Recommendations by Engageya

Home » , , , » တို့ရွာအလိုက် (လွမ်းချင်း)(ဦးဆောင်း)

တို့ရွာအလိုက် (လွမ်းချင်း)(ဦးဆောင်း)

မိုးမသောက်ခင်က၊ ခလောက်ကယ်ဂျောင်ဂျင်၊
လုပ်ငန်းငယ်ပြင်သည်၊ ချောင်းရေယဉ် သွင်သွင်စီးပါလို့၊
ကောက်ကြီးစပါးနှံက၊ သန်လှတယ်လေး။

သို့အရာမူ၊ တို့ရွာအလိုက်၊ ချွေးပြိုက်ပြိုက်ကယ်နှင့်၊
ကောက်စိုက်မူဟန်၊ သူအပြန်ကို၊
ထမင်းခံမြေလုပ်၊ အင်စောင်တုတ်နှင့်၊
ဆူးပုတ်ကယ်ရွက်ညို၊
ဆီမခတ်သော်လည်း၊ တလတ်ကယ်ချိုလှတယ်၊
မင်းပျိုတို့ခုချိန်ခါကို၊
စားစရာဝါမပြောပါဘု၊
ပေါလှတယ်လေး။

(လွမ်းချင်း)
ဦးဆောင်း

0 comments:

Post a Comment

Another Test Footer