Recommendations by Engageya

Home » » မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အခါ

မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အခါ


ကေဆိုတဲ့ မိန်းကလေးဟာ သူမ၏ ချစ်သူကို
ဂုဏ်ယူစွာဖြင့် သူငယ်ချင်း တွေရှေ့မှာ အမြဲပြောလေ့ ရှိတယ်။ ပြီးတော့ သူငယ်ချင်းတွေရဲ့ ချစ်သူ ဘယ်လိုမျိုး ရှိတယ် ဆိုတာကိုလည်း မေးလေ့ရှိတယ်။
တစ်နေ့မှာတော့ မိန်းကလေး၏ မွေးနေ့ကျရောက် ပါတော့တယ်။ အဲဒီမှာ သူငယ်ချင်း အားလုံးကို ဖိတ်ပါတယ်။ ဒါ့အပြင် သူမ၏ ချစ်သူကိုတော့ အထူး ဧည့်သည်တော် အဖြစ် ဖိတ်တာပေါ့။ လူတိုင်း လူတိုင်းဟာ ကေ့မွေးနေ့မှာ သူမအတွက် လက်ဆောင်တွေ ယူလာကြပါတယ်။ အားလုံသော သူတွေ ကလည်း သူမ၏ ချစ်သူဘယ်အချိန် ရောက်လာမလဲ ဘာလက်ဆောင် ပေးမလဲ ဆိုတာကို စောင့်ကြည့်နေကြပါတယ်။
အဲလိုအချိန်မှာပဲ သူမ၏ ချစ်သူရောက်လာပါတယ်။
ဘာလက်ဆောင် ပေးမယ်လို့ ထင်ပါသလဲ ?
ကောင်လေးဟာ ရောက်ရောက်ခြင်းမှာပဲ ပရိသတ်အားလုံးရဲ့ရှေ့မှာ သူ၏ အိတ်ထဲကနေ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပါတယ်။ အဲဒါကတော့ ပေါင်မုန့် တစ်လုံးပင် ဖြစ်ပါတယ်။ အားလုံးသော သူတွေ အံ့အားသင့် သွားတာ ပေါ့နော်။ အဲအချိန်မှာ မိန်းကလေးဟာ အလွန်စိတ်ဆိုး စွာဖြင့် ပေါင်မုန့်ကြီးကို ကိုင်ပြီး လွှတ်ပစ် လိုက်ပါတယ်။ ကောင်လေး ကလည်း သူပေးတဲ့ လက်ဆောင်ကို လွှတ်ပစ် ရမလားဆိုပြီး စိတ်ဆိုး သွားတာပေါ့။
အဲဒါနဲ့ ကောင်လေးဟာ လွှတ်ပစ်လိုက်တဲ့ ပေါင်မုန့်ကို လိုက်ကောက် ပါတော့တယ်။ ပြီးတော့ ပေါင်မုန့် အတွင်းထဲမှ အရာကို ထုတ်ပြ လိုက်ပါတယ်။ အဲဒါကတော့ ကားသော့နှင့် စေ့စပ်လက်စွက်ပါ။ ကောင်မလေးဟာ အဲဒီ အရာတွေကို မြင်ရသော်လည်း သူမအတွက် အရာရာဟာ နောက်ကျလို့ သွားပါပြီ။
သင်ခန်းစာ - မျှော်လင့်ထားသလို ဖြစ်မလာလည်း အရာအရာကို ရောင်ရဲ တင်းတိမ်နိုင်အောင် သင်ယူပါ။

yoyarlay

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer