Recommendations by Engageya

Home » » နိုဝင်ဘာလအတွက်(၇) ရက်သားသမီး ဟောစာတမ်း

နိုဝင်ဘာလအတွက်(၇) ရက်သားသမီး ဟောစာတမ်း

post-image  

တနင်္ဂနွေ သားသမီး ။  ။ အလုပ်များ သောလဖြစ်
နေမည် ။ အလုပ် အပိုများလည်း လုပ်နေရပြီး စိတ်ပင်ပမ်းမှု ခံစားနေ ရမည် ။ အခြား သူများ၏ တာဝန်များ ကိုလည်း ထမ်းဆောင်နေရ လိမ့်မည် ။ မိတ်တွေ ကောင်းများ၏ အကူ အညီကြောင့် အရာရာ အဆင်ပြေ ချောမွေ့ မည် ။ ငွေကြေး အဆင်ပြေမည် ။ ယခုလအ တွင်း ရွှေဝင်လာမည် ။ ခရီးယာယီ သွားရ ကိန်းရှိပါသည် ။ အိုးသစ်အိမ် သစ်လည်း ပြောင်းရကိန်း ရှိသည် ။ ငယ်ရွယ် သူများ အချစ်ရေး ကံကောင်း နေမည် ။ ချစ်သူနှင့် ခရီးသွားရ ကိန်းရှိသည် ။ ကျမ္မာရေး ကောင်းသော်လည်း အစား အသောက် ဆင်ခြင်ပါ ။
ယတြာ ။ ။ ဆရာသမား တစ်ဦးအား အင်္ကျီအသစ် တစ်ထည် ကန်တော့လိုက်ပါ ။။
တနင်္လာသားသမီး ။ ။ ခရီးသွား လုပ်ငန်းများ အဆင်ပြေနေမည် ။ ခရီးသွားနေရပြီး ၀င်ငွေများ လည်းရရှိနေမည် ။ မိသားစု အတွင်း စိတ်ဝမ်းကွဲမည် ။ စကားများပြီး အိမ်မှယာယီ ထွက်ခွါသွားရလိမ့်မည် ။ မြေကိစ္စ မိန်းမ ကိစ္စကြောင့် ပြဿ များ ဖြေရှင်း ရတတ်သည် ။ သူများ ကိစ္စတွင်စေတနာထား ကူညီသော် လည်း အထင်မှားပြီး အရာ မထင်ဖြစ်ရလိမ့်မည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် လျှောက်လည်ရင်း စကားပြောမှားပြီး အဆင်မပြေဖြစ်လိမ့် မည် ။ မိသားစု အတွင်း ငွေကြေး ကိစ္စစကားများရလိမ့်မည် ။တနင်္လာ နှင့် သောကြာ။ ကြာသပတေး နေ့ နံတွဲအမည် မှည့်ထားသူများ မမျှော် လင့်ပဲ အိမ်ထောင်ကျ လိမ့်မည် ။ ဥပမာ ။။ ခင်သီဟန်။ ခင်မမ
ယတြာ ။ ။ ကြံတစ်ချောင်းကို မိမိလက်တစ်တောင်တိုင်းဖြတ်ပြီး ရေစီးသောချောင်းအတွင်း စွန့် လိုက်ပါ ။။
အင်္ဂါသားသမီး ။။ ။။ ဇွဲကောင်းကောင်းနှင့် အလုပ်ကိုလုပ်မှအောင်မြင်မည့်လဖြစ်သည် ။ စက်နှင့်ပတ်သက်သောလုပ်ငန်းများ အကျိုးပေးမည် ။ အပြိုင်အဆိုင် ရှိသော်လည်း ကျိုးစားမှုကြောင့် အောင်မြင်မှုရရှိမည် ။ ငွေဝင်ကောင်း သော်လည်း ငွေကြေးကိစ္စကြောင့် ညီအကို မောင်နှမ ညီအစ်မချင်း စကားများရလိမ့်မည် ။ အိမ်ထောင်ရှင်မများ ခင်ပွန်းကြောင့်စိတ်ညစ် စရာများ ကြုံ တွေ့ ရလိမ့်မည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံမကောင်း သေးပါ ။ချစ်သူရှိနေသော်လည်း အခြေအနေအနည်းငယ် တင်းမာနေမည်။ ကျမ္မာရေးနှင့်ပတ်သက်ပြီး ခေါင်း ခါး ခြေထောက်တွင် နာကျင်မှုဝေဒနာ ခံစားရတတ်ပါသည် ။
ယတြာ ။။ ။။ ဈေးထဲသို့ သွားပြီး တောင်းရမ်းနေသူ တစ်ဦးအား ဆန်တစ်ပြည် ၀ယ်လှုလိုက်ပါ ။
ဗုဒ္မဟူး သားသမီး ။ ။ ရေသန့်  ရေခဲ ရေ ရွှေ လုပ်ငန်း လုပ်သူများ လုပ်ငန်း အသစ်တိုးချဲ့ နိုင် သည် ။ စပ်တူ လုပ်ခြင်း ဖြင့်လုပ်ငန်းများ တိုးတက်မည် ။ သစ္စာရှိသောမိတ် ဆွေများကြောင့် စိတ်ချမ်းသာမည် ။ နိုင်ငံခြားခရီးသွားရတတ်ပါသည် ။ အဝေးရောက်မိတ်ဆွေများနှင့် မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့ မည် ။ ငွေကြေး သိသိသာသာဝင်လာမည့်လဖြစ်ပါသည် ။ ၀န်ထမ်းဖြစ်ပါက အ ထက်လူကြီး၏ အရေးပေးခြင်းခံရမည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် ပျော် ရွှင်သောခရီးသွားရလိမ့်မည် ။ ခရီးသွားရင်း ချစ်သူအသစ်ရလိမ့်မည် ။ ရေလမ်းခရီးသတိထားပါ ။။
ယတြာ ။ ။ ရွက်လှ (၁၇) ရွက်ကို တန်ခိုးကြီးဘုရား မွေးနံထောင့်တွင် လှုပေးပါ ။။
ကြာသပတေးသားသမီး ။ ။ မိတ်ဆွေ၏ သစ္စာမဲ့မှုကြောင့် ငွေအပိုကုန်ကျမှုများဖြစ်မည် ။ အလုပ် ကိစ္စများ တေ့လွဲလွဲ နေပါမည် ။။ အိမ် အပြောင်းအရွှေ့  ဖြစ်လိမ့်မည် ။။ ယ ခုလအတွင်း လုပ်ငန်း အသစ်များ မလုပ်သင့် သေးပါ ။စက်ပစ္စည်း ရောင်း မှား ၀ယ်မှားဖြစ်တတ်သည် ။ စိတ်ညစ်ရမည် ။ ငွေကြွေးတင်နေမည် ။ ငွေ အထားမှားခြင်း ငွေကျပျောက်ခြင်းများ ကြုံတွေ့ ရတတ်သည် ။ မမျှော်လင့် ပဲ ခရီးသွားရလိမ့်မည် ။ ငွေကုန်လူ ပမ်းဖြစ်မည် ။ စနေသားသမီးကြောင့် စိတ်အနှောက် အယှက်ဖြစ်ရလိမ့်မည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံမ ကောင်းသေးပါ ။ ခွေးကိုက်ခံရ တတ်ပါသည် ။သတိထားပါ။
ယတြာ ။ ။ မိမိအိမ်မှ ဘုရားအား သင်္ဘောသီးအမှည့် ကိုသကြားဖြူးပြီး လှုပေးပါ ။။
စနေသားသမီး ။ ။ ဘာလုပ်လုပ် အဆင်ပြေသည့်လဖြစ်သည် ။ မိတ်ဆွေများ အကျိုးပြုမည် ။ သို့ သော်လုပ်ငန်း အသစ်များ မလုပ်သင့်သေးပါ ။ ယခုလအတွင်း ခရီးလုံးဝမ သွားသင့်ပါ ။ ၀န်ထမ်းများ အထက်လူကြီး၏ ဆူပူပြစ်တင်ခြင်း ခံရတတ်ပါသည် အထိုက်အလျောက်ငွေ ၀င်နေမည် ။ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ရလိမ့်မည် အများ အကျိုးထမ်းဆောင် ရလိမ့်မည် ။ စိတ်ချမ်းသာနေမည် ။ ကြာသပတေး သားသမီးကြောင့်စိတ်ညစ် ရလိမ့်မည် ။ ယောင်္ကျားလေးများ မိန်းကလေးနှင့် ပတ်သက်ပြီး ပြဿနာတက်တတ်ပါသည် ။ သတိထားနေပါ ။ ချစ်သူ၏အထင် အမြင်လွဲမှား ခံရတတ်ပါသည် ။ စိတ်ကောက် တတ်သော ချစ်သူနှင့် ဖူးစာဆုံပါ မည် ။
ယတြာ ။ ။ မွေးနံဘုရားထောင့်တွင် ထီးအနီ တစ်လက်လှုလိုက်ပါ ။။
ကျော်လင်းနိုင်

ကျော်လင်းနိုင်

0 comments:

Post a Comment

Another Test Footer