လာဟေ့ဒွါး၊ သွားကောက်ချည်စို့၊ ပွင့်ခြောက်ကယ်အနားလန်၊ ဆက်ရက်ကယ်ညံ၊ ပင်လက်ပံ ကြွေချိန်ကျပြီမို့၊ မိဇံလှ - နင်လိုက်ဦးမလား၊ သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊ ပေါင်းလန်မှပြန်ကြမယ်လေး ။ ။
အရီးသာလုံး၊ ကြေးကိုင်တုန်းက၊ တို့အိမ်တောင်ကြန်စုံကုန်း၊ တနေ့တုန်းကလဲကာသေ၊ သားရေနှင့်အမဲနံ၊ လက်ပံနှင့် ချိုင်ရလျှင်၊ ကျိုနိုင်လေမွမွပျောင်းတာမို့၊ ပြောင်းဆန်အို မျိုမကျရယ်နှင့်၊ မြိန်လှတယ်လေး ။ ။
(ဦးဆောင်း)
Home »
ကဗျာများ
,
လွမ်းချင်း
,
ဦးဆောင်း
,
ရှေးဟောင်းကဗျာများ
» လက်ပံပွင့်ကောက် (လွမ်းချင်း)(ဦးဆောင်း)
လက်ပံပွင့်ကောက် (လွမ်းချင်း)(ဦးဆောင်း)
Posted by Yu Ya
Posted on 2:30 AM
with No comments
0 comments:
Post a Comment