Recommendations by Engageya

Home » , , » အောင်မြင်ကျော်ကြားသူများ၏ လက်သုံးစကားများ

အောင်မြင်ကျော်ကြားသူများ၏ လက်သုံးစကားများ

တခါတရံမှာ ကိုယ်မျှော်မှန်းထားသလောက် အရာမထင်လာတဲ့အခါ စိတ်ပျက်အားငယ်မှု၊ အားမလိုအားမရဖြစ်မှု၊ စိတ်ဓါတ်ကျဆင်းမှုများ ခံစားရကောင်းခံစားရနိုင်ပါတယ်။ဒီလိုများကြုံခဲ့ဖူးသူတွေအတွက်ကော
 နောင်ကြုံလာမယ့်
သူတွေအတွက်ပါရယ်ရွယ်၍
 အောင်မြင်ကျော်ကြားသူများ၏လက်သုံးစကားတချို့ ကို Mr. Guy မျှဝေလိုက်ပါတယ်။ ဇွဲမလျှော့ပဲပန်းတိုင်အရောက်လျှောက်ချင်သူများနှင့်အောင်မြင်ပြီးသူများအတွက်လည်း
အဖော်မွန်ကောင်းလေးပါပဲ။

Vince Lombardi- “အောင်နိုင်သူများဟာ ဘယ်တော့မှနောက်ပြန်လှည့်လေ့မရှိပါဘူး” “နောက်ပြန်လှည့်တတ်သူများ ဟာအောင်နိုင်သူဖြစ်လာမှာမဟုတ်ပါဘူးတဲ့” လမ်းတခုကိုရွေးချယ်ပြီဆိုရင် ခရောင်းလမ်းကိုရောက်ဖို့ဆူးခင်းလမ်းကိုဖြတ်ရတဲ့အခါ အခက်အခဲအကြမ်းအတမ်း ကိုရင်ဆိုင်ကျော်ဖြတ်နိုင်မှသာလျှင် ကိုယ်လိုချင်သောအနာဂတ်ကိုဖန်တီးနိုင်မှာပါ။ ခရီးကပန်းလို့နောက်ပြန်လှည့်ဖို့ ဆုံးဖြတ်ချက်ချမိမယ်ဆိုရင်တော့ ခရောင်းလမ်းဆိုတာမြင်တွေ့ခံစားခွင့် ကြုံ ကြိုက်နိုင်မှာမဟုတ်ပါ။

Thomas Edison- မပါမဖြစ်ဖြစ်တဲ့ သောမတ်စ်အဲဒီစင်ရဲ့လက်သုံးစကားကတော့ “ကျွန်တော်ဟာဘယ်တုန်းကမှအရှုံးသမားတစ်ယောက်မဖြစ်ခဲ့ပါဘူး၊ ကျွန်တော်စမ်းသပ်ခဲ့သော နည်းလမ်းအခါတထောင်ကမမှန်ခဲ့လို့ပါ” အလားတူကျွန်တော်တို့လိုချင်သောဘ၀ကိုမရောက်နိုင်သေးဘူးဆိုတာ တကယ်တော့ကျွန်တော်တို့ကျင့်သုံးနေတဲ့နည်းလမ်း သို့မဟုတ် လုပ်ဆောင်ချက်များမှာ အားနည်းချက်တွေရှိနေလို့ပါ။ ထိရောက်မှန်ကန်တဲ့နည်းလမ်းရဖို့ အားနည်းချက်တွေကိုပြုပြင်ကာ အမှားမှ တဆင့်သန်ခန်းစာယူကာ ကိုယ်လိုချင်သော အိပ်မက်ကိုလက်တွေ့ကျကျပုံဖော်ကြရအောင်လား။

Donald Trump- “တွေးတောနေမယ့်အတူတူ ကြီးကြီးမားမားတွေးခေါ်ပါ” လူအတော်အများဟာ အချိန်တိုင်းနီးပါး တစ်ခုမဟုတ်တစ်ခုအကြောင်းကို
နေရာ၊ဒေသ၊ပတ်ဝန်းကျင် အလိုက် တနည်းတဖုံအားဖြင့်စဉ်းစားတွေးခေါ်တတ်ကြပါတယ်။ တွေးခေါ်တာခြင်းအတူတူ
 သေးသေးကွေးကွေးတွေးခေါ်တဲ့နေမယ့် အစားကြီးကြီးမားမားစဉ်းစားပြီး နည်းနည်းကြိုးစားတဲ့နေရာမှာ များများကြိုးစားမယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကိုယ်နဲ့အနီးဆုံးမိတ်ဆွေဖြစ်လာမှာပါ။

Benjamin Franklin- “ကြိုတင်ပြင်ဆင်ရန်အားနည်းသူများဟာ အရှုံးအတွက်ကြိုတင်ပြင်ဆင်ထားသလိုပါပဲ” ဘယ်အရာပဲလုပ်လုပ် အစီအစဉ်ဆွဲ အကွက်ချကြိုတင်ပြင်ဆင်သူများဟာ အများထက်ခြေတလှမ်းပိုနိုင်ပါတယ်။ ဘာအခက်အခဲတွေကိုရင်ဆိုင်ရမလဲ၊ ရင်ဆိုင်နိုင်ဖို့အင်အားနဲ့ဖြတ်ကျော်နိုင်ဖို့ ခွန်အားကောရှိပြီလား၊ လမ်းကြောင်းလွဲသွားခဲ့ရင် လမ်းအမှန်ပေါ်ရောက်ဖို့ဘယ်လိုပြန်တည့်မတ်မလဲ ဆိုတာတွေအတွက် စိတ်ပိုင်းဆိုင်ရာတွေးခေါ်မှုတွေ အနေနဲ့ပြင်ဆင်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့်ရင်ဆိုင်ကာ ပန်းခင်းသောလမ်းကိုလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Ref: Entrepreneur
Mr. Guy
World Myanmar(world-myanmar.com)
Mr. Guy ရေးသားသောဆောင်းပါးများနှင့်ပတ်သတ်၍ အကြံပေး ဆွေးနွေးလိုသူများ အောက်ပါလင့်ခ်တွင်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးလိုပါတယ်။
https://www.facebook.com/profile.php?id=100005524216303&fref=ts

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer