Recommendations by Engageya

Home » , , » အောင်မြင်ချင်ရင် တစိုက်မတ်မတ်လုပ်ဖို့လိုတယ် လင်းသိုက်ညွန့် (မြန်မာ့မြေ)

အောင်မြင်ချင်ရင် တစိုက်မတ်မတ်လုပ်ဖို့လိုတယ် လင်းသိုက်ညွန့် (မြန်မာ့မြေ)


စာရေးသူအနေနဲ့ စာရေးသူရဲ့ အလုပ်အကိုင်အရ ဘ၀အောင် မြင်ရေး ဟောပြောပွဲတွေ၊ ဘ၀ အောင်မြင်ရေးသင်တန်းတွေကို အမြောက်အမြား သင်ကြားဟော ပြောပို့ချဖြစ်ခဲ့ပါတယ်။ လူတော်တော်များများဟာ ဘ၀အောင်မြင်ရေး ဟောပြောမှုတွေ၊ ဘ၀အောင် မြင်ရေးသင်တန်းတွေကို တက်ရောက်ပြီးကြတဲ့အခါမှာ စိတ်ဓာတ် မြင့်မားတက်ကြွသွားကြတာ ချည်းပါပဲ။ ဒါပေမဲ့လေး၊ ငါးရက်၊ တစ်ပတ်လောက်ကြာတဲ့အခါ မှာတော့ ဒုံရင်းကဒုံရင်းပဲ ပြန်ဖြစ်သွားကြတယ်လို့ပြောကြပါတယ်။
          ဘ၀မှာ အောင်မြင်ချင်ရင်တော့ စာရေးသူတို့အနေနဲ့ စာရေး သူတို့ရဲ့ စိတ်အားထက်သန်မှုကို အမြဲမပြတ် တစိုက်မတ်မတ်ရှိနေဖို့ အားထုတ်ကြရပါမယ်။ ကောက်ရိုး မီးလိုမျိုး တဒင်္ဂ စိတ်အားထက် သန်မှုမျိုးနဲ့တော့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို မရရှိနိုင်ပါဘူး။
          စိတ်အားထက်သန်မှု (Motivation)က ဘ၀မှာ သင့်ကို ရှေ့ကို ဆက်သွားစေပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့အစီအစဉ်နဲ့ တစိုက် မတ်မတ် အားထုတ်မှုကတော့ စာရေးသူတို့ကို ကြီးထွား (Grow) ဖြစ်စေမှာဖြစ်ပါတယ်။ အောင်မြင်ချင်သူတစ်ဦးဟာ သူအောင်မြင်ချင် တဲ့အကြောင်းကိစ္စ လုပ်ငန်းနယ် ပယ်မှာ တစိုက်မတ်မတ် ကြိုးစား အားထုတ်ဖို့ မဖြစ်မနေလိုအပ်ပါ တယ်။ သင့်မှာ ပင်ကိုဗီဇ(Talent) ဘယ်လောက်ရှိတယ်။ သင့်မှာ အခွင့်အရေး ဘယ်လောက်ရှိတယ် ဆိုတာက အဓိကမကျပါဘူး။ သင်ဘယ်လောက် တစိုက်မတ်မတ် ကြိုးစားအားထုတ်သလဲ ဆိုတာက သာ အဓိကကျပါတယ်။ အောင်မြင်မှုရဲ့ အဓိကသော့ချက်ကတော့ မိမိကိုယ်ကို အဖက်ဖက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေဖို့ တစိုက်မတ်မတ် ကြိုးစားအားထုတ် နေဖို့ပါပဲ။
"သေးသေးလေးတွေက စ,ပါ"
          အောင်မြင်ချင်သူ တော်တော် များများရဲ့ အဓိကအမှားက စစ ချင်းမှာ အလွန်အကျွံအား ထုတ်ကြိုးပမ်းတာပါပဲ။ မိမိရဲ့ဖွံ့ဖြိုးတိုး တက်မှုအတွက် စစချင်းမှာ မနိုင်ဝန်ထမ်းပြီး အလွန်အကျွံအား ထုတ်ခြင်းရဲ့ရလဒ်က ဘာပါလဲ .. စိတ်ပျက်အားလျော့ပြီး စိတ်ဓာတ် ကျဆင်းခြင်းပါပဲ။ စစချင်းမှာ သင့် အနေနဲ့ အလွန်အကျွံ အားထုတ် ကြိုးပမ်းလေလေ၊ ကျဆုံးဖို့ နီးစပ် လေလေပါပဲ။ အကောင်းဆုံးကတော့ တစ်ပိုင်တစ်နိုင် လုပ်နိုင်ကိုင် နိုင်တဲ့ သေးသေးလေးတွေက စတင်လုပ်ကိုင်အောင်မြင်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ယူဖို့ ဖြစ်ပါတယ်။
"သည်းခံပါ"
          ဒီကနေ့ လူငယ်တော်တော်များ များဟာ အိုင်တီခေတ်မှာ မွေးဖွားလာကြတဲ့ လူငယ်တွေပီပီ ဒီကနေ့လုပ်ရင် မနက်ဖြန် အောင်မြင်ချင်ကြပါတယ်။ တကယ်တမ်း မှာတော့ ညတွင်းချင်း ချက်ချင်း အောင်မြင်လာတယ်ဆိုတာ နတ်သမီး ပုံပြင်တွေထဲမှာပဲ ရှိပါတယ်။ အောင်မြင်မှုအတွက် အဓိက ရန်သူနှစ်ယောက် ရှိပါတယ်။ အဲ့ဒါကတော့ “သည်းမခံနိုင်မှု” နဲ့ “လောဘ” ပါ။ သည်းခံမှုရှိဖို့ လိုပါတယ်။ အ ရာအားလုံးဟာ မလွယ်ကူခင်က ခက်ခဲကြတာချည်းပါပဲ။
"ပုံမှန်ဆောင်ရွက်ပါ"
          ဘ၀ရည်မှန်းချက်ဆိုတာက နှစ်စဉ်ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အဲ့သလိုပါပဲ၊ နှစ်စဉ်ရည်မှန်းချက်ဆိုတာကလည်း လစဉ်ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထား တာပါ။ အဲ့သလိုပါပဲ လစဉ်ရည် မှန်းချက်ဆိုတာကလည်း နေ့စဉ် ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေ့စဉ်ရည်မှန်းချက်ဆိုတာကလည်း သင့်ရဲ့ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်ခြင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ဘ၀ရည်မှန်းချက် အောင်မြင်ဖို့ ယခုပင်အား ထုတ်ဆောင်ရွက်လုပ်ကိုင်လိုက်ပါ။ ဒီကနေ့ဟာ သင့်ရဲ့ဘ၀ အောင် မြင်မှုအတွက် မရှိမဖြစ် အုတ်တစ်ချပ် ဖြစ်ပါတယ်။ သင့်ရဲ့အားထုတ် လုပ်ကိုင်မှုနဲ့ စိတ်အားထက်သန်မှုဟာ အစဉ်အမြဲဒွန်တွဲနေဖို့ လိုအပ်ပါတယ်။
          သင့်ရဲ့ရွေးချယ်မှုဟာ သေးသေးလေးပဲ ဖြစ်နေပါစေ၊ နေ့စဉ် နေ့စဉ် စဉ်ဆက်မပြတ် တစိုက်မတ်မတ် အားထုတ်လုပ်ကိုင်ပါ။ အချိန် ကြာလာတာနဲ့အမျှ သင့်ရဲ့ဘ၀မှာ ကွဲပြားခြား နားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ သင့်ရဲ့နေ့ စဉ် ဆောင်ရွက်လုပ်ကိုင်မှုတွေကို မပြောင်းလဲသရွေ့ သင့်ရဲ့ဘ၀ဟာ ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
          ကောင်းမွန်တဲ့ အပြုအမူတွေ၊ အားထုတ်မှုတွေကို တစိုက်မတ်မတ် အားထုတ်ဆောင်ရွက်ဖို့ လိုသလို သင့်အနေနဲ့ တစ်ဖက်မှာ လည်း မကောင်းတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေကို သင့်ရဲ့ ဘ၀ထဲက တဖြည်းဖြည်း ဖျောက်ဖျက်ပစ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ သေချာတာကတော့ မကောင်းတဲ့ အလေ့အကျင့်တစ်ခုဟာ ဘယ်တော့ မှ သူ့အလိုလို ပျောက်ပျက်သွား ရိုးထုံးစံ မရှိပါဘူး။ သင်က အားထုတ်ပြီး ဖျောက်ဖျက်ပစ်မှသာ ရနိုင်မှာ ဖြစ်ပါတယ်။
"ရည်မှန်းချက်(Goal)ထက်ကြီးထွားမှု(Growth)ကို အာရုံစိုက်ပါ"
          သင့်အနေနဲ့ ရည်မှန်းချက် (Goal) ကိုသာ အာရုံစိုက်ပြီး အားထုတ် လုပ်ကိုင်နေမယ်ဆိုရင် တစ်ခါတစ်ရံ သင့်ရဲ့ရည်မှန်းချက် မပြည့်ဝတဲ့ အခါ စိတ်ဓာတ်ကျဆင်းနိုင်ပါတယ်။ သင့်အနေနဲ့ ဘ၀မှာ ရည်မှန်းချက်တိုင်း ပြည့်ဝဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
          ကြီးထွားမှု (Growth) အပေါ်ကို အာရုံစိုက် ကြိုးစားအား ထုတ်လုပ်ကိုင်မယ်ဆိုရင်တော့ ရည်မှန်းချက်တွေ မပြည့်ဝခဲ့ရင်လည်း ဖွံ့ဖြိုးတိုးတက်ကြီးထွားမှုကတော့ ရှိနေတဲ့အတွက် စိတ်ကျေနပ် မှုရရှိစေနိုင်မှာ ဖြစ်ပါတယ်။
          ဘ၀မှာ အမြဲတမ်းရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်နေအောင် အားထုတ်လုပ်ကိုင်နိုင်မှာ မဟုတ်ပေမဲ့ အမြဲတမ်းဖွံ့ဖြိုးတိုးတက်နေ အောင်တော့ အားထုတ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဘ၀မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးအောင်မြင်နေချင်တယ်ဆိုရင် ပန်းတိုင်တစ်ခု တည်းကိုပဲ မကြည့်ဘဲ ခရီးစဉ် တစ်ခုလုံးကို ခြုံငုံကြည့်ရှုနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

We Must Work Together!
We Must Build Our Naton!
လင်းသိုက်ညွန့်(မြန်မာ့မြေ)


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer