Recommendations by Engageya

Home » , , » ကျောက်စရစ်ခဲလေး … ၂ ခဲ

ကျောက်စရစ်ခဲလေး … ၂ ခဲ

တစ်ခါတုန်းက လယ်သမား တစ်ဦးရှိပါတယ် … သူ့မှာချောမောလှပတဲ့ သမီးလေးတစ်ယောက် လည်း ရှိပါတယ် … လယ်သမားကြီးက လယ်ကို ကြိုးစားလုပ်ကိုင်ပေမယ့်လည်း ရာသီဥတုက မကောင်း၊ မြေသြဇာ၊ ဆေး တွေကလည်း ဈေးကြီး၊ စပါးရောင်းတော့လည်း ဈေးက မကောင်းနဲ့ ၊ တဖြည်းဖြည်း အကြွး တွေ ပိလို့လာပါတယ်။ အကြွေးတွေ မဆပ်နိုင်တာ ကြာလာတော့ ကြွေးရှင်က မစောင့်ချင်တော့ဘူး၊ ကြွေးရှင်ကလည်း တော်တော်လေး အပေါက်ဆိုးတယ်၊ ပြီးတော့ စာရိတ္တကလည်း မကောင်းဘူး။
တစ်နေ့မှာ ကြွေးရှင်က လယ်သမားကြီးကို ပြောပါတယ် … ဒီလိုပုံနဲ့ ခင်ဗျား ကျွန်တော့်ပိုက်ဆံတွေကို ပြန်ပေးနိုင်မှာ လည်း မဟုတ်တော့ဘူး၊ ဒီတော့ကာ ကျုပ်တစ်ခုပြောမယ်ဗျာ … ခင်ဗျားသမီးကို ကျွန်တော်လက်ထပ် လိုက်မယ် … ဒါဆိုရင် ခင်ဗျားလည်း ကြွေးတွေ ပေးစရာ မလိုတော့ဘူး … ခင်ဗျားသမီးလေးလည်း တင့်တောင်း တင့်တယ် နေရမယ် …. ။ အဲဒီလိုပြောလိုက်တော့ လယ်သမားကြီး သားအဖဟာ တုန်လှုပ် ပြီးတော့ စိတ်ပျက် အားငယ်သွားတယ် ။
ကောက်ကျစ်စဉ်းလဲတဲ့ ကြွေးရှင်က ခင်ဗျားတို့ကို အခွင့်အရေး တစ်ခုတော့ ပေးမယ် … အိတ်တစ်အိတ်ထဲမှာ ကျေက်စရစ်ခဲ အဖြူတစ်လုံးရယ် … အနက်တစ်လုံး ရယ် ထည့်ထားမယ် … ခင်ဗျားသမီးက အဲဒီကျောက်စရစ်ခဲ တစ်ခဲကို နှိုက်ရမယ် ….
၁။ တကယ်လို့ ကောင်မလေးက ကျောက်စရစ်ခဲ အနက်ကို ရတယ်ဆိုရင် ကောင်မလေးကို လက်ထပ်မယ် … ၊ ခင်ဗျားအကြွေးတွေကိုလည်း ပေးစရာမလိုတော့ဘူး …. ။
၂။ တကယ်လို့ ကောင်မလေးက ကျောက်စရစ်ခဲ အဖြူကို ရတယ်ဆိုရင် လက်ထပ်ဖို့လည်း မလိုဘူး … ၊ အကြွေေးတွလည်း ပေးစရာမလိုဘူး … ။
၃။ ကောင်မလေးက အဲဒီအခွင့်အရေးကို ငြင်းမယ်ဆိုရင်တော့ ခင်ဗျားကို ထောင်ထဲ ထည့်မယ်
အဲဒီလိုပြောပြီးတော့ ကြွေးရှင်က ကျောက်ခဲ ၂-ခဲကို ကောက်ပြီး … အိတ်ထဲကိုထည့်လိုက်ပါတယ် … ။ ကောင်မလေးက အဲဒီနည်းလမ်း ၃-ခုထဲက တစ်ခုခုကို ရွေးရပါတော့မယ် … ။ ဘယ်လိုရွေးသင့်လဲ …? ၊ ဘယ်လိုရွေးမယ်လို့ထင်လဲ …. ?
ဖြစ်နိုင်ခြေတွေကို နည်းနည်း စဉ်းစားကြည့်ရအောင်ပါ … ။
၁။ ကောင်မလေးက အဲဒီအခွင့်အရေးကို ငြင်းမလား …. ?
၂။ ဒါမှမဟုတ် ကောင်မလေးက ကြွေးရှင်ကို မယုံတဲ့အကြောင်းပြောပြီး တစ်ခုခုလုပ်မလား … ?
၃။ မျက်စိစုံမိတ်ပြီးပဲ သူ့အဖေအတွက် သူ့ဘဝကို ကံကိုယုံပြီး ဆူးပုံနင်းမှာလား …… ?
စာဖတ်သူများ စဉ်းစားကြည့်ပါ … ကောင်မလေးကို စာဖတ်သူများ အနေနဲ့ ဘယ်လိုလုပ်သင့်တယ် လို့ အကြံပေးချင်ပါလဲ … ?
……………………………………………………………………………………………………
…………………………………………………………………………………………………………………………………………………………………………………………………………
……………………………………………………………………………………………………
……………………………………………………………………………………………………
……………………………………………………………………………………………………
…………………………………………………………………………………………………………………………

ကောင်မလေးက ဖြည်းဖြည်းခြင်းပဲ အိတ်ထဲကို နှိုက်ပြီး ကျောက်စရစ်ခဲ တစ်ခဲကို ကောက်လိုက်ပါတယ် … ကျောက်စရစ်ခဲကို ကျစ်ကျစ်ဆုပ်ပြီး အိတ်ထဲက လက်ကို ထုတ်လိုက်ပါတယ် … ပြီးတော့ … ဘာမပြော ညာမပြော ကျောက်စရစ်ခဲကို လွှင့်ပစ်လိုက်ပါတယ် … ။
အဲဒီတော့မှ ကြွေးရှင်က ဝူးဝူးဝါးဝါးနဲ့ ဒေါသတကြီး နင်ဘယ်လို လုပ်လိုက်တာလည်း … အဖြူလား … အနက်လား တောင် မကြည့်ရသေးဘူး ဆိုပြီးပြောပါတယ် … ။
ကောင်မလေးက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ် … ။ ရှင် အဖြူတစ်ခဲ၊ အနက်တစ်ခဲ ထည့်ထားတာဆိုတော့ စိတ်ပူစရာ မလိုပါဘူး … ၊ အိတ်ထဲက ကျောက်စရစ်ခဲကို ထုတ်ကြည့်လိုက်လေ … အိတ်ထဲက ကျောက်စရစ်ခဲရဲ့ ဆန့်ကျင်ဖတ်က က ကျွန်မရွေးလိုက်တဲ့ ကျောက်စရစ်ခဲပဲ … လေ … ။
အဲဒီတော့မှ ကြွေးရှင်လည်း ခေါင်းငိုက်စိုက်ကျသွားတယ် … နဂိုတကည်းက သူက ကျောက်စရစ်ခဲ ၂ ခဲ လုံးကို အနက်တွေပဲ ထည့်ထားတာလေ … အိတ်ကို ဖွင့်ကြည့်လိုက်တော့ … အနက်ပဲ ကျန်တာပေါ့… ။
ကောင်မလေးက ကြွေးရှင် မရိုးသားဘူး ဆိုတာ အစကတည်းက ကျောက်ခဲထည့်လိုက်တကည်းက သိပေမယ့် စွပ်စွဲတာတို့ … ရှင်က လူလိမ်ကြီးပါလို့ ပြဿနာ မရှာဘဲ … လုပ်ပိုင်ခွင့်ထဲက လိမ္မာ ပါးနပ်စွာနဲ့ လုပ်သွားတာပါ … ။ အစောကြီးထဲက သိပေမယ့် ပြဿနာရှာလိုက်ရင် ကြွေးရှင်ရဲ့ သဘောထားက တမျိုးတမြည် ပြောင်းသွားကောင်း ပြောင်းသွား နိုင်ပါတယ် … ။
ဒါကြောင့် ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ အခါ အခြေအနေနဲ့ အချိန်အခါကို ကြည့်ဖို့လိုပါတယ် … ဦးနှောက်ကို သုံးဖို့လိုပါတယ် … လိမ္မာ၊ ပါးနပ်ဖို့ လိုပါတယ် … ။ အဲဒီလိုမှ မဟုတ်ရင် တဖက်သားဆင်ထားတဲ့ ဂွင်ထဲကို တန်းဝင်သွားနိုင်ပါတယ် …. ။ မသိလို့ တစ်ခါတစ်လေ ဝင်မိတာ မျိုး ဖြစ်နိုင်ပါတယ် … သိသိကြီးနဲ့ ကိုယ့်ဖက်က မှန်တာပဲ နိုင်မယ် ဆိုပြီး ဇွတ်တိုးဖို့ ချက်ချင်း မဆုံးဖြတ်လိုက်ပါနဲ့ … အခြေအနေနဲ့ အချိန်အခါကို ကြည့်ပါ … ရင်ဆိုင်ရတဲ့ သူရဲ့ စိတ်နေ စိတ်ထား ဖြစ်နေတဲ့ အနေအထားကို ကြည့်ပါ လို့ ပြောပါရစေ … ။
စာဖတ်သူများလည်း ဆက်ပြီး စဉ်းစားကြည့်ပါ … အတွေးတစ်ခုတော့ ရမယ်လို့ ယုံကြည်ပါတယ် ။

 အောင်ကိုဦး(UMK)
Be the Best !

Source: The Pebbles ( www.amolife.com )

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

0 comments:

Post a Comment

Another Test Footer