဲအနည်းငယ်လုပ်ဖို့ သင်ကိုယ်တိုင် စဉ်းစားနေလိမ့်မည်။ ရာသီဖွားတို့က မိမိရဲ့ ဂုဏ်သတင်းကို အကောင်းမြင်တတ်သော်လည်းပဲ တစ်ခါတစ်ရံမှာ မကောင်းတဲ့ဘက်ကနေတွေးပြီး အဆိုးရွားကိုပြောင်းလဲချင်နေမည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
သင်ကရှေးရိုးဆန်တဲ့  Taurus ရာသီဖွားဆိုရင် တခြားသူငါတွေရဲ့ အကျိုးနဲ့လွတ်လပ်ခြင်းတွေကို ရှာဖွေစောင့်ရှောက်ပေးခြင်းတွေနဲ့ အထင်ကရ ကျော်ကြားတဲ့ လူဖြစ်အောင်ပြောင်းလဲသင့်ပါသည်။ သို့ သော်လည်းပဲ သင်အကျိုးပြုပေးလိုက်တဲ့ တချို့သောလူတွေရဲ့ သင့် အပေါ် လိုတာထက်ပိုတဲ့ အားကိုးလွန်းအားကြီးမှုတွေကြောင့် သင့်ရဲ့ တစ်နေ့တာလုံး စိတ်တို ဒေါသထွက်စရာများဖြစ်မည်။ ထို့ ကြောင့် သင့်ရဲ့အမြင်တစ်ခုတည်းနဲ့တော့ သူတို့ကို ထိန်းချုပ်မှု တိုက်တွန်းမှုတွေ မလုပ်မိရန် အထူးအလေးထားသင့်သည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
ဒီကနေ့အတွက်ကတော့ပတ်ဝန်းကျင်ကလူအများနဲ့ စကားစမြည်ပြောခြင်း၊ အတော်အသင့်ဝေးတဲ့ နေရာတွေ ခရီးသွားခြင်း၊ စိတ်ကူးစိတ်သန်းတွေ ဝေမျှခြင်း၊ သတင်း၊ဗဟုသုတနဲ့ ဆုံးဖြတ်ချက်အမြင်တွေ ထုတ်ဖော်ပြောခြင်းတွေမှာ အကောင်းဆုံးရ လာဒ်တွေဖြစ်လာမည်။ ခမ်းနားတဲ့ သင်ကြားရေး၊ ဆန်းသစ်တီထွင်မှု၊ စိတ်ပါဝင်စားတဲ့ ဘာသာရပ်တွေ သင်ကြားဖို့ အားတက်သရော ၀မ်းမြောက်နေလိမ့်မည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂ မွေးသူများ)
ပတ်ဝန်းကျင်က သင့်အပေါ် မကောင်းတဲ့သံသယမြင်၊ နားလည်မှုလွဲချော်ခြင်းတွေ သူ့အလိုလိုကင်းရှင်းသွားလိမ့်မည်။ ပုဂ္ဂိုလ်ရေးရာကိစ္စတွေမှာ တည်တည်ငြိမ်ငြိမ်ဖြစ်နေလင့်ကစား သင်ကိုယ်တိုင်က ရုတ်ချည်းပြောင်းလဲချင်တဲ့ စိတ်ကြောင့် အနေအထားပြောင်းလဲသွားမည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ မွေးသူများ )
Leo ရာသီဖွားတွေအနေနဲ့ ကိုယ့်ကိုကိုယ်အမြဲလိုလိုယုံကြည့်မှုပြည့် ပြည့်၀၀ ထားရှိတတ်သော်လည်း တစ်ခါတစ်ရံမှာ တပါးသူများရဲ့ ခံယူချက်အတိုင်း လိုက်နာလေ့ရှိသည်။ တစ်စုံတစ်ယောက်နဲ့ မကြာ သေးမီက ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့လျှင် သင်တို့ရဲ့ဆက်ဆံရေးကို ပြန်လည်သင့်မြတ်ရန် စဉ်းစားသင့်ပေသည်။ ယနေ့တစ်နေ့တာလုံး အတွက်တော့ ကိုယ့်ကိုကိုယ် ချီးကျူးထောပနာ ဂုဏ်ယူခြင်းတွေနဲ့ ပဲဖြတ်သန်းနေလိမ့်မည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂ မွေးသူများ)
ကျိုးကြောင်းဆီလျှော်အောင် စဉ်းစားတတ်ခြင်းနဲ့ သဘာဝကျတဲ့ လှုပ်ရှားမှုတွေကြောင့် ထင်ပေါ်တတ်တဲ့
 Virgo ရာသီဖွားကတော့ ဒီကနေ့အတွက်     ယင်းကိစ္စတွေကိုလျှော့ချသင့်သည်။ ယနေ့ တစ်ရက်လုံးပြီးစီးမည့်တိုင်အောင်ပင် သာမန်မဟုတ်သော ကိစ္စရပ် များနှင့် ကြုံတွေ့ဖြတ်သန်းနေရလိမ့်မည်။ သင့်အတွက် အကျိုးမရှိ၊ အသုံးမ၀င်တဲ့ အရာတွေအားလုံးကို ငြင်းပယ်နိုင်လိမ့်မည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃ မွေးသူများ)
ယနေ့ဖြစ်ပေါ်တဲ့အကြောင်းအရာတိုင်းကနေ ရောထွေးနေတဲ့ ခံစားမှုအရပ်ရပ်က သင့်ကို အထောက်အကူပြုမည်။ စိတ်အားထက် သန်တဲ့ ကိစ္စအ၀၀ကို အားတက်သရောလုပ်ဆောင်ရလိမ့်မည်။ သာမန်မဟုတ်တဲ့ တွေ့ဆုံခြင်းတွေမှာ သင့်ရဲ့ စိတ်လှုပ်ရှားလွယ်မှုကြောင့်  မျှော်လင့်မထားတဲ့ အရာတွေသာဖြစ်ပေါ်နေမည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂ မွေးသူများ)
ယနေ့မှာ အခြားအရေးကြီးတဲ့ လုပ်ဆောင်တာတွေ မလုပ်မိရန် လိုသည်။ လက်ရှိအခြေအနေလေးမှာပဲ သည်းခံစောင့်စည်းနေထိုင် လိုက်မည်က ပိုပြီးအကျိုးရှိလိမ့်မည်။ မူလ တစ်ကိုယ်တည်းသီးသန့် နေထိုင်တတ်ခြင်းက အထီးကျန်လာတတ်သော်လည်းပဲ သည်အကျင့်စရိုက်ကြောင့် အဆိုးတွေရောက်လိမ့်နိုးနိုး အကောင်းတွေသာဖြစ်သွားတတ်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁ မွေးသူများ)
ပွဲလန်းသဘင် ဖျော်ဖြေရေးနေရာတွေများများ  မသွားမိဖို့လိုသည်။ အခွင့်အရေးရရှိခြင်းဆိုသည်က စိတ်ပါဝင်စားတဲ့သူ တွေရဲ့ကြိုးစားအားထုတ်မှုအလျှောက် ပေါ်ပေါက်လာတတ်တာကို သတိကပ်သင့်သည်။ အရေးကြီးတဲ့ တွေ့ဆုံမှုတွေ၊ ခရီးထွက်ခြင်းတွေကို ခေတ္တဆိုင်းထားသင့်သည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
လုပ်ကိုင်ရမည့် လုပ်ဆောင်တာတွေအတွက် မစတင်ရသေးဘူးဆိုရင် စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်းချမ်းလုပ် ဆောင်မည်ဆိုပါက ပို၍အဆင်ပြေနိုင်မည်။ တစ်စုံတစ်ယောက်ရဲ့ သင့်အတွက် လျို့ဝှက်လုပ်ဆောင်ပေးထားတဲ့ အရာတွေကို ကိုယ် တိုင်သိခွင့်ရမည်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးကို ပြောင်းလဲသင့်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈ မွေးသူများ)
ကိုယ့်ကိုကိုယ် ထင်ရှားကျော်ကြားသူတစ်ယောက်အဖြစ် မှတ်ယူထားသူဖြစ်သည်။ သူတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ် ၀င်တစားသိလိုမှုတွေ သိခွင့်ရမည်။ အချိန်အခါက အမြဲပုံသေမရှိ နိုင်ဘူးဆိုတာကို သိသွားခဲ့လျှင် သင့်အတွက် ပိုပြီးသေချာခိုင်မာတဲ့ အလုပ်ကို အားစိုက်ထုတ်ပြီး လိုရန်လိုပါသည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ယနေ့မှာ သင့်အတွက် စိတ်လှုပ်ရှားစရာတွေ၊ ထိတ်လန့်စရာတွေ၊ ဒုက္ခသုက္ခ အကြောင်းအရာတွေ ၀န်းရံနေတာက သင့်ကို ပိုပြီးအလျှင်အမြန်လှုပ်ရှားဆောင်ရွက်ရန် တိုက်တွန်းတာဖြစ်မည် ဟုတွေးသင့်သည်။ အထီးကျန်ကျန် တစ်ယောက်တည်းနေလိုက် ခြင်းက သင့်အတွက် ဆုလာဒ်တစ်ခုလို့တောင် ယူဆနိုင်ပေမည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း(၄ နိုဝင်ဘာ ၂၀၁၄)

post-image 

Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ကိုယ့်လုပ်ရပ်များအပေါ် ကိုယ့်စိတ်ခံစားချက်များက လွှမ်းမိုးနေမည်။ အရှုပ်ထွေးဆုံး ကိစ္စများကိုတောင်မှ ကိုင်တွယ်ဖြေရှင်းနိုင်မည့် ကာလပင်။ လေးစားရသည့်လူများ၊ စိတ်ဝင်စားစရာ ကောင်းသည့်လူများနှင့် စကားပြောဆိုရနိုင်သည်။ အကြံညဏ်ကောင်းများကို နားထောင်ရနိုင်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
Taurus တို့၏ ကိစ္စအဝဝသည် အတက်ဘက် ရောက်နေသည်။ အတားအဆီးအချို့အား ကံကောင်းခြင်းဖြင့် ပြေလည်နိုင်သည်။ သို့သော် ဘာကြောင့်ကံကောင်းသည်ကို နက်နက်နဲနဲတွေးဖို့ မကြိုးစားပေ။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
လုပ်နေကျကိစ္စများကိုသာ ပုံမှန်အတိုင်း လုပ်နေရမည်။ ဘာကိစ္စဖြစ်ဖြစ် Gemini တို့ ကိုင်တွယ်နိုင်မည့်နေ့ပင်။ ပြဿနာအချို့ကိုလည်း ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။ အတားအဆီး တော်တော်များများသည် သူ့ဘာသူ ပျောက်ကွယ်သွားနိုင်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
၂၀၁၄ နိုဝင်ဘာ ၄ ရက်နေ့သည် ငွေရေးကြေးရေး၊ အချစ်ရေး၊ သင်ကြားရေးနှင့် ဘာသာရေးကိစ္စများအတွက် ကောင်းမွန်သော နေ့ပင်။ အလောတကြီး လုပ်ရမည့်ကိစ္စများ၊ အလျင်စလို ကိုင်တွယ်ရမည့် ကိစ္စများ ရှိမည်မဟုတ်ပေ။ အားအလွန်အကျွံ စိုက်ထုတ်ရမည့်ကိစ္စ သိပ်မရှိပေ။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
မိသားစုကိစ္စများနှင့် နေရေးထိုင်ရေး ကိစ္စများက ယခုတလော ခေါင်းထဲတွင် အလေးပေးထားရသည့် ကိစ္စများဖြစ်မည်။ မိသားစုပြဿနာ ကြုံနေရသူများ ပြေလည်မှုများ ရလာမည်။  အရေးကြီးလုပ်ရမည့် ကိစ္စများရှိပါက မနက်ပိုင်းတွင်လုပ်ပါ။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
သင့်စိတ်ကို ဒုက္ခပေးနေသူများအား တုံ့ပြန်မှု မပြုလုပ်ပါနှင့်။ မလိုအပ်သော သတ္တိများနှင့် အရဲစွန့်လုပ်သော ကိစ္စများက မှားယွင်းသွားသည်ကို တွေ့ရမည်။ ရိုးရိုးရှင်းရှင်းသာ နေထိုင်သင့်သော ကာလဖြစ်သည်။ အပြောင်းအလဲများက စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှု ရှိမည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
ငွေကြေးပိုင်း အလေးထားစရာမလိုသော ကာလပင်။ ဝင်ငွေတိုးမည့်ကိစ္စများ ရှိနိုင်သည်။ မိသားစု၏ အကာအကွယ်ကို ရနိုင်သည်။ သြဇာရှိလူတစ်ဦး၏ အထောက်အပံ့ကိုလည်း ရနိုင်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ကင်းမြီးကောက်တို့ ကံတက်နေသည်။ စိတ်ရှည်မှု၊ ကျိုးနွံမှု၊ ယုံကြည်ရမှုများကို လက်ကိုင်ထားသင့်သည့် အချိန်ပင်။ ကံကောင်းသော ဖြစ်ရပ်များသည် သွားလာရသောကိစ္စများနှင့် ပက်သက်နေသည်။ အရေးကြီးကိစ္စများလုပ်ရန် မနက်ပိုင်းသည် သင့်လျော်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အနည်းငယ် စွန့်စားရမည့် ကိစ္စများအတွက် ကောင်းသောနေ့ပင်။ တစ်စုံတစ်ဦးမှ သင်၏ရက်ရောတတ်မှုကို အခွင့်အရေးယူနေသည်။ သင့်စိတ်ထဲ သဘောမတွေ့သော အကျင့်များကိုဖျောက်ရန် ကြိုးစားသင့်သည်။ ကိစ္စအများစုတွင် ရှေ့မထွက်ဘဲ နောက်တွင်သာ နေထားသင့်သောအချိန် ဖြစ်သည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
အရောင်းအဝယ်ကိစ္စ၊ ညှိုနှိုင်းရမည့် ကိစ္စများအတွက် ကောင်းမွန်သောနေ့ပင်။ မကြာသေးခင်က ပူပန်ခဲ့ရသော ကိစ္စများ အသစ်ပြန်ဖြစ်လာနိုင်သည်။ လူအချို့၏ သြဇာလွှမ်းမိုးမှုကို မခံပါနှင့်။ ကိုယ့်အမြင်နှင့်ကိုယ် ရပ်တည်သင့်သော ကာလပင်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
အပေါ်ယံတွင် လွပ်လပ်သလိုရှိသော်လည်း နောက်ကွယ်မှ ကိစ္စများကြောင့် ချုပ်ထိန်းခံရသလို ဖြစ်နေမည်။ အရေးပေါ်ကိစ္စများကြောင့် လုပ်ငန်းပိုင်းတွင် အနည်းငယ် ပြင်ဆင်ရခြင်းများ ရှိမည်။ အွန်းလိုင်းကြောင့် စိတ်ပင်းပန်းမှု မြင့်တက်နေသောအချိန်ဖြစ်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ပထမနေ့ဝက်အား လူအများနှင့် ဆက်ဆံရမည့် ကိစ္စများအတွက် ရွေးချယ်ပါ။ သင့်ဘေးနားရှိ ကိစ္စတော်တော်များများ တည်ငြိမ်သွားသည့် အချိန်ပင်။ အလုပ်အကိုင်နှင့်ပက်သက်၍ အခွင့်အလမ်းများ ပေါ်ပေါက်နေသော ကာလပင်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။ 



My Facebook Account{ ဒီမှာ } သွားလိုက်ပါ

Another Test Footer