လူတစ်ယောက်တွင်အလုပ်ဆိုသည့်အရာနဲ့ထိတွေ့ရမှာ ကတော့ဓမ္မတာပင်ဖြစ်ပါသည်။ ယခုနည်းပညာတိုးတက်လာသောခေတ်တွင်လူငယ်တိုင်း အလုပ်ကိုယ်စီ
ရှိကြဖို့အလိုအပ်ဆုံးပင်ဖြစ်ပါသည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ ကမ္ဘာမှာ အပြောင်းအလဲတွေ ရှိလာနေ သည်။ ကျွမ်းကျင်မှုအခြေခံမှာ အသိပညာ
အခြေခံဘက်သို့နေ့ချင်း ညချင်းဆိုသလိုပြောင်းလဲလာနေသည်။ အတိတ်ကာလနှင့်အဆက်အစပ်ကင်းသော တသီးတသန့်ဖြစ်ထွန်းလာခဲ့သည်လို့
ဆိုနိုင်ပေသည်။ ရှေးက ထုတ်လုပ်သူက သူ့စိတ်ကူးနှင့်သူထုတ်လုပ်တာကိုစားသုံးသူက သုံးကြရသည်။ ယခုတော့ဒီလိုမဟုတ်တော့ပေ။ ဘယ်သူတွေ
ဘာတေသွုံးသလဆဲိုတဲ့ စစ်တမ်းကောက်ယူမှုအပေါ် မူတည်ပြီး ပြုပြင် ဖန်တီးမှုများနဲ့တီထင်ွလာကြသည့် နည်းပညာခေတ်လို့ဆိုလာနိုင်ပါသည်။လူကြီးနဲ့
လူငယ် ခြားနားခြင်းသည်ပင်လူငယ်တို့အတွက်အံဝင်ခွင်ကျမောင်းနှင်အားဖြစ်လာသည်။လူငယ်တို့ရဲ့ ပင်ကိုစရိုက်ကိုကတစ်ဘာသာရှိနေသည့စိတ်က
အလုပ်လုပ်မယ်ဆိုသည့် စိတ်အခြေခံအားအင်တစ်ရပ်ကို ဖြစ်ထနွ်းစေပါသည်။အထူးသဖြင့်လူငယ်တိုင်းမှာ ရှိနေသည့်စိတ်ကအလုပ်လုပ်မယ်ဆိုတ့အဲ တွေးအခေါ်
အယူအဆသစ်များ ထုံမွှမ်းနေဖို့လိုအပ်လှပေသည်။ အလုပ်ကြိုးစားခြင်းသည်ကြွယ်ဝချမ်းသာခြင်းလမ်းကိုတည်ဆောက်နေခြင်း ဖြစ်ပါသည်။
လူတိုင်း လူတိုင်း အလုပ်လိုသာ သဘောထား၍ လုပ်ကိုင်ခြင်းနှင့်အလုပ်ကိုကြိုးစား၍ လုပ်ကိုင်ခြင်း တို့ကြားတွင်ခြားနားမှုရှိသည်။ အလုပ်ကိုအလုပ်လိုသာ
သဘောထား၍ လုပ်ကိုင်လျှင်လက်ခံနိုင်ဖွယ်ရှိသော ရလဒ်ကိုတော့ရရှိမည်။ အလုပ်ကိုကြိုးစား၍ လုပ်ကိုင်လျှင်မူအကောင်းဆုံးရလဒ်ကိုရရှိမည်ဖြစ်ပေသည်။
ဇွဲရှိရှိနှင့်အကောင်းဆုံး ကြိုးစားအားထုတ်လုပ်ကိုင်မှသာ လုပ်ငန်းခွင်ရော ဘ၀တွင်ပါ ပေါကြွယ်နိုင်ပါမည်။ အလုပ်အပေါ် သစ္စာရှိစွာ ဇောက်ချလုပ်ကိုင်ခြင်းဖြင့်
အကောင်းဆုံး လုပ်ဆောင်ချက်ရရှိနိုင်ရန်လုံလောက်သော စွမ်းအားကိုရရှိပါမည်။ သင်လုပ်လေသမျှတို့၌ လုပ်သင့်၍ လုပ်နေသည်ဟုမခံယူဘဲ
စိတ်ရင်းအမှန်နှင့်ပြင်းပြသော စိတ်ဆန္ဒများပါ ထည့်ပေါင်း လုပ်ဆောင်သင့်သည်။ အလုပ်က သင့်ငွေကြေး ပိုင်းဆိုင်ရာရော ကျန်းမာခြင်းကိုပါ
တိုးတက်ကောင်းမွန်စေပြီး အလုပ်လုပ်နေခြင်းကြောင့်မကောင်းမှုအများအပြားမှလည်း ရှောင်ကျဉ်ရာ ရောက်သည်ကိုသင်အကိျးုခံစားရမှာ ဖြစ်ပါသည်။
တစ်နေ့တာလုံးအလုပ်ကို ကောင်းစွာ ကြိုးစားပြီးလုပ်ဆောင်ပြီးစီးသည့်နေ့မိျးုတွင်သင်သည်အင်မတန် ကျေနပ်တင်းတိမ် ပျော်ရွှင်ရလိမ့်မည်။
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသောအသက်ရှင်သန်မှုသည် စဉ်းစားတွေးခေါ်တတ်သည့်အရာအမူအကျင့်များကို ၀ါးမိျးုလိုက်ပေမည်။
အလုပ်ကြိုးစားလုပ်ဆောင်ခြင်းသည်သင့်ဘ၀ကိုမြှင့်တင်ရာ ရောက်သည်။ အလုပ်ကြိုးစားခြင်းနှင့်ဇွဲလုံ့လရှိခြင်းတို့သည်သင့်အား အများနှင့်မတူတမူထူးခြားစေပြီး
ထိုသို့လုပ်ဆောင်ခြင်း ကြောင့်လူအများကြားတွင်သိသာထင်ရှားစေတဲ့အပြင်သင့်လုပ်ရပ်များကိုလည်း ထိုသူတို့သတိမူလာပါ လိမ့်မည်။
အလုပ်လုပ်ခြင်းဖြင့်သာ လိုအပ်သော အရာဝတ္ထုများကိုရရှိနိုင်ပြီး ထိုအရာများဖြင့်အခြားသူများရဲ့ လိုအပ်ချက်များကိုဖြည့်ဆည်းကူညီနိုင်ပါမည်။ ကျွန်မတို့အားလုံး
အလုပ်လုပ်ကြမှသာ ကျွန်မတို့ကိုယ်တိုင်နှင့်ကျွန်မတို့ပတ်ဝန်းကျင်မှလိုအပ်နေသူများကိုပေးကမ်းထောက်ပံ့ကူညီနိုင်မှာ ဖြစ်ပါသည်။ သင်လမ်းစ ရှာတတ်လျှင်
ဝင်ငွေရနိုင်မည့်နည်းလမ်းမြောက်မြားစွာ ရှိပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှအခြား သူများရဲ့ အိတ်ကပ်ထဲမှငွေကိုအားကိုးပြီး အသက်မရှင်ပါနှင့်။
ကျန်ွမတို့အားလုံးတွင် မိမိရဲ့ စားဝတ်နေရေးအတွက် မိမိကိုယ်တုငိ မှန်မှန်ကန်ကန် ရှာဖွေလုပ်ကိုင်စားသောက်နေထိုင်ရန်တာဝန်ကိုယ်စီ ရှိကြပါသည်။
အလုပ်အကိုင်ရဖို့ရန်ခက်ခဲကောင်း ခက်ခဲမည်ဖြစ်သော်လည်း ၀င်ငွေရဖို့ရန်မပျင်းမရိနည်းလမ်းရှာပြီး တစ်ပါးသူများကိုမမှီခိုဘဲ မိမိကိုယ်မိမိရပ်တည်နိုင်ရမည်။
သင်တစ်ခုသိထားဖို့ကတော့ အောင်မြင်မှုဆိုသည်မှာ မိမိ၏ကုယိတငွ်းမှအစပြုပြီး မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်၏ဆိုတဲ့အမြင်ကိုထားရှိဖို့သာလိုအပ်လှပါသည်။
သင့်အရည်အသွေးများကိုအမြဲတိုးတက်မှုရှိနေစေရန်အမြဲဖန်တီးနေရမည်။ ပါးနပ်လိမ္မာစွာအလုပ်လုပ်တတ်ခြင်းဆိုသည်မှာတူညီသောတစ်ခိန်ျတည်းတွင်
အမှုသာ၍ ပြီးစီးနိုင်ခြင်း သို့မဟုတ်ယခင်ကထက်ပို၍ လုပ်ဆောင်နိုင်ခြင်းတို့ကိုဆိုလိုပါသည်။ သင်သည်သင့်ပြိုင်ဘက်ထက်ပိုမိုသာပြီး ဒီထက်ကောင်းမွန်အောင်
လုပ်ဆောင်နိုင်လျှင်သင့်အသိုင်းအ၀ိုင်းတွင်အစွန်အဖျားရောက်နေသော နေရာမှအချက်အချာကျသောနေရာသို့လူအများက သင့်ထုတ်ကုန်ဝန်ဆောင်မှုတို့ကို
တမ်းတရသောအနေအထားသို့အမှန်တကယ် ရောက်လာမည် ဖြစ်ပေသည်။လူတိုင်းပင် စိတ်ချမ်းသာမှုကိုအလိုရြှိကသည်။ စိတ်ချမ်းသာမှုကိုရမှ
လူ့ဘ၀ရကိျးုနပ်မည်ဟုယူဆကြသည်။ထို့ကြောင့်လူတို့သည် စိတ်ချမ်းသာမှုတည်းဟူသော ပန်းတိုင်ဆီသို့ ရည်မှန်းသွားနေကြသည်။
စိတ်ချမ်းသာမှုကား နေရောင်ခြည်ထ၌ဲ ပြိုးပြိုးပြက်ပြက် တောက်ပနေသော မြမှူုန်ကလေးများကိုလက်ဖြင့် ဖမ်းခြင်းငှာ မစွမ်းနိုင်သက့သဲို့ ရနိုင်ရန် ခက်ခဲလှသည်ဟု
လူတို့ယူဆဖယ်ွရာ ဖြစ်နေခ့သဲ ည်။ စိတ်ချမ်းသာမှုကိုလိုချင်ကြသည်မှာလူတိုင်းရဲ့စိတ်အတွင်းသန္တာန်ပင် ဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်ဖို့လိုသည်မှာ
စိတ်ချမ်းသာမှုကိုမရနိုင်လောက်အောင်မည်သည်က တားဆီးထားပါသနည်းဟူသော အဖြေကား ရလေပြီ။ ယင်းမှာ ပျင်းရိခြင်းနှင့်ငြီးငွေ့ခြင်းသည်
စိတ်ချမ်းသာမှုနှင့်ဖီလာဖြစ်သည်ကိုတွေ့ရှိကြရလေသည်။ ပျင်းခြင်းသည်ပျော်ခြင်းရဲ့ ဆန့်ကျင်ဘက်ပင်ဖြစ်ပါသည်။ အများအားဖြင့်ငြီးငွေ့ခြင်းကိုလူတို့သည်
အပျော်အပါးနှင့်ဖြေရန်အားထုတ်တတ်ကြပါသည်။ အပျော်အပါးသည်ငြီးငွေ့ခြင်းကိုပပျောက်စေနိုင်သည့်ဆေးအစစ်အမှန်မဟုတ်ချေ။ အပျော်အပါးသည်
တစ်ခဏတာမျှသာ ဖြေဖျော်မှုဖြစ်ပြီး စိတ်ချမ်းသာမှုအစစ် မဟုတ်သည်သာမကစိတ်နှလုံး မသာယာဖွယ်သော မကောင်းကိျးုများကိုလည်း ပေးတတ်သေးသည်။
ကျန်ွမတို့သည် ငြီး ငွေ့ခြင်းနှင့် ပျင်းရိခြင်းရဲ့အကြောင်းရင်းကို ရှာသောအခါကျန်ွမတို့ရဲ့ဘ၀တစ်သက်တာအခိန်ျကို ဇယားချ၍ မသုံး
တတ်ကြခြင်းကြောင့် ဖြစ်သည်ကို တွေ့ရပေသည်။ကျန်ွမတို့ရဲ့ဘ၀တစ်သက်တာအခိန်ျဇယားသည်ညီညာ မျှတမှု မရှိ၊တစ်စုံတစ်ခုကလို၍တစ်နေရာက
ပိုနေလျှင်ထိုလိုသောအခိန်ျ၊ ပိုသောအခိန်ျမှာကျန်ွမတို့အဖို့ ပျင်းရိခြင်းနဲ့ ငြီး ငွေ့ဖွယ်ရာ ဖြစ်လာတတ်ပေသည်။
အလုပ်လုပ်ရာ၌ မည်သည့်နည်းဖြင့်ထိပ်တန်းရောက်နိုင်မည်နည်း။ သင်ကြိုးစားသည့်အပြင်ပါးနပ်လိမ္မာစွာရှိဖို့လိုအပ်ပါသည်။ ပါးနပ်လိမ္မာစွာ
လုပ်ကိုင်ဆောင်ရွက်ခြင်းဟုဆိုရာ၌အလုပ်လုပ်ပြီးတိုးတက်မှု ရှိစွာဖြင့်လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းကိုဆိုလိုပါသည်။ယခုလက်ရှိအခိန်ျအထိလုပ်ဖူးသမျှတွင်
အကောင်းဆုံးဖြစ်သည်ဆိုသောအရာထက် စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်နေအောင် မည်က့သဲို့ ကြိုးစားလုပ်ဆောင်ရမည်ကိုသင်အမြဲဆန်းစစ်သင့်သည်။
လူ၏ တိုးတက်မှုပျက်စီးစေသည့်အရာမှာ ပျင်းရိခြင်းပင်ဖြစ်ပါသည်။ လူ့သဘာဝအရ ပျင်းရိတတ်သည်။ ပျင်းရိခြင်းကြောင့်သင့်အလုပ်များ ပျက်စီးဆုံးရှုံးသွားသည်ကို
သင်သတိပြုမိမည် မဟုတပ်ါ။ကျန်ွမတို့အားလုံးသည်တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ပျင်းရိကြသည်။လူအချို့သည်တစ်နေရာရာ၌
ကြိုးစားအားထုတ်တတ်ကြပြီး တစ်နေရာရာတွင်အပျင်းထူတတ်ကြသည်။ ယနေ့လုပ်ရမည့်အလုပ်ကိုမနက်ဖြန်သို့ရွှေ့တတ်ကြပေသည်။ လူတိုင်း
သတိမမူမိသောအရာကတော့အပျင်းထူခြင်းက၀ါးမျိေု နခြင်းပင် ဖြစ်ပါသည်။ကျန်ွမတို့ ကြိုးစားပမ်းစားလုပ်ဆောင်ကြသည့်အပိုင်း၌ ကြွယ်ဝ ပြည့်စုံကာ
ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာဖြင့်အစီအစဉ်တကျရှိပြီး၊ ကျွန်မတို့သတိမမူလျစ်လျု ရူထားသည့်ဘ၀အစိတ်အပိုင်းတို့၌မူအပျက်အစီးများနှင့်
နာကျင်ခြင်းများသာ ရောပြွန်းနေမည်ဖြစ်ပါသည်။ တစ်ခါတလေ လူ့အကျင့်ဆိုသည့်အတိုင်း အလုပ်ကိုသုံးလေးရက်လောက်လုပ်ပြီး တစ်လလောက်နားချင်
နားနေပေလိမ့်မည်။ ကျွန်မတို့ဆီမှာ အစဉ်အမြဲ ခိုအောင်းနေသည့်ပျင်းရိခြင်းဆိုသည့်အရာကိုလူတိုင်း တိုက်ဖျက်သင့်ပေသည်။
ကျွန်မတို့ကိုယ်တိုင်ကျွန်မတို့ကိုယ်တွင်း၌ အစဉ်ပင်တိုက်ပွဲဝင်နေရသည်။ ပျင်းရိခြင်းကိုအောင်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ မိမိကိုယ်မိမိ
ပျင်းရိကြောင်း ၀န်ခံခြင်းပင်ဖြစ်ပါသည်။ ကျွန်မတို့ရဲ့ အတွင်းသန္တာန်ထဲမှာ ငြင်းဆိုနေသော အရာများကိုအောင်နိုင်ဖို့စတင်ပြင်ပြီး ကျွန်မတို့လုပ်သင့်သည့်
အရာများကိုပြီးမြောက်အောင်စတင်လုပ်ဆောင်ပါ။ ပျင်းရိခြင်းများကိုစတေးလိုက်ပြီး တာဝန်မယူချင်၍ ပေးသော ဆင်ခြေများကိုနေ့စဉ်နှင့်အမျှဖယ်ရှားလိုက်ပါ။
လူပျင်းသည်အသိတရား မရှိသည့်အပြင် ပျင်းရိခြင်းကြောင့်လူမိုက်မည်၏။ ပျင်းရိခြင်းကသူ့ဘ၀ကို ၀ါးမျိေု နပြီးသူအလိုရှိသော ကောင်းသည့်အရာအားလုံးကို
ဖျက်ဆီးပစ်နေကြောင်းကို နားမလည်ပေ။ကျန်ွမတို့ ကြိုးစားလုပ်ဆောင်သောအရာများအတွက် ကောင်းကိျးုများကိုအမှန်တကယ် ရရှိခံစားကြရမည် ဖြစ်ပါသည်။
လူပျင်းတစ်ယောက်ထားရှိသော အတွင်းသန္တာန်မှာ ဘ၀တွင်ငြိမ်းငြိမ်းချမ်းချမ်းနှင့်အပူအပင်ကင်းစွာ နေနိုင်ရေးဖြစ်သည်။ ပြဿနာ အပူအပင်
ကင်းရန်နေထိုင်နိုင်ရေးသည်အတွင်းသန္တာန်မဟုတ်ပါ။ ထိုသို့နေထိုင်သွားခြင်းဖြင့်ဆုတ်ယုတ်ခြင်းများ ရရှိပိုင်ဆိုင်လာမည်ဖြစ်ပါသည်။ ဒီတော့
ပျင်းရိခြင်းကိုကျော်လွှားနိုင်မည့်လမ်းကတော့
၁။ သင်သည်လူပျင်းဖြစ်သည်ကိုဝန်ခံပါ။
၂။ ဆင်ခြေများ ပေးနေခြင်းမှရပ်တန့်ပါ။၃။ နေ့စဉ်ပြုလုပ်ရမည့်ကိစ္စများကိုကောင်းကောင်းရေးဆွဲပြီး အမြန်လုပ်ဆောင်ပါ။
၎။ မဆိုင်းမတွ ယခုပင်ထလုပ်ပါ။
၅။ ပန်းတိုင်ထားရှိပြီး အပြီးသတ်ရမည့်ရက်စွဲများ သတ်မှတ်ပါ။
၆။ ဇွဲ လုံ့လရှိပါ။
၇။ မိမိကိုယ်ကိုအခြားသူများ၏ အစစ်အဆေးကိုခံယူရန်အသင့်ရှိပါ လို့ပြောချင်ပါသည်။
ပျင်းရိခြင်းသည်ကျန်းမာရေးကိုဖျက်ဆီးစေတတ်သည်။ စိတ်ဓာတ်ညံ့ဖျင်းစေတတ်သည်။ ဥာဏ်ထိုင်းမှိုင်းစေသည်။ ပညာရေး၊ စီးပွားရေး နှောင့်နှေးစေသည်။
မကောင်းကိျးုဟူသမျှ၏အရင်းအမြစ် ဖြစ်ကြောင်းကိုကျွန်မတို့ တွေ့မြင်ကြရပေသည်။ ပျင်းရိခြင်းကို အောင်မြင်ခြင်းဆေးနည်းသည်ကားအနားမနေ
အလုပ်လုပ်ခြင်းသာလျှင်ဖြစ်ပေတော့သည်။ လူသားအားလုံး ပျင်းရိခြင်းမှကင်းဝေးနိုင်ကြပါစေ…။
Credit >>> Myanmar Network
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment