Recommendations by Engageya

Home » » ကမ္ဘာကျော်တို့၏ Revolution ဖွင့်ဆိုချက်များ

ကမ္ဘာကျော်တို့၏ Revolution ဖွင့်ဆိုချက်များ

post-image  

အကြမ်းဖက်မှု ကိုတော့ ကျွန်ုပ်ကိုယ်တိုင် မယုံကြည်လို့ မသင်ကြား လိုပါဘူး။ ဒါပေမဲ့သင့်ဘဝ ဆုံးရှုံးအောင် ပြုမယ့်သူရှေ့မှာ ဦးခေါင်း မညွတ်ဖို့တော့ သင်ကြားလိုပါတယ်။
Mahatma Gandi (1869 -1948)
အိန္ဒိယအမျိုးသားခေါင်းဆောင်
အာဏာရှင်စနစ်ကျင့်သုံးတာမှန်ပါက တော်လှန်ရေးလုပ်တာ မှန်ပါတယ်။
Victor Hugo (1802-1885) ပြင်သစ်စာရေးဆရာကြီး
တော်လှန်ရေးဆိုတာ ရင့်မှည့် လို့ ကြွေကျလာတဲ့ ပန်းသီးမဟုတ်ဘူး။ ကြွေကျအောင်လုပ် ယူရမယ်။
Che Guevara (1923-1967)
ပြောက်ကျားခေါင်းဆောင် တော်လှန်ရေးတစ်ခုဟာ ဝတ္ထု တစ်ပုဒ်လို ပါပဲ။ အဆုံးသတ်ဟာ အခက်အခဲ ဆုံးအပိုင်းဖြစ် ပါတယ်။ Alexis de Tocqueville (1305-1359) ပြင်သစ်အတွေးအခေါ် ပညာရှင်
တော်လှန်ရေးနဲ့ပတ်သက်တဲ့ စိတ်ထား၊ အပြုအမူနဲ့ ကိုယ်ကျင့်အမြင်များဟာ တော်လှန် ရေးရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်ပါတယ်။
Emund Burke (1729-1797)
အိုင်းရစ်အတွေးအ ခေါ်ပညာရှင်
တော်လှန်ရေးဟာ လူငယ်တွေ ရဲ့လက်ထဲမှာပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေသာ တော်လှန်ရေးကို အမွေဆက်ခံမှာမို့လိုပဲ။
Huey Newton (1942-1989)
ပြောက်ကျားခေါင်းဆောင်
နိုင်ငံရေးမှာဆိုရင် တော်လှန်ရေးဆိုတာ အစိုးရဆိုးပုံစံတစ်ခု ရုတ်တရက်ပြောင်းလဲ သွားခြင်းပင်ဖြစ်သည်။
Ambrose Berce (1842-1914)
ဆိုဗီယက်ခေါင်းဆောင်
နောက်ပိုင်းတော်လှန်ရေးတွေဟာ အတွေးအခေါ်တော်လှန်ရေးတွေသာဖြစ်မယ်။
Bill Hicks (1961-1994)
ဟာသပညာရှင်
ပြုပြင်ပြောင်းလဲရေးဆိုတာ အလွဲသုံးစား မှုတွေကို ပပျောက်စေရေးဖြစ်ပြီး တော်လှန်ရေး ဆိုတာကတော့ အာဏာလွှဲပြောင်းရေးပဲဖြစ် တယ်။
Edward Bulwer-Lytton(1803-1873)
ပြဇာတ်ဆရာ
သွေးထွက်သံယိုဖြစ်တဲ့တော်လှန်ရေးကိုသာ တော်လှန်ရေးလို့ ယူဆနေကြတယ်။ ဒါဟာ လုံးဝမမှန်ဘူး။တော်လှန်ရေးဟာသွေးထွက် သံယို ရှိတဲ့ တော်လှန်ရေးသွေးထွ က်သံယိုမရှိတဲ့ တော်လှန် ရေး ရယ်လို့ နှစ်မျိုး ရှိတယ်။
ဗိုလ်ချုပ်အောင်ဆန်း
တော်လှန်ရေးဆိုတာ အခြေခံကျတဲ့ ပြောင်းလဲမှု တစ်ခုပါပဲ။
ဒေါ်အောင်ဆန်းစုကြည်

0 comments:

Post a Comment

Another Test Footer