ဘာမရွံ့ပါဘု၊ သက်စွန့်ငယ်ကြိုးနွံ၊ အဆိုးငယ်လွန်သည်၊
ရဲဖော်ကျွန်ရန်နှိမ်နှင့်၊ အောင်ချိန်သင့်သည့်ရက်ကိုလေး။
ဖူးငုံငယ်ခိုင်လန်း၊ မြိုင်စခန်းမှာ၊ ညချမ်းငယ်နေညို၊
တိုက်စည်မောင်းငယ်နှင့်၊ ရိုက်ငြောင်းသံချိုလှတယ်၊
နှင်ဖြိုလွင့်မြူတိမ်လို၊ ဇေယျသိန် နောင်ရန်ဖက်မို့၊
တိုက်ဖျက်မယ်လေး။
ဦးကြင်ဥ
(လွမ်းချင်း)
Home »
ကဗျာများ
,
လွမ်းချင်း
,
ဦးကြင်ဥ
,
ရှေးဟောင်းကဗျာများ
» စစ်ချီ လွမ်းချင်း - ဦးကြင်ဥ (လွမ်းချင်း)
စစ်ချီ လွမ်းချင်း - ဦးကြင်ဥ (လွမ်းချင်း)
Posted by Yu Ya
Posted on 2:20 AM
with No comments
0 comments:
Post a Comment