Recommendations by Engageya

Home » » ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၈ ဒီဇင်ဘာ ၂၀၁၄)

ဖိုးသူတော်တစ်နေ့တာ ဟောစာတမ်း (၈ ဒီဇင်ဘာ ၂၀၁၄)



Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
လက်တွဲဖော် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သင့်အလုပ်အကိုင် တိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ မည့်သည့်ကိစ္စမဆို ဖြည်းဖြည်းမှန်မှန်သာ လုပ်သင့်သော ကာလဖြစ်သည်။ အခြားလူများ၏ အကြံညဏ်ကို နားထောင်မိနေသောအချိန်လည်း ဖြစ်သည်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ချစ်ခင်သူများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နိုင်သည်။ အခြားလူများ၏ အကြံညဏ်စကားများကို အချိန်ပေး နားထောင်သင့်သည်။ ငွေကြေးပိုင်း တည်ငြိမ်နေသော ကာလဖြစ်သည်။ Taurus အမျိုးသမီးတို့၏ လိုချင်မှုများက အနည်းငယ် မြင့်မားသလိုဖြစ်နေမည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
ဝယ်စရာများရှိပါက ကောင်းသောနေ့ပင်။ အပိုကုန်ကျစရိတ်များလည်း ရှိနေမည်။ ရင်းနှီးထားသောကိစ္စများ၊ ကြိုတင်ရည်မျှော်၍ လုပ်ဆောင်ထားသော ကိစ္စများသည် ရလဒ်များထွက်လာမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
မိသားစုအရေးတွင် အခန့်မသင့်မှုလေးများ ရှိနေမည်။ လူကြီးပိုင်းဖြစ်ပါက လူငယ်များနှင့် အတိုက်အခံဖြစ်ရမည့် ကိစ္စများ ရှိလာနိုင်သည်။ ဖွံဖြိုးမှုနှေးသော၊ သိပ်အားမထားသော လုပ်ငန်းကိစ္စများက  အလားအလာရှိလာသည်ကို တွေ့ရမည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
အိမ်တွင်းရေး တည်ငြိမ်ရန် အရေးကြီးသည်။ လူအများနှင့် ခင်ခင်မင်မင်သာ နေထားသင့်သည်။ ကိုယ်နှင့်မဆိုင်ဟု ထင်ထားသောကိစ္စများ ကိုယ်နှင့် ပက်သက်လာနိုင်သည်။ ကိစ္စဟောင်းများ ပြန်ပေါ်လာနိုင်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ကြိုတင်စီစဉ်မှု မရှိပါက အမှားဖြစ်ပေါ်လာနိုင်သည်။ နီးစပ်သူများထံမှမြစ်ဖျားခံလာသည့် ဖိအားများသည် ကိုယ့်အပေါ်ပါ သက်ရောက်လာနိုင်သည်။ ဖိအားများသည် ငွေကြေးကိစ္စသာ ဖြစ်ဖို့များသည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
ရင်းနှီးသူတစ်ဦးဦးက သင့်ဆီမှ သိလိုသည်များ ရှိနေသည်။  တစ်စုံတစ်ဦးကို ကာကွယ်ပေးခြင်းကြောင့် ပြဿနာများ တက်လာနိုင်သည်။ အထိမခံသည့် ကိစ္စများကို ကိုင်တွယ်ပါက လက်တွေ့ကျကျနှင့် တည်ငြိမ်ရန်လိုအပ်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
စကားများက ဒုက္ခပေးနိုင်သည်။ စကားနည်းသင့်သော ကာလပင်။ တစ်စုံတစ်ဦး၏ စကားများကြောင့်လည်း သင့်စိတ်များ မကျေမချမ်း ဖြစ်လာနိုင်သည်။ မမျှတဟု ခံစားနေရသည့် ကိစ္စများရှိလာနိုင်သည်။ မိတ်ဆွေဆက်ဆံရေး မပျက်စီးရန် ထိန်းသိမ်းသင့်သည်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
ပစ္စည်းအချို့ကို ဝယ်ယူဖြစ်မည်နေ့ပင်။ ငွေကြေးကိစ္စများ ရှိလာနိုင်သည်။ အသုံးစရိတ်နှင့်ရှိငွေ မကာမိသည်များ ဖြစ်လာနိုင်သည်။ အချစ်ရေးတွင် သင့်ဘက်မှ ရိုးသားပါက ဆုံးရှုံးမှုများဖြစ်မလာနိုင်ပေ။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
Capricon တို့၏ အပေါ်ယံကိုသာကြည့်၍ လူအများက ဆုံးဖြတ်နေသည်ကို တွေ့ရမည်။ အပျော်အပါးများ၊ အခြားကိစ္စများကြောင့် ရေတိုရည်မှန်းချက်များ အနှောင့်အယှက် ဖြစ်လာနိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
လုပ်နေကျမဟုတ်သော ကိစ္စများ လုပ်ရနိုင်သည်။ လုပ်ငန်းနှင့် ပုဂ္ဂိုလ်ရေး ခွဲထားရန်လိုအပ်သည်။ ရေတိုရည်မှန်းချက် အများအပြား မထားသင့်သည့်ကာလပင်။ မလိုအပ်ဘဲ ဝင်ရောက်ဝေဖန်မိခြင်း သတိထားပါ။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ငွေကြေးနှင့်ပက်သက်၍ အလွန်အကျွံ အကောင်းမမြင်ပါနှင့်။ အလှူအတန်းလုပ်ရန် ကောင်းသောကာလပင်။ အလှူအတန်းလုပ်ရန် အခွင့်အရေးများလည်း ရလာမည်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

0 comments:

Post a Comment

Another Test Footer