Recommendations by Engageya

Home » , » ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း(၂ ဒီဇင်ဘာ ၂၀၁၄)

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း(၂ ဒီဇင်ဘာ ၂၀၁၄)


Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
မပြီးပြတ်သေးသောကိစ္စများ အပြီးသတ်သင့်သော ကာလပင်။ ကြိုမတွက်ထားသော ကိစ္စရပ်များကြောင့် ဆုံးဖြတ်ချက်များ ချရနိုင်သည်။ အများနှင့်လုပ်ရသော ကိစ္စများ၊ အများရှေ့ထွက်ရသော ကိစ္စများ ထင်ထားသည်ထက် ရလဒ်ကောင်း ထွက်မည်။ သင်နှင့် အမြင်ခြင်းမတူသည့်လူများအား ရှောင်ထားသည်က အကောင်းဆုံးပင်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
တွက်ဆလုပ်ဆောင်ရမည့်ကိစ္စများ များပြားနေသည်။ သင်နာမည်ရနိုင်သည့် အခွင့်အလမ်းများ၊ ကိစ္စများ ကြုံရမည်။ အလုပ်ပြောင်းခြင်း၊ လက်ရှိနေထိုင်မှုပုံစံအား ပြောင်းလဲခြင်း စသည့်အပြောင်းအလဲ လုပ်ချင်သည့် ခံစားချက်များရှိနေသည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
စိတ်ဝင်စားစရာ ဖိတ်ခေါ်ချက်တွေ ရှိနေမည်။ ပျော်စရာ ကိစ္စတွေ ရှိလာမည်။ ရိုးရိုးရှင်းရှင်း နေထိုင်ချင်သော်လည်း အိတ်ထဲတွင် ပိုက်ဆံရှိနေသောကာလဖြစ်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
ပျော်စရာ ရွှင်စရာ အစီအစဉ်တွေ ရှိနေသည်။ အုပ်စုလိုက် လုပ်ရသည့်ကိစ္စများတွင် ပါဝင်ဆင်နွဲသင့်သည်။  အလုပ်တွင် အပြောင်းအလဲများ ရှိလာနိုင်သည်။ အပေါင်းအသင်းများအား အလွန်ခင်မင်နေသော ကာလဖြစ်သည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
နေရာဒေသ အပြောင်းအလဲပြုလုပ်သင့်သည့် အချိန်ပင်။ ခရီးရက်တိုထွက်ခြင်းများ သင့်လျော်သည်။ နေ့စဉ်နေထိုင်မှုပုံစံအား အပြောင်းအလဲ လုပ်သင့်သည်။ တစ်ကိုယ်တည်းသမားများ ဖြစ်ပါက အချစ်ရေးကိစ္စ စဉ်းစားလာရနိုင်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ယုံကြည်ချက်ဟောင်းများ၊ အစွဲအလမ်းဟောင်းများကို လွှင့်ပစ်သင့်သည့် အချိန်ပင်။ တစ်ကိုယ်တည်း နေသင့်သော အချိန်များ ရှိလာမည်။ လိုအပ်သည်ထက် ရှုပ်ထွေးလာသော ကိစ္စများကို သတိထားသင့်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အဖွဲ့လိုက်လုပ်ရသည့် ကိစ္စများတွင် အနည်းငယ် ကသိကအောက်ဖြစ်စရာများ မရှိဘဲ ပြီးမည်မဟုတ်ပေ။ ရည်ရွယ်ထားသည့် ဦးစားပေးကိစ္စများ ပြောင်းလဲရနိုင်သည်။  တခြားလူအတွက် လုပ်ရသည့် ကိစ္စများ အဆင်ပြေသော်လည်း ကိုယ့်အတွက်လုပ်ရသည့်ကိစ္စများကို အားစိုက်နေရနိုင်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
မရည်ရွယ်ဘဲ ငွေကြေးသုံးစွဲမိခြင်းများ ရှိနေမည်။  ချွေတာတတ်သော ကင်းမြီးကောက်တို့တောင် အဝတ်အစား၊ ပစ္စည်းများ ဝယ်ယူချင်စိတ်ကို ထိန်းမရနိုင် ဖြစ်နေတတ်သည်။ ဖြစ်နိုင်လျှင် အရာရာအား အလျင်စလို မပြုလုပ်ပါနှင့်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
သင်တန်းသစ်တက်ရန် ရည်ရွယ်ထားပါက စသင့်သည့်အချိန်ပင်။ အပြောင်းအလဲသစ်၊ အလုပ်အကိုင်သစ်များ စသင့်သည့်အချိန်ပင်။ ပထမဆုံး အောင်မြင်မှုများ ရှိလာနိုင်သလို ပထမဆုံးအမှားများလည်း ရှိလာနိုင်သည်။

 Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
လက်ရှိအခြေအနေကို မြှင့်တင်လိုသည့် စိတ်ဓာတ်များက မြင့်မားနေမည်။ နေရာပြောင်းခြင်း၊ အလုပ်ပြောင်းခြင်းများကို စဉ်းစားနေသည်။ ခဏတာ စိတ်လှုပ်ရှားသည့်ကိစ္စများကို ရှောင်ပါ။ ရေရှည်ရည်မှန်းချက်အား အထောက်အကူဖြစ်စေမည့် ကိစ္စများကိုသာ စဉ်းစားပါ။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
မျှော်လင့်စရာများ ရှိလာမည်။ ပွဲလမ်းသဘင်ကိစ္စများ စဉ်းစားနေမည်။ လုပ်နေကျကိစ္စများ ကြွေးကျန်မချန်ပါနှင့်။ မကြာသေးခင်က ဖြစ်ထားသော မိသားစုအရေး၊ အိမ်တွင်းရေးကိစ္စများက သင့်အပေါ် လွှမ်းမိုးမှု ရှိနေနိုင်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
တစ်စုံတစ်ဦးကြောင့် အလွယ်တကူ စိတ်ဆိုးဒေါသထွက်ခြင်း ရှောင်ပါ။ အလုပ်နှင့်ပက်သက်သော လူမှုရေးပြဿနာများကြောင့် စိတ်ကျဉ်းကျပ်ခြင်း၊စိုးရိမ်ပူပန်ခြင်းများ ရှိနိုင်သည်။ ငွေကြေးနှင့် ပက်သက်၍ စိစစ်သင့်သောအချိန်ပင်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

0 comments:

Post a Comment

Another Test Footer