ကျွန်တော်တို့ နိုင်ငံမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှ လုပ်ငန်း ရှင်တွေ၊ ရင်းနှီးမြ§ုပ်နှံသူတွေ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေ များပြားလာတာကို တွေ့မြင်နေရပါတယ်။ ထို့အတူ ဘွဲ့ရပညာ တတ်တွေလည်း ဒုနဲ့ဒေပါပဲ။ အဲဒီလို များပြားလာတဲ့ အထဲမှာ အလုပ်လက်မဲ့ လူတန်းစားတွေလည်း များပြား လာပါတယ်။ ဘာလို့လဲ ဆိုတော့ လက်ရှိကျွန်တော် တို့နိုင်ငံမှာ ဘွဲ့တစ်ခုရရုံဖြင့် အလုပ် မရနိုင်ခြင်းကြောင့်ပါ။ လူငယ် တစ်ယောက်ဟာ ကျောင်းပြီးပြီချင်း ဘွဲ့ရပြီးပြီချင်း အလုပ်တစ်ခု ရဖို့ မလွယ်ကူပါဘူး။ အလွန်ခက်ခဲ ပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ရယူထားတဲ့ ဘွဲ့နဲ့ ကိုယ်လုပ် ချင်တဲ့အလုပ်နဲ့ ကိုက်ညီမှု မရှိသလို၊ ကိုယ်ရထားတဲ့ ဘွဲ့နဲ့ကိုက်ညီတဲ့ အလုပ်ကိုလည်း မရနိုင်ခြင်းကြောင့်ပါ။ လူငယ်တစ်ယောက်အနေနဲ့ အလုပ်တစ်ခု ရဖို့အတွက် ပထမဦးဆုံး ဘာသာစကား တစ်ခုခုကို တတ် ကျွမ်းအောင် အရင်သင်တန်းတက် ရပါတယ်။ ဘာသာစကား တစ်ခုခု တတ်မြောက်ပြီးသော်လည်း အဲဒါနဲ့မပြည့်စုံ နိုင်သေးပါ။ Computer သင်တန်းတစ်ခုခုကို တတ်မြောက် ရပါသေးတယ်။ Computer ဟုဆိုရာ မှာလည်း Computer နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေက အများကြီးပါ။
ကိုယ့်က ဘယ်အပိုင်းကို စိတ်ဝင်စားလို့၊ အလုပ်လုပ်ချင်လို့ ဘယ်လို သင်တန်းမျိုးတက်ရမယ်ဆိုတာမျိုးတွေက ရှိပါသေးတယ်။ စာရင်းကိုင် ဆိုရင်လည်း MS Office တက်ရုံနဲ့မရပါဘူး။ LCCI Level (I, II, II) သို့မဟုတ် MYOB သင်တန်းမျိုးတွေကို တက်ရပါသေးတယ်။ ဒါကြောင့်မို့ လူငယ်တစ်ယောက်အနေနဲ့ အလုပ်တစ်ခုခုအချိန်ကာလတစ်ခုအတွင်း မှာ အလွယ်တကူ မရရှိနိုင်ပါဘူး။ ဘွဲ့ရပြီးသော်လည်း အလုပ်တစ်ခုရဖို့ အတွက် အချိန်တွေ၊ ငွေတွေ ထပ်မံရင်းနှီးမြ§ုပ်နှံရပါသေးတယ်။ ဒါတွေ ပြည့်စုံသွားလို့ အလုပ်တစ်ခုကို ဝင်ရောက်လျှောက်ကြည့်တဲ့အခါမှာ လုပ်ငန်းအတွေ့အကြုံဆိုတဲ့ တံတိုင်းကြီးက ခံနေပြန်ပါသေးတယ်။ လူငယ်တစ်ယောက်အနေနဲ့ အလုပ်တစ်ခုမှ ဝင်ရောက်လုပ်ကိုင်ထားခြင်း မရှိဘဲနဲ့ ဘယ်မှာလာပြီး လုပ်ငန်းအတွေ့အကြုံဆိုတာရှိမှာလည်း။ သူတို့ ပြောတဲ့ လုပ်ငန်းအတွေ့အကြုံရှိအောင် အခွင့်အရေးတွေ၊ အခွင့်အလမ်း တွေပေးမှသာ လုပ်ငန်းအတွေ့အကြုံဆိုတာ ရှိလာမှာပေါ့။ အခုတော့ မဟုတ်ပါဘူး။ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ ခေါ်ထားတာကို ဂျာနယ်တွေနဲ့ online ဝက်ဆိုက်တွေမှာ တွေ့လို့ အလုပ်သွားလျှောက်ခဲ့သော်လည်း အင်တာဗျူးတော့ ခေါ်ပါရဲ့။ အချိန်တန်တော့လည်း သူတို့နဲ့နီးစပ်ရာလူတွေကိုပဲ ရွေးပြီးခန့်အပ်လိုက် တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ဒုနဲ့ဒေပါ။
အဲဒီလို အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေနေရတဲ့ လူငယ်တွေအများကြီးပါ။ အဲဒီလိုလူတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်ပါ။ တစ်လောက ဆေးလိပ်ဖြန့်ချိရေး ကုမ္ပဏီ တစ်ခုက ရောင်းမောင်းခေါ်လို့ ကျွန်တော်သွားရောက်အလုပ်လျှောက် ထားခဲ့ပါတယ်။ အဲဒီမှာ CV ဖောင်လက်ခံတဲ့သူက နောက်တစ်ပတ်နေ လျှင် အင်တာဗျူးရှိတယ်လို့ ပြောပါတယ်။ နောက်တစ်ပတ်နေတော့ သူတို့ပြောထားတဲ့ နေ့ရက်အချိန်မှာ ကျွန်တော်သွားရောက်အင်တာဗျူး ဝင်ရောက်ခဲ့ပါတယ်။ အဲဒီမှာ တာဝန်ရှိတဲ့သူက ကျွန်တော်ရဲ့ CV ဖောင် ကိုကြည့်ပြီး စပြီးအင်တာဗျူးပါတယ်။ တာဝန်ရှိတဲ့သူ ကျွန်တော်ကို စပြီး မေးတဲ့မေးခွန်းက ဘာသာစကားဘယ်နှခုတတ်မြောက်သလဲတဲ့၊ ဒုတိယ မေးခွန်းက Computer တတ်ကျွမ်းသလားတဲ့။ တတိယမေးခွန်းက ဘာ လက်မှုပညာဘာတတ်ကျွမ်းသလဲတဲ့။ ကျွန်တော်ရုတ်တရက် ကြောင်သွား ပါတယ်။ ကျွန်တော် လျှောက်လွှာတင်ထားတဲ့ ရာထူးက ရောင်းမောင်းပါ။
တကယ်ဆိုရင် ရာထူးနဲ့သက်ဆိုင်တဲ့ အရောင်းဈေးကွက်ကို ဘယ်လို ချဲ့ထွင်းမှာလဲ၊ ကားမောင်းလုပ်သက်ဘယ်လောက်ရှိပြီလဲ၊ ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ရဲ့လား၊ မြို့တွင်းမြို့ပြင်လမ်းကြောင်းကို သိလားလို့ မေးရမှာပါ။ အခုတော့ အဲဒါတွေကို တစ်ခုမှမမေးဘဲနဲ့ ကျွန်တော်လျှောက်ထားတဲ့ ရာထူးနဲ့မသက်ဆိုင်တဲ့ မေးခွန်းတွေကိုပဲ မေးပါတယ်။ သူတို့မေးတာတွေကို အဆင်ပြေသလို ကျွန်တော် နားလည် သလိုပြန်ဖြေရင်း အင်တာဗျူးပြီးဆုံးသွားပါတယ်။ ကျွန်တော့်ကို နောက် နှစ်ပတ်နေရင် အကြောင်းကြားမယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုထက် ထိ ကျွန်တော့်ကို အကြောင်းမကြားခဲ့ပါဘူး။ ဒီလိုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတစ်ခုကို ကျွန်တော်ဆုံးရှုံးလိုက်ရပြန်ပါတယ်။ ဒါပေမဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခုကို ထပ်မံရရှိအောင် အချိန် တွေ၊ ငွေတွေပေးဆပ်ရင်း ကျွန်တော်ထပ်မံရှာဖွေနေဦးမှာပါ။
Credit >>> အခွင့်အလမ်း
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment