ကျွန်တော့်မှာ ဆရာတစ်ဦး ရှိပါတယ်။ သူက သူကြိုက်နှစ်သက်တဲ့ စာတိုပေစ ကလေးတွေတွေ့ရင် ကွန်ပျူတာနဲ့ ပရင့် (print) ထုတ်ပြီး ကျွန်တော့်ကို ပေးတတ် တယ်။ တစ်နေ့က ကျွန်တော့်ကို ပရင့် (print) ထုတ်ထားတဲ့စာရွက်နှစ်ရွက်ပေး တယ်။
တစ်ရွက်က သတင်းတစ်ပုဒ်ပါ၊ နိုင်ငံ ခြားကုမ္ပဏီတွေက မြန်မာ အလုပ်သမား ခေါ်ယူတဲ့အခါ ပြည်တွင်းမှာ ရှိတဲ့လူငယ် တွေရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး လိုအပ်ချက်ကြောင့် ပြည်ပရောက်မြန်မာ တွေကို ဦးစားပေးခေါ်ယူ နေတယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံခြား ကုမ္ပဏီတွေက လိုအပ်နေပြီး ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှားပါးနေတဲ့အ လုပ် အကိုင်တွေက ဆက်သွယ်ရေး ပညာပိုင်း ဆိုင်ရာ အလုပ်အကိုင်တွေ၊ Logistics ပိုင်း ဆိုင်ရာ အလုပ်အကိုင်တွေ၊ နည်းပညာပိုင်း ဆိုင်ရာ အလုပ်အကိုင်တွေ၊ စားသုံးသူ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် တွေ၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲရေး ဆိုင်ရာအလုပ်အကိုင် တွေဖြစ်တယ်လို့ဆို တယ်။ အဲဒီအလုပ် အကိုင်တွေနဲ့ပတ်သက် ပြီး ကျွမ်းကျင်တဲ့သူ၊ ဘာသာစကားပါ ကျွမ်းကျင်တဲ့သူတွေ ပြည်တွင်းမှာရှားပါး တဲ့အတွက် စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ မှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေ လာရောက်လုပ်ကိုင်ဖို့ ဆွဲဆောင်နေတယ် လို့ဆိုတယ်။ သိထားသင့်တဲ့ သတင်းတစ် ပုဒ်ပါပဲ။
နောက်တစ်ရွက် ကတော့ ဆောင်းပါး တိုလေးတစ်ပုဒ်ပါ၊ ဘယ်ဂျာနယ်မှာပါခဲ့ သလဲတော့ မသိဘူး၊ ဆောင်းပါးအတို ကလေးရဲ့အမည်က “သူငယ်ချင်းများ ထံမှ ရရှိခဲ့တဲ့ အချိန်နဲ့ ရက်ချိန်း” ဖြစ်ပြီး ရေးတဲ့ သူက နေဝင်းဇော် (မြန်အောင်) ဖြစ်ပါ တယ်။ ဆောင်းပါးပါ အကြောင်းအရာ အကျဉ်းချုပ် ကတော့ သူ့ရဲ့သူငယ်ချင်းတစ် ဦးဟာဘွဲ့ရလို့ ကျောင်းပြီးကာစမှာ ဘိလိယက် ထိုးလိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်၊ ကိုရီးယား ဇာတ်လမ်းတွဲကြည့် လိုက်နဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေခဲ့သတဲ့၊ တစ်နေ့တော့ ကိုရီးယား ကားကြည့်တဲ့ နာရီ၊ လက်ဖက်ရည်ဆိုင်ထိုင် တဲ့နာရီ၊ ဘိလိယက်ခုံမှာ ကစားတဲ့နာရီတွေ ကိုပေါင်းကြည့်မိပြီး ကြောက်လာတဲ့ အတွက် ကွန်ပျူတာနည်းပညာ စာအုပ်တွေကိုဖတ် ပြီးလေ့လာကာ သုံးနှစ်လောက်ကြာတဲ့အခါ ကွန်ပျူတာပြင်ဆိုင်ဖွင့်နိုင်တဲ့ အထိဖြစ်ခဲ့ တယ်လို့ဆိုတယ်၊ နောက်တစ်ဦး ကတော့ လျှပ်စစ် ပစ္စည်းတွေပြင်တဲ့သူ၊ သင်တန်း တက်ပြီးမှ လျှပ်စစ်ပစ္စည်းပြင်ဆိုင် ကိုဖွင့်ပေ မယ့် နည်းပညာစာအုပ် တွေဖတ်၊ ဆိုင်ဖွင့် ချိန်၊ ဆိုင်ပိတ်ချိန်ကို တိတိကျကျလုပ်၊ ရက် ချိန်းမှန်အောင်ကြိုးစားတဲ့ အတွက် တပည့် တွေထားပြီး ပြင်ရတဲ့ အဆင့်ထိဖြစ်လာခဲ့ တယ်။
အဲဒီဆောင်းပါး အတိုလေးဖတ်ပြီး ကိုယ်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ သူတွေကို မျက်စိထဲမှာပြန်ပြီး မြင်ယောင် မိတယ်။ ကျွန်တော့် မျက်စိထဲမှာ မြင်ယောင်မိတဲ့သူ တွေက အချိန်ကိုမလေးစားတဲ့သူ၊ ရက်ချိန်း မမှန်တဲ့ သူတွေပါ။
ပထမတစ်ဦးက အရင်းအချာဆွေမျိုး အမျိုးသမီး တစ်ဦးပါ၊ စက်ချုပ်ပညာနဲ့ပတ် သက်ရင် ပါရမီရှင်လို့ ခေါ်ဆိုလောက်နိုင်ပါ တယ်။ ဘယ်လိုအကျီင်္ပုံ ဒီဇိုင်းဖြစ်ပါစေ၊ အဲဒီအမျိုးသမီးက ခဏလေးကြည့်လိုက် တာနဲ့ အကျီင်္စကိုဖြတ်ညှပ်ကပ်ပြီး သူတွေ့ တဲ့အကျီင်္ဒီဇိုင်းပုံကို ချက်ချင်းချုပ်လုပ်နိုင် တယ်။ အဲဒါကြောင့် သူ့ဆီကို နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတွေ၊ ဗီဒီယို သရုပ်ဆောင် တွေ၊ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတွေ၊ လူဂုဏ်တန် အသိုင်းအဝိုင်းကလူတွေ လာအပ်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့ချို့ယွင်း ချက်က ရက်ချိန်း မမှန်တာပါပဲ၊ အဲဒီအထဲ နှစ်လုံးထီကို ဝါသနာပါတော့ လက်ရှိအချိန် မှာ ရန်ကုန်မြို့ပေါ်မှာတောင် ရှိမနေတော့ ဘဲ နယ်မြို့လေး တစ်မြို့မှာ ချုပ်လုပ်နေရတဲ့ အနေအထားထိ ရောက်သွားပါတော့တယ်။ နောက်တစ်ဦးကလည်း စက်ချုပ်တဲ့ အမျိုးသမီး တစ်ဦးပါ၊ သူကတော့ ကျွန်တော့် ဇနီး၊ ကျွန်တော့် မရီးတွေနဲ့ သိတဲ့သူဖြစ် တယ်။ သူ့ရဲ့အကျင့်ကလည်း ရက်ချိန်း မမှန်တာပါပဲ၊ တစ်နေ့ ကျွန်တော့်ရဲ့သားနဲ့ သမီး ရှင်ပြုနားသမှာ ဝတ်ဖို့ဆိုပြီး ကျွန်တော့် ဇနီး၊ ကျွန်တော့် မရီးနဲ့ ဒီပြင် အိမ်မှာအတူ နေတဲ့ကလေးမလေး တစ်ဦး စုစုပေါင်း အမျိုးသမီးသုံးဦး အတွက် အင်္ကျီတွေ၊ ထမီ တွေ သွားအပ်ကြတယ်။ ဝတ်မယ့်အချိန် မှာ မရမှာစိုးလို့ ဆိုပြီး နှစ်လကျော်လောက် ကတည်းက အပ်ကြတာပါ၊ အချိန်မီရပါ စေမယ့်လို့လည်း ကတိပေးလိုက်သေးရဲ့၊ ဒါပေမဲ့ အဲဒီကတိကလည်း သဲထဲရေသွန် ပါပဲ၊ ရှင်ပြုနားသလုပ်တဲ့နေ့တိုင်အောင် အပ်ထည်အကုန်လုံးမရလို့ ပူညံပူညံဖြစ်ကြ ပါတော့တယ်။
တစ်ဦးချင်း အနေနဲ့တင် မဟုတ်ပါဘူး၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ကြတဲ့သူတွေ လည်း ရက်ချိန်းမမှန် တာတွေရှိကြပါတယ်။ သိပ်မကြာသေးခင် အချိန်က အစိုးရဌာန ဆိုင်ရာဝန်ထမ်း အမျိုးသမီးတစ်ဦးနဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ တယ်လီဖုန်းနဲ့ စကားပြောရင်း ကတောက် ကဆဖြစ်ကြတယ်။ အစိုးရဌာန ဆိုင်ရာ ဝန်ထမ်း အမျိုးသမီးက သူတို့ဌာနမှာ အသုံးပြုဖို့လိုအပ်နေတဲ့ မိုးရေကို ဘက်ထရီ ကုမ္ပဏီတစ်ခုမှာ မှာတယ်။ အဲဒီဘက်ထရီ ကုမ္ပဏီက ဘက်ထရီအိုးထဲမှာထည့်တဲ့ မိုးရေလည်း Door to Door စနစ်နဲ့ ရောင်းပါတယ်။ ဘက်ထရီကုမ္ပဏီက တယ်လီဖုန်းလက်ခံစကားပြောတဲ့ အမျိုးသမီးဝန်ထမ်းက ဟိုနေ့လာမယ်၊ ဒီနေ့လာမယ် ဆိုပြီး ရက်ချိန်းတွေအလီလီ ပေးရင်းက တယ်လီဖုန်းထဲမှာ ကတောက် ကဆဖြစ်ကြတာပါပဲ၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးက သူတို့ဌာနမှာ အသုံးပြုနေတဲ့ဘက်ထရီအိုးကြီးတွေအတွက် မိုးရေကို အချိန်အတိကျနဲ့ထည့်ရတဲ့ အကြောင်း၊ ကုမ္ပဏီဖြစ်ပြီး စနစ်မကျတဲ့ အကြောင်းပြောဆို ပါတယ်။ အမှန်ကတော့ ရက်ချိန်းမသေချာ တာပါပဲ။
ကျွန်တော် ကိုယ်တိုင်လည်း လုပ်ငန်း နဲ့ပတ်သက်ပြီး ရက်ချိန်းမမှန်တဲ့ သူတွေ ကြောင့် အတော်ကလေး စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရတာတွေ ရှိခဲ့တယ်။ ကုန်ကြမ်း သွင်းတဲ့သူတွေက ကုန်ကြမ်းကို အချိန်မီမပို့ ပေးတဲ့အတွက် ကျွန်တော့်ရဲ့ လုပ်ငန်းရှင် သူဌေးရဲ့ပြောဆိုမှုကို ခံခဲ့ရဖူးတယ်။ ကုန်ကြမ်းမရှိတဲ့ အတွက် ထုတ်လုပ်မှု အပိုင်း မှာ ကြန့်ကြာမှုဖြစ် ခဲ့တယ်။ ကုန်ကြမ်းကို ဘယ်နေ့ဘယ်အချိန် အရောက်ပို့ပေးပါ့ မယ်ဆိုပြီးမှ ကုန်ကြမ်းပို့တဲ့သူတွေက သူတို့ ရဲ့ကတိကို မတည်တဲ့အတွက် မဖြစ်သင့် တာတွေဖြစ်ရတယ်။ ကုန်ကြမ်းတွေကနေ ကုန်ချောဖြစ်ပြီး သွားတဲ့အချိန်မှာလည်း ထုတ်ပိုးဖို့ကတ်ထူပုံးတွေရောက်မလာလို့ ဒုက္ခရောက်တာတွေလည်းရှိခဲ့တယ်။ ကတ် ထူစက္ကူပုံးထုပ်တဲ့ကုမ္ပဏီကို သေသေချာချာ အမှာစာပို့ထားပါရက်နဲ့၊ ဘယ်နေ့ဘယ် အချိန်ရောက်ပါမယ်ဆိုပြီး သူတို့ဆီက အကြောင်းကြားချက်ရပြီးပါရက်နဲ့ ဖြစ်ရတဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ရက်ချိန်းမမှန်မှုရဲ့ အကျိုးဆက်တွေပါပဲ။
မနေ့က လူအတော်များများ ဝတ်တဲ့ တီရှပ်အကျီင်္ကို သတိထားမိတယ်။ အသေး စားလုပ်ငန်းတွေလုပ်ကိုင်ဖို့ အားပေးတိုက် တွန်းတဲ့တီရှပ်အကျÐတွေပါ၊ မေးမြန်းစုံစမ်း ကြည့်တဲ့အခါ နေရာအနှံ့အပြားမှာ အဲဒီ တီရှပ်အကျÐတွေ လိုက်လံဝေငှတဲ့ အကြောင်း၊ အဲဒါကြောင့် အဲဒီတီရှပ်အကျီင်္တွေဝတ်ဆင် နေတဲ့သူ အတော်များများ တွေ့ရတာဖြစ် တဲ့အကြောင်း သိရတယ်။
အသေးစား လုပ်ငန်းဆိုတာ နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုမှာ မရှိမဖြစ်တဲ့အနေ အထားမှာရှိနေပါတယ်။ အသေးစားလုပ် ငန်းလုပ်ကိုင်ကြတဲ့သူတွေအနေနဲ့ အခက် အခဲတချို့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ အဲဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့ ကြိုးပမ်း အားထုတ်ရပါမယ်။ အသေးစားစက်မှု လုပ်ငန်းဆိုတာ လူအများစုနဲ့ထိတွေ့ ဆက်ဆံရတဲ့လုပ်ငန်းဖြစ်တယ်။ လူအများစု နဲ့ထိတွေ့ဆက်ဆံရတဲ့လုပ်ငန်းဖြစ်တဲ့ အတွက် အချိန်ကိုတန်ဖိုးထားအသုံးချသင့် ပါတယ်။
ရက်ချိန်းမှန်တယ်၊ တိကျတယ်ဆိုတာ ကလည်း အချိန်ကိုတန်ဖိုးထားတာပါ၊ လုပ်ငန်းရဲ့တောက်ပြောင်တဲ့အရည်အသွေး၊ အရည်အချင်းတစ်ခုလည်းဖြစ်ပါတယ်။ ရက်ချိန်းမမှန်တဲ့ကိစ္စကို လူတိုင်းလိုလို ကြုံဖူးကြပါလိမ့်မယ်။ ဖိတ်စာအချိန်မီမရ တာ၊ အစည်းအဝေးနောက်ကျတာ၊ အလုပ် ခွင်ဝင်ချိန်မမှန်တာတွေဟာ ရက်ချိန်းမမှန် တာတွေပါပဲ၊ စက်ချုပ်ဆိုင်က ရက်ချိန်း မမှန်တာ၊ ပန်းတိမ်ဆိုင်က ရက်ချိန်းမမှန် တာ၊ တီဗီပြင်ဆိုင်က ရက်ချိန်းမမှန်တာ၊ မော်တော်ကားပြင်တဲ့နေရာက ရက်ချိန်း မမှန်တာ၊ စက်ဘီး၊ ဆိုင်ကယ်ပြင်ဆိုင်က ရက်ချိန်းမမှန်တာ၊ နာရီပြင်ဆိုင်က ရက်ချိန်း မမှန်တာ၊ သားရေအိတ်ချုပ်တဲ့ဆိုင်က ရက်ချိန်းမမှန်တာ၊ သောက်ရေသန့်ဆိုင်က ရက်ချိန်းမမှန်တာ၊ ပုံနှိပ်စက်က ရက်ချိန်း မမှန်တာ၊ မိတåူကူးဆိုင်က ရက်ချိန်းမမှန် တာ စတဲ့စတဲ့ ရက်ချိန်းမမှန်တာတွေ အားလုံးဟာ လုပ်ငန်းရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်။
ဟုတ်ကဲ့... အချိန်ဆိုတာ သုံးတတ်ရင် အကျိုးရှိသလို ရက်ချိန်း မှန်တာကလည်း လုပ်ငန်းရဲ့ကောင်းမွန်တဲ့ ဂုဏ်သတင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းတိုင်း လူတိုင်းအတွက် အရေးပါတာက အချိန်နဲ့ မှန်ကန်ခြင်း ပါပဲ။
ရိုးရာလေး
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment