Recommendations by Engageya

Home » » Fucking ဆိုတိုင်းမရိုင်းပါ!

Fucking ဆိုတိုင်းမရိုင်းပါ!

လူတွေတော်တော်များများကတော့ Fuckingလို့ကြားလိုက်တိုင်း အရမ်းရိုင်းတဲ့
စာလုံးလို့ထင်နေကြပါတယ်။ ဒီစာလုံးကရိုင်းတာတော့မှန်ပါတယ်။ ဒါပေမဲ့
အခြေအနေ အချိန်အခါအရမရိုင်းတဲ့အခါလည်း ရှိပါတယ်။ တချို့Englishစာ
သင်ခါစ လူငယ်လေးတွေက Fucking ဆိုတဲ့စကားကြားရင် အရမ်းရိုင်းတယ်
လို့ထင်ကြပါတယ်။ Sex နဲ့ပက်သက်တဲ့စာလုံးလို့ပဲထင်နေကြပါတယ်။

ဒါပေမဲ့တကယ်တော့ အမေရိကန်တွေအသုံးပြုနေတဲ့ fuckingဟာ များသော
အားဖြင့် =very much, extremely စသည်ဖြင့်ဆိုလိုပါတယ်။ ဥပမာ
I’m fucking hungry. ဆိုတာ ငါအရမ်းဗိုက်ဆာနေတယ်လို့ဆိုလိုတာပါ။
Sexနဲ့လုံးဝကို မပက်သက်ပါဘူး။ I’m fucking sick of you. ဆိုတာ
ငါမင်းကိုအရမ်းစိတ်ကုန်နေပြီလို့ပြောတာပါ။ This is fucking awesome.
ဆိုတာ ဒီဟာအရမ်းမိုက်တယ်လို့ပြောတာပါ။
ဒီစာလုံးကို အင်္ဂလန်သားတွေရော အမေရိကန်တွေပါ တွင်တွင်ကျယ်ကျယ်
သုံးပါတယ်။ The Wolf of Wall Street ဆိုတဲ့ အော်စကာရသွားတဲ့
ဇာတ်ကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒိကားထဲမှာဆို fuckingကို
၅၆၉ ကြိမ်သုံးသွားပါတယ်။ ဒါကဇာတ်ကားထဲမှာမို့လို့မဟုတ်ပါဘူး။
သူတို့ရဲ့နေ့စဉ်လူနေမှုဘ၀မှာ ဒိထက်တောင်ပိုသုံးပါသေးတယ်။
ဒါပေမဲ့ဒီစာလုံးကို ခင်မင်တဲ့သူငယ်ချင်းတွေကြားထဲမှာပဲ သုံးလေ့ရှိပါတယ်။
ကိုယ်နဲ့မသိတဲ့သူနဲ့စကားပြောရာမှာ သုံးရင်တော့အရမ်းရိုင်းပါတယ်။
ခင်တဲ့သူတွေကြားထဲမှာတော့ မြန်မာလို”စောက်ရမ်း” ဆိုတဲ့စကားနဲ့ဆင်တူ
ပါတယ်။ Fucking awesome ဆို “စောက်ရမ်းလန်းတယ်” လို့ဆိုလိုတာပါ။
ဒီစာလုံးကို မိဘတွေ၊ကိုယ့်ထက်ကြီးသူတွေ၊ကိုယ်နဲ့မခင်သူတွေနဲ့တော့
ဘယ်တော့မှမသုံးပါနဲ့။ အင်တာဗျူးအခန်းထဲမှာတော့ ပိုပြီးတော့သတိထားပါ။
ဒီဆောင်းပါးရေးရခြင်းအကြောင်းကတော့ Fucking ဆိုတဲ့စာလုံးကြားတိုင်း
ဆဲနေတာမဟုတ်ဘူးဆိုတာကိုသိစေချင်တာပါ။
ဗဟုသုတကြွယ်ဝကြပါစေ။

မိုးရှင်း (I.M.T)



မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Another Test Footer