ဒီစိတ်ထိခိုက်စရာ”ကောင်ကလေးရဲ့နောက်ဆုံးဆန္ဒ” ဆိုတဲ့ပုံပြင်လေးက
Chicken Soup for the Soul ဆိုတဲ့စာအုပ်ထဲက ကောက်နှုတ်ဘာသာပြန်ထားတာပါ။
အဲဒိစာအုပ်လေးက စိတ်အားတက်ဖွယ်ရာအရမ်းကောင်းတဲ့
ပုံပြင်လေးတွေနဲ့ပြည့်နှက်နေတာပါ။ ဒါပေမဲ့ ဒီတစ်ခုက အကောင်းဆုံးပါပဲ။
ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက ဒီဖြစ်ရပ်လေးက တကယ့်ဖြစ်ရပ်မှန်လေးပါ။
ဒီကောင်ကလေးက အခုကျော်ကြားနေပီဖြစ်တဲ့ Make-A-Wish Foundationမှာ
ပထမဆုံးလက်ခံပေးခဲ့သူဖြစ်ပါတယ်။ (Make A Wish Foundationက
သေခါနီးလူတွေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့အဖွဲ့ဖြစ်ပါတယ်။)
Chicken Soup for the Soul ဆိုတဲ့စာအုပ်ထဲက ကောက်နှုတ်ဘာသာပြန်ထားတာပါ။
အဲဒိစာအုပ်လေးက စိတ်အားတက်ဖွယ်ရာအရမ်းကောင်းတဲ့
ပုံပြင်လေးတွေနဲ့ပြည့်နှက်နေတာပါ။ ဒါပေမဲ့ ဒီတစ်ခုက အကောင်းဆုံးပါပဲ။
ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက ဒီဖြစ်ရပ်လေးက တကယ့်ဖြစ်ရပ်မှန်လေးပါ။
ဒီကောင်ကလေးက အခုကျော်ကြားနေပီဖြစ်တဲ့ Make-A-Wish Foundationမှာ
ပထမဆုံးလက်ခံပေးခဲ့သူဖြစ်ပါတယ်။ (Make A Wish Foundationက
သေခါနီးလူတွေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့အဖွဲ့ဖြစ်ပါတယ်။)
အသက်ငယ်ဆုံးမီးသတ်သမားလေး
ဆေးရုံလေးတစ်ရုံရဲ့အခန်းလေးတစ်ခုထဲမှာတော့ အသက်၂၆နှစ်ခန့်ရှိတဲ့
အမေတစ်ယောက်ဟာ သွေးကင်ဆာနဲ့ သေလုမျောပါး ဖြစ်နေတဲ့သူမရဲ့
သားလေးကို ဆွေးဆွေးမြေ့မြေ့လေး စိုက်ကြည့်နေပါတယ်။ သူမရဲ့နှလုံးသားထဲမှာတော့
ဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက် နေပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ ပြင်းထန်ခိုင်မာတဲ့
ဆုံးဖြတ်ချတစ်ခု ရှိနေပါတယ်။ အဲဒါက တော့အခြားသောမိဘတွေလိုပဲ
သူမရဲ့သားလေးကို အရွယ်ကြီးမြောက်လာပြီး သူမသားလေးရဲ့ စိတ်ကူးအိမ်မက်တွေကို
အကောင်အထည်ပေါ်စေချင်တာပါ။ ဒါပေမဲ့ အခုတော့……..အခုတော့……….
သွေးကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကသူမသားလေးရဲ့ အိမ်မက်တွေကို ဖျက်ဆီးပစ်တော့မယ်။
ဘာပဲဖြစ်ဖြစ်သူမရဲ့စိတ်ထဲမှာတော့ သူမသားလေးရဲ့စိတ်ကူးယဉ်အိမ်မက်တွေကို
အကောင်အထည် ဖော်ပေးချင်နေသေးတယ်။ သားငယ်လေးရဲ့လက်ကလေးကိုကိုင်ပြီး
“ သားလေး Bopsy, သားလေးကြီးလာရင် ဘာလုပ်မလဲတွေးခဲ့ဘူးလား?”
“သားလေးရဲ့ဘ၀တလျှောက်မှာ သားလေးဘာဖြစ်ချင်တယ်လို့ရော
စိတ်ကူးယဉ်ဖူးလား?” လို့သူမမေးလိုက်ပါတယ်။
“သားကကြီးလားရင် မီးသတ်သမားဖြစ်ချင်တာ မေမေရဲ့”လို့ချစ်စဖွယ်ဖြေနေတဲ့
သူ့သားလေးကိုပြုံးပြပြီး”သားလေးရဲ့အိမ်မက်တွေကို မေမေ အကောင်အထည်
ဖော်ပေးနိုင်မလား ကြည့်ကြတာပေါ့ သားလေးရယ်” လို့သူမပြန်ပြောလိုက်ပါတယ်။
နောက်တစ်နေ့မှာတော့ အရီဇိုးနားပြည်နည် ဖီးနစ်မြို့ရဲ့ မီးသတ်ဌာနကိုသူမသွားခဲ့ပြီး
Bobဆိုတဲ့စိတ်သဘောထားကောင်းတဲ့ မီးသတ်သမားတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။
သူမသားလေးရဲ့ နောက်ဆုံးဆန္ဒကိုပြောပြပြီး သူမရဲ့ ၆နှစ်အရွယ်သားလေးကို
မီးသတ် ကားပေါ်တင်ပီး ဘလောက် တစ်ခုလောက်ပတ်မောင်းပေးလို့ အဆင်ပြေနိုင်မလား
လို့အကူအညီတောင်းခံခဲ့ပါတယ်။
“ကျွန်တော်တို့ ဒိထက်မကကူညီနိုင်တာပေါ့ဗျလို့ Bobက အားတက်သရော ပြန်ဖြေပါတယ်။
တကယ်လို့ ခင်များသာ ဗုဒ္ဓဟူးနေ့မနက် ၇နာရီလောက်မှာခင်ဗျား သားလေးကို
အဆင်သင့်ပြင်ပေးထားနိုင်ရင် သူ့ကိုကျွန်တော် အဲဒိနေ့တစ်နေ့လုံး
တကယ့်မီးသတ်သမားတစ်ယောက်အဖြစ်ဆက်ဆံမယ်ဗျာ၊
သူကျွန်တော်တို့ ရဲ့မီးသတ်ဌာနကိုလာလို့ရမယ်၊ ကျွန်တော်တို့နဲ့အတူစားသောက်လို့ရမယ်၊
မီးသတ်ဖို့ အရေးပေါ်ဖုန်းတွေဝင်လာရင်လဲသူ့ကိုခေါ်သွားပေးမယ်၊ ကိစ္စအားလုံးပေါ့ဗျာ”
“တကယ်လို့ ခင်ဗျားသာ သူ့ရဲ့ခန္ဓာကိုယ် အတိုင်းအတာကိုပေးရင် သူ့အတွက်
တကယ့်မီးသတ်ဝတ်စုံ တစ်စုံကျွန်တော်တို့ စီစဉ်ထားပေးပါ့မယ်။
ကျွန်တော်တို့ Phoenixမီးသတ်ဌာနတံဆိပ် တပ်ထားတဲ့ တကယ့်မီးသတ်ဦးထုပ်နဲ့ပေါ့
( အရုပ်မဟုတ် ဘူးနော်) ။ ပြီးတော့ ကျွန်တော်တို့ ၀တ်ထားတဲ့အ၀ါရောင်အင်္ကျီရှည်မျိုး နဲ့
မီးသတ်လည်ရှည်ဖိနပ်လဲစီစဉ်ပေး ထားလို့ရပါတယ်။ ဘာလို့လဲဆိုတော့
အဲဒိပစ္စည်းတွေအားလုံးကဒီမှာပဲထုတ်လုပ်တာလေ၊ ကျွန်တော်တို့အမြန်ဆုံးရအောင်စီစဉ်နိုင်ပါတယ်။”
နောက်သုံးရက်ကြာတဲ့အခါမှာတော့မီးသတ်သမား Bobက ကောင်ကလေး Bobsyကိုလာခေါ်ပါတယ်။
ပြီးတော့ ကောင်ကလေးကို မီသတ်ဝတ်စုံဆင်ပေးလိုက်ပြီး ဆေးရုံးကုတင်ပေါ်ကနေ
မီးသတ်ထရပ်ကားရှိရာကို စောင့်ကြပ်ပီးခေါ်သွားပါတယ်။ ကောင်လေးဟာ
မီးသတ်ကားထဲမှာထိုင်ပီး မီးသတ်ဌာနကိုပြန်တဲ့အပြန်လမ်း မှာကူညီပီးမောင်နှင်ခွင့်ရရှိခဲ့ပါတယ်။
(ဘေးကနေလူကြီးတစ်ယောက်ကထိန်းပေးထားပါတယ်) ကောင်ကလေး အရမ်းကိုပဲ
ပျော်ရွှင်မြူးထူးနေခဲ့ပါတယ်။အဲဒိနေ့မှာပဲ Phoenixမီးသတ်ဌာနမှာ မှာအရေးပေါ်မီးသတ်ဖို့
ဖုန်းသုံးကြိမ်ဝင်ခဲ့ပါတယ်။ အဲဒိသုံးကြိမ်လုံးကို ကောင်လေး ကိုခေါ်သွားခဲ့ပါတယ်။
ကောင်လေးဟာ မတူညီတဲ့ မီးသတ်ကားတွေ၊ ဆေးအဖွဲ့ရဲ့ကားတွေအပြင် မီးသတ်ဌာနရဲ့
အကြီးအကဲရဲ့ကားကိုတောင်စီးခွင့်ရခဲ့ပါတယ်။ ဒေသတွင်းသတင်းဌာနတစ်ခုရဲ့
ဗီဒီယိုမှတ်တမ်းတင်ခြင်းကိုလဲ ခံခဲ့ရပါတယ်။ကောင်လေးဟာ သူ့အပေါ်ထားတဲ့
အချစ်တွေ၊ဂရုစိုက်မှုတွေကြောင့် သူ့အိမ်မက်လေး တွေတကယ်ဖြစ်လာပြီး
Bobဟာ ဘယ်ဆရာဝန်ကမှမထင်ထားခဲ့တဲ့ နောက်ထပ် သုံးလ
လူ့လောကကြီးထဲမှာ ပိုနေနိုင်ခဲ့ပါတယ်။
တစ်ညမှာတော့ ကောင်လေးရဲ့ကျန်းမာရေးအခြေအနေဟာ ရုတ်တရက်ဆိုသလိုသိသိ
သာသာကြီး ကျဆင်း လာခဲ့ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ တစ်ယောက်တည်း
အထီးကျန်စွာမသေသင့်ဘူးလို့ယူဆတဲ့ အဆိုပါနာတာရှည်ဆေးရုံက သူနာပြုအကြီးအကဲကြီးက
မိသားစုဝင်တွေကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။ ပြီးတော့သူမဟာ Bobsyလေး မီးသတ်သမားအဖြစ်နဲ့
ကုန်ဆုံးခဲ့တဲ့နေ့ကိုလဲသတိရသွားတဲ့ အတွက် မီးသတ်ဌာနအကြီးအကဲဆီ ဖုန်းဆက်ပြီး
မီးသတ်ဝတ်စုံနဲ့မီးသတ်သမား တစ်ယောက်လောက် ဆေးရုံကိုလွှတ်ပေးလို့
အဆင်ပြေနိုင်မလားလို့မေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Bobsyလဲသေလုဆဲဆဲအချိန်မှာ
သူအရမ်းဖြစ်ချင်ခဲ့တဲ့မီးသတ်သမား တစ်ယောက်လောက် သူ့အနားမှာရှိစေချင်လို့ပါလို့ရှင်းပြပြီး
အကူအညီတောင်းခဲ့ ပါတယ်။
“အဲဒိထက်ပိုပြီးကျွန်တော်တို့လုပ်ပေးနိုင်တာပေါ့ဗျ”လို့ အကြီးအကဲကပြန်ပြောပါတယ်။
“ကျွန်တော်တို့အဲဒိကို ၅မိနစ်အတွင်းအရောက်လာခဲ့မယ်ဗျာ။”
“ ခင်ဗျားကျွန်တော့်ကို တစ်ခုလောက်တော့ကူညီပါ”လို့ မီးသတ်အကြီးအကဲကပြောပါတယ်။
“ခင်ဗျားမီးသတ်ကား အချက်ပေးသံတွေကြားတဲ့အခါ ဆေးရုံတစ်ခုလုံးကို
ဒါဟာတစ်ကယ့် မီးလောင်မှုတစ်ခုမဟုတ်ပါဘူးလို့ ဆေးရုံရဲ့ကြေငြာစက်ကနေကြေငြာ ပေးထားပါ။
ဒါဟာမီးသတ်ဌာနအနေနဲ့နဲ့ မီးသတ်ဌာနရဲ့အကောင်းဆုံးမီးသတ်သမားတစ်ယောက်ကိုလာတွေ့တာ
ဖြစ်ကြောင်းပေါ့။ ပီးတော့သူ့အခန်းရဲ့ ပြတင်းပေါက်လေးကိုလဲ ဖွင့်ထားပေးထားပါ။”
လို့သူနာပြုဆရာမကို မီးသတ်အကြီးအကဲကအကူအညီတောင်းလိုက်ပါတယ်။
နောက်ထပ်၅မိနစ်လောက်ကြာတဲ့အခါမှာတော့ မီးသတ်ကားဟာဆေးရုံကိုရောက်ရှိ လာခဲ့ပါတယ်။
ပြီးတော့မီးသတ်ကားပေါ်ကလှေကားအရှည်ကြီးကိုဆန့်တန်းပီး Bobsyလေးရှိတဲ့သုံးလွှာကပြတင်းပေါက်
ဖွင့်ထားတဲ့အခန်းကို မီးသတ်သမား၅ယောက် တက်လာခဲ့ပါတယ်။
ပြီးတော့ကောင်လေးရဲ့အမေဆီက ခွင့်ပြုချက်တောင်းပြီး ကောင်လေးကိုပွေ့ဖက်ပြီးတော့
ကောင်ကလေးကိုသူတို့ဘယ်လောက်ချစ်ကြောင်း ပြောကြပါတယ်။ကောင်လေးဟာ
သူ့ရဲ့နောက်ဆုံးထွက်သက်ကိုရှုရှိုက်နေရင်းနဲ့ မီးသတ်အကြီးအကဲကို မော့ကြည့်လိုက်ပြီးတော့
“ဆရာ…..သားကတကယ့် မီးသတ်သမားဖြစ်သွားပီလားဟင်” လို့မေးပါတယ်။
“ ဒါပေါ့ Bobsy ရ မင်းကတကယ့် မီးသတ်သမားအခုဖြစ်သွားပီလေကွာလို့”
မီးသတ်အကြီးအကဲက ပြန်ဖြေလိုက်ပါတယ်။ ကောင်လေးဟာထိုစကားကိုကြားပြီး
တချက်ပြုံးလိုက်ကာသူ့မျက်လုံးတွေနောက်ဆုံးအနေနဲ့မှိတ်လိုက်ပါတယ်။
အဲဒိညမှာပဲကောင်လေးကွယ်လွန်သွားခဲ့ပါတယ်။
မိုးရှင်း( I.M.T )
ref:weboflove.org
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment